တိုင်းရင်းသားအခြေပြုဖယ်ဒရယ်၊ နယ်နိစည်းမျဉ်းများနှင့် ခွဲထွက်ရေး Ethnofederalism, state boundaries an

ဖယ်ဒရယ်စနစ်တစ်ခု၏အနိမ့်ဆုံးလိုအပ်ချက်တစ်ခုမှာ အစိုးရအနေဖြင့် အနည်းဆုံးနှစ်ဆင့်ခန့်ရှိရမှာဖြစ်ပြီး အခြေခံ ဥပဒေမှဆင်းသက်သည့် အာဏာသည် အဆင့်တိုင်းတွင်ရှိနေရမည်ဖြစ်သည်။

အဆင့်တစ်ဆင့်သည် တစ်နိုင်ငံလုံးကို လွှမ်းခြုံမည့် ဗဟိုအစိုးရအဆင့်ဖြစ်ကာ ဒုတိယအဆင့်မှာ မြန်မာနိုင်ငံအတွက်မူ ပြည်နယ် (state) နှင့် တိုင်း (region) များဟု သိကြပါသည်။ အခြားနေရာများ ဥပမာ နီပေါကဲ့သို့နိုင်ငံတွင် ဒုတိယအဆင့်ကို ပြည်နယ်ဟုသာအဓိပ္ပယ်ရသည့် province ဟုခေါ်သည်။

ဖယ်ဒရယ်စနစ်စတင်တည်ဆောက်သည့်အချိန်တွင် မတူညီသည့်နယ်မြေများ၊ တိုင်းနှင့် ပြည်နယ်များကြား နယ်နိမိတ်မျဉ်းချနိုင်ရန် ဆုံးဖြတ်ချက်ချရသည့်အလုပ်မှာ အလွန်ခက်ခဲပါသည်။ ဖယ်ဒရယ်ဒီဇိုင်းဖော်ထုတ်ရာတွင် အငြင်းပွားဖွယ် အဖြစ်ဆုံးကြုံရသည့်အခက်အခဲလည်းဖြစ်သည်။ ဥပမာ နီပေါနိုင်ငံအနေဖြင့် ၂၀၀၈တွင်ပြည်သူ့ကိုယ်စားပြုလွှတ်တော်ရွေးချယ်တင်မြောက်ခဲ့ပြီးနောက် ဖယ်ဒရယ်စနစ်ကို ၂၀၁၅တွင် စတင်တည်ထောင်ခဲ့သည်။ နိုင်ငံ၏အခြေခံဥပဒေအသစ်အပေါ် သဘော တူညီမှုရယူနိုင်ရန် နှစ်နှစ်ခန့် ကြာမြင့်ခဲ့သည်။ ထိုတွင်မပြီးပဲ ပြည်နယ်အသစ်များကို မည်ကဲ့သို့နယ်နိမိတ် ပိုင်းခြားမလဲဆိုသည့် သဘောတူညီချက်ယူနိုင်ရန် နောက် ၅နှစ်ထပ်ကြာခဲ့သည်။

မြန်မာနိုင်ငံအတွက်မူ ပိုလွယ်ကူကောင်း လွယ်ကူပါလိမ့်မည်။ ၁၉၇၄ အခြေခံဥပဒေအမှီပြုကာ နယ်နိမိတ်ပိုင်းခြားထားသော ပြည်နယ်နှင့်တိုင်းများ ကာလကြာမြင့်စွာတည်ရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် တဖက်တွင်လည်း ကနေဦး၁၉၄၇အခြေခံဥပဒေမှ တိုင်းရင်းသားအခြေပြုပြည်နယ်နှင့်တိုင်းများ ထွက်ပေါ် ခဲ့ပြီးဖြစ်သည်။ ၄င်းတို့ကို ပြောင်းလဲရန် မလိုအပ်လောက်ပါ။

သို့သော်လည်း ဒေသအများအပြားတွင် သင့်လျော်သည့် ပြည်နယ်နှင့်တိုင်းနယ်နိမိတ်များသတ်မှတ်ခြင်း အရေးကိစ္စအတွက်အငြင်းအခုံရှိနေဆဲဖြစ်သည်။ ဥပမာ အချို့က တိုင်းရင်းသားအုပ်စုတစ်ခုအတွက် ပြည်နယ်တစ်ခုရှိရမည်။ အဓိပ္ပယ်ကောက်နိုင်သည်မှာ လက်ရှိအချို့သောပြည်နယ်နှင့်တိုင်းများကို ဗမာပြည်နယ်တစ်ခုပေါ်ထွန်းလာရန် စုစည်းနိုင်သည်ဟူ၍ ဖြစ်ပါသည်။

