ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုတာဘာလဲ? The biggest thing you might have never heard

မြန်မာနိုင်ငံအနေနဲ့ RCEP လို့ခေါ်တဲ့ အင်မတန်ကြီးမားတဲ့ လွတ်လပ်သောကုန်သွယ်ရေးစာချုပ် မှာပါဝင်ဖို့ ညှိနှိုင်းနေတယ်ဆိုတာ သင်သိပါသလား?

သင်မကြားဖူးသေးလျင်လည်း အထူးအဆန်းတော့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် လူအနည်း အကျဉ်းသာ ယခုအကြောင်းကို သတိထားမိနေကျပါသည်။ ၂၀၁၂မှ စတင်ကာ မြန်မာနိုင်ငံ အနေဖြင့် အခြား အာဆီယံနိုင်ငံများ နှင့် ၄င်းတို့၏ လွတ်လပ်စွာကုန်သွယ်ရေး မိတ်ဖက်များ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်၊ သြစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန် စသည့်နိုင်ငံများနှင့် ၂၃ ကြိမ်တိုင် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ပြီးဖြစ်ပါသည်။ ယခုအောက်တိုဘာလ အတွင်းတွင်လည်း နယူးဇီလန်နိုင်ငံတွင် ၂၄ ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်မည်ဟု သိရပါသည်။

ထိုဧရာမလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်သည် အသက်ဝင်ပါက ကမ္ဘာ့လူဦးရေ ၅၀ရာခိုင်နှုန်း ခန့်ကို လွှမ်းခြုံမှာဖြစ်ပြီး ပါဝင်မည့်နိုင်ငံများသည် ကမ္ဘာ့ပို့ကုန်ပမာဏ၏ ၂၅ရာခိုင်နှုန်း၊ ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ နောက်ဆုံးအကြိမ်ညှိနှိုင်းမှုမှာ ယခုနှစ် ဇူလိုင်တွင်ဖြစ်ပြီး မြန်မာနိုင်ငံမှလည်း တပတ်ခန့် ကြာမြင့်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးကို ဘန်ကောက်တွင် တက်ရောက်ခဲ့ပါသည်။ ထိုအစည်း အဝေးနောက်ဆက်တွဲအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှလည်း စင်ကာပူတွင် ၀န်ကြီးအဆင့် အစည်းအဝေးတွင် အချို့အကြောင်းအရာများကို ဆက်လက်၍ ဆွေးနွေးနိုင်ရန် ထပ်မံသွားရောက်ခဲ့ပါသည်။

ယခုကဲ့သို့ အကြောင်းအရာများကို နိုင်ငံပိုင်သတင်းစာတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက်ခဲ့သည်ဟုသာ အကျဉ်းချုပ် ဖော်ပြခဲ့ပါသည်။ ထိုမျှသာ သတင်းအချက်အလက်ပေးခြင်းသည် တကယ်တမ်းတော့ မြန်မာနိုင်ငံအတွက် သမာရိုးကျဖြစ်စဉ်သာ ဖြစ်နေပါတော့သည်။ မြန်မာပြည်သူများအနေဖြင့် အစိုးရမှ လက်မှတ်ရေးထိုးခဲ့ပြီးသည့် သို့မဟုတ် သဘောတူဆောင်ရွက်ရန်ရှိသည့် RCEP ကဲ့သို့သော နိုင်ငံတကာနှင့် ချုပ်ဆိုမည့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုစာချုပ်များနှင့် ပတ်သက်ပြီး သတင်းအချက်အလက်ရရှိမှုသည် အလွန်အကန့်အသတ်ရှိပါသည်။

၂၀၁၅ သြဂုတ်လတွင် မြန်မာနိုင်ငံအနေဖြင့် ၉ ကြိမ်မြောက် RCEP ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပါသည်။ သို့သော် ဆွေးနွေးပွဲ၏ ရလဒ်ကို အသိမပေးခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးရန် နေရာမပေးခဲ့ပါ။

အခြေခံဥပဒေပြဌာန်းချက်အရ နိုင်ငံတကာ၊ ဒေသတွင်းဆိုင်ရာ သို့မဟုတ် နှစ်နိုင်ငံကြား ချုပ်ဆိုမည့် စာချုပ်များအား အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်း ပြုလိုလျင် သမ္မတမှ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု ရယူရမည်ဖြစ်သည်။ သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်မလိုဘဲ ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတအား လုပ်ပိုင်ခွင့် လွဲအပ်နိုင်သည်ဟု ဖော်ပြထားပြန်ပါသည်။

လက်တွေ့တွင်မူ နိုင်ငံတကာစီးပွားရေးဆိုင်ရာ သဘောတူညီမှုစာချုပ်များသည် သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကဲ့သို့သော ဌာနများသာ ညှိနှိုင်းမှုဖြစ်စဉ်တွင်ပါပြီး လွှတ်တော်မှ အခန်းကဏ္ဍပါဝင်မှုမရှိပဲ သဘောတူ လက်မှတ်ထိုး ဖြစ်သည်ကများနေပါသည်။

