“F” နှင့် စသည့်စကားလုံး - ဘာကြောင့် မြန်မာနိုင်ငံအတွက် ဖယ်ဒရယ်နှင့်ပတ်သက်သည့် ဆွေးနွေးမှုများက အရေးပါ
ယခုဆိုလျင် စစ်မှန်သောဖယ်ဒရယ်စနစ် တည်ဆောက်မည်ဟူသော ကတိက၀တ်ဖြင့် NLD မှ ရွေးကောက် ပွဲတွင်အနိုင်ရခဲ့သည်မှာ ၃နှစ်ခန့်ရှိပြီဖြစ်သည်။ သို့ပေမယ့် အနည်းငယ်သာပြောင်းလဲခဲ့ပါသည်။ တိုင်းပြည်၏ နေရာအနှံ့အပြားသည် ပဋိပက္ခဒဏ်ခံနေရဆဲဖြစ်ပြီး၊ တဖက်တွင် ရခိုင်ပြည်နယ် ပြသာနာ အကျပ်အတည်းက နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၏ အာရုံပြောင်းလွှဲစေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဖယ်ဒရယ်စနစ်အပေါ် သဘောတူညီမှုရယူခြင်းသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည့် ပဋိပက္ခများ ချုပ်ငြိမ်းရန် နှင့် ဘုံတူညီသော အမှတ်အသားတစ်ခုတည်ဆောက်ကာ အားလုံး ပါဝင်မှုရှိပြီး ဒီမိုကရေစီစံနှုန်းများအပေါ် အခြေပြုထားသည့် တိုင်းပြည်တစ်ခုဖြစ်ပေါ်လာရန် အဓိက ကျနေဆဲဖြစ်ပါသည်။
အဘယ်ကြောင့် ဖယ်ဒရယ်အပေါ် ဆွေးနွေးမှုများက မြန်မာနိုင်ငံအတွက် အလွန်အရေးပါ ပါသလဲ?
ယခုဆောင်းပါးသည် ထိုမေးခွန်းနှင့် ပတ်သက်၍ ဆက်စပ်စဉ်းစားအဖြေရှာနိုင်ရန် စတင်မှုတစ်ခု ဖြစ်သည်။ ဤဆောင်းပါးတွဲတွင် ဖယ်ဒရယ်နှင့် ပတ်သက်၍ ထောက်ခံသည့်သဘော နှင့် ဆန့်ကျင်သည့် သဘော စသည့် ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် အာဏာနှင့်အခွန်ဘဏ္ဌာခွဲဝေခြင်း မှစပြီး တိုင်းနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ နယ်နမိတ်နှင့်အရေအတွက် စသည့် အဖြေရှာရမည့် အကြောင်းအရာများလည်း ပါဝင်ပါမည်။
ယခုဆောင်းပါးမှတဆင့် ဖယ်ဒရယ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ‘သတင်းအချက်အလက်ပေးကာ ဆွေးနွေးခြင်း မပြုလုပ်မှီ နှင့် ပြုလုပ်ပြီး လူထုသဘောထားစစ်တမ်းကောက်ယူခြင်း (deliberative polling)’ ၏ရလဒ်များကို ဖော်ပြသွားမည်ဖြစ်သည်။ ထိုရလဒ်များတွင် ဖယ်ဒရယ်နှင့်ပတ်သက်သည့် ရှုထောင့် အမျိုးမျိုး၊ ဖယ်ဒရယ်အား ဒီဇိုင်းဖော်မည့် ပုံစံစသည်တို့နှင့် ပတ်သက်သည့် (အချို့က သိပ်မထူးဆန်းသော်လည်း) အံသြဖွယ်ရာကောင်းသည့် ရလဒ်များ ပါဝင်ပါသည်။
ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျင် ဖယ်ဒရယ်စနစ်ဆိုသည်မှာ အစိုးရယန္တယား အဆင့်ဆင့်ကြားတွင် အာဏာများ ခွဲဝေခြင်း၊ မျှဝေခြင်းကိုဆိုလိုသည်။ ဥပမာဆိုရသော် မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် အစိုးရကို အဆင့်သုံးဆင့်အနေဖြင့် ဖော်ပြထားသည် - ဗဟိုအစိုးရ (သို့) ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်တိုင်းအစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရများ ပါဝင်သည်။
အခြေခံဥပဒေတွင်ပင်လျင် အစိုးရအဆင့်ဆင့်တွင်ရှိသည့် အာဏာအတိုင်းအတာကိုဖော်ပြထားသည်။ ဥပမာ - ပြည်နယ်နှင့် တိုင်းအစိုးရများအနေဖြင့် စိုက်ပျိုးရေး၊ မြို့ ပြ နှင့် အိမ်ယာစီမံကိန်းစသည်တို့ နှင့် ပတ်သက်ပြီး ဥပဒေပြဌာန်းခြင်း၊ စီမံခန့်ခွဲခြင်း ပြုလုပ်နိုင်သည်။ ထိုအဆင့်တွင် ဒေသခံပြည်သူများကို ကိုယ်စားပြုမည့် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များရှိပြီး ဒေသန္တရအစိုးရလည်းရှိပါသည်။
ထိုသို့ဆိုလျင် အဘယ်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖယ်ဒရယ်ရရှိရန် ဆက်လက် တိုက်ပွဲဝင်နေရသေးပါသလဲ?
