The Importance of Process in Modifying the Constitution ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်စဉ်၏ အေ
Federal states come in many different forms. Despite their structural differences, all federations tend to have complex amendment procedures.
As a general rule, constitutional amendments should be harder to achieve in federal states. This is because any changes must be made by obtaining the consent of the central Parliament and at least a majority of States and Regions in some way. The idea is that the States and Regions must have a say on any changes that affect them. In multinational federations, the idea is that the major ethnic or linguistic groups should not be excluded from constitutional discussions that profoundly affect their rights and constitutionally protected powers.
A complex amendment procedure is therefore normally seen as an important indicator of ‘genuine’ federalism. It serves as a reminder that sovereignty in a federal country is divided. The States and Regions are not subordinate to the centre. They are instead independent and autonomous entities within their spheres of jurisdiction. It also gives voice to the principle that the process taken to achieve constitutional changes is as important as the changes themselves.
There is no doubt that Myanmar’s constitutional amendment procedure is a roadblock to important constitutional change. This is because the Commander-in-Chief is given the power to appoint military members to fill 25% of the seats in the Pyidaungsu Hluttaw, which effectively gives the military a veto over constitutional amendments. This is not to say that amendments are impossible. Minor changes to the Constitution were made in 2015. That said, there is no doubt that this roadblock exists to preserve the military’s power. In other words, the roadblock exists for all the wrong reasons, rather than the legitimate reasons that are usually found in federal states.
As things stand, an amendment to the Constitution can be made without obtaining the consent of the States or ethnic minorities. As a result, any changes that are eventually made could ultimately be affected if the Constitution can later be amended by the centre without any involvement by the States or ethnic groups.
Up to now, the NLD seems to have accepted that enacting constitutional amendments using the procedure provided in the 2008 Constitution is not sufficient. It has recognized that getting ethnic minorities onside is an essential part of any constitutional change. This explains the importance it has placed on the 21st century Panglong Conference.
As the NLD shifts its attention to pursuing constitutional reform through the parliamentary joint committee, it should not forget that it must seek the support of the people for its changes. This includes consulting with and genuinely considering the views of the ethnic nationalities.
For its proposals to be perceived as legitimate, widespread consultation and compromise will be required. This approach will certainly make it easier for the NLD to pressure the military to accept the changes it ultimately proposes. In this regard, Aung San Suu Kyi’s recent comments indicating that “[w]hat matters most is the role of the people” are a good sign. With public opinion and civil society on its side, the NLD will be armed with substantial political capital.
More importantly, the parliamentary joint committee should consider modifying the current constitutional amendment procedure. An expression of the federal principle deserves to be given formal recognition through the text of the Constitution. If the NLD is truly committed to federalism, it must find a way to protect the States and ethnic minority groups from the possibility of unilateral constitutional change by the central Parliament in the future. An inclusive federal democracy requires nothing less.
