ဖယ်ဒရယ်စနစ် - လူအများစုအတွက် ဘာအကျိုးရှိမှာလဲ? Federalism: What’s in it for the majority? (See Engish below)

December 2, 2018

ယခင်နှစ်ပတ်တွင် ကျွန်ုပ်အနေဖြင့် ဖယ်ဒရယ်စနစ်အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ နှစ်နာမှုများ၊ ခံစားမှုများကို ဘယ်လိုကူညီဖော်ပြနိုင်ပြီး ပဋိပက္ခများကို မည်ကဲ့သို့ထောက်ကူဖြေရှင်းနိုင်မည့် အကြောင်းများ ရေးခဲ့ပြီး ဖြစ်သည်။ ယခုဆောင်းပါးတွင်မူ ကျွန်ုပ်အနေဖြင့် လူအများစုအတွက် ဘယ်လိုအကျိုးရှိနိုင်မည်ဆိုသည့်မေးခွန်းထုတ်ဖြစ်ပါသည်။ အထူးသဖြင့် လူများစုဖြစ်သည့် ဗမာ တိုင်းရင်းသားနှင့် ဖယ်ဒရယ်နိုင်ငံတည်ဆောက်ပုံမှ တိုက်ရိုက်အကျိုးမရှိနိုင်သည့်လူများ (ဥပမာ - တိုင်းရင်းသားအခြေပြုပြည်နယ်သတ်သတ်မှတ်မှတ်မရှိသည့် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမရှိသည့် လူမျိုးစုများ) အတွက်ဖြစ်သည်။

 

တကယ်တော့ နိုင်ငံအမြောက်အမြားအတွက် ဖယ်ဒရယ်စနစ်သည် တိုင်းရင်းသားလူမျိုးစု အရေးကိစ္စနှင့် သက်ဆိုင်မှုမရှိပေ။ အစောပိုင်းကာလမှ ဖယ်ဒရယ်နိုင်ငံများ - ဥပမာအားဖြင့်ဆိုရသော် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံများအနေဖြင့် ၄င်းတို့နှင့် သက်ဆိုင်ရာ ဖယ်ဒရယ်စနစ်ကို ဖော်ထုတ်တည်ဆောက်နေစဉ်တွင် တိုင်းရင်းသားလူမျိုးကွဲပြားစုံလင်မှုနှင့်ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းခဲ့ရခြင်းမရှိပါ။ ထိုအစား ၄င်းတို့အတွက်မူ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်ပေါ်လာရခြင်းမှာ ကုန်သွယ်ရေးနှင့် လုံခြုံရေး အကြောင်းပြချက်များကြောင့်ဖြစ်ပါသည်။

 

အတိုချုပ်ထပ်ရှင်းရလျင် ဖယ်ဒရယ်စနစ်သည် တိုင်းရင်းသားလူနည်းစုများအတွက်သာမဟုတ်ပါ။

 

ဖယ်ဒရယ်၏ အဓိက အကျိုးကျေးဇူးတစ်ခုမှာ ဒီမိုကရေစီထွန်းကားရေးကို အထောက်အကူပြုနိုင်ခြင်းဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ဖယ်ဒရယ်စနစ်အောက်တွင် ပြည်နယ်နှင့်တိုင်းတစ်ခုချင်းစီအနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင် ဒီမိုကရေစီနည်းလမ်းကျရွေးချယ်ထားသော အစိုးရနှင့်လွှတ်တော် ပိုင်ဆိုင်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုအတွက် အစိုးရသည်ပြည်သှူနှင့် ပိုနီးမည်ဖြစ်ကာ တုံ့ပြန်မှုပိုမြန်လာမည်။ ပြည်သူများအနေဖြင့် အစိုးရယန္တယားတွင် ပါဝင်နိုင်မှုပိုလွယ်ကူလာမည်။ ထို့အပြင် ခေါင်းဆောင်များအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေနိုင်ဖို့ ပိုလွယ်ကူလာမည်ဖြစ်သည်။

 

