top of page

The new PK FORUM in 2018-19

How do we make sense of development and change in Myanmar? (see English below)

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် အပြောင်းအလဲတွေကို မည်သို့ နားလည်သဘော ပေါက်နိုင်မည်နည်း? ထိုအကြောင်းအရာများတွင် လွန်စွာပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများ အပြင် ထောက်ပံ့မှုများ၊ ရင်းနှီးမြှုပ်နှံများမှတဆင့် နိုင်ငံတကာနှင့် ချိတ်ဆက်နေသည့် ဆက်စပ်မှုများ ပါဝင် ပါသည်။

မဲလ်ဘုန်းတက္ကသိုလ်နှင့် ပူးပေါင်း၍ အစီအစဉ်သစ်အနေဖြင့် PK ဖိုရမ်မှ ၂၀၁၈-၂၀၁၉ နှစ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာအပြင် အခြားဖြစ်ပေါ်နေသော အပြောင်းအလဲများနှင့်ဆက်စပ်သည့် မေးခွန်းများအပေါ် အပြန်အလှန်ဆွေးနွေးခြင်း၊ အပြုသဘောဆောင်စွာ ငြင်းခုံနိုင်ဖို့ ရည်ရွယ်ပါသည်။

ယခင်အတိုင်း “အကူအညီအထောက်အပံ့နှင့် ဒေသတွင်းပုံဖော်မှု”၊ “ကျွန်ုပ်၏စာတမ်းမှ သင်ခန်းစာ ၅ခု” နှင့် “အလုပ်ထွက်အင်တာဗျူး” စသည့် ဆောင်းပါးတိုများကိုလည်း ပြန်လည်ဖော်ပြသွားမည်ဖြစ်ပါသည်။ ထို့အပြင် PK ဖိုရမ်မှ ခေါင်းစဉ်အသစ်များဖြစ်သော ဖယ်ဒရယ်၊ ကုန်သွယ်ရေးသဘောညီချက်စာချုပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသည်တို့ကို လေ့လာပြီး ဆွေးနွေးသွားမည်ဖြစ်ပါသည်။

PK ဖိုရမ်မှလည်း အကြံပြုချက်များ၊ ဆွေးနွေးချက်များကို အထူးနားထောင်ချင်ပါသည်။ PK ဖိုရမ်၏ သုတေသန အယ်ဒီတာအသစ်ဖြစ်သော ဒွဲရာသည် ရန်ကုန်အခြေစိုက်ဖြစ်ပြီး ဖိုရမ်ညှိနှိုင်းရေးမှူးဖြစ်သည့် Tamas Wells နှင့် ဖိုရမ်၏ ပဲ့ကိုင်ကော်မတီသည် သြစတေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်တွင် အခြေစိုက်ပါသည်။

PK ဖိုရမ်သို့ မြန်မာဘာသာနှင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ ဆောင်းပါးပို့လိုပါက သို့မဟုတ် မည်သည့်ခေါင်းစဉ်မျိုးကို ထည့်သွင်းသင့်သည် စသဖြင့် အကြံပေးလိုပါက pkdiscussionforum@gmail.com သို့ ပေးပို့ နိုင်ပါသည်။ သို့မဟုတ် PK ဖိုရမ် ၏ Facebook ပို့စ်အောက်တွင် ၀င်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါသည်။

ထို့အပြင် မဲလ်ဘုန်းတက္ကသိုလ်နှင့် ပူးပေါင်းသည့်အစီအစဉ်အောက်၌ပင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကဏ္ဍအတွက် သိရှိနားလည်ထားသင့်သည့် အကြောင်းအရာများကို လေ့လာနေကျသော မြန်မာနိုင်ငံမှ သုတေသနပညာရှင် များနှင့် နိုင်ငံတကာမှ သုတေသနပညာရှင်များကို ပိုချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်ပါသည်။

PK ဖိုရမ်အနေဖြင့် ပညာရှင်များနှင့် လက်တွေ့အကောင်အထည်ဖော်နေသူများကြား တံတားသဖွယ် ကူးလူး ဆက်သွယ်ပေးနိုင်ရန် ရည်ရွယ်သည်။ သတင်းအချက်အလက်များအား လမ်းကြောင်းမျိုးစုံမှ အပြန်အလှန်ဖလှယ် နေခြင်းအားဖြင့် အလွန်အဖိုးတန်သော အတွေးအခေါ်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါသည်။

ယခုအစီအစဉ်အသစ်အတွက် အလွန်စိတ်လှုပ်ရှားနေပြီး အားလုံးပါဝင်ပေးဖို့လည်း မျှော်လင့်ပါသည်။

ဒွဲရာ၊ တေးမတ်(စ်)၊ လမ်းညွှန်ကြီးကြပ်ရေးအဖွဲ့

How do we make sense of development and change in Myanmar? From dramatic shifts in politics and the economy, to new international engagement through aid and investment.

With a new partnership with the University of Melbourne, the PK Forum is expanding in 2018-19 and aims to energise debate and discussion around questions of development and change in Myanmar.

We will be continuing with familiar themes of localisation and aid, and series such as Five Lessons from my Thesis and the Exit Interview. We will also be exploring new themes such as federalism, trade agreements and the role of China in Myanmar’s development.

Most of all we are interested in input from you. Our new research editor Doi Ra is based in Yangon, and Forum coordinator Tamas Wells, and a steering group, are based at the University of Melbourne in Australia.

If you would like to submit an article, or have ideas about topics to cover, then please get in touch with us at pkdiscussionforum@gmail.com or join in the discussion on Facebook.

As part of the collaboration with the University of Melbourne we are also linking more closely with Myanmar and international researchers who are engaged with questions about Myanmar’s development. Please get in touch with us if you are interested.

The PK Forum aims to be a bridge between academics and practitioners. We believe that it is through the exchange of information in all directions that the most valuable new ideas emerge.

We are excited about this new phase of the Forum and look forward to your involvement.

Doi Ra, Tamas Wells and the Forum steering group

bottom of page