အလားတူစွာ အချို့ပြည်နယ်နှင့် တိုင်းများကို ထပ်မံခွဲခြမ်းနိုင်မည်။ ဥပမာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရထားသောအုပ်စုများသည် ၄င်းတို့၏ဒေသကို ပြည်နယ် သို့ တိုင်းအဆင့်သို့ အဆင်မြှင့်စေချင်သည် သို့မဟုတ် ထပ်ချဲ့ချင်မည်။

သို့သော်လည်း အထက်ပါဆွေးနွေးချက်အားလုံးသည် ပြည်နယ်နှင့်တိုင်းများသည် တိုင်းရင်းသားလူမျိုးစု အပေါ် အခြေခံသင့်သည်ဟူသည့် ယူဆချက်အပေါ် အခြေတည်သည်။

နိုင်ငံရေးသိပ္ပံစာပေများတွင် တိုင်းရင်းသားလူမျိုးစုကွဲပြားစုံလင်သည့်နိုင်ငံများရှိ ပြည်နယ်နှင့် တိုင်းများသည် တိုင်းရင်းသားဆိုင်ရာ (ဥပမာ ဘာသာစကား၊ သမိုင်းကြောင်းအရ မူလဌာနေ၊ လူမှုပထ၀ီ စသဖြင့်) သို့မဟုတ် နယ်မြေဒေသဆိုင်ရာ (ဥပမာ တောင်တန်းဒေသ သို့ မြစ်ကြောင်းများ၊ စီးပွားရေးဆိုင်ရာ အရင်းအမြစ်များ၊ အဆောက်အအုံများ စသဖြင့် ပထ၀ီအနေအထား) စဉ်းစားချက်များ အပေါ် အခြေခံသင့်သလားစသည့် အရေးကြီးသည့်ဆွေးနွေးငြင်းခုံမှုအမျိုးမျိုးတွေ့ရပါသည်။

တိုင်းရင်းသားအခြေပြုချဉ်းကပ်နည်းလမ်းများ (တိုင်းရင်းသားအခြေပြုဖယ်ဒရယ်) အတွက် အဓိက ဝေဖန်ချက်မှာ ထိုနည်းလမ်းသည် ခွဲထွက်ခြင်းလမ်းကြောင်းသို့ဦးတည်နိုင်စေကာ နိုင်ငံကိုအပိုင်းပိုင်းကွဲ သွားနိုင်သည်ဟူ၍ဖြစ်သည်။ တိုင်းရင်းသားလူမျိုးတစ်စုအနေဖြင့် ၄င်းတို့ကိုယ်ပိုင်ဖွဲ့စည်းတည်ဆောက်ပုံ ရှိလျင် ခွဲထက်ရေးလှုပ်ရှားမှုကို ပိုအောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဟုဆိုသည်။ ထို့အပြင် လူအချို့မှ တိုင်းရင်းသားအခြေပြုဖယ်ဒရယ်စနစ်သည် ခွဲခြားဆက်ဆံမှုကိုပိုတိုးလာစေပြီး ရိုးရာယဉ်ကျေးမှုတစ်ခု နှင့် တစ်ခုကြား နားလည်မှု ပိုလျော့နည်းလာနိုင်စေသည်ဟု ဆိုကာ ငြင်းချက်ထုတ်ကြသည်။

သို့သော် အခြေအနေသည် ထိုကဲ့သို့ရိုးစင်းမနေပါ။

တိုင်းရင်းသားအုပ်စုများသည် ကိုယ့်ကြမ္မာဖန်တီးနိုင်ရေးအတွက် တိုက်ပွဲဝင်နေသည်ဆိုလျင် ပထ၀ီကိုသာ အခြေခံပြီး တိုင်းရင်းသားများ၏ အစိတ်အပိုင်းအချို့ကိုသာထည့်သွင်းစဉ်းစားမည်ဆိုလျင် ငြိမ်းချမ်းရေး အတွက် အထောက်အကူပြုနိုင်မည်မဟုတ်ပေ။ တိုင်းရင်းသားအုပ်စုများအနေဖြင့် လွတ်လပ်စွာစီမံအုပ်ချုပ် ခွင့်ရမည်ဆိုပါက ၄င်းတို့အနေဖြင့် ခွဲထွက်ချင်သည့် စိတ်ဆန္ဒလျော့ပါးသွားမည်ဖြစ်သည်။

