"L" ဟူသည့် စကားလုံး The “L” word (See English below)

November 28, 2018

‘ဒေသတွင်းအခြေအနေနှင့် လျော်ညီစွာဆောင်ရွက်ခြင်း’ (localisation) အကြောင်းအရာကို ယခုနောက်ပိုင်းတွင် ပို၍ ဆွေးနွေးလာကြသည်ကိုတွေ့ရပါသည်။ လာမည့် ရက်သတ္တပတ်များတွင် PK Forum မှ localisation ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေကျသူများထံမှ အကြံပြုဆွေးနွေးချက်များကိုလည်း ဖော်ပြသွားမည်ဖြစ်ပါသည်။ ယခု မိတ်ဆက်ဆောင်းပါးတွင်မူ မကြာသေးမှီမှ စတင်ခဲ့သည် လုပ်ဆောင်မှု ၂ခုကို အကျဉ်းရုံးမိတ်ဆက်သွားမည်ဖြစ်ပါသည်။

 

လွန်ခဲ့သော ၂နှစ် အတွင်းတွင် localisation နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၏   ဆွေးနွေးမှုများတွင် တိုးတက်မှု နှစ်ခု နှင့်ပတ်သက်၍ စတင်ပြောဆိုလာကြပါသည်။

 

၂၀၁၅တွင် UNOCHA မှ ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အခြေအနေများအတွက် စုစုပေါင်း ရံပုံငွေ ဒေါ်လာ ၁၉ .၈ ဘီလီယံခန့် လိုအပ်မည်ဟု ခန့်မှန်းခဲ့ပါသည်။ သို့သော် ဒေါ်လာ ၁၀.၉  ဘီလီယံ ခန့်သာ အလှူရှင်များမှပံ့ပိုးပေးနိုင်ခဲ့သည်။ လူသားချင်းစာနာမှုဆိုင်ရာရံပုံငွေလိုအပ်မှုနှင့် ရရှိမှုကွာဟချက် မှာ ၄၅ ရာခိုင်နှုန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ကွာဟမှုပိုကြီးလာပါသည်။

 

Grand Bargain ဆိုသည့် အစီအစဉ်အသစ်ကို ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာထိပ်သီးညီလာခံကို ၂၀၁၆ မေလတွင်ပြုလုပ်ခဲ့ပါသည်။ အဓိကရည်ရွယ်ချက်မှာ လက်ရှိရထားသော ရံပုံငွေများကို ပို၍ ထိရောက်စွာ အသုံးပြုနိုင်ရန်ဖြစ်သည်။ သဘောတူလက်မှတ်ရေးထိုးသောနိုင်ငံများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေများကို ပို၍အကျိုးရှိစွာအသုံးပြုနိုင်ဖို့ ကတိက၀တ်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အဓိကအလှူရှင် အဖွဲ့အစည်းများ နှင့် UN အဖွဲ့အစည်းအများစုသည် Grand Bargain ကို လက်မှတ်ထိုးခဲ့ပြီးသား ဖြစ်ပါသည်။

 

ထို Grand Bargain အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်တွင် ခေါင်းစဉ် ၁၀ခု ရှိပြီး တိတိကျကျသတ်မှတ်ထားသော ကတိက၀တ်ပြုမှု ၅၁ခုရှိသည်။ ထိုကတိက၀တ်များကို လိုက်နာဆောင် ရွက်ခြင်းဖြင့် ဒေါ်လာ ၁ ဘီလီယံခန့် ငွေကုန်ကျသက်သာမည်ဟု လမ်းညွှန်အားပြုစုသောသူများမှ ခန့်မှန်းခဲ့ ပါသည်။ ထိုပိုထွက်လာသောရံပုံငွေများကို အထူးအကူအညီလိုအပ်နေသော လူမှုအသိုင်းအ၀န်းများ အတွက်  အသုံးချနိုင်မည်ဖြစ်သည်။