ဖယ်ဒရယ်နိုင်ငံများသည် ပုံစံအမျိုးမျိုးဖြင့်တည်ရှိကြသည်။ ဖွဲ့စည်းတည်ဆောက်ပုံမတူညီကြ သော်လည်း ဖယ်ဒရေးရှင်း အားလုံးတွင် ခက်ခဲရှုပ်ထွေးသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် ရှိကြသည်။
ယေဘူယျအားဖြင့် အခြေခံဥပဒေပြင်ဆင်ခြင်းသည် ဖယ်ဒရယ်နိုင်ငံများတွင် ပြုလုပ်ရန်ပိုခက်ခဲ မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အပြောင်းအလဲမဆို ဗဟိုအဆင့်လွှတ်တော် နှင့် ပြည်နယ်နှင့်တိုင်းအများစု၏ သဘောတူညီမှုတစ်ခုခုရှိရမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းများ အနေဖြင့် ၄င်းတို့အပေါ်အကျိုးသက်ရောက်မှုရှိနိုင်မည့် မည်သည့်အပြောင်းအလဲအတွက်မဆို သဘောထားပေးနိုင်ရမည်ဖြစ်သည်။ မတူညီသောလူမျိုးများ စုပေါင်းတည်ထောင် ထားသော ဖယ်ဒရေးရှင်းတွင် အဓိက တိုင်းရင်းသားလူမျိုးစုများ နှင့် ဘာသာစကားပြောအုပ်စုများ အနေဖြင့် အခြေခံဥပဒေမှ အကာအကွယ်ပေးထားသော ၄င်းတို့၏ အခွင့်အရေးများနှင့် အခွင့်အာဏာများကို ထိခိုက်နိုင်ချေရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးမှုများမှ ဖယ်ကျင်မခံရနိုင်ရန် ဖြစ်သည်။
ခက်ခဲရှုပ်ထွေးလှသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်သည် သာမန်အားဖြင့်ကြည့်လျင် ဖယ်ဒရယ်နိုင်ငံ စစ်မှန်ခြင်း၏ အဓိကကျသော အမှတ်အသားတစ်ခုဟုမြင်နိုင်သည်။ ထို့ပြင် ဖယ်ဒရယ်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာသည် ခွဲဝေမှုရှိသည်ကိုလည်း ပြန်လည်အမှတ်ရ နိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်း များသည် ဗဟို၏ လက်ဝေခံမဟုတ်ပါ။ ၄င်းတို့သည် လွတ်လပ်၍ ၄င်းတို့၏ အာဏာသက်ရောက်သော နေရာဒေသတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည်။ ထို့အပြင် အခြေခံဥပဒေပြင်ဆင်နိုင်ရန်အတွက် ဖြတ်သန်းရသည့် ရှုပ်ထွေးမှုရှိသည့် ဖြစ်စဉ်သည် အပြောင်းအလဲ နည်းတူ အရေးပါသည် ဆိုသည့် မူကိုလည်း မီးမှောင်းထိုးပြပါသည်။
မြန်မာနို်င်ငံ၏ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်သည် အရေးကြီးသည့်အခြေခံဥပဒေ အပြောင်းအလဲဖြစ်ပေါ်ရန်အတွက် အတားအဆီးဖြစ်နေသည်မှာ ငြင်းစရာမရှိပါ။ အဘယ်ကြောင့် ဆိုသော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပြည်ထောင်စုလွတ်တော်တွင် တပ်ကိုယ်စားလှယ်များဖြင့် ၂၅ ရာခိုင်နှုန်းသော နေရာကိုဖြည့်နိုင်သည့် အခွင့်အာဏာပေးထားသောကြောင့်ဖြစ်သည်။ ထိုကြောင့် တပ်မတော်မှ အခြေခံဥပဒေပြုပြင်ရန်အဆိုပြုမှုများကို ဗီတိုအာဏာဖြင့် ပယ်ချခွင့်ရသွားစေသည်။ သို့သော်ပြောင်းလဲမှုမပြုလုပ်နိုင်ဟုမဆိုလိုပါ။ အခြေခံဥပဒေအသေးစားပြင်ဆင်မှုများကို ၂၀၁၅အတွင်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခုကဲ့သို့ အတားအဆီးထားရှိခြင်းအားဖြင့် စစ်တပ်၏ အာဏာကို ထိန်းသိမ်းထားသည်မှာ ငြင်းဖွယ်မရှိပါ။ အခြားစကားလုံးများဖြင့်ဆိုလျင် ထိုကဲ့သို့ အတားအဆီးသည် လွဲမှားသောအကြောင်းရင်းများကြောင့်သာတည်ရှိနေပြီး အခြားဖယ်ဒရယ် နိုင်ငံများတွင် တွေ့ရလေ့ရှိသည့် တရားဝင်မှုရှိသော အကြောင်းအရင်းများကြောင့်မဟုတ်ပါ။
