top of page

Why open contracting is crucial for Myanmar

ပွင့်လင်းမြင်သာသော စာချုပ်ချုပ်ဆိုမှု An interview with Thit Thit Han from Spectrum

PK Forum : What is 'open contracting', and why should it be a priority now for civil society groups to engage with? ပွင့်လင်းမြင်သာသော စာချုပ်ချုပ်ဆိုမှုကိစ္စရပ်ဆိုသည်မှာ ပြည်သူ့အတွက် (သို့) ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်မှ (သို့) သက်ဆိုင်ရာ ၀န်ကြီးဌာနများအသီးသီးမှ ချုပ်ဆိုသော ဝယ်ယူမှု ဆိုင်ရာ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ပြည်သူနှင့် အခြားပါဝင်ပတ်သတ်သူများ ဥပမာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အချိန်နှင့် တပြေးညီ သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်းဟု ယေဘုယျ မှတ်ယူနိုင်သည်။ ပွင့်လင်းမြင်သာမှုရှိသော စာချုပ်ချုပ်ဆိုမှုစနစ်သည် အစိုးရအား ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုမြင့်မားသော အစိုးရဖြစ်စေနိုင်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း အားလုံးအတွက် မျှတသော တန်းတူ ယှဉ်ပြိုင်ခွင့် ရစေကာ ပြည်သူများအတွက်လည်း အရည်အသွေးပြည့်ဝသော ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ရယူသုံးစွဲခွင့် ရစေသည်။

အစိုးရသုံးစွဲသော ငွေကြေးအားလုံးသည် ပြည်သူ့ ဘဏ္ဍာငွေများဖြစ်သဖြင့် ပြည်သူများအတွက် ရည်ရွယ်သုံးစွဲသော ကိစ္စရပ်များသည် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမရှိ၊ ပေးထားသော ငွေကြေးတန်ဖိုးနှင့် လျော်ညီသော ပစ္စည်း (သို့) ဝန်ဆောင်မှု ဟုတ်မဟုတ် ပြည်သူဘက်မှ လေ့လာဆန်းစစ်နိုင်သော အခြေအနေတစ်ရပ်ကို ပွင့်လင်းမြင်သာသော စာချုပ်ချုပ်ဆိုမှုက ဖန်တီးပေးသည်။ ထို့ပြင် အစိုးရ၏ စာချုပ်ချုပ်ဆိုမှုများနှင့် ဝယ်ယူမှုများသည် နိုင်ငံအများအပြား၌ ချစားမှု(လာဘ်စားမှု) အဖြစ်နိုင်ဆုံး နယ်ပယ်တစ်ခုဖြစ်နေကြောင်း တွေ့ရှိထားသည်။ ထို့ကြောင့် အရပ်သားစစ်စစ် ဒီမိုကရေစီအစိုးရလက်ထက်တွင် အရပ်ဖက်အဖွဲ့အစည်းများ အနေနှင့် ပြည်သူတို့၏ အခွင့်အရေးများကို မြှင့်တင်ထိန်းသိမ်းပေးနိုင်သော open contracting စနစ် မြန်မာပြည်တွင် ထွန်းကားလာစေရေးအတွက် တစ်ခန်းတစ်ကဏ္ဍမှ အားစိုက် ကြိုးပမ်းရမည်ဟု ယုံကြည်ပါသည်။

PK Forum: In particular you said that government procurement done wrongly could enflame tensions in the country? How would that happen? ဥပမာဆိုရလျှင် အကယ်၍ ပြည်ထောင်စု အစိုးရသည် open contractများ ချုပ်ဆိုခြင်းနှင့် ပတ်သတ်ပြီး အာဏာပိုရှိလာမည့် အခြေအနေတစ်ရပ်တွင် ရှိနေလျှင်၊ ပြည်ထောင်စုအစိုးရမှ နိုင်ငံတော် ဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းဥပဒေများ ပြုလုပ်မည်ဆိုလျှင် တိုင်းရင်းသားအုပ်စုများဘက်မှ ကျေနပ်ကြမည်မဟုတ်ပေ။ ယင်းအခြေအနေသည် ရန်ကုန်ကဲ့သို့သော နေရာမှ စီးပွားရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆိုနိုင်အောင် ကူညီရာရောက်နေကြောင်း တွေ့ရရှိရသည်။

ဆိုလိုသည်မှာ အစိုးရအနေနှင့် တိုင်းရင်းသားဒေသများတွင် လုပ်ဆောင်မည့် စာချုပ်စာတမ်း၊ လုပ်ငန်းများနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ဒေသခံပုဂ္ဂလိကလုပ်ငန်းများကို ပွင့်လင်းမြင်သာသော သတင်းအချက်အလက်များ မထုတ်ပြန်ကြသောကြောင့် တိုင်းရင်းသားလုပ်ငန်းရှင် များအတွက် အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းနည်းပါးစေသည်။ တနည်းအားဖြင့် တိုင်းရင်းသားများ၏ မကျေနပ်ချက်များ၊ တင်းမာမှုများ တိုးပွားလာစေနိုင်သည်။

PK Forum: We have talked before on this Forum about the importance of transparency in the extractive industry, and the issue has moved forward a long way in Myanmar in recent years. Do you think the issue of open contracting in Myanmar is as important as transparency in the extractive industry?

