Poverty and capability

August 5, 2016

ကျွန်တော်ငြိမ်းဇာနည်နိုင်ပါ။ ကျွန်တော့် ဘောဂဗေဒမဟာဘွဲ့ကို ထိုင်းနိုင်ငံ၊ ချုလာလောင်ကွန်းတက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ အိမ်ထောင်စုများရဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လေ့လာခဲ့ပါတယ်။ ကျေးလက် ဆင်းရဲမွဲတေမှုဖြစ်စဉ်ကို ရန်ကုန်အစွန်အဖျားကျေးရွာတစ်ရွာနဲ့ ရှမ်းမြောက်ကကျေးရွာတစ်ရွာကို အခြေခံပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော့်ရဲ့သုတေသနက သင်ခန်းစာ ၅ ခုကို PK Forum ကနေမျှဝေလိုက်ပါတယ်။

 ၁။ ဆင်းရဲမွဲတေမှုကို “အစွမ်းအစ” (capability) ရှုထောင့်ကလည်းတိုင်းတာကြည့်ပါတယ်။
 

ဆင်းရဲမွဲတေမှုလျော့ချရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ လက်ရှိဝင်ငွေနဲ့ပိုင်ဆိုင်မှုအခြေအနေတွေကို အခြေခံကောက်ယူတဲ့ လူမှုစီးပွားစစ်တမ်းလိုဟာမျိုးထက် အိမ်ထောင်စုတွေရဲ့ အရင်းအမြစ်တွေကို ဘယ်လိုပေါင်းစပ်သုံးစွဲနေလဲဆိုတဲ့ ရေချိန်ကိုတိုင်းတာဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် အခြေခံအဆောက်အဦနဲ့စီးပွားရေး အခွင့်အလမ်းတွေမရှိတဲ့ အနေအထားမှာ တောင်မှ တစ်ချို့အိမ်ထောင်စုတွေဟာ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အရင်းအမြစ်များ(ဥပမာ တစ်ဦးချင်းခေါင်းဆောင်မှုနဲ့ သတင်းအချက်အလက်တွေရှိမှု) ကို အသုံးပြုပြီး ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးနဲ့ အစိုးရ၀န်ဆောင်မှုတွေကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းရလဒ်တွေရရှိတာတွေ့ရပါတယ်။ 

၂။ ဆင်းရဲတဲ့အိမ်ထောင်စုတွေမှာလည်း မဟာဗျူဟာရှိပါတယ်။
 

ပြင်ပကလာတဲ့ စီမံကိန်းတွေနဲ့ အကူအညီတွေဟာ များသောအားဖြင့် သမားရိုးကျစီမံကိန်းမူဘောင်ထဲမှာပါတဲ့ “လိုအပ်ချက်ကို ဆန်းစစ်ခြင်းနှင့် အကျိုးသက်ဆိုင်သူများကို စာရင်းပြုစုခြင်ုး” လိုလုပ်ငန်းစဉ်မျိုးကိုလုပ်ဆောင်ခြင်းဟာ လက်တွေ့မှာ မအောင်မြင်နိုင်ပါဘူး။ ဒေသရဲ့ရှိနေရင်းစွဲအလေ့အကျင့်များကို စောင့်ကြည့်လေ့လားခြင်း လုပ်ငန်းကိုဆောင်ရွက်ဖို့လိုပါတယ်။ ဥပမာ - မျိုးစေ့သိမ်းဆည်းခြင်း၊ ချေးငွေမျှဝေသုံးစွဲခြင်း၊ အိမ်ထောင်စုအချင်းချင်း လုပ်အားမျှဝေခြင်း စတဲ့ လက်ရှိကောင်းမွန်ထိရောက်တဲ့ အလေ့အကျင့်များကို တွန်းအားပေးဆောင်ရွက်ခြင်းများကိုတွန်းအားမပေးတာ တွေ့ရပါတယ်။ အဲဒီ့အစား စွမ်းဆောင်ရည်မြှုင့်တင်ခြင်းနဲ့နည်းပညာပေးခြင်း သင်တန်းတွေကိုပဲ တွန်းအားပေးလုပ်ဆောင်ခြင်းဟာ အနုတ်လက္ခဏာဆောင်တဲ့ အသက်မွေးဝမ်းကျောင်းဖြစ်စဉ်တွေဖြစ်စေပါတယ်။

 

၃။ လူမှုရေးအရင်းအမြစ်များဟာ အရေးပါပါတယ်။

 

သုတေသနမှာတွေ့ရတဲ့ အချက်က ဆင်းရဲမွဲတေမှုများသော်ငြားလည်း လူမှုရေးစည်းနှောင်မှုအားကောင်းတဲ့ ဒေသက အိမ်ထောင်စုများ ဟာ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဟန့်တားနိုင်တာတွေ့ရပါတယ်။ ဆင်းရဲမွဲတေမှုနည်းပြီး လူမှုအရင်းအနှီး(ယုံကြည်မှု၊ အပြန်အလှန်ရိုင်းပင်းမှု၊ အများအတွက် ပူးပေါင်းဆောင်ရွက်မှု) အားမကောင်းတဲ့ ဒေသမှာတော့ ကျောင်းထွက်ရခြင်း၊ ရွှေ့ပြောင်းခြင်းနဲ့ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေမှာ ပြည့်တန်ဆာပြုခြင်းနဲ့ အိမ်ထောင်စုပြိုကွဲခြင်းတို့ ခံစားရပါတယ်။

