Struggle of emerging nations| National Security and cyber freedom

November 24, 2019

Myanmar leaders have to make hard choices about cyber freedom and national security.

 

Myanmar is one of the emerging independent countries after Second World War. However, although it escaped the colonial yoke, Myanmar has been living under dictatorship for six decades. Recently the country has transitioned to a democratic state under an administration of shared power together with military and civil personals. There are many countries like Myanmar struggling with political turmoil, economic collapses and social disorders. It could be so called colonial legacy.

 

Colonial superpowers are still trying to influence their previous colonies. They need raw materials and markets to buy and sell their finished goods. They are competing with each other militarily, economically and politically. In this highly competitive circumstance, the term “National Security” is the most important consideration to defend national interests. The realist International Relations theory defined interests in terms of power. In this regard, weak and small powers need to defend their national interests against the power-seeking behavior of superpowers. National Security in globalized 21st century doesn’t mean military security only. It also comprises social security, economic security, environmental security and cyber security. The great powers always try to manipulate markets, security arrangement and even cyber space in smaller countries. These small and emerging powers need to make necessary security policies to defend the penetration of great powers.

 

There was a prominent case study in the cyber security policy of Ukraine which became an emerging independent state soon after collapse of Soviet Union. After separating from the Soviet Union, the United States and Russia tried to influence Ukraine in every sector. Ukrainian experts on cyber law and national security submitted a proposal to the parliament in 2017 blocking some internet usage and censorship . Russia also interfered with Ukraine’s cyber space at that time. MPs who prioritized national security and hman Rights defenders debated against each other.

 

That situation was similar in Myanmar’s recent transition to democracy. This is happening a lot in small and emerging states. The tension between necessity of internet censorship and concern about social justice is taking place on the local and global political stage. Recent internet blockage in the northern Rakhine region and Chin State of Myanmar points to growing challenges between human rights defenders and national security policy. Myanmar military had a long history of human rights abuses and the region had many terrorist activities by Muslim Arakan Rohingya Salvation Army (ARSA) and guerilla attacks by Buddhist Arakan Army (AA). It is hard to achieve expected human rights standards and live under security in that situation. The Myanmar leaders had to make hard choice to overcome this dilemma.

 

References:

-The Globalization of World Politics: An Introduction to International Relations(Six Edition) by John Baylis, Steve Smith and Patricia Owens, Oxford University Press.

-The Cosmopolitan War by Ce’cile Fabre, Oxford University Press.

-Ukrainian lawmakers propose Russian-style Internet restrictions in the name of ‘national security by Halya Coynash

http://khpg.org/en/index.php?id=1529677749

-ရခိုင် မြောက်ပိုင်း အင်တာနက် ပိတ် ပင် မှု ကြောင့် အစိုးရ ဝေဖန်ခံရ၊

https://burma.irrawaddy.com/article/2019/06/28/196343.html

 

Photo Credit: The hackers news .com

 

ထွန်းသစ် စ နိုင်ငံတို့ ၏ ရုန်း ကန် မှု၊ အမျိုးသား လုံ ခြုံ ရေး နှင့် ဆိုင်ဘာလွတ်လပ်ခွင့်

 

ကိုလို နီစံနစ် ဖျက် သိမ်း ရေး ဟာ ကုလသမဂ္ဂ ရဲ့ ခုချိန် ထိ မပြီးဆုံးသေးတဲ့ လုပ် ငန်းစဉ် တခုပါ။ မြန်မာ နိုင်ငံဟာ ဒုတိယကမ္ဘာ စစ်အ ပြီး လွတ်လပ်လာတဲ့ ထွန်းသစ် စ နိုင်ငံ တခုပါပဲ။ဒါ ပေမဲ့ ကိုလိုနီ ထမ်းပိုး အောက် က လွတ် သော် ငြားလည်း စစ် အာဏာရှင် လက် အောက် မှာ ဆယ် စုနှစ် ၆ ခုလောက်