ပညာရှင်တစ်ဦးမှ အဆိုပြုသည်မှာ ‘တိုင်းရင်းသားအခြေပြုဖယ်ဒရယ်စနစ်သည် ဆိုးရွားမှုအနည်းဆုံး အဖွဲ့အစည်းတည်ဆောက်ပုံ’ ဖြစ်သည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းအနေဖြင့် ပြသာနာများ နှင့်မကင်းသော်လည်း တိုင်းရင်းသားကွဲပြားစုံလင်သောနိုင်ငံများတွင် အခြားမည်သည့် နိုင်ငံတည်ဆောက်ပုံ မှ ပဋိပက္ခများကို အောင်မြင်စွာဖြေရှင်းနိုင်ခြင်း သို့မဟုတ် လျှော့ချနိုင်ခြင်းမရှိပါ။

ထို့အပြင် ထင်ရှားသည့် သုတေသနတစ်ခုမှဖော်ပြရာတွင် တိုင်းရင်းသားအခြေပြုဖယ်ဒရယ်သည် ခြွင်းချက် အနေဖြင့် ဗဟိုတိုင်းရင်းသားဒေသ - ဥပမာအားဖြင့်ဆိုရသော် ပြည်နယ် သို့မဟုတ် တိုင်းတစ်ခုခုတွင် တိုင်းရင်းသားတစ်စုတွင်ပါဝင်သည့် နိုင်ငံ၏လူဦးရေအများစုရှိနေခြင်းအချိန်မှလွဲ၍ လက်တွေ့တွင် နိုင်ငံပြို ကွဲစေခြင်း၊ ခွဲထွက်စေခြင်းကို ပိုမဖြစ်စေနိုင်ပါ။ ထိုသာဓကသည် ပါကစ္စတန်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်အနေ ဖြင့်မခွဲထွက်ခင်) ၊ ယူဂိုစလားဗီးယား၊ ချက်ကိုစလိုဗေးကီးယား နှင့် အခြားနိုင်ငံများတွင် ဖြစ်ပေါ် ခဲ့ပါသည်။

၎င်းသီအိုရီအရဆိုလျင် လက်ရှိတိုင်းနှင့်ပြည်နယ်အချို့ကို ဗမာပြည်နယ်အဖြစ်ပေါင်းစည်းလိုက်မည်ဆိုပါက ဆုံးရှုံးမှုထံသို့သာ ဦးတည်နေသည့် ဖယ်ဒရယ်ကိုချဉ်းကပ်သည့်နည်းလမ်းဖြစ်ပေမည်။

‘သတင်းအချက်အလက်ပေးကာ အပြန်အလှန်ဆွေးနွေးခြင်း မပြုလုပ်မှီ နှင့် ပြုလုပ်ပြီး လူထုသဘောထားစစ်တမ်းကောက်ယူခြင်း (deliberative polling)’ ပြုလုပ်သော အကြိမ်ရေအားလုံးတွင် လက်ရှိနယ်မြေဒေသများကိုပေါင်းစည်းခြင်းနှင့်ပတ်သက်၍ မေးခွန်းမေးလျင် အလေးအနက်ထားသော ဆွေးနွေးမှုဖြင့်တုံ့ပြန်မှုကို တစ်ကြိမ်မှလွဲ၍ အခေါက်တိုင်းတွင်ရပါသည်။ ထိုတကြိမ်တွင်မူ လူတစ်ဦးမှ ဗမာပြည်နယ်ဟူသည့် အခေါ်အဝေါ်သည် ၄င်းကို စိတ်တိုစေသည့်အတွက် သူပါဝင်သည့်အုပ်စုမှလည်း မဆွေးနွေးတော့ရန်ဆုံးဖြတ်ခဲ့ပါသည်။ အားလုံးခြုံငုံကြည့်လျင် လူအများစုသည် ဗမာပြည်နယ်ဆိုသည့် အတွေးအခေါ်ကို မထောက်ခံကြပါ။

အမှန်ပင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းလူမျိုးစုအမျိုးမျိုးကိုယ်စားပြုသည့် ပါဝင်ဆွေးနွေးသူ အများစုသည် ဒေသအခြေခံချဉ်းကပ်နည်းလမ်းများကို ပိုထောက်ခံကြသည်။ လွတ်လပ်စွာအုပ်ချုပ်စီမံခွင့် သည် သင်မည်သူဖြစ်သည်ဟုဆိုသည်ထက် သင်ဘယ်မှာနေသည်ဆိုသည့်အချက်အခြေခံသည့်အပေါ် ထောက်ခံကြသည်။

