Aid in Myanmar: working 'around', 'in' and 'on' conflict

January 6, 2017

မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့မှု - ပဋိပက္ခကိုရှောင်ရှား၍၊ ပဋိပက္ခအတွင်းနှင့် ပဋိပက္ခများအပေါ် ဆောင်ရွက်ခြင်း

Aid in Myanmar – working ‘around’ conflict, ‘in’ conflict or ‘on’ conflict (see English below)

 

လွန်ခဲ့သော ငါးနှစ်နှင့် နှိုင်းယှဉ်ပါက ယခုအခါ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခကိစ္စရပ်များအပေါ် အလေးထားဆောင်ရွက်နေသော နိုင်ငံတကာ ကူညီထောက်ပံ့မှုအစီအစဉ်များ များပြားလာသည်။ အထူးသဖြင့် ပူးတွဲငြိမ်းချမ်းရေးရံပုံငွေ (Joint Peace Fund) အသစ်တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးထောက်ပံ့မှုရံပုံငွေ (Peace Support Fund) တစ်ရပ်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အပေါ် သေသေချာချာ အကောင်အထည် ဖော်ဆောင်ရွက်နေသော စီမံကိန်းများ ရာနှင့်ချီရှိနေသည်။

 

ယခု PK Forum ကဏ္ဍ၌ နိုင်ငံတကာ ကူညီထောက်ပံ့မှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးအပေါ် ဆောင်ရွက်ချက်များတွင် ၄င်းတို့၏ တာဝန်ယူ၊ တာဝန်ခံမှုကို ကျွန်ုပ်တို့ လေ့လာကြရမည်။ သို့ရာတွင် ကူညီထောက်ပံ့မှုအစီအစဉ်များ၏ တာဝန်ယူ၊ တာဝန်ခံနိုင်မှုသည် ထိုအစီအစဉ်များအနေဖြင့် ပဋိပက္ခကို ရင်ဆိုင်ရန်  (သို့မဟုတ်) ရင်မဆိုင်ရန် ရည်ရွယ်သည့်အပေါ် မူတည်၍ကွဲပြားကြောင်း ဦးစွာနားလည်ထားရန် အရေးကြီးသည်။

 

မြန်မာနိုင်ငံရှိ အချို့သော နိုင်ငံတကာကူညီထောက်ပံ့ရေး အသင်းအဖွဲ့များသည် ပဋိပက္ခဖြစ်ပွားနေသော ဒေသများကို လုံးဝရှောင်ရှားရန် ရည်ရွယ်ကြသည်မှာ အသေအချာဖြစ်သည်။ ဥပမာအားဖြင့် အလှူရှင်များသည် လက်နက်ကိုင် ပဋိပက္ခကင်းသည့် အပူပိုင်းဒေသ၏အချို့နေရာများကိုသာ ဦးစားပေးသည့် အသက်မွေးဝမ်းကြောင်းမှု အစီအစဉ်ကို ကူညီထောက်ပံ့ကြလိမ့်မည်။ ဤသည်ကို ပဋိပက္ခရှောင်ရှား၍ ဆောင်ရွက်ခြင်းဟု ခေါ်သည်။

 

အခြားသော အစီအစဉ်များသည် ပဋိပက္ခများအတွင်း လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် အလှူရှင်များသည် ကချင် (သို့မဟုတ်) ကရင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားနေသော နေရာများရှိ ကျန်းမာရေးလုပ်ငန်းများကို ထောက်ပံ့ပေးကြသည်။ ထိုအစီအစဉ်များတွင် စီမံကိန်းအကောင်အထည်ဖော်နေသော အဖွဲ့အစည်းများသည် စီမံကိန်းကို သက်ရောက်မည့် စွန့်စားမှုအန္တရာယ်ကို လျှော့ချနိုင်ရန် ၄င်းတို့ဆောင်ရွက်ပုံနည်းလမ်းကို သင့်လျော်သလို ပြောင်းလဲရပေလိမ့်မည်။ အလားတူပင် စီမံကိန်းသည် ပဋိပက္ခ ပြောင်းလဲမှုများအပေါ် မည်သို့သက်ရောက်နိုင်မည်နည်းကို ဆန်းစစ်ခြင်းဖြင့် ထိခိုက်နစ်နာမှုများ မလုပ်မိစေရန် သတိထားကြရသည်။ သို့သော် ထိုအစီအစဉ်များသည် ပဋိပက္ခကို ၄င်းတို့ကိုယ်တိုင် တိတိကျကျ ရင်ဆိုင်ခြင်းမျိုး မရှိသေးပေ။

 

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများအပေါ် သီးသန့် လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် ရန်ပုံငွေထောက်ပံ့ထားသော စီမံကိန်းများစွာ ရှိသည်။

 

အချို့သော အလှူရှင်ထောက်ပံ့ငွေများသည် မြန်မာနိုင်ငံ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုက်ရိုက်သီးသန့်ထောက်ပံ့ပေးသည်။ ပင်လုံညီလာခံ ကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ရန် နှင့် အသိပညာရှင်အတတ်ရှင်များ (သို့မဟုတ်) သင်တန်းများအတွက်  ရန်ပုံငွေများ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

 

အခြားသော ထောက်ပံ့မှုများသည် ပုံမှန် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသို့ တိုက်ရိုက်မသွားဘဲ အခြားအဆင့်များတွင် ပြန်လည်သင့်မြတ်ရေးကို အားပေးမြှင့်တင်ရန် အသုံးပြုကြသည်။ ဥပမာအားဖြင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား (သို့မဟုတ်) ဘာသာရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရပ်ရွာလူထုအဆင့်ကြိုးပမ်းမှုကို ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။

