top of page

PK Forum in 2016 and most popular blogs


(See English below) ၂၀၁၆ ခုနှစ် အတွင်း PK Forum နှင့် လူကြိုက်အများဆုံး blog များ

၂၀၁၆ ခုနှစ်အတွင်း PK Forum ကို အားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ဒီ ဖိုရမ် ကို ပြုလုပ်ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံအတွင်းရှိ ကူညီထောက်ပံ့မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သဘောထား ယူဆချက်များကို မျှဝေခြင်းနှင့် ဝေဖန်ဆွေးနွေးခြင်းအားဖြင့် ဆန်းသစ်သော အသိအမြင်များဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်သည့်ပုံစံ ကိုလည်း ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ပါတယ်။

ဒါကြောင့် သင့်ရဲ့ပူးပေါင်းပါဝင်မှုနှင့် အကြံဥာဏ်များဟာ ဖိုရမ် အောင်မြင်စေရန်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ PK Forum ဟာ ၂၀၁၆ ခုနှစ်အတွင်း ၄၀၀ ရာခိုင်နှုန်းကျော် ကြီးထွားလာခဲ့ပြီး ယခုဆိုလျှင်ဖြင့် လစဉ် လူဦးရေ ၂၅၀,၀၀၀ ထိ ရောက်ရှိလာခဲ့ပါပြီ။

ဒီပမာဏမှာ အများစုဟာ Facebook မှတဆင့်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူတိုင်းဟာ အကြောင်းအရာအပြည့်အစုံကို အမှန်တကယ် မဖတ်နိုင်ဘူးဆိုတာပါဘဲ။ ဒါပေမယ့် လစဉ် အနည်းဆုံး လူ ၂၀,၀၀၀ ခန့်ဟာ ဆောင်းပါးများနှင့် စိတ်ဝင်တစား ထိတွေ့နေတယ်လို့ ကျွန်ုပ်တို့ ခန့်မှန်းရပါတယ်။

၂၀၁၆ ခုနှစ်အတွင်း www.pkforum.org အမည်ရှိ website တစ်ခုကိုလည်း လွှင့်တင်နိုင်ခဲ့ပါတယ်။ ၄င်းတွင် PK Forum အကြောင်းအရာများကို ကဏ္ဍအလိုက် ထားရှိပြီး မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းနှင့် ဖွံ့ဖြိုးမှုတွင် စိတ်ဝင်စားသူများအတွက် လေ့လာစရာများလည်း ဖော်ပြပေးထားပါတယ်။ အကယ်၍ အကြောင်းအရာများနှင့် ပတ်သက်ပြီး သင့်မှာအကြံဥာဏ်တွေရှိပါကလည်း ကျွန်ုပ်တို့ကို အသိပေးနိုင်ပါတယ်။

စာဖတ်သူများ၏ဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် မြန်မာဘာသာဖော်ပြချက်များကို သိသိသာသာ ထည့်သွင်းဖော်ပြလာပြီဖြစ်ပါတယ်။ မြန်မာဘာသာဟာ လူကြိုက်အများဆုံး ကြားခံတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှပါတယ်။ သို့သော်လည်း ဆွေးနွေးမှုများတွင် နိုင်ငံခြားသားများ ပါဝင်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖော်ပြချက်များကို ဆက်လက်အသုံးပြုသွားရန်လည်း အရေးကြီးကြောင်း ကျွန်ုပ်တို့ ယူဆပါတယ်။

လူကြိုက်အများဆုံးစာစုများ . . .

ဓာတ်ပုံကဏ္ဍနှင့် လူသားချင်းဆိုင်ရာကူညီထောက်ပံ့မှု အချက်အလက်များ သာမက Charter for Change တို့သည်လည်း ဤနှစ်၏ လူကြိုက်အများဆုံး စာစုများဖြစ်ပါတယ်။ Exit Interview ကဏ္ဍတွင် ပြည့်ဖြိုးမောင်၏ စာစုတစ်ခုဖြစ်သည့် စောင့်ကြည့် စစ်ဆေးခြင်းနှင့် လေ့လာဆန်းစစ်ခြင်းဆိုင်ရာ မေးမြန်းခြင်းကျွမ်းကျင်မှု နှင့်ဆက်စပ်၍ အလုပ်ထွက်သွားသော ကူညီထောက်ပံ့ရေးဝန်ထမ်းများနှင့် အမည်မဖော်ပြဘဲ တွေ့ဆုံစကားပြောခြင်းမှာလည်း လူကြိုက်များခဲ့သည်။

ကျွန်ုပ်တို့ရဲ