top of page

Language matters in development

ဖွံ့ဖြိုးရေးနယ်ပယ်မှာ ဘာသာစကားတွေရဲ့အရေးပါမှုက အရမ်းအရေးကြီးတယ်ဆိုတဲ့အကြောင်းကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အခုလည်း အဲ့ဒါနဲ့ဆက်စပ်တွေးမိတာလေးနောက်တစ်ခု ထပ်တင်ပြပါရစေ ...

တစ်နေ့ မိတ်ဆွေ M&E သမားတွေနဲ့တွေ့တုန်း ကျွန်တော်တို့ M&E နယ်ပယ်မှာ လက်တွေ့လုပ်နေတဲ့ ပညာရှင်တွေကြားမှာ စာရင်းအင်းပညာ (statistics) ကျွမ်းကျင်တဲ့သူတွေ နည်းပါးတဲ့အကြောင်း၊ ကျွမ်းပေမယ့်လည်း အသုံးမချနေတဲ့သူတွေလည်းရှိတဲ့အကြောင်းပြောမိရာကနေ မိတ်ဆွေတစ်ယောက်က ပြောတယ်။ သူ့မှာ Statistics အတော်လေးကိုကျွမ်းကျင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။

ဒါပေမယ့် သူ့ရဲ့အခက်အခဲကတော့ အင်္ဂလိပ်ဘာသာစကားမှာ အားနည်းလွန်းတာပဲတဲ့။ အဲ့တော့ ခုခေတမှ်ာ နယ်ပယ်ကဏ္ဍအတော်များများမှာအလုပ်ရဖို့ မလွယ်ဘူးဖြစ်နေတာပေါ့။

သူ့ပညာတွေ နှမြောစရာ ကောင်းလွန်းတယ်လို့ မိတ်ဆွေကကောက်ချက်ချတယ်။ ဘာလို့လဲဆိုတော့ သူက သူတတ်တဲ့ပညာကို တခြားသူတွေကိုမိခင်ဘာသာစကားနဲ့ပြန်သင်ပေးနိုင်ပေမယ့် ဘာသာစကားအားနည်းချက်ကြောင့် အလုပ် လျောက်ရာမှာအခြားသူတွေနဲ့ယှဉ်ရင်အခွင့်အလမ်းနည်းနေတယ်။ ရခဲ့ရင်လည်းသူ့လောက်နည်းပညာပိုင်း မကျွမ်းကျင်ပေမယ့် ဘာသာစကားနဲ့ကောင်းကောင်းပြောဆိုရေးသားနိုင်တဲ့ တခြားလူအောက်မှာဘဲ ရောက်နေလေ့ရှိတယ်။ ဒါကဘာသာစကားကြောင့် လူတစ်ယောက်ရဲ့ပညာရပဆိုင်ရာ လက်တွေ့ အသုံးချနိုင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါ် သက်ရောက်နေမှုတစ်ခပဲုရှိပါသေးတယ်။

နောက် ... အဖွဲ့အစည်းအဆင့်ဆိုပါတော့။

အရမ်းကြီးမကျယ်ပြန့်သွားအောင် ကျွန်တော်တို့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကိုပဲပြောကြည့်ရအောင်။ တပိုင်တနိုင်ပရဟိတမဟုတ်ဘဲ မှတ်ပုံတင်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းအနေနဲ့ပဲဖြစ်ဖြစ် ရပ်တည်ပြီး အခြားအဖွဲ့၊ အလှူရှင်ဆီကနေ ရန်ပုံငွေတောင်းခံပြီး ဖွံ့ဖြိုးရေးလုပ်တော့မယ်ဆိုရင် ရန်ပုံငွေလျှောက်လွှာတင်တာကအစ၊ စီမံကိန်းပြင်ဆင် ရေးဆွဲတာ၊ အကောင်အထည်ဖော်တာ၊ ပြန်လည်သုံးသပ်တာ၊ အစီရင်ခံစာပေးပို့တာစတဲ့စတဲ့ လုပ်ငန်းတွေ အားလုံးလိုလိုမှာ အနည်းနဲ့အများဆိုသလိုမိခင်ဘာသာစကားမဟုတ်တဲ့ဘာသာစကားနဲ့ ရေးသားကြရတယ်။ အင်္ဂလိပ်စာအားနည်းတဲ့၊ တတ်ကျွမ်းတဲ့ဝန်ထမ်း နည်းပါးတဲ့အဖွဲ့တွေဆိုရင် ဘယ်လောက်ပဲလုပ်ကိုင်နိုင်ပါစေ အခြားအဖွဲ့တွေနဲ့ယှဉ်ပြိုင်ပြီး ရန်ပုံငွေလျှောက်ထားဖို့ အခက်အခဲတွေရပှိါတယ်။ လက်တွေ့ဖြစ်နေတဲ့ အခြေအနေကို ထင်သာမြင်သာအောင်ရေးသားဖို့လိုလာပြီကိုး။ အစီရင်ခံစာတင်ပြရာမှာလည်း အောင်မြင်မှုတွေ၊ အခက်အခဲတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့မြင်သာအောင်ရေးသားဖို့ လိုပြန်တယ်။

အဲ့ဒီအခက်အခဲတွေကို မကျော်လွှားနိုင်သေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေအများကြီးရှိနေပါသေးတယ်။ တချို့အလှူရှင်တွေ၊ တဆင့်ခံအလှူရှင်တွေက လိုက်လျော ညီထွေဖြစ်အောင် ဘာသာစကားကိုမတင်းကျပ်ဘဲ မြန်မာလိုရေးထားတဲ့အစီရင်ခံစာတွေကိုလက်ခံပြီး အထက်အဆင့်ရောက်မှ ဘာသာပြန်တာမျိုး လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးတတ်ကြပေမယ့် အများအားဖြင့်တော့ မဟုတ်ကြပါဘူး။ ဒါတွေကိုတစ်ထိုင်တည်းတော့ ဖြေရှင်းလမို့ ရဘူးပေါ့လေ။ ဒါတွေကိုဖြေရှင်းဖို့ကြိုးစားတဲ့အနေနဲ့ တချို့ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေအတွက် သင်တန်း တွေပေးတဲ့အခါ ဘာသာစကားနဲ့ပတ်သက်တဲ့ အရေး၊အပြောသင်တန်းတွေပါ ပေးတတ်ကြတာကို တွေ့ဖူးပါတယ်။

အချို့သောလူထုနဲ့နီးစပ်တဲ့နိုင်ငံတစ်ကာအဖွဲ့တွေမှာ နိုင်ငံတကာကလာတဲ့ဝန်ထမ်းတွေ ကိုယ်တိုင် မြန်မာစာလေ့လာတာတွေလဲရှိကြပါတယ်။ ဒါပေမယ့်အဲ့လိုလုပ်တဲ့အဖွဲ့အစည်းတွေ လူတွေအရမ်းကိုနည်းပါတယ်။ ဒီတော့ဒီလိုအခက်အခဲကို တခြားဘယ်လိုနည်းတွေနဲ့ ဖြေရှင်းနိုင်ဦးမလဲဆိုတာ ဆွေးနွေးပေးကြပါဦး။

by Pyae Phyo Maung

bottom of page