ဖယ်ဒရယ်နှင့် ဘာသာရေး ဖယ်ဒရယ်နှင့်ဘာသာရေး မည်ကဲ့သို့ဆက်နွယ်နေပါသနည်း? Federalism and Religion (See E
ယခုတပတ်ဆောင်းပါးအတွက်ဖယ်ဒရယ် (federalism)၊ ဘာသာရေးကင်းရှင်းမှု (secularism) နှင့် ဘာသာရေး (religion) တို့ကြား ဆက်နွယ်မှုအကြောင်း ဦးစားပေးရေးထားပါသည်။ အဘယ်ကြောင့်ပါလဲ?
ဖယ်ဒရယ်နှင့် ဘာသာရေးကင်းရှင်းမှု နှစ်ခုသည် လိုက်ဖက်ညီသည်ဟုထင်ရသည်။ သို့သော်လည်း လက်တွေ့တွင် အမြဲ လိုလို ပိုရှုပ်ထွေးနေတတ်ပါသည်။
အနောက်နိုင်ငံများတွင် ဘာသာရေးသည် ပဋိပက္ခများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါသည်။ ထိုမှ ရှောင်ရှားရန်အတွက် ဘာသာအယူဝါဒလွှမ်းမိုးမှုမရှိသောနိုင်ငံတည်ထောင်ရန်ဖြစ်လာပါသည်။ နိုင်ငံတော်ကို ဘာသာတရားမှ ခွဲခြားထားပြီး နိုင်ငံရေးအဆောက်အအုံများအနေဖြင့် ဘာသာရေးအဆောက်အအုံများ၏ လွှမ်းမိုးခံရခြင်းမှ လွှတ်ကင်းရမည်ဖြစ်ကာဘက်လိုက်မှုမရှိရန်လိုအပ်ပါသည်။
သို့သော်လည်း အာရှနိုင်ငံအများအပြားအတွက်မူ နိုင်ငံရေးနှင့် ဘာသာရေးသည် ရောယှက်ဆက်နွယ်နေ ပါသေးသည်။ ဘာသာရေးအနေဖြင့် လူမှုရေး၊နိုင်ငံရေးတို့အပေါ် လွှမ်းမိုးနိင်သည့် အင်အားအလွန်ရှိနေသေးသည်။ အစိုးရများကလည်း ဘာသာရေးဘက်လိုက်မှုရှိသည့် ဥပဒေများကို ပြဌာန်းထားပါသည်။ ဘာသာရေးအယူဝါဒ လွှမ်းမိုးမှုမရှိသည့် အခြေခံဥပဒေပိုင်ဆိုင်ထားသော အိန္ဒိယနိုင်ငံတွင်ပင်လျင် ဘာသာရေးနှင့်ဆက်နွယ်သည့် ကိစ္စရပ်များတွင် အစိုးရအနေဖြင့် မကြာခဏ၀င်ရောက်စွက်ဖက်လေ့ရှိသည်။ သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများသည် နိုင်ငံရေးနှင့် ပတ်သက်သည့် တောင်းဆိုမှုပြုလုပ်ရာတွင် အလွန်အရေးပါကြသည်။
အာရှဒေသသည် ဘာသာကိုင်းရှိုင်းမှုအလွန်ကွဲပြားစုံလင်မှုရှိသည့် နေရာဖြစ်သည်။ ထို့ကြောင့် ဘာသာတစ်ခု အနေဖြင့် နိုင်ငံတနိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာတစ်ခု အဖြစ်နေရာယူထားလျင် အခြားဘာသာကိုးကွယ်ယုံကြည်သူများ အတွက် ထိုနိုင်ငံနှင့် တသားတည်းဖြစ်ဖို့ရန် ခက်ခဲသွားကာ အများလက်ခံနိုင်သည့် တူညီသည့် နိုင်ငံ၏ ဘုံအမှတ်အသားတစ်ခု ဖော်ထုတ်ဖို့ရန် မလွယ်ကူတော့ပေ။
ယခင်က ကျွန်ုပ်အနေဖြင့် အားလုံးလက်ခံနိင်သည့် ဘုံအမှတ်အသားဖော်ထုတ်ခြင်းသည် ဖယ်ဒရယ်အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ အရေးပါပုံကို ရေးခဲ့ပြီးဖြစ်သည်။ ထိုသို့ဆိုလျင် ဘာသာရေးနှင့်ကင်းရှင်းသည့် ဖယ်ဒရယ်သည် ဘာသာကိုးကွယ်မှုစုံလင်သည့် နိုင်ငံများတွင် အလုပ်ဖြစ်ပါသလားဟူသည့် မေးခွန်းရှိလာပါသည်။
စရှင်းပြရမည်ဆိုလျင် အာရှတိုက်ပြင်ပမှ ဖယ်ဒရယ်နိုင်ငံအားလုံးသည် ဘာသာအယူဝါဒလွှမ်းမိုးမှုမရှိပါ။ ဒုတိယတစ်ချက်အနေဖြင့် ဖယ်ဒရယ်နှင့် ဘာသာရေးကင်းရှင်းမှုအယူဝါဒနှစ်ခုစလုံးအနေဖြင့် ရိုးရာယဉ်ကျေးမှု၊ တိုင်းရင်းသားဖြစ်တည်မှု၊ ကိုယ်ပိုင်အမှတ်အသားစသည်တို့နှင့်ဆက်နွယ်သည့် တန်ဖိုးထားမှုများကို ဖယ်ဒရယ်ထူထောင်သည့် အဆင့်တွင် ညှိနှိုင်းရပါသည်။
အမှန်ပင် ထိုအကြောင်းအရာများသည် ဖယ်ဒရယ်စတင်တည်ဆောက်ရာတွင် အလွန်အရေးကြီးပါသည်။ ဘာသာရေးအခြေပြု နိုင်ငံသင်္ကေတတစ်ခုရှိခြင်းသည် ဖယ်ဒရယ် တည်ဆောက်မည် သို့မဟုတ် မတည်ဆောက်မည်ဟူ၍ အဓိပ္ပာယ်မထွက်ပါ။ ဥပမာအားဖြင့် အစ္စလမ်ပြည်ထောင်စုနိုင်ငံများကို ပါကစ္စတန်နှင့် မလေးရှားနိုင်ငံတို့တွင် တည်ထောင်ထားပါသည်။ သို့သော်လည်း အစပိုင်းတွင် နှစ်နိုင်ငံစလုံးအနေဖြင့် ဘာသာတရားကင်းရှင်းမှုဆိုင်ရာ အယူဝါဒတန်ဖိုးများကို ဖက်တွယ်၍ စတင်ခဲ့ပါသည်။