ဖယ်ဒရယ်သည် အာဏာရှင်စနစ်မှ အကာအကွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလွှာတိုင်းရှိ အစိုးရများအနေဖြင့် အချင်းချင်း ထိန်းကျောင်းစစ်ဆေးနိုင်သောကြောင့်ဖြစ်သည်။ ထိုအခါတွင် တစ်နေရာ သို့မဟုတ် နှစ်နေရာစသဖြင့်မှ အမျိုးသားရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ဗဟိုချုပ်ကိုင်ထားဖြင်း အန္တရာယ်မှ လျှော့ချနိုင်မည်ဖြစ်သည်။

 

ဖယ်ဒရယ်စနစ်သည် တိုင်းနှင့်ပြည်နယ်များကြား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပြီး နိုင်ငံ၏ အဓိကမြို့ပြနေရာများ၌သာမက နယ်စွန်နယ်ဖျားမကျန် ပြည်သူအားလုံးအတွက် အကျိုးပြုနိုင်မည့် သာတူညီမျှစီးပွားရေးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေနိုင်ပါသည်။ ပြည်နယ်နှင့်တိုင်းများ အနေဖြင့် ၄င်းတို့၏ ဒေသအတွက် အဓိကဦးစားပေးရင်းနှီးမြှုပ်နှံရမည့်အချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိခြင်း၊ ဒေသလိုအပ်ချက်များကို ပိုမိုမြန်ဆန်စွာတုံ့ပြန်နိုင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း သည် ပိုမြန်ဆန်လာနိုင်ပါသည်။ ထို့အပြင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကြောင့် မြို့ပြကြီးများအတွက်သာမဟုတ်ပဲ အခြားဒေသများအတွက်ပါ စီးပွားရေး၊ အလုပ်အကိုင် စသည့် အခွင့်အလမ်းများကို ပေးနိုင်သည်။

 

အာရှဖောင်ဒေးရှင်း၏ သိပ်မကြာမှီမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အစိုးရ၏ စုစုပေါင်းအသုံးစားရိတ်အားလုံးမှ ၁၂ရာခိုင်နှုန်းခန့်သာလျင် တိုင်းနှင့်ပြည်နယ် အစိုးရများ၏ အသုံးစားရိတ်ဖြစ်ပါသည်။ ထိုရာခိုင်နှုန်းသည် ဒေသဆိုင်ရာပျမ်းမျှနှုန်းနှင့် ယှဉ်လိုက်လျင် အလွန်အောက်ရောက်နေပါသေးသည်။ ထိုအတွက် ပြန်လည်ချိန်ခွင်ညှိသင့်ပါသည်။

 

မြန်မာနိုင်ငံတွင် ‘သတင်းအချက်အလက်ပေးကာ အပြန်အလှန်ဆွေးနွေးခြင်း မပြုလုပ်မှီ နှင့် ပြုလုပ်ပြီး လူထုသဘောထားစစ်တမ်းကောက်ယူခြင်း (deliberative polling)’ မကြာမှီက ပြုလုပ်ရာတွင် ဖယ်ဒရယ်အား လက်မခံသည့် လူတစ်ဦးခြင်းစီသည် အပြန်အလှန်ဆွေးနွေးမှုအပြီးတွင်မူ ၄င်းတို့၏စိတ်ပြောင်းလဲကာ ကြားနေ သို့မဟုတ် ထောက်ခံသည်ဆိုသည့် ရွေးချယ်မှုပြုလုပ်ခဲ့သည်ကိုတွေ့ရပါသည်။ ၄င်းတို့၏ အဓိကအကြောင်းပြချက်မှာ ဒီမိုကရေစီ ထွန်းကားရေး နှင့် ဖွံ့ ဖြိုးရေးအတွက် အကျိုးကျေးဇူးများရှိခြင်းကြောင့်ဖြစ်ပါသည်။

 

ဖယ်ဒရယ်စနစ်အောက်တွင် ဒေသခံများအနေဖြင့် ၄င်းတို့၏အစိုးရမှ ရင်းနှီးမြှုပ်နှံရန်အတွက် ဘယ်နေရာဒေသ၊ အဘယ်ကြောင့်၊ ဘယ်နည်းလမ်း စသဖြင့်အကြံပြုနိုင်သည်။ ထိုအသံများကို ဗဟိုအစိုးရမှ အကြောင်းပြချက် မခိုင်လုံပဲ အထက်မှ ဖျက်လို့မရပါ။

