The Community’s voice in Community Driven Development

December 23, 2016

လူထုအခြေပြု ဖွံ့ဖြိုးရေးတွင် ရပ်ရွာလူထု၏အသံ

မြန်မာနိုင်ငံတွင် တွေ့ဖုူးသမျှသောဖွံ့ဖြိုးရေး အကူအညီများအနက် အမျိုးသားအဆင့် လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်း (NCDDP) သည်အကြီးမားဆုံးများထဲမှတစ်ခုဖြစ်သည်။'

သို့သော် အခြားနိုင်ငံများရှိ ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့ပေးသည့် လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများ၏ မှတ်တမ်းများသည် ပူးပေါင်းပါဝင်မှုမရှိခြင်းနှင့် လုံခြုံမှုအစီအမံများကင်းမဲ့ခြင်းစသည့် ဖန်တစ်ရာတေနေသော ပြဿနာများဖြင့် ရှုပ်ထွေးနေသည်။

အခြားနိုင်ငံမှပြဿနာများကို မြန်မာနိုင်ငံတွင် မည်သည့်အတိုင်းအတာအထိ ပုံတူပွားမည်နည်း။ (See English Below)
_____________

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှထောက်ပံ့သည့် လူထုအခြေပြုဖွံ့ဖြိုးရေးသို့ နောက်ကျမှဝင်ရောက်လာခဲ့သူ ဖြစ်သည်။ အာရှတိုက်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားမှ အာဖဂန်နစ္စတန်သို့လည်းကောင်း၊ အရှေ့တီမောမှ ဘင်္ဂလားဒေ့ရှ်တိုင်အောင် အလားတူပုံစံ စီမံကိန်းများရှိခဲ့သည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်လိုက်သည့်အတွက်ကြောင့် ၄င်းသည် အလွန်အောင်မြင်သောပုံစံတစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့ ယူဆကောင်း ယူဆလိမ့်မည်။

သို့သော် အာရှတိုက်ရှိအခြားသောနိုင်ငံများမှ လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများ၏ သုံးသပ်ချက်များကို ကြည့်ခြင်းဖြင့် ကွဲပြားသောပုံစံကိုမြင်တွေ့နိုင်သည်။

အခြားနိုင်ငံများရှိ လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများ၏ အကျိုးရလာဒ်များသည် အမှန်စင်စစ် အတန်ငယ် ကွဲပြားနေသည်။

အများအားဖြင့် အခြေခံအဆောက်အဦသစ်၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအကျိုးကျေးဇူးနှင့် ဆက်စပ်နေသည့် အောင်မြင်မှုများကို အသေအချာ ရှိခဲ့သည်။

ကမ္ဘာ့ဘဏ်၏ လေ့လာသုံးသပ်မှုများအရ အမှန်တကယ် လူထုဦးဆောင်မှု အားနည်းကြောင်း ယင်းကိုယ်တိုင်ပင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းနှင့် လုံခြုံမှုအကာအကွယ်အစီအမံများ မရှိခြင်းတို့ကို အဓိကပြဿနာအဖြစ်သတ်မှတ်ကြသည်။

ပထမအနေဖြင့် စီမံကိန်းများသည် ရန်ပုံငွေများ ခွဲဝေသုံးစွဲရန်အတွက် အချိန်သတ်မှတ်ချက် ဖိအားများလွန်းသည်။ ထို့ကြောင့် လူထုပူးပေါင်းပါဝင်မှု အားနည်းခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ လွတ်လပ်သောလေ့လာမှုတစ်ရပ်အရ ငွေကြေးခွဲဝေသုံးစွဲရန် လိုအပ်မှုသည် ကြီးလေးသော အချိန်ကန့်သတ်ချက် ဖိအားမှတဆင့် မလိုလားအပ်သော အားပေးဆွဲဆောင်မှုများကို ဖြစ်ပေါ်စေခြင်းနှင့် ငွေထုတ်ပေးခြင်းကြောင့် လုပ်ပိုင်ခွင့်အာဏာ ရလာစေသည့် လုပ်ငန်းသဘာဝကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။