မြန်မာပြည်တွင်းရှိအရပ်ဘက်အဖွဲ့အစည်းများမှ အထူးစိတ်ဝင်စားမှုရှိသော ခေါင်းစဉ်မှာ ‘ရှေ့တန်းရှိ အကူအညီပေးလုပ်ငန်းဆောင်ရွက်သူများ’ သို့မဟုတ် ပို၍အသိများသောစကားလုံးမှာ ‘ဒေသတွင်း အခြေအနေနှင့် လျော်ညီစွာဆောင်ရွက်ခြင်း’ ဖြစ်သည်။ ထိုအောက်တွင် လိုက်နာရမည့် ကတိက၀တ် ၆ချက် ရှိသည်။ ၄င်းတို့မှာ -

၁) ဒေသခံနှင့် ပြည်တွင်းအကူအညီပေးလုပ်ငန်းဆောင်ရွက်သူများ၏ အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်  ဖြည့်ဆည်းရန်အတွက် တစ်နှစ်ထက်တစ်နှစ် ပို၍ ရင်းနှီးမြှုပ်နှံခြင်း၊

၂) ပြည်တွင်းရှိကူညီဆောင်ရွက်သူများမှ အလှူရှင်များ၊ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရန် အဟန့်အတားဖြစ်စေသည့် အတားအဆီးများကို လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊

၃) ပြည်တွင်းရှိကူညီဆောင်ရွက်သူများကို နိုင်ငံတကာအဆင့်ညှိနှိုင်းဆောင်ရွက်သည့် ယန္တယားများတွင် ပါဝင်စေခြင်း၊

၎) ၂၀၂၀တွင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့၏ ၂၅ရာခိုင်နှုန်းကို ပြည်တွင်း အကူအညီပေး လုပ်ငန်းဆောင်ရွက်သူများထံသို့ တိုက်ရိုက်ဖြစ်နိုင်သမျှ လွှဲပေးခြင်း၊

၅) Localization အမှတ်အသားပေတံဖော်ထုတ်ကာ ပြည်တွင်းလူသားချင်းစာနာမှုဆိုင်ရာကူညီ ဆောင်ရွက်ပေးသူများထံ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ရောက်သော ရံပုံငွေများကို တိုင်းတာခြင်း၊

၆) ပြည်တွင်းလူသားချင်းစာနာမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးသူများ၏ အကူအညီ ပိုမိုပါဝင်ကာ ကူညီမှုအရည်အသွေး ပိုတိုးတက်စေသော ရံပုံငွေယန္တယားများကို ပိုမို အသုံးပြုခြင်း စသည်တို့ဖြစ်သည်။

 

ထို့အပြင် Charter for Change (C4C) ကို ၂၀၁၆တွင် စတင်ခဲ့ပါသည်။ ထိုတွင် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ သက်ဆိုင်သူများနှင့် ၄င်းတို့အလုပ်လုပ်ပုံအပါအ၀င် ဆက်နွယ်မှုပုံသဏ္ဍာန်အထိ ပြောင်းလဲမည်ဟု ကတိက၀တ်ပြုကျသည်။ ထို Charterသည်လည်း အထူး သဖြင့် localisation နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအပေါ်တွင် အထူးပြုပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ထို Charter ကိုသဘောတူလက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ကမ္ဘာတ၀န်းတွင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ပေါင်း ၂၀၀ကျော်ခန့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံတွင်မူ ဧရာဝတီလူမှုရေးအသင်းအဖွဲ့မှလည်း  လက်မှတ်ထိုးခဲ့ပါသည်။  

 

မေ ၂၀၁၈ နောက်ဆုံးထားကာဆောင်ရွက်ရမည့် Charter for Change (C4C) localisation ကတိက၀တ်များမှာ -

၁) လူသားချင်းစာနာမှုဆိုင်ရာရံပုံငွေများ၏ အနည်းဆုံး၂၀ရာခိုင်နှုန်းကို ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ လွှဲပေးခြင်း၊

၂) ထိုသို့လွှဲပြောင်းပေးသော ရာခိုင်နှုန်း သို့မဟုတ် ပမာဏကို ပွင့်လင်းမြင်သာစွာဖော်ပြခြင်း၊

၃) မိတ်ဖက်ပြုခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းများကို ထပ်မံအတည်ပြုခြင်း၊