၎။ ဆင်းရဲမွဲတေမှုဆိုင်ရာ အဘက်ဘက်ကသုံးသပ်သော အမြင်များအားနည်းနေခြင်း
မြန်မာနိုင်ငံများ လွန်ခဲ့တဲ့နှစ်များစွာကတည်း ဆင်းရဲမွဲတေမှုဆိုတာ မပြောဆိုအပ်တဲ့အရာလို့ အစိုးရကသတ်မှတ်ပါတယ်။ 

 

ဒါကြောင့်ပဲ ဆင်းရဲမွဲတေမှုအကြောင်းလေ့လာချက်တွေ ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ပြီးတော့လည်း နိုင်ငံတကာမှာ မတူညီတဲ့ပညာရပ်အသီးသီးပေါင်းစပ်လေ့လာတဲ့ ဆင်းရဲမွဲတေမှုဆိုင်ရာ သုတေသနတွေတွန်းအားပေးနေချိန်မှာ မြန်မာနိုင်ငံမှာတော့ “vulnerability” “capability” စတဲ့စကားလုံးတွေကို မြန်မာလိုပြန်ဖို့တောင် အင်မတန်ခက်ခဲပါတယ်။ အစဉ်တစိုက်ဆင်းရဲမွဲတေမှု အကြောင်းမလေ့လာရင် “လက်ငင်းအကျိုးနဲ့ဒေသနည်းလမ်းကောင်းများ” “၀ယ်လိုအားအခြေခံမူဝါဒများ” ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။

 

၅။ သုတေသနများရဲ့လားရာပျောက်ဆုံးခြင်း
ကျွန်တော့်ရဲ့သုတေသနကို ရန်ကုန်တက္ကသိုလက်က ပြုလုပ်တဲ့ ကွန်ဖရင့်တစ်ခုမှာ ဖတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားတက္ကသိုလ်တွေမှာလုပ်တဲ့ သုတေသနကို လက်မခံပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပယ်ချခဲ့ပါတယ်။ အစိုးရဌာနက တာဝန်ရှိသူတစ်ချို့ကိုလည်း ပေးဖတ်ခဲ့ပါတယ်။

 

သိပ်စိတ်မ၀င်စားကြပါဘူး။ နောက်ပိုင်းမှ ကျွန်တော်သိလာရတာက ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။ သုတေသီတွေရဲ့ လေ့လာချက်တွေဟာ ဖုန်ထူတဲ့စာကြည့်တိုင်တွေကလွဲလို့သွားစရာနေရာမရှိတာ အသေအချာပါပဲ။

ပြောရရင် ကျွန်တော့်တဲ့ သုတေသနကို ၂၀၁၀မှာ လုပ်ခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်းကနေ ခုချိန်ထိ ဖွံ့ဖြိုးရေးနဲ့အကူအညီပေးရေး စီမံကိန်းတွေအားကောင်းကျယ်ပြန့်လာပေမယ့် “ဆင်းရဲမွဲတေမှု” နဲ့ပတ်သက်ပြီး ပိုမိုနားလည်လာတာနဲ့ ပိုမိုဆွေးနွေးလာတာမတွေ့ရသေးပါဘူး။

 

1) Poverty is also measured in “capability” perspective: The poverty reduction and rural development program should assess flow of household ability to use mix of both tangible and intangible resources (“capability”) rather than cross-sectional household socio-economic assessment which ticks on rigid boxes (income, material possession). Given lack of infrastructure and economic opportunities, households in possession of intangible resources (individual leadership and ability to access information) are higher “capability” to package diverse resources (physical, financial, government services) to produce smarter livelihood outcomes.

 

2) Poor households also have strategies: Interventions and aids from outside that failed to plug-in “observation of local mechanisms” which is different from need assessment and stakeholder analysis in their conventional log-frame approach. Effective local practice like “seed saving” “sharing loan scheme” “Inter-household farm labour substitution” are not promoted by any interventions; instead capacity building and technical training are imposed and it eventually leads to “Negative Stock” and generates adverse livelihood outcomes and worsens poverty. It is really important to document different household economic strategies and to be strengthened.

 

3) Social institutions and resources plays key role: It is very powerful fact from the study is that low income community performs better in terms of social cohesion (meaning trust and cooperative norms, collective action for society) since they turn it into stock to prevent consequences of poverty where high income community prone to suffer negative consequences of poverty such as school drop-out of children, migration and even worse prostitution and household breakdown.

 

4) Shortfall of multidisciplinary perspective in key poverty and vulnerability issues in Myanmar: “poverty” has been historically a word of “taboo” in government eyes and poverty impact studies is a deadly missing document in Myanmar. Global trend is shifting to cross-disciplinary study of different dimensions of poverty; Myanmar is much lag behind, even vocabulary like “vulnerability” “capability” is very hard to be translated. Being lack of cross-references to poverty related studies and continuous analysis, the “quick wins/local solutions” and “demand-side policies” cannot be formulated.

 

5) Research goes nowhere in Myanmar: I submitted to Myanmar Arts and Science Conference organized by Yangon University, it was rejected with the reason we research done in foreign intuition are not eligible in this conference. I tried to share my research with some senior officials; they did not show any interest. I came to know it is not only issue to me; it is the phenomenon that “Research goes nowhere except dusty library in Myanmar”.
 

My research was done in 2010. Amid of expanding aid and development industry after 2010 till now, I still don’t see poverty is better understood and broadly conversed in Myanmar. 

Please reload