ဖယ်ဒရယ်စနစ်နှင့် အမှတ်အသားဆိုင်ရာ မေးခွန်း Federalism and the identity question (See English below)

November 14, 2018

မကြာသေးမှီလပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတွင် ပါဝင်သော ‘တပ်မတော် သည် နိုင်ငံတော်နှင့် ပြည်သူလူထုကို ကိုယ်စားပြုသည်’ ဟုဆိုသောမှတ်ချက်သည် လက်ရှိအချိန်တွင် တန့်နေသည့် ဖယ်ဒရယ်စနစ်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်အတူ တိုင်းရင်းသားလူမျိုးများ၏ စိတ်ခံစားမှုကို မီးမောင်း ထိုးပြနေပါသည်။ 

 

မြန်မာနိုင်ငံကို လူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရမည်မှာ မုချဧကန်ဖြစ်သည်။ သို့သော် လက်တွေ့တွင် ယခုချိန်ထိ နိုင်ငံ၏ အမှတ်အသားအများစုသည် ဗမာလူမျိုးဗဟိုပြုသည့် ပုံသဏ္ဍာန် ဖြစ်နေသည်ဟု မှတ်ယူနိုင်ပါသည်။ 

 

မကြာသေးမှီက Tampadipa Institute နှင့် ပြုလုပ်ခဲ့သော ဖယ်ဒရယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ယင်း အကြောင်းအရာအပေါ် အထူးဆွေးနွေးကျပါသည်။ ထိုကဲ့သို့သော ဆွေးနွေးပွဲ ၄ပွဲ အားလုံးတွင် ပါဝင်သူများသည် အမျိုးသားရေးလက္ခဏာအပါအ၀င် နိုင်ငံ နှင့် သက်ဆိုင်သော အခြားမေးခွန်းများကို အပြန်အလှန်ငြင်းခုံဆွေးနွေးကျပါသည်။ လူအများစု သဘောထားတူကာ မှတ်ချက်ချသည်မှာ လူတစ်စု ခြင်းစီ၏ မတူညီသော အမှတ်အသားများကို နိုင်ငံတော်မှ အသိအမှတ်ပြုရမည်ဖြစ်ကာ တဖက်တွင်လည်း ဘက်မလိုက်ပဲ သာတူညီမျှဖြစ်ပြီး အတူမျှဝေခံစားနိုင်သည့် တိုင်းရင်းသားလူမျိုးများနှင့်ဆိုင်သော အမှတ်အသားကို ဘုံ သဘောတူညီမှုဖြင့် စည်းလုံးညီညွတ်မှုခိုင်မြဲစေရန်အတွက် ဖော်ထုတ်ရမည်ဖြစ်သည်။ ၄င်းတို့ဆွေးနွေးသည့်အထဲတွင် လက်ရှိနိုင်ငံတော်၏ အမှတ်အသားများ ဥပမာ နိုင်ငံတော်အလံ သည် ဗမာလူမျိုးဗဟိုပြုသည့် ပုံသဏ္ဍာန်ပိုဆောင်နေသောကြောင့် အားလုံးပါဝင်ခံစားနိုင်သည့် ပုံစံပြောင်းသင့်သည် ဟုဆွေးနွေး ကျပါသည်။ 

 