 

အလှူရှင်များ၏တာဝန်ယူမှု၊ တာဝန်ခံနိုင်မှုကို မေးခွန်းထုတ်သောအခါ အလှူရှင်များသည် ၄င်းတို့၏ရန်ပုံငွေများနှင့် မည်သည့်အရာများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း အပေါ်မူတည်သည်။ ထိုမျှမက ပဋိပက္ခများကို ရှောင်ကွင်း၍၊ ပဋိပက္ခများအတွင်းနှင့် ပဋိပက္ခများအပေါ် မည်သို့သောနည်းလမ်းများဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပုံအပေါ် တွင်လည်း မူတည်နေပြန်သည်။

 

ဤကဏ္ဍတွင် ကျွန်ုပ်တို့ အဓိကစိတ်ဝင်စားသည်မှာ ပဋိပက္ခများအပေါ် ဆောင်ရွက်သည့် အစီအစဉ်များနှင့် အလှူရှင်အဖွဲ့အစည်းများသည် မည်ကဲ့သို့ တာဝန်ယူပုံနှင့် မည်သူ့ကို တာဝန်ခံခြင်းအကြောင်း ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့နှင့် မပတ်သတ်ဟု ထင်ရသော ထောက်ပံ့မှုအစီအစဉ်များသည်ပင်လျှင် ငြိမ်းချမ်းရေးနှင့်ဆက်စပ်သော ရည်ရွယ်ချက်များ ကို မြှင့်တင်ပေးနိုင်သလို ဆုတ်ယုတ်မှုဖြစ်စေကြောင်း သိနားလည်ရန် အရေးကြီးသည်။ ဥပမာအားဖြင့်ဆိုသော် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု မျိုးဖြစ်သည်။

 

ထောက်ပံ့မှုအစီအစဉ်များ၏ ရှုထောင့်အားလုံးသည် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည်။ အလှူရှင်တစ်ဦးဖြစ်သော ဗြိတိန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဌာန (DFID) က မြန်မာနိုင်ငံရှိ၎င်းတို့၏ လုပ်ငန်းများသည် ပဋိပက္ခကိုပါ ထည့်သွင်းစဉ်းစားကြောင်း အလေးထားပြောကြားခဲ့သည်။ သို့သော် ယခုကဏ္ဍတွင် ဆက်လက်လေ့လာပါက  အလှူရှင်၏ မျှော်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးပုံစံသည် ဒေသတွင်း အမှန်တကယ် ဆောင်ရွက်နေသူများနှင့် သေချာပေါက် ကိုက်ညီမှုရှိချင်မှရှိလိမ့်မည်။

 

မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ငွေ၏ ဒေါ်လာသန်းပေါင်းများစွာကို ငြိမ်းချမ်းရေး အတွက် ကျခံသုံးစွဲထားသည်။ အလှူရှင်တို့၏ရည်ရွယ်ချက်ကို ဖော်ပြခြင်းနှင့် တာဝန်ယူ၊ တာဝန်ခံနိုင်ခြင်း၏ ဆက်စပ်မှုများသည် လွန်စွာပင် အရေးကြီးလှသည်။

 

 

Compared to five years ago, there are now many more international aid programs in Myanmar focussing on peace and conflict. There is a Peace Support Fund, a new Joint Peace Fund, and hundreds of projects specifically working on peace and conflict.

 

In this series on the PK Forum we are exploring the accountability of international donor agencies in their work on peace. But as a first step it is crucial to understand that the accountability of aid programs differs depending on how aid programs aim to address, or not address, conflict.

 

Of course some international aid agencies in Myanmar aim to try to avoid conflict affected areas altogether. For example, donors might support livelihood programs that only focus on parts of the Dry Zone where there is no armed conflict. This is working ‘around’ conflict.

 

Other programs work ‘in conflict’. For example, donors fund health work in conflict-affected areas of Kachin or Karen State. In these programs implementing organisations might try to adapt the way they work in order to reduce risks to their program. They might also be aware to ‘do no harm’ through analysing how the project might contribute to conflict dynamics. But these programs are still not directly addressing the conflict itself.

 

Finally, there are a range of donor funded programs in Myanmar that are explicitly trying to work ‘on conflict’.

 

Some donor funding is directed specifically toward supporting Myanmar’s national peace process – funding to facilitate meetings such as the 21st century Panglong conference, funding for technical advisers or trainings.

 

Other funding is directed not toward the formal national peace processes but toward, for example, fostering reconciliation at other levels – for example through supporting community level efforts at collaboration between ethnic or religious groups.

 

When we ask about the accountability of donors, it depends on what donors are trying to achieve with their funding – and in what ways they might be working around conflict, in conflict or on conflict.

 

In this series we are most interested in programs working ‘on conflict’, and the questions of how and to whom donor agencies are accountable. However, it is also important to recognise that even donor programs which are seemingly unrelated to peace and conflict – for example work on public financial management – can either enhance or detract from peace related goals.

 

All aspects of donor programs are relevant for peace, and donors such as DFID stress that all of their work in Myanmar is considered through the lens of conflict. Yet as we will be exploring in this series, donor visions of what peace might look like, are not necessarily aligned with all local actors.

 

 

Millions of dollars of aid money is being spent on ‘peace’ in Myanmar. Unpacking  donor goals – and relationships of accountability – is crucial. 

 

 

Notes:

 

The concept of working around, on and in conflict is taken from Goodhand, J., Klem, B., Fonseka, D., Keethaponcalan, S.I. and Sardesai, S., 2005. Aid, Conflict, and Peacebuilding in Sri Lanka, 2000-2005 (Vol. 1). Colombo: Asia Foundation.

Please reload