ယခုအခြေအနေတိုင်းဆိုလျင် အခြေခံဥပဒေပြင်ဆင်ခြင်းကို ပြည်နယ်နှင့်တိုင်းများ သို့မဟုတ် လူနည်းစု တိုင်းရင်းသားများ၏ သဘောတူညီမှုမပါလျင်လည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ သို့သော် ပြည်နယ်နှင့်တိုင်းများ သို့မဟုတ် တိုင်းရင်းသားအုပ်စုများမပါပဲ ဗဟိုမှ အခြေခံဥပဒေ ပြင်ဆင်မှုပြုလုပ်လျင် များစွာအကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။
NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသည့် အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို လုံလောက်မှုမရှိဟု လက်ခံထားပုံရသည်။ ၄င်းတို့အနေဖြင့် တိုင်းရင်းသား လူနည်းစုများ ပါဝင်သော အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်သည် အရေးပါသည်ကို သိမြင်လာသည်။ ထို့ကြောင့် ၂၁ ပင်လုံညီလာခံအား အလွန်အလေးထားခဲ့ပါသည်။
NLD အနေဖြင့် ယခုအခါ အခြေခံဥပဒေပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ရန် လွှတ်တော်ပူးပေါင်း ကော်မတီ မှတဆင့် ကြိုးပမ်းနေသော်လည်း ၄င်းတို့အနေဖြင့် အဆိုပြုမည့် ပြင်ဆင်မည့်အချက်များကို ပြည်သူလူထုမှ ထောက်ခံမှုရရန်အတွက် ကြိုးပမ်းရန် မမေ့သင့်ပါ။ တိုင်းရင်းသားလူမျိုးစုများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ၄င်းတို့၏ အမြင်များကို အမှန်တကယ် ထည့်သွင်းစဉ်းစားသင့်ပါသည်။
၎င်းတို့၏ အဆိုပြုချက်များကို တရားဝင်မှုရယူရန်အတွက် တိုင်ပင်ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် နှင့် ညှိနှိုင်းမှုများပြုလုပ်ရန်လိုအပ်သည်။ ထိုနည်းလမ်းအားဖြင့် NLD အနေဖြင့် တပ်မတော်အား ၄င်းတို့အဆိုပြုချက်များလက်ခံလာရန် တွန်းအားပေးနိုင်ဖို့ လွယ်ကူစေပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏ သိပ်မကြာသေးသည့်အချိန်က ပေးခဲ့သည့်မှတ်ချက်တွင် “အရေးကြီးဆုံးက ပြည်သူလူထုရဲ့ အခန်းကဏ္ဍဖြစ်တယ်” ဟုပါရှိပါသည်။ ယင်းကဲ့သို့ မှတ်ချက်သည် ကောင်းသောနိမိတ်ဖြစ်ပါသည်။ ပြည်သူလူထု၏ ထောက်ခံမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ တဖက်တချက်တွင်ရှိနေလျင် NLD အနေဖြင့် လိုအပ်နေသော နိုင်ငံရေးအင်အား လက်နက် တပ်ဆင်ပြီးသားဖြစ်ပါမည်။
ပိုအရေးကြီးသည်မှာ ပူးပေါင်းလွှတ်တော်ကော်မတီအနေဖြင့် လက်ရှိအခြေခံဥပဒေပြင်ဆင်သည့် လုပ်ငန်းစဉ်ကို ပြင်ဆင်ရန် စဉ်းစားသင့်သည်။ ဖယ်ဒရယ်မူအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးသားဖော်ပြခြင်းဖြင့် တရားဝင်အသိအမှတ်ပြုမှု ပြုလုပ်သင့်သည်။ NLD အနေဖြင့် ဖယ်ဒရယ်ရရှိရန် အမှန်တကယ် ကြိုးပမ်းလိုလျင် ဗဟိုလွတ်တော်မှ တဖက်သတ် အခြေခံဥပဒေပြင်ဆင်နိုင်မည့် အခြေအနေမှ တိုင်းနှင့် ပြည်နယ်များ၊ တိုင်းရင်းသားလူနည်းစုများကို ကာကွယ်သင့်သည်။ အားလုံးပါဝင်မှုရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီအနေဖြင့် ထိုထက် နိမ့်ချကာ မတောင်းဆိုသင့်ပါ။
Photo credit to Win Hlaing/Facebook Accessed from https://www.rfa.org/…/protesters-in-myanmars-bago-region-ca…