ထိုသည်မှာ ဖယ်ဒရယ်၏ အရသာဖြစ်သည်။ ကိုယ့်ဒေသကိုယ်အုပ်ချုပ်ပိုင်ခွင့် နှင့် အတူတကွအုပ်ချုပ်ခွင့် စသည့်နှစ်ခုကို ပေါင်းစည်းကာ ဖယ်ဒရယ်သည် ကွဲပြားစုံလင်မှုအပေါ်အခြေခံကာ စည်းလုံးမှုကို ဖော်ဆောင်ပေးနိုင်သည်။ တကယ်တော့ မြန်မာနိုင်ငံသားများအား အမှတ်အသားနှစ်ခုရှိသည့် နိုင်ငံသားနှစ်မျိုးရှိသူများဟူ၍ပင် မှတ်ယူနိုင်သည်။ နိုင်ငံတွင်းရှိ နယ်မြေအစိတ်ပိုင်းများဖြစ်သည့် တိုင်းနှင့်ပြည်နယ်များသည် ၄င်းတို့ကိုယ်ပိုင် ထင်ရှားသော အမှတ်အသားများ ရှိသည်။ သို့သော်လည်း ဗဟိုအဆင့်အနေဖြင့် ထိုသို့မရှိသင့်ပေ။ ဖယ်ဒရယ်စနစ်အား အမှန်တကယ်ထိရောက်စေလိုလျင် တနိုင်ငံလုံးခြုံငုံနိုင်ကာ နိုင်ငံ၏အစိတ်အပိုင်း အားလုံးနှင့်လည်း လိုက်လျောညီထွေမှုရှိပြီး အားလုံးအတူတူမျှဝေခံစားနိုင်သည့် နိုင်ငံရေးဆိုင်ရာ အမှတ်အသားရှိရမည်။ 

 

မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ အမှတ်အသားကို တိုင်းရင်းသားအခြေခံ ပြည်နယ်နှင့် တိုင်းများ (လူမျိုးစုအခြေပြုဖယ်ဒရယ်စနစ်) ရှိခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။ တိုင်းရင်းသား လူမျိုးစုအမျိုးမျိုး၏ သမိုင်းကြောင်းများကို အသိအမှတ်ပြုခြင်းဖြင့်သော်လည်းကောင်း၊ ၄င်းတို့အား ၄င်းတို့၏ဒေသဖွံ့ဖြိုးရေး၊ ရိုးရာယဉ်ကျေးမှု ထွန်းကာရေး၊ လုံခြုံရေးကို ကိုယ်တိုင်တာဝန်ယူစေခြင်းမှတဆင့် သော်လည်းကောင်း ကာကွယ်ပေးနိုင်သည်။ ထို့အပြင် ၄င်းတို့သည် ပိုကျယ်ပြန့်သော ဗဟိုအစိုးရနှင့် လွှတ်တော်နေရာများတွင် ၀င်ရောက်ပါဝင်နိုင်သည်။ 

 

သို့သော် ထိုနည်းလမ်းကို ဝေဖန်သူများလည်းရှိပေသည်။ ၄င်းတို့အနေဖြင့် အဆိုပြုသည်မှာ လူမျိုးအခြေခံ ဖယ်ဒရယ်စနစ်သည် လူမျိုးစုကြား၊ ယဉ်ကျေးမှုအမျိုးမျိုးကြား မတူညီမှုများ၊ အတားအဆီးများပို ဖြစ်ပေါ်စေရန် အားပေးသည်ဟုဆိုသည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများကြား အချင်းချင်းထိတွေ့မှု၊ နားလည်မှု၊ သဟဇာတဖြစ်မှု လျော့ပါးလာနိုင်ပြီး ပဋိပက္ခပင်ဖြစ်ပေါ်စေနိုင်သည်။ ထိုမှ တဆင့် အမျိုးသားစည်းလုံးမှု ချိနဲ့လာနိုင်ကာ နိုင်ငံသားတစ်ဦးအနေဖြင့် သူတို့နှင့်သက်ဆိုင်သော တိုင်းရင်း သားအုပ်စု၊ ဒေသစသည်အတွက်သာ သစ္စာရှိခြင်းဖြစ်ပေါ်လာနိုင်ပါသည်။ ထိုကွဲပြားမှုကြောင့်ဘဲ ပဋိပက္ခပြန်စတင်လာနိုင်ပြီး လွတ်လပ်သောနိုင်ငံ ငယ်များအဖြစ် သီးသန့်ရပ်တည်ရန် တောင်းဆိုလာမည်ဟု ဝေဖန်သူများမှ ထပ်ဆိုကျပါသည်။ 

 