ထင်ရှားသော ပညာရှင်တစ်ယောက်အဆိုပြုခဲ့သည်မှာ အစိုးရယန္တရားအဆင့်တစ်ခုသည် အနည်းဆုံး ကဏ္ဍတစ်ခုတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက်အပြည့်ချနိုင်မှသာလျင် ဖယ်ဒရယ်ရှိသည်ဟုပြောခဲ့ပါသည်။ တခြား စကားလုံးများဖြင့်ဆိုရသော် အကျိုးသက်ရောက်မှုရှိနိုင်သည့် အစိုးရအဆင့်၏ သဘောတူညီမှုမပါဘဲ အာဏာကို ရုတ်သိမ်းခြင်း၊ ပြောင်းလဲခြင်း၊ အထက်အာဏာကိုသုံး၍ ပယ်ချခြင်းမလုပ်နိုင်ခြင်းကို ဆိုလိုပါသည်။
မြန်မာနိုင်ငံတွင် ဗဟိုအစိုးရအနေဖြင့် တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် သက်ဆိုင်သော အရေးကိစ္စများကို ကြားဝင်နိုင်၍ ၀န်ကြီးချုပ်များကိုလည်း ခန့်ထားနိုင်သည်။ ၄င်းသည် ဒီမိုကရေစီနှင့် လားလားမျှ မဆိုင်ပါ။
ဖယ်ဒရယ်ရရန် ကြိုးပမ်းမှုသည် သမိုင်းကြောင်းရှည်သောခရီးဖြစ်ပါသည်။ မြန်မာ (ထိုစဉ်က ဗမာ) နိုင်ငံ အနေဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေးမရခင်က ဗမာ၊ ချင်း၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။ ၄င်းစာချုပ်တွင် နယ်တွင်းအုပ်ချုပ်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့်ပေးထားပါသည်။ သို့ပေမယ့် ယခုအချက်ကို တခါမျှသေချာလက်တွေ့ လုပ်ဆောင်ခဲ့ခြင်းမရှိပါ။
ဖယ်ဒရယ်အား ခွဲထွက်ရေးနှင့် ညီမျှခြင်း ချခဲ့သောကြောင့် ဆန့်ကျင်တားဖြစ်ခြင်းခံခဲ့ရသည်။ မြန်မာစစ်တပ်မှ ၄င်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများကိုတားမြစ်ခဲ့ပြီး အခြေခံစည်းမျဉ်းများနှင့် ပံ့ပိုးထားသော အခြေခံဥပဒေပြဌာန်းကာ ခွဲထွက်ခြင်းမပြုရန်ကန့်သတ်ထားခဲ့ပါသည်။ နောက်ဆုံးတွင် ဖယ်ဒရယ်မူအတိုင်း အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးသို့သွားနိုင်ရန် လမ်းကြောင်းပေါ်ခဲ့ ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု တစ်ဖြစ်လည်း ၂၁ရာစု ပင်လုံညီလာခံအနေဖြင့် တွေ့ဆုံ ခဲ့သည်မှာ ၃ကြိမ်ရှိပြီး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်နိုင်ဖို့ အခြေခံစည်းမျဉ်းအချို့ကို သဘောတူညီနိုင်ခဲ့ပါသည်။
အခုတလောတွင်ပင် နေပြည်တော်တွင် သုံးပွင့်ဆိုင်ဆွေးနွေးမည့် အစည်းအဝေးသတင်းကြောင့် F စကားလုံးက လူတိုင်းပါးစပ်ဖျားမှာ ပြန်ရောက်နေပါသည်။ မြန်မာစစ်တပ်၊ အစိုးရ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် ပို၍ အငြင်းပွားဖွယ်ဖြစ်နေသော အခြေခံစည်းမျဉ်းများ (မခွဲထွက်ရေး အပါအ၀င်) အပေါ် သဘောတူညီမှုယူနိုင်ရန် ချဉ်းကပ်မည့်နည်းလမ်းအပေါ်သဘောတူညီမှုယူနိုင်ခဲ့သည်။
သို့သော် လုပ်စရာအများကြီးရှိနေပါသးသည်။
အကယ်၍ ဖယ်ဒရယ်သည် တိုင်းရင်းသားများ နှစ်ပေါင်းများစွာတောင်းဆိုနေခဲ့သည့် လွတ်လပ်စွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပေးနိုင်မည်ဆိုပါက ပဋိပက္ခများချုပ်ငြိမ်းနိုင်ပြီး မြန်မာနိုင်ငံသားများ တောင့်တနေသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေး စသည်တို့ ကို ဆောင်ကြဉ်းပေးနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။
It has now been three years since the election of the National League for Democracy, with its commitment to establish ‘genuine federalism’, but little has changed. Conflict is ongoing in some parts of the country, while the crisis in Rakhine State has shifted the attention of political and military leaders alike.
Yet an agreement on federalism remains the key to resolving longstanding conflicts and to establishing a shared identity by which a more inclusive and democratic union can be built.
But why is a discussion about federalism so important for Myanmar?