၎င်းတို့မှ နိဂုံးချုပ်သုံးသပ်သည်မှာ တိုင်းရင်းသားအခြေပြုဖယ်ဒရယ်သည် ခွဲထွက်ခြင်းသို့ ပိုဦးတည်စေ သည်။ အနည်းငယ်သောလူမျိုးစုများသည် ပိုခွဲခြားခံနိုင်ရပြီး နိုင်ငံအနှံ့အပြားတွင် တိုင်းရင်းသားအမျိုးမျိုး အတူမှီတင်းနေထိုင်နေကျသည်ဟုဖြစ်ပါသည်။

ဖယ်ဒရယ်သည် တိုင်းရင်းသားအခြေပြုမှုနည်းပြီး ပထ၀ီအနေအထားနှင့် စီးပွားရေးအကြောင်းချက်များအပေါ် ပိုမိုအခြေခံမည်ဆိုပါက မြန်မာပြည်၏ ထိပ်ပိုင်းဆုံးဖြတ်ချက်ချသူများအတွက် ပိုလက်ခံနိုင်ဖွယ်ဖြစ်နိုင်သလားဟု စဉ်းစားစရာလည်းပေါ်လာပါတော့သည်။

The minimum requirement for a federal system is that there are at least two tiers of government, each with its own powers derived from a constitution.

One tier is always the central government, covering the whole country. The second tier is known in Myanmar as states and regions. In other places, like Nepal, they are known as provinces.

When establishing a federal system, deciding where to draw the lines between different provinces, states and regions is one of the hardest and most controversial federal design challenges. Nepal, for example, established a federal system in 2015, after electing a constituent assembly in 2008. It took about two years for it to agree almost all of a new constitution. But then an additional five years to agree where to draw the boundaries of the new provinces.

In Myanmar, this should be easier. There are longstanding states and regions, with boundaries dating back to the 1974 constitution, while several ethnic states and divisions were also established under the initial 1947 constitution. They should not need to change.

However, in some areas, debate still rages over suitable state and region boundaries. For example, some argue that there should be one ethnic state per ethnic group. This could mean that some or all of the existing regions would be merged to form one Bamar state.

Similarly, some states and regions could be subdivided. For example, several groups that have an existing self-administered zone want it to be expanded or upgraded to a state.

But all of this assumes that ethnicity should be the basis for the states.

In political science literature, there is an important debate about whether, in ethnically diverse countries, states and regions should be based on ethnicity (e.g. language, historical homelands, demographics), or territorial factors (geographic features like mountain ranges or rivers, economic resources, infrastructure and so on).

The chief criticism of ethnic approaches (‘ethnofederalism’) is that it might lead to the break-up of a country – secession or disintegration. If an ethnic group has its own institutions, it is more likely to be able to mount a successful secessionist movement. Further, some argue that ethnofederalism just leads to more discrimination and less intercultural understanding.

But of course, it is never so simple.

If ethnic groups are fighting for self-determination, then states and regions that are based on geography only and which incorporate only parts of each ethnic group, will not contribute to peace. If ethnic groups get autonomy, they are less likely to want to secede.

As one scholar argues, ‘ethnofederalism is the least worst institutional arrangement’, because, despite its problems, no other state structure has been as successful in resolving or reducing conflict in ethnically divided countries.

Further, one groundbreaking study demonstrated that ethnofederalism is not more likely to collapse (lead to secession or breakdown) unless there is a ‘core ethnic region’ – one state or region that has a majority or large

proportion of the population. This was the case in Pakistan (before Bangladesh split off), Yugoslavia, Czechoslovakia and others.

So according to this theory, the creation of one Bamar state by the merging of existing regions is one approach to federalism that would be almost doomed to fail.

In our recent deliberative polling on federalism, a question on merging existing regions elicited considerable discussion – in all but one instance. In that case, one person asserted that the term ‘Bamar state’ made him angry and so his group agreed not to discuss it. Overall, people did not support the idea of a Bamar state.

Indeed, most of our participants, from across more than a dozen different ethnic groups, tended to support more territorial approaches to federal states and regions. Autonomy based on where you live, more so than how you identify.

They concluded that ethnofederalism is more likely to lead to secession, that small minorities are more likely to be discriminated, and that all parts of the country house a mixture of different ethnic groups.

It makes us wonder whether federalism might be more acceptable to Myanmar’s elite decision-makers if states and regions were based more on geographical and economic factors, and less about ethnicity?

Ref: 1) https://sites.hks.harvard.edu/…/stm103a…/Hale-Federalism.pdf 2) https://www.mitpressjournals.org/…/abs/10.1162/ISEC_a_00164…. 3) https://minerva-access.unimelb.edu.au/…/Deliberative%20poll…

Image credited to Will Hatton Photo caption by PK Forum