ထိုကဲ့သို့အတွေးအခေါ်ကို လူတော်တော်များများ ကိုင်ဆောင်ထားသည်ဟု ယူဆရပါသည်။ ပထမ ပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကိုယ်စားလှယ်တစ်ဦးမှ စုံလင်လှသောဌာနေတိုင်းရင်းသားလူမျိုးများ စည်းလုံညီညွှတ်မှသာလျင် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများကြားတွင် မားမားမတ်မတ် ရပ်နိုင် မည်ဖြစ်သည်။ အစိုးရကို အာဏာအပ်နှင်းမှသာလျင် နိုင်ငံသားများအပေါ် အုပ်ချုပ်နိုင်မှာဖြစ်ပြီး အစိုးရအနေဖြင့် အခြားအဖွဲ့အစည်းများအပေါ် အာဏာသက်ရောက်နိုင်မှသာလျင် နိုင်ငံ၏ အချုပ်အခြာအာဏာတည်မြဲ မည်ဟု အဓိပ္ပယ်ရှိသည့် အဆိုတင်သွင်းခဲ့ပါသည်။ 

 

သို့သော် ဖယ်ဒရယ်စနစ်သည် မိတ်ဖက်ပုံသဏ္ဍာန်ဖြစ်ကာ နှစ်ဦးသဘောတူစာချုပ်လည်းဖြစ်သည်။ ဖယ်ဒရယ်နှင့် ဒီမိုကရေစီသည် သဘာဝအားဖြင့် အတူပေါင်းသင်းနေထိုင်ရမည်ဖြစ်သည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်ပေါ်လာရန်အတွက် သဘောတူညီချက်တည်ဆောက်ရန် အဆင့်များစွာဖြတ်သန်းရဦးမည်မှာ အရှင်းသားဖြစ်ပါသည်။ 

 

A recent remark by the commander-in-chief that ‘the Tatmadaw represents the country’ underlines the discontent of many ethnic nationalities with the stalling federal reform process. 

 

Of course, Myanmar is and must be recognised as a multinational state, while unfortunately, the symbols of the state remain Bamar-centric.

 

A recent deliberative forum on federalism I organised in partnership with the Tampadipa Institute highlighted just these issues. Over the course of four events, participants debated questions about national identity and the state. They concluded with near consensus that each group’s individual identity must be recognised by the state, yet a shared and ethnically neutral identity must also be developed centrally to bind peoples together. They complained that the symbols of the state, like the flag, were Bamar-centric and should be revised to be more inclusive.

 

And this is what federalism is about. It enables ‘unity in diversity’, by combining self-rule and shared-rule. People are in-effect dual citizens, with dual identities. The constituent units, like Myanmar’s states and regions, may have their own distinct identities. But the centre should not. For a federal system to work effectively, there must also be some kind of shared political identity that covers whole country and is compatible with substate (or constituent unit) identities.” 

 

In countries like Myanmar, ethnic identity can be protected through ethnically based states and regions (ethnic federalism), which recognise the historical status of different ethnic groups and allow them to take responsibility for their own development, culture and security, while at the same time enabling participation in the governments and parliaments of the broader Union. 

But such an approach has its critics. They argue that ethnic federalism freezes and reinforces ethnic and cultural differences and boundaries, which overtime can reduce inter-ethnic contact, understanding and harmony, and even reignite conflict. This in turn could weaken the sense of national unity, and result in loyalty to only the ethnic group or region to which the citizens belong. They argue that this may lead to renewed conflict and claims for independence.

 

This is a mindset that many in the heartland appear to hold. Indeed, at the first Union Peace Dialogue, a military representative argued that ‘only when unity of a plethora of indigenous races can be built will Myanmar stand tall amidst the world’s nations, that only when the government is vested with power will it be able to have control over the people and only when the government can have influence over other organisations will sovereignty prevail’. 

 

Federalism however has to be a partnership, or covenant, and federalism and democracy are natural bedfellows. Clearly, there is still much to be done before an agreement for a genuine federal union can be reached.

 

 

 

 

Please reload