ပွင့်လင်းမြင်သာမှု၊ လူထုနှင့် ချပြဆွေးနွေးခြင်းမရှိသောကြောင့် အရပ်ဖက်အဖွဲ့အစည်းများမှ ဖြစ်စေ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအား ကူညီချင်သူများအနေဖြင့် ညှိနှိုင်းနေသော သဘောတူစာချုပ်များအပေါ် သုံးသပ်ရန် လုံးဝမဖြစ်နိုင်ကာ၊ အကြံပေးဖို့အတွက်လည်း အလွန် ခဲယဉ်းသွားပါသည်။ ယခုအချက်သည် အလွန်စိုးရိမ်ဖွယ် ကောင်းပါသည်။ အဘယ်ကြောင့် ဆိုသော် RCEPစာချုပ်တွင် ပါဝင်သည့်အချက်မြောက်များစွာထဲတွင် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့် တင်းကျပ်ထားသည့် ပြဋ္ဌန်းချက်များပါဝင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ၆၀ရာခိုင်နှုန်းဖြစ်သော လယ်ယာမြေကဏ္ဍတွင် အသက်မွေးဝန်း ကျောင်းပြုနေသူများ နှင့် ပြည်သူလူထုကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများ ဈေးနှုန်းသက်သာစွာလက်လှမ်းမှီ နိုင်မှုအပေါ် အကျိုးကြီးမားစွာသက်ရောက်နိုင်သောကြောင့် ဖြစ်သည်။ အရပ်ဖက်အဖွဲ့အစည်းများနည်းတူ လွှတ်တော်အမတ်များအပါအ၀င် အစိုးရဌာနမှ လူအနည်းစု သာလျင် ယခုကဲ့သို့ဖြစ်စဉ်များကို သိရှိနေပြီး ဘက်စုံအကျိုးသက်ရောက်နိုင်မှုများကို နားလည်မှုရှိပါသည်။

အရပ်ဘက်အဖွဲ့အစည်းများအတွက် ဆွေးနွေးနိုင်ရန် နေရာပေးထားခြင်း အလွန်နည်းသော ကြောင့် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်သည် အာရှ-ပစိဖိတ်မှ အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်နှင့် ပူးပေါင်းကာ RCEP ညှိနှိုင်းမှုဖြစ်စဉ်တွင် ပါဝင်နေသည့် နိုင်ငံပေါင်း ၁၆နိုင်ငံမှ အစိုးရများထံ စာပို့ခဲ့ပါသည်။ ယင်းစာတွင် RCEP ညှိနှိုင်းမှုများကို ရပ်ပေးရန် နှင့် ထိုအစား ပူးပေါင်းလုပ်ဆောင်မှု၊ ဒေသ၏ အမှန်တကယ် ဖွံ့ဖြိုးရေးလိုအပ်မှုများကို ရှေ့တန်းတင်သည် စာချုပ်ဖြစ်နိုင်ရန် တောင်းဆို ခဲ့ပါသည်။

ယခုဆောင်းပါသည် RCEP ညှိနှိုင်းမှုဖြစ်စဉ် နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်မှုများ ကို စောင့်ကြည့်သုံးသပ်ထားသည့် ဆောင်းပါးတွဲမှ ပထမဦးဆုံးဖြစ်ပါသည်။

Did you know that Myanmar been negotiating to be part of the mega free trade deal called (RCEP)?

If not that is understandable, as very few people have heard of it. Since 2012, Myanmar has undergone 23 rounds of negotiations with ASEAN countries, and their free trade agreement partners (China, India, New Zealand, Australia, South Korea, and Japan) about the RCEP. In this October, plan for another round of negotiation to be held in Auckland, New Zealand was also announced.

If signed, this agreement will cover 50% of the world’s population, which accounts for over a quarter of global exports, and almost 30% of the World’s GDP.

The last round was in July this year when Myanmar also participated in a weeklong trade negotiating committee meeting in Bangkok. In a follow up to this meeting, Minister of Planning and Finance went to Singapore to join ministerial level meetings to discuss further on these matters.

This news was briefly covered in a state-owned newspaper. But this is typically the extent of information that Myanmar citizens receive relating to RCEP or any other treaties, which the Government has signed or is planning to commit.

In August 2015, Myanmar hosted the ninth round of RCEP negotiation in Nay Pyi Taw. But there was no publication of any outcomes or consultations made with civil society organizations.

According to Myanmar’s constitution, the president requires the approval of the parliament to enter into, ratify or annul international, regional or bilateral treaties, But Pyidaungsu Hluttaw may confer the authority on the president to conclude, annul and revoke any kind of international, regional or bilateral treaties or agreements without the approval of Hluttaw.

In the current reality, most international agreements are negotiated by the entities such as Directorate of Investment and Company Administration (DICA), the President’s Office, and the State Counselor’s Office, and are signed without passing through the parliament.

The absence of transparency and public consultations has made it nearly impossible for Myanmar civil society as well as international allies to reflect on the agreement and provide suggestions for improvements. This is particularly troubling since RCEP could have an impact on the majority of Myanmar’s people—for example, 60% of the population working in the agriculture sector and affordable access to medicines for public health—due to stringent intellectual property measures. Similarly, few others in the Government, including the parliamentarians, are aware of the process and understand the comprehensive consequences.

As the space for civil society organizations (CSOs) is very limited for engagement within the country, last year over 190 Myanmar CSOs joined a Asia-Pacific regional civil society network to send a letter to the governments in the 16 RCEP countries.

The letter urged them to stop RCEP negotiations and demanded instead a new model that is based on cooperation and puts the development needs of the region above that of corporations.

This is part one in a series of posts looking at the RCEP and the key implications for Myanmar.

image credited to www.insightsonindia.com