အလားတူပင် အရှေ့တီမော တွင်လည်း ကမ္ဘာ့ဘဏ် ၏ အပြီးသတ် စီမံကိန်းဆန်းစစ်ချက် က ဖော်ပြခဲ့သည်မှာ စီမံကိန်းစည်းရုံးရေးဝန်ထမ်းများသည် အချိန်ကန့်သတ်ချက်များ အတွင်း အခြေခံအဆောက်အဦစီမံကိန်းများ ရွေးချယ်ရာတွင် မြန်မြန်အကောင်အထည် ပေါ်မည့် အငြင်းပွားဖွယ်မဖြစ်သည့် ရွေးချယ်မှုကို ပြုလုပ်နိုင်ရန် ပူးပေါင်းပါဝင်သူများကို လမ်းညွှန်ပေး ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့သည့် လူထုအခြေပြုဖွံ့ဖြိုးရေးစီမံချက်များတွင် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုမတိုင်ခင် စီမံကိန်းကာလသတ်မှတ်ချက်များကို ချမှတ်တတ်သည့် အလေ့အထရှိကြသည်။

ဒုတိယအနေဖြင့် အခြားနိုင်ငံများရှိ လူထုအခြေပြုဖွံဖြိုးရေးစီမံကိန်းများတွင် လူထုပူးပေါင်း ပါဝင်လာရန် လုံလောက်သော လုံခြုံမှုအစီအမံများ မရှိကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော အမျိုးသားအဆင့် လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်း ကဲ့သို့ စီမံကိန်းများအားလုံးတွင် နည်းလမ်းကျသော တိုင်ကြားမှုများနှင့် နစ်နာမှုများ ဖြေရှင်းခြင်းဆိုင်ရာ ယန္တရားများ ထားရှိခဲ့သည်။

ပုံစံကျသော လုံခြုံမှုအစီအမံစနစ်ရှိမရှိဆိုသည်ထက် အမှန်တကယ် ကျင့်သုံးခြင်းရှိမရှိကို မေးခွန်းထုတ်သင့်သည်။

လူထုအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းများသည် ရပ်ရွာလူထုအလွှာရှိ အာဏာရှိပုဂ္ဂိုလ်များ၏ ကြိုးကိုင်ချယ်လှယ်ခြင်းအန္တရာယ်ရှိကြောင်းကို ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြခဲ့သည်။

လူထုအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းဝန်ထမ်းများ၏ ကျွမ်းကျင်သော စည်းရုံးမှုသည် အဆိုပါကြိုးကိုင်ချယ်လှယ်မှုကို လျှော့ချနိုင်မည်ဟု ယူဆသည်။

သို့သော် စည်းရုံးရေးဝန်ထမ်းများသည် ထိုပြဿနာများကို ထုတ်ဖော်နိုင်ရန် လုံလောက်သောလေ့ကျင့်သင်ကြားထားခြင်းမျိုး မရှိသည့်အတွက် လုံခြုံမှုအစီအမံများချိုးဖောက်ခံရသည်ဟု ပြောရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ပေးအပ်ထားသော အရှေ့တီမောလေ့လာသုံးသပ်ချက်မှ တွေ့ရှိခဲ့သည်။ 

စီမံကိန်းများ၏ ကြိုးကိုင်ချယ်လှယ်မှုနှင့် အလွဲသုံးစားပြုမှုတို့ကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် အားကောင်းသောဥပဒေများနှင့် နည်းလမ်းကျသော တိုင်ကြားမှုဖြေရှင်းခြင်းဆိုင်ရာ ယန္တရားများသည် စာရွက်ပေါ်တွင် ရှိပေလိမ့်မည်။

လက်တွေ့တွင်မူ ရပ်ရွာအဖွဲ့ဝင်များအတွက် ပြဿနာများကိုမဖြေရှင်းနိုင်သေးဘဲ
၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ရန် ပြင်းထန်သော အဟန့်အတားများ ရှိဆဲဖြစ်သည်။ 

မြန်မာနိုင်ငံရှိ အမျိုးသားအဆင့်လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်း အတွက် အရေးကြီးသည်မှာ ထပ်တလဲလဲဖြစ်နေသော ထိုပြဿနာနှစ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်း (IFI) စောင့်ကြည့်ရေးမှ လက်တလော ထုတ်ပြန်သည့်အစီရင်ခံစာပါအချက်များနှင့် ကိုက်ညီနေခြင်းကြောင့် ဖြစ်သည်။ 