This post is the first in a series that aims to grapple with that question. The series will look at some of the key arguments for and against federalism in Myanmar, as well as the issues that need to be resolved, from the distribution of powers and revenue, through to the numbers and boundaries of states, regions and self-administered areas.
We will also share some of the results of our recent ‘deliberative polling’ on federalism in Myanmar, which revealed some surprising (and some not so surprising) perspectives on federalism and key design issues.
Broadly speaking, federalism describes a system where powers are divided or shared between more than one level of government. For example, the Myanmar constitution specifies three levels of government – the central government, or Union; the states and regions; and the self-administered zones.
The 2008 constitution lists the powers that each level has. For example, states and regions have the power to makes laws and administer programs relating to agriculture, or town and housing development. They have their own elected representatives and their own executive government.
But if this is the case, why are ethnic armed groups still fighting for federalism?
One esteemed scholar argues that federalism only exists if each level of government has the final say in at least one area. In other words, powers cannot be removed, altered or overruled without the agreement of each affected government.
In Myanmar, the Union level government can still intervene in the affairs of the state and region governments, and select and appoint those governments’ chief ministers. And that is to say nothing of democracy.
The claims for federalism have a long history. Before Myanmar (then Burma) became independent in 1948, the Panglong Agreement - between Aung San, representing the Bamar, and representatives of the Chin, Kachin and Shan - provided for ‘full autonomy in internal administration’. But it was never properly implemented.
Federalism was resisted because it was equated with secession. The military banned discussion of it and produced constitutions guided by basic principles that sought to ensure ‘non-disintegration’. Finally, dialogue towards federal constitutional reform has got underway. The Union Peace Dialogues – also known as the 21st Century Panglong Conference – have so far met three times and agreed some key principles for the establishment of a genuine federal union.
Indeed, the F word is on everyone’s lips this week due to the recent tripartite meeting in Naypyidaw. The military, government and ethnic armed groups agreed on an approach to resolving some of the more contentious principles, including the issue of (non)secession.
But much more remains to be done.
If federalism really can provide the kind of autonomy that has long been sought by the ethnic nationalities, it may resolve conflict and help bring peace, democracy and development, consistent with the aspirations of so many living in Myanmar.
Image credited to DVB, http://www.dvb.no/n…/how-build-bottom-up-federal-union/68725