ရှင် သန် နေ ခဲ့ ရ ပါတယ်။  အာဏာရှင် အောက် က လွတ် မြောက် ဘို့ သဏ္ဍန် ပေါင်းစုံ အနု နည်း အကြမ်းနည်း တော် လှန်ရေး တွေ ဟာ ၁၉၈၈ ခု နှစ် က စ ခဲ့ ကြပါတယ်။ လက်ရှိ မှာ တော့ စစ် ဘက် အရပ် ဘက် အာဏာခွဲ ဝေ ယူ ပြီး ဒီမိုကရေစီ စံနစ်ကို ကူးပြောင်းလျှက်ရှိပါတယ်။ ဒီလို မြန်မာ နိုင်ငံကဲ့သို့   အာ ဏာ ရှင် ထမ်းပိုး အောက် က ရုန်း ထွက် နိုင် ဘို့ ကြိုးစားနေတဲ့ နိုင် ငံတွေ အာရှ နဲ့ အာ ဖရိက မှာ အများအပြား ရှိပါတယ်။ သူ တို့ ဟာ နိုင်ငံရေး ကမောက် ကမ ဖြစ် မှု၊ စီးပွားရေး ပြိုလဲမှု၊ လူမှုရေး မငြိမ်သက်မှု တွေ ကို ဆယ်စုနှစ် တွေ ချီပြီး  တွေ့ ကြုံ ခံ စား ခဲ့ ရပြီးလဲဖြစ် ပါတယ်။ တချို့ ကတော့ အဲဒီ စိန် ခေါ် မှု တွေ ကို လက်ရှိ တွေ့ ကြုံ နေဆဲပါ၊ အဲဒါကို ကိုလိုနီ အ မွေ ဆိုး လို့  ခေါ် ကြပါတယ်။

 

          ကိုလိုနီ နိုင်ငံ ကြီးတွေက သူ တို့ ရဲ့ အရင် က ကိုလို နီ တွေ အပေါ် လွှမ်းမိုး နိုင်ဘို့ ဆက်လက်ပြီး ကြိုးစား နေဆဲပါ၊ သူ  တို့ ကုန် ကြမ်း တွေ ၀ယ် ဘို့ ရယ်၊ ကုန် ခြော တွေ ပြန် ရောင်း နိုင်ဘို့ ရယ် ဈေးကွက် တွေ ရလို ပါတယ်။ အဲလို ရဘို့  အတွက်လဲ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အရ အခြင်း ခြင်း ပြိုင် ဆိုင် ကြ ပါတယ်၊ သူ တို့ ရဲ့ ပြိုင် ဆိုင်မှုဟာ ဘယ်တုန်း ကမှ မျှ မျှ တတ တော့ မဖြစ် ခဲ့ ကြပါဘူး။ အဲဒီ ပြိုင် ဆိုင်ကြတဲ့ ၀န်းကျင် မှာ အမျိုးသားလုံ ခြုံရေး ဆိုတဲ့ စကားရပ် ဟာ၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဘို့ အရေး တကြီး စဉ်းစားစရာဖြစ်လာ ပါတယ်။ ရီးရယ်လစ် နိုင်ငံ တကာ ဆက်ဆံ ရေး သီအိုရီ ကတော့ အကျိုးစီး ပွား ဆိုတာ ကို ပါဝါ အားဖြင့် ဖေါ် ပြ ပါတယ်။ အဲဒီ လို အားဖြင့် အား နဲ တဲ့ ပါဝါ တွေဟာ စူပါ ပါဝါကြီး တွေ ရဲ့ မတော် လော ဘ က နေ မိမိတို့ အမျိုးသား အကျိုးစီးပွား ကို ကာ ကွယ် ဘို့ လို အပ်လာပါတယ်။ ၂၁ ရာစု ဂလိုဘယ် ခေတ် ကြီး မှာ တော့ အမျိုးသား လုံ ခြုံ ရေး ဆိုတာ စစ် ရေး စွမ်း အင် တခုထဲကို ပဲ ဆို လိုတာ မဟုတ် တော့ ပါဘူး၊ လူမှု လုံ ခြု ရေး တွေ၊ စီးပွားလုံခြုံ ရေး တွေ၊ ပတ်ဝန်းကျင် ဆိုင်ရာ လုံ ခြုံ ရေး တွေ  နဲ့  အွန်လိုင်း အင်တာနက်လုံ ခြုံ ရေးပါ ထည့် စဉ်းစားရပါ တော့မယ်၊

နိုင်ငံကြီး တွေ က နိုင်ငံလေး တွေရဲ့  ဈေးကွက်၊ လုံခြုံရေး အစီအမံ နဲ့ အင် တာနက် ကိုပါ၊ လွမ်းမိုး ချုတ်ကိုင် ဘို့ အမြဲ အားထုတ် နေတာပါ။ နိုင်ငံ ငယ် လေး တွေ အ နေနဲ့  မဖြစ် မနေ လိုအပ်တဲ့ လုံခြုံ ရေး မူဝါဒ တွေကို နိုင်ငံကြီး တွေ ရဲ့ ထိုး ဖေါက် မှု ကိုကာကွယ် နိုင်ဘို့ ချမှတ် ရမှာပါ။