EITI ကဲ့သို့ အများပြည်သူပိုင်သော သယံဇာတ ပစ္စည်းများ ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်အတွက် (ပြည်သူ့အတွက်) မည်မျှ အကျိုးအမြတ်ရှိကြောင်း သိဖို့ လိုအပ်သကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော ဝယ်ယူမှုများတွင် မှန်ကန်သင့်မြတ်မှု ရှိမရှိ သိနိုင်ဖို့ လိုအပ်သည်။ အရေးအကြီးဆုံးမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် SMEs လုပ်ငန်းရှင်များအား မျှတမှန်ကန်သော ဈေးကွက် ယှဉ်ပြိုင်မှု ပေးနိုင်ရေးဖြစ်သည်။ ပွင့်လင်းမြင်သာသောစာချုပ်ချုပ်ဆိုမှု စနစ်သည် ပြည်သူများကို လွယ်ကူလက်လှမ်း မီသည့် သတင်းအချက်အလက်များ ပေးအပ်နိုင်သည့်အတွက် အစိုးရနှင့် ရင်းနှီးသော လုပ်ငန်းရှင်တစ်စု၊ လူတစ်စုသာ တင်ဒါခေါ်ယူမှု သိရှိရခြင်း၊ ၄င်းတို့သာ တင်ဒါအောင်ခြင်းများ နည်းပါးသွားမည်ဖြစ်သည်။ ထိုမျှမက ပြည်သူများဘက်မှ အစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ချုပ်ဆိုကြသော စာချုပ်များသည် စာချုပ်တန်ဖိုးနှင့် လျော်ညီသော ရလာဒ်ရှိမရှိ စစ်ဆေးအကဲဖြတ်နိုင်ကြသည်။

ဥပမာ အစိုးရမှ ကျေးရွာလမ်းတစ်ခုအတွက် သိန်း၁၀၀၀ရှိသော စာချုပ်တစ်ခု ကုမ္ပဏီတစ်ခုနှင့် ပွင့်လင်းမြင်သာစွာ ချုပ်ဆိုကြလျှင် လမ်းခင်းနေစဉ် ကာလအတွင်းသော်လည်းကောင်း၊ လမ်းပြီးမြောက်သွားစဉ်ကာလ နောက်ပိုင်းတွင်သော်လည်းကောင်း၊ ဒေသခံ ပြည်သူများနှင့် အခြား ကုမ္ပဏီများ အနေနှင့် စာချုပ်တန်ဖိုးနှင့် ညီမညီ စစ်ဆေးလို့ရသည်။ စာချုပ်တန်ဖိုးထက် များစွာ အရည်အသွေး ညံ့ဖျင်းနေပါက သက်ဆိုင်ရာ အစိုးရဌာနသို့ အစီရင်ခံတင်ပြနိုင်သည်။ ထို့ကြောင့် open contracting system ကို transparency ရှိရှိ ကျင့်သုံးနိုင်ခြင်းသည် EITI transparency ရှိဖို့ကဲ့သို့ ထပ်တူအရေးပါသည်။

PK Forum: What particular policy changes are needed? And how could civil society groups influence these?

Spectrum မှ လေ့လာချက်အရ မည်သည့် မူဝါဒကို ပြောင်းလဲရမည်ကို အတိအကျပြောရန် စော လွန်းသေးသည်။ အဘယ့်ကြောင့်ဆိုသော် open contracting နှင့် သက်ဆိုင်သော မူဝါဒများ ကိုယ်တိုင်က ရှင်းလင်းမှု မရှိဖြစ်နေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အရပ်ဖက်အဖွဲ့အစည်းများ အနေနှင့် လက်ရှိ အရပ်သား ဒီမိုကရေစီအစိုးရအား အများပြည်သူနှင့်ဆိုင်သော ပစ္စည်းများ ဝယ်ယူမှု၊ စာချုပ်ချုပ်ဆိုမှုနှင့် ပတ်သတ်ပြီး မည်သို့ ဆုံးဖြတ်ချက်ချမှတ်သည်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပြည်သူလူထု သိရှိနိုင်အောင် သင့်လျော်မှန်ကန်သော အချိန်တွင် သတင်းအချက်အလက်များ ထုတ်ပြန်ပေးနိုင်ရန် တွန်းအားပေး ဆောင်ရွက်သင့်သည်။ သို့မှသာ ပြည်သူလိုလား တောင်းတနေသော ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသည့် အရပ်သားအစိုးရစစ်စစ် ခိုင်မာအားကောင်းလာမည်ဖြစ်သည်။

bottom of page