top of page

Is the World Bank's program really community led?

ကမ္ဘာ့ဘဏ်စီမံကိန်း လူထုတစ်ကယ်ဦးဆောင်နေလား …

မကြာသေးမီက IFI Watch မြန်မာ

(နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အများစောင့်ကြည့်လေ့လာရေး အဖွဲ့-မြန်မာ) ရဲ့  “လူထုဗဟိုပြုစီမံကိန်းမှာ လူထုတစ်ကယ် ဦးဆောင်နေလား” ဆိုတဲ့ အစီရင်ခံစာထွက်လာပါတယ်။ ဒီ အစီရင်ခံစာမှာ ၂၀၁၂ခုနှစ်ကနေစပြီး ကမ္ဘာ့ဘဏ်ရဲ ဦးဆောင်ပံ့ပိုးမှုနဲ့ အကောင်အထည်ဖော်နေတဲ့ အမျိုးသားအဆင့် လူထုပြုဖွံ့ဖြိုးရေးစီမံကိန်း (National Community Driven Development Project -အတိုကောက် စီဒီဒီ) ရဲ့ ထိရောက်မှုကို ဆန်းစစ်သုံးသပ်ထားတာတွေ့ရပါတယ်။ စီဒီဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့ငွေ ဒေါ်လာသန်း ၈၀နဲ့ ၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၂၂သန်း၊ တစ်နှစ်လျှင် နိုင်ငံတော်က ထည့်ဝင်ငွေဒေါ်လာ ငါးသန်းနဲ့ စီမံကိန်း ခြောက်နှစ်အတွက် ဒေါ်လာ ၅၃၂ သန်း၊ စီမံကိန်းမြို့နယ် ၆၃ မြို့နယ်မှာ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာ ရပ်ရွာလူထုရဲ့ဦးဆောင်နိုင်မှု၊ စွမ်းဆောင်ရည်နဲ့ အချိန်ကာလ လက်တွေ့ကျမှု၊ တိုင်ကြားမှုတွေကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက်ရရှိမှုနဲ့ ပါဝင်ခွင့် စတဲ့ကဏ္ဍတွေမှာ ပြဿနာတွေရှိကြောင်းတွေ့ရှိချက်များဖော်ပြထားပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ လူထုရဲ့ ပင်ရင်းအသံတွေကိုလည်း အစီရင်ခံစာမှာ ပါဝင်ပါတယ်။ အစီရင်ခံစာရဲ့ ထောက်ပြတဲ့အချက်တွေအားလုံးကို ခြုံပြီး သုံးသပ်ရရင် ကမ္ဘာ့ဘဏ်ရဲ့စီမံကိန်းအနေနဲ့ ပြည်သူကိုယ်တိုင်ပိုင်ဆိုင်မှုနဲ့ခေါင်းဆောင်မှု (Community Ownership and Leadership) ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုကြောင်းထင်ရှားပါတယ်။ အဲ့ဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စီမံကိန်းဆောင်ရွက်တဲ့ အခါမှာလည်း ဒေသတစ်ခုချင်းစီရဲ့ မတူညီတဲ့ အနေအထားများကို ချင့်ချိန်ပြီး အချိန်ယူဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်။

စီမံကိန်းအနေနဲ့ လာမယ့်နှစ်စက်ဝန်းမှာဆက်လက် ဆောင်ရွက်မည့်မြို့နယ် ၂၀ရှိပြီး စီမံကိန်းတစ်ခုလုံးကာလအနေနဲ့က ၂၀၂၁ ခုနှစ်အထိ ဖြစ်ပါတယ်။ IFI Watch ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ တရားဝင်တုံ့ပြန်ဖြေရှင်းချက်တော့ မတွေ့ရသေးပါဘူး။ IFI Watch မြန်မာအဖွဲ့က ထောက်ပြတဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်အနေနဲ့ ပြင်ဆင်ဆောင်ရွက်မှုမရှိရင်၊ သက်ဆိုင်ရာ အစိုးရဌာနများက တာဝန်ယူတာဝန်ခံမှုမြှင့်တင်မရှိရင်တော့ ဆက်လက်ဆောင်ရွက်မယ့် ဒီစီမံကိန်းဟာ ရင်လေးစရာပါပဲ။ သေချာပါတယ် လူထုကိုအမှန်တစ်ကယ်ဗဟိုပြုနိုင်မှသာ စစ်မှန်တဲ့ ဖွံ့ဖြိုးရေးကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

မူရင်းအစီရင်ခံစာကို အောက်က Link တွေမှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မြန်မာ - http://www.slideshare.net/…/how-community-driven-are-cdd-pr…

အင်္ဂလိပ် - http://www.slideshare.net/…/how-community-driven-are-cdd-pr…

bottom of page