‘သတင်းအချက်အလက်ပေးကာ အပြန်အလှန်ဆွေးနွေးခြင်း မပြုလုပ်မှီ နှင့် ပြုလုပ်ပြီး လူထုသဘောထား စစ်တမ်းကောက်ယူခြင်း (deliberative polling)’ တွင် ပါဝင်ခဲ့သူများ၏ ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအနေဖြင့် ဘာသာရေးကင်းရှင်းမှု ရှိသင့်သည်ဟု စဉ်းစားကျသည်။ ထို့အပြင် အားလုံးအတူမျှဝေခံစားနိုင်သည့် အမှတ်အသားတစ်ခုဖော်ထုတ်ရန်လိုလားစိတ်ပိုများလာလေ အခြေခံဥပဒေတွင် ဘာသာတစ်ခုခုကိုအလေးထားဖော်ပြခြင်းအား ထောက်ခံမှုလျော့နည်းလာလေဖြစ်သည်ကိုတွေ့ရသည်။
ထို့အပြင် မည်ကဲ့သို့သော ဘာသာတရားဆိုသည်မှာ အရေးပါပုံမပေါ်ပါ။ ဖယ်ဒရယ်စနစ်သည် ခရစ်ယာန်အများစုရှိ သည့် နိုင်ငံများတွင် စတင်ခဲ့သော်လည်း လက်ရှိတွင် ဖယ်ဒရယ်စနစ်ကျင့်သုံးသည့်အကြီးမားဆုံးသော နိုင်ငံသည် ဟိန္ဒူအများစုနေထိုင်သည့်နိုင်ငံဖြစ်သည်။
သို့သော်လည်း ဗုဒ္ဓဘာသာအများစုနေထိုင်သည့် ဖယ်ဒရယ်နိုင်ငံဟူ၍ မရှိသေးပါ။
ထေရ၀ါဒဗုဒ္ဓဘာသာလူများစု သက်ဝင်ယုံကြည်သည့် နိုင်ငံများဖြစ်သည့် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့သည် ဖယ်ဒရယ်ကို အထူးသဖြင့် လက်သင့်မခံချင်နေသည်ကိုတွေ့ရသည်။
သီရိလင်္ကာမှ စာဆိုတစ်ဦးမှ “လူများစုဖြစ်သော်လည်း လူနည်းစုစိတ်နေစိတ်ထား” ဟူ၍ ထင်ရှားစွာ ဆိုထားပါသည်။ ဘာသာတစ်ခုအနေဖြင့် အထင်အမြင်ဖြင့် သော်၎င်း၊ အမှန်တကယ်သော်၎င်း ခြိမ်းခြောက်ခံရလျင် အစိုးရအနေဖြင့် ပို၍ ဗဟိုချုပ်ကိုင်မှုပြုလုပ်လေ့ရှိကာ ဖယ်ဒရယ်ကို လက်ခံရန် ပိုဝေးလာပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းသည် ဘာသာရေးအယူဝါဒ များနှင့် အနည်းငယ်မျှသာ သို့မဟုတ် ဘာမှမသက်ဆိုင်ပါ။
မြန်မာပြည်အတွက်မူ အောင်ဆန်းသည် ဖယ်ဒရယ်သမားဖြစ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးကင်းရှင်းသည့် အယူဝါဒလက်ကိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း ဦးနုကတော့ “အစိုးရသည် ဘာသာရေး အ၀န်းအ၀ိုင်းထဲဝင်သင့်သည်” ဟုယုံကြည်ခဲ့ပါသည်။ ထို့ကြောင့် ဦးနုသည် ဗဟိုအုပ်ချုပ်စီမံမှုအားသန်သူဖြစ်သည်မှာ လည်း မဆန်းပေ။
အစိုးရတစ်ရပ်အနေဖြင့် ဥပဒေနှင့်ပေါ်လစီများ ပြုစုချမှတ်ရာတွင် ဘာသာအယူဝါဒလွှမ်းမိုးမှုမရှိစေရေးကို ဖက်တွယ်ထားပြီး တဖက်တွင်လည်းရိုးရာယဉ်ကျေးမှု၊ဘာသာရေးစသည်တို့ကို ကာကွယ်နိုင်ဖို့ရန်အတွက် အလယ်ဆုံမှတ်သို့ သွားကိုသွားရပါမည်။ ထိုမှသာ အခြားဘာသာကိုးကွယ်သည့် လူနည်းစုများအနေဖြင့် တစ်သားတည်း ခံစားရနိုင်ကာ ပြည်ထောင်စု၏ အစိတ်အပိုင်းများသည် အမှတ်အသားကိုယ်စီတည်ဆောက်နိုင်မည်ဖြစ် သည်။
ခြုံငုံဆိုရလျင် နိုင်ငံရေးနှင့် ဘာသာရေးခွဲထားခြင်းသည်ဖယ်ဒရယ် ကောင်းမွန်စွာအလုပ်ဖြစ်ရန်အတွက် မရှိမဖြစ်မလိုအပ်ပါ။ သို့သော်လည်း ဖယ်ဒရယ်နိုင်ငံ တည်ထောင်နေစဉ် နှင့် ညှိနှိုင်းမှုပြုလုပ်နေစဉ် ကာလအတွင်းတော့ လိုအပ်ပါလိမ့်မည်။
What does religion have to do with federalism anyway?
This week’s posting focuses on the relationship between federalism, secularism and religion. Why?
Federalism and secularism seem a natural fit. But the reality is always more complicated.
In the West, religion used to be a major source of conflict. One way around this was to create a secular state – politics was separated from religion, and political institutions were required to be neutral and free from the influence of religious institutions.