ကမ္ဘာ့ဘဏ်အဖွဲ့သည် ထိုပြဿနာများကို ကောင်းစွာသိထားပြီး ၄င်းတို့ကိုဖော်ထုတ်ရန် အတွက်လည်း ကြိုးပမ်းခဲ့သည်။

သို့သော် ပုံစံတူအမှားများကို အခြားသောနိုင်ငံများရှိ စီမံကိန်းများတွင်လည်း ထပ်တလဲလဲတွေ့လာသောအခါ အဆိုပါပြဿနာများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေလော ဟု စဉ်းစားစရာဖြစ်လာသည်။

ထိုပြဿနာများသည် အထူးသင်တန်းများပေးခြင်း (သို့မဟုတ်) မူဝါဒအသစ်များ ချမှတ်ခြင်းအားဖြင့် ဖြေရှင်းနိုင်ပေမည်။ သို့သော်လည်း ၄င်းတို့သည် ဘဏ်၏ မူလဇစ်မြစ်ထဲတွင် ရှိနေသောပြဿနာများလည်း ဖြစ်နိုင်သည်။

ကမ္ဘာ့ဘဏ်နှင့် လက်တွဲလုပ်ဆောင်နေသော မြန်မာနိုင်ငံရှိ ၄င်း၏မိတ်ဖက် အဖွဲ့အစည်းများသာလျှင် ထိုမေးခွန်းကို အဖြေပေးနိုင်လိမ့်မည် ဖြစ်သည်။

 

 

The Community’s voice in Community Driven Development

 

The National Community Driven Development Project (NCDDP) is one of the biggest aid interventions Myanmar has ever seen.

 

But the record of the World Bank funded CDD projects in other countries is mixed – with recurring problems of lack of participation and lack of safeguards.

 

To what extent are the problems from other countries being replicated in Myanmar?

_____________

 

Myanmar is a late entry to   World Bank supported Community Driven Development. A range of countries in Asia - from Indonesia to Afghanistan, Timor Leste and Bangladesh - have also had very similar projects.

 

Given the enthusiasm of the Bank for starting the National Community Driven Development Project in Myanmar we might think that it has been a very successful model.

 

But looking back through evaluations of CDD in other countries in Asia shows a different picture.

 

The results of CDD projects in other countries has in fact been quite mixed.

 

There have undoubtedly been successes, mostly related to the material benefits of new infrastructure.

 

Yet the Bank has been strongly criticised in its own evaluations for failing to be really ‘community driven’ – with lack of participation and lack of safeguards identified as the main issues. 

 

First, projects are under too much time pressure to disburse funds and therefore often community participation is undermined.

 

An independent study from Indonesia found the ‘requirement to disburse has led to immense time pressure, created bad incentives and created a working culture where disbursement trumps empowerment’.

 

Similarly in East Timor, the Bank’s final assessment of the program noted how project facilitators, under time pressure, guided participants to choose ‘quick’ non-controversial options for infrastructure projects.

 

World Bank funded CDD programs have often had a culture of putting project timeframes ahead of real participation.

 

Second, CDD projects in other countries were found to lack sufficient safeguards for participating communities.

 

Of course all these projects, like the current NCDDP project in Myanmar, had formal complaints and grievance mechanisms.

 

It is not a question of whether there is a formal safeguard system, but whether it actually works.

 

A World Bank report identified that community driven development projects are particularly at risk of manipulation by powerful people at the community level.

 

Skilful community facilitation by CDD staff is supposed to minimise such manipulation.

 

However, a Bank commissioned evaluation from East Timor found that it was ‘not possible to tell whether there were any safeguard violations as facilitators did not have adequate training to identify these’.

 

On paper there may be strong policies and formal complaints mechanisms which intend to safeguard against abuse and manipulation of projects.

 

Yet in practice there are strong disincentives for community members to express their concerns, leaving problems unaddressed.

 

What is concerning for the NCDDP in Myanmar is that these two recurring problems are the same ones identified in the recent report from IFI Watch.

 

The World Bank team are certainly aware of these issues and have made efforts to address them. 

 

But when projects continue to repeat the same mistakes in different countries we have to wonder whether the issues are ones that are deep rooted.

 

They may be problems that can be solved by extra trainings or new policies. But they may also be ones that lie within the culture of the Bank.

 

Only the World Bank – and its implementing partners in Myanmar - can answer that question.

 

 

Please reload