၎) အရေးပေါ်အခြေအနေများတွင် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ၀န်ထမ်းခန့်အပ်ရာတွင် ကြုံနိုင်သည့် မလိုလားအပ်သော အကျိုးသက်ရောက်မှုများကို ကာကွယ်ခြင်း၊ ဖြေရှင်းခြင်း၊

၅) ထပ်ဆင့်စာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်ချ မှတ်ရာတွင် တန်းတူညီမျှရှိရန် သတိထားဆောင်ရွက်ခြင်း၊

၆) ပြည်တွင်းလုပ်ငန်းဆောင်ရွက်သူများ၏ အရေးပါမှုကို အလှူရှင်များနားလည်သဘောပေါက်စေရန် အလေးထားဆောင်ရွက်ခြင်း၊

၇) ခိုင်မာသည့် အဖွဲ့အစည်းဆိုင်ရာအထောက်အပံ့နှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးခြင်း၊

၈) ပြည်တွင်းလှုပ်ရှားဆောင်ရွက်သူများ၏ အရေးပါမှုကို မီဒီယာနှင့် အများပြည်သူများသိရှိစေရန် မြှင့်တင်ပေးခြင်း စသည်တို့ဖြစ်သည်။

 

 

Recently there has been increasing discussion of “localisation”.  Over the coming weeks, the Forum will host comments from some of those engaged with the localisation process in Myanmar. This Introductory post summarises two recent initiatives.   

by PK Forum.

 

In the last two years, two new developments have entered the discussion of “localisation” within Myanmar civil society.

 

In 2015 UNOCHA estimated the global humanitarian funding requirements at $19.8 billion. Only $10.9 billion was provided by donors. The humanitarian funding gap was 45% and growing.

 

The Grand Bargain was launched at the World Humanitarian Summit in May 2016 and aims to make better use of current donor funding. The signatories commit themselves to more efficient delivery of humanitarian aid. All of the main donors in Myanmar and the UN agencies have signed the Grand Bargain.

 

There are 51 specific commitments in 10 groups (or work-streams) in the implementation guide[1] for the Grand Bargain. The drafters estimate that implementing these commitments could save around $1 billion. These savings could then be directed to affected populations.

Most interest amongst Myanmar civil society has been in work-stream #2 called “Front-line Responders” or more commonly “Localisation”. The six commitments to localisation are:

 

1) Grand Bargain commitments to localisation by donors and UN agencies

2) Increase multi-year investment in the institutional capacities of local (& national) responders,

3) Remove or reduce barriers that prevent organisations and donors from partnering with local responders

4) Include local responders in international coordination mechanisms

5) By 2020, direct at least 25 per cent of international humanitarian funding to local responders (as directly as possible).

6) Develop a ‘localisation’ marker to measure direct and indirect funding to local responders.

7) Make greater use of funding mechanisms which increase and improve assistance by local responders.

 

The Charter for Change (C4C) was also launched in 2016. Its INGO signatories commit to change the way they work with and relate to national actors. The Charter[2] focuses specifically on Localisation and on humanitarian aid.

 

Many of the INGOs working in Myanmar have signed the Charter – here[3]. Globally, over 200 national CSOs have also endorsed it including Airavati from Myanmar. Charter for Change (C4C) commitments to localisation by May 2018 are: 

1) Pass at least 20 per cent of their humanitarian funding to national NGOs

2) Publish the amount/percentage of funding passed to NNGOs

3) Reaffirm principles of partnership

4) Address and prevent negative impact of recruiting NNGO staff during emergencies

5) Address subcontracting and ensure equality in decision-making

6) Emphasise the importance of national actors to donors

7) Provide robust organisational support and capacity building

8) Promote the role of local actors to media and the public

 

 

 

References:

 

[1] https://reliefweb.int/sites/reliefweb.int/files/resources/Grand_Bargain_final_22_May_FINAL-2.pdf

 

[2] https://charter4change.files.wordpress.com/2016/02/charter-for-change-july-20152.pdf

 

[3] https://charter4change.org/signatories/

 

 

Please reload