          အင်တာနက် လုံ ခြုံ ရေး မူဝါဒ ပိုင်း ဆိုင်ရာမှာ ဆိုဗီယက် ပြည် ထောင်စု ပြိုကွဲ ပြီး နောက် လွတ်လပ်လာတဲ့ ထွန်း သစ် စ ယူကရိန်း နိုင်ငံရဲ့ အကြောင်းကို ထင် ရှားတဲ့ သာဓက အ နေ နဲ့ လေ့လာနိုင်ပါတယ်။ ဆိုဗီယက် ပြည် ထောင်စု  ဆီက ခွဲ ထွက် ပြီး နောက် အ မေရိကန် နဲ့ ရုရှား ဟာ ကဏ္ဍ အသီးသီး မှာ ယူ ကရိန်း နိုင်ငံ အပေါ် လွမ်းမိုး နိုင် ဘို့ ကြိုးစားခဲ့ ပါတယ်။ အဲဒီ အခြေ အနေ ဟာ လတ် တ လော မြန် မာ နိုင်ငံရဲ့ ဒီ မို ကရေစီ ကူး ပြောင်းစ အ ခြေ အ နေ နဲ့ လဲ ဆင် ဆင် တူပါတယ်။ယူကရိန်း ရဲ့ ဥပဒေ ပညာ ရှင် တွေ နဲ့ လုံ ခြုံ ရေး ကျွမ်းကျင်သူ တွေ က ရုရှားကဲ့သို့ အင် တာ နက် ပိတ် ဆို့ တာနဲ့ ဆင် ဆာ ဖြတ် တာ တွေ လုပ် ဘို့ ပါလိုမန် ကို ၂၀၁၇ ခုနှစ်မှာ အဆို တရပ် တင် သွင်း ခဲ့ပါတယ်။ ရုရှားကလဲ အဲဒီ အချိန်မှာ ယူကရိန်း ရဲ့ အင်တာ နက်ကို ထိုးဖေါက် နေ တဲ့ အချိန် ဖြစ်ပါတယ်။ ပါလီမန် ထဲမှာ လူ့ အခွင့် အရေး ကာကွယ်သူ အမတ် တွေ နဲ့ လုံခြုံ ရေးကို အလေးပေးလိုတဲ့ အမတ် တွေ အခြေ အတင် အငြင်းပွား ခဲ့ ရပါတယ်။ ထွန်းသစ် စ နိုင် ငံငယ် လေး တွေ မှာ ဒီလို ဖြစ် ရပ် မျိုးတွေ အ များ အပြား ကြုံ တွေ့  တာ တွေ့  ရပါမယ်။ အင်တာနက် ထိမ်း ချုတ် မှု တွေ ရဲ့ လိုအပ် ချက် နဲ့  လူမှု တရားမျှတ ရေး ရဲ့ လွန် ဆွဲ ပွဲ တွေ ဟာ နိုင်ငံတွင်း နဲ့ နိုင်ငံတကာ ရဲ့ နိုင်ငံရေး ဇတ် ခုံ မှာ နေရာယူလာ ပါတော့တယ်။ လက် ရှိ မြန်မာ နိုင်ငံရဲ့ ရခိုင် ပြည် နယ် မြောက် ပိုင်း နဲ့ ချင်းပြည် နယ် တွေမှာ အင်တာ နက် ဖြတ် တောက်ထားတာနဲ့ ပတ်သက်ပြီး လူ့ အခွင့်အရေး ကာကွယ်သူ တွေ နဲ့ အမျိုးသားလုံခြုံရေး မူဝါဒ ကြားမှာ စိန် ခေါ်မှုတွေ တိုးပွားလာ နေပါတယ်။ တဖက် မှာ နှစ်များစွာ လူ့ အခွင့်အ ရေး ခြိုး ဖေါက်မှု နဲ့ နာမည် ဆိုးရ နေတဲ့ မြန်မာ စစ် တပ် ရယ် အခြား တဖက် မှာ တော့ အာဆာလို့ ခေါ်တဲ့ မွတ် ဆလင် အကြမ်းဖက် လှုပ် ရှားမှု တွေ နဲ့  အေ အေ  ခေါ်  ဗုဒ္ဓ ဘာသာ ရခိုင့်တပ် မ တော် ရဲ့ ပျောက်ကျား စစ် ဆင် နွဲ မှုတွေ က တင်းကြမ်း ပြည့် နေပါတယ်။ တကယ် တော့ ၊ မျှော်လင့် နေ တဲ့ လူ့ အခွင့် အရေး စံချိန် စံညွန်း တွေ အပြည့် အ၀ နဲ့ လုံလုံ ခြုံ ခြုံ နေရဘို့ ဆိုတာ ဒီ အခြေ အနေ မျိုးမှာ အင် မတန် မှ ရတောင့် ရခဲ ပါ။ဒီ အကြပ် အတည်းကို ကျော်လွှား ဘို့ မြန်မာခေါင်း ဆောင် တွေ က တော့ ခဲယဉ်း တဲ့ ဆုံးဖြတ် ချက် ကို ချရ တော့မှာပါ။

အေးမင်း(တာမွေ)

 

Please reload