However, in many countries in Asia, politics and religion remained intertwined. Religion is still a considerable social and political force, and many governments have put in place religiously-biased laws. Even in India, which is constitutionally secular, the government regularly intervenes in religious affairs. In Sri Lanka, the Buddhist clergy has been a prominent advocate of political causes.
But Asia is also very religiously diverse. And if one religion forms part of a country’s identity, then it is difficult for the followers of other religions to feel a part of that country and to develop a shared identity.
Earlier, I wrote about how important a shared identity is to the success of federalism. So can federalism without secularism work in religiously diverse countries?
For starters, outside of Asia, every federal country in the world is also secular. Secondly, both federalism and secularism involve some kind of renegotiation of values associated with culture, ethnicity and identity, which often happens at the establishment stage of federalism.
Indeed, such issues are most important at the stage federalism is developed. A religious national identity alone does not mean federalism will or will not be established. There are Islamic federations in Pakistan and Malaysia for example. But even then, both embraced secular values at the establishment stage of federalism.
Our deliberative polls on federalism in Myanmar found that, after deliberation, almost 80% of participants thought Myanmar should be secular. Further, as the desire for a single shared identity increased, so the support for a particular religion in the constitution decreased.
Besides, the type of religion does not seem to matter. Federalism originated in Christian-majority countries, and the largest federal system in the world is in a Hindu-majority country.
However, there are no Buddhist-majority federations in the world.
Countries whose majority religion is Theravada Buddhism have been particularly resistant to federalism (Myanmar, Sri Lanka, Thailand).
There is, as one Sri Lankan scholar famously asserted ‘a majority with a minority complex’. When one religion is threatened (whether real or perceived), governments will tend to centralise and resist federalisation. The religious ideology has little or nothing to do with it.
In Myanmar, Aung San was a secularist and a federalist. However, U Nu believed that ‘government should enter into the sphere of religion’. It should be no surprise that he was also a centralist.
There must be some kind of middle ground whereby the government can play a role in protecting traditional culture and religion, while embracing secular values at the level of law and policy so that non-Buddhist identities can feel included and different sub-state identities can be built.
All-in-all, political secularism is not necessary for federalism to work properly, but it might be necessary at the stage that federalism is negotiated and established.