 

သို့သော် ပြည်နယ်နှင့်တိုင်းများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်ထောင်စုအဆင့် ကိစ္စရပ်များစီမံအုပ်ချုပ်ရာတွင် ပါဝင်ရပြီး ဗဟိုအစိုးရနှင့်လည်း ညှိနှိုင်းမှုရှိနေရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု နှင့် လွတ်လပ်သောတရားစီရင်ရေးစနစ်သည် ထိုအချက်များကြောင့် ရှိနေရမည်ဖြစ်သည်။

 

သို့သော်ဖယ်ဒရယ်သည် အားလုံးအဆင်ပြေသွားစေမည့် မျက်လှည့်ဆန်သည့်ဆေးမဟုတ်ပါ။ အစိုးရတစ်ရပ် တည်ဆောက်မှုပုံသဏ္ဍာန်သာဖြစ်သည်။ ထိုမှတဆင့် နိုင်ငံရေးအရလွှမ်းမိုးခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ အာဏာရှင်ဆန်ခြင်း စသည်တို့၏ အန္တရာယ်ကိုလျှော့ချဖို့ရည်ရွယ်ခြင်းဖြစ်သည်။ ပပျောက်ရန်အထိ မစွမ်းပါ။

 

သို့သော် သင့်လျော်စွာ မှန်ကန်စွာ ပုံဖော်၍ အကောင်အထည်ဖော်ပါက ဖယ်ဒရယ်သည် ဒီမိုကရေစီထွန်း ကားရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။ အရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးအုတ်မြစ်အပေါ်တွင် ၄င်းတို့ကိုခိုင်ခိုင်မြဲမြဲတည်ဆောက်နိုင်ခြင်းဖြစ်သည်။

 

In the last two posts I wrote about how federalism can help address the grievances of ethnic nationalities and resolve conflict. In this post, I ask what’s in it for the majority communities, in this case, Bamar, and others that do not benefit directly from a federal structure (i.e. they do not have a specific ethnic state or self-administered zone).

 

In many countries, federalism has nothing to do with ethnicity. Most of the early federations, like the US and Australia, did not have to deal with ethnic diversity when developing their federal systems. Instead they became federal for trade and security reasons.

 

In other words, federalism is not just for ethnic minorities.

 

One key potential benefit of federalism is that it can support democratisation. Because under a federal system, each state and region has its own democratically elected government and parliament, government comes closer to the people. This makes it more responsive, easier to participate in, and easier to hold elected leaders to account.

 

Federalism is a guard against tyranny, as each level of government can act as a check on the other. This lowers the risk of national and political domination by one or two centres.

 

Federalism can also contribute to regional development and more equal economic development that benefits all citizens – in the periphery and the heartland. By giving states and regions the autonomy to decide local investment priorities, and by being more responsive to local needs, development can be fast-tracked. Further, decentralization can provide for more economic and employment opportunities outside the major cities. A recent report by The Asia Foundation found that just 12% of government expenditure was by the states and regions, which is well below the regional average. This should be rebalanced.

 

In our recent deliberative polls on federalism in Myanmar, each person that opposed federalism before the event changed their minds following deliberation to be neutral or supportive, with the main reasons cited being the benefits for democratisation and for development.

 

Under federalism, local people get a say in where, how and why government invests – and this voice cannot be arbitrarily over-ruled by the central government.

 

But states and regions still have to play by the rules, including participating in the governance of national affairs and coordinating with the central government.Rule of law and an independent court are necessary for this reason.

Besides, federalism is not a silver bullet – it is just a structure of government. It may lower risks of political domination, corruption and authoritarianism, yet does not eliminate them.

 

But if designed and implemented properly and genuinely, federalism should contribute to both democratisation and economic development, and, perhaps most importantly, the peace that undergirds both.

 

 

Ref:
State and Region Governments in Myanmar, The Asia Foundation, October 2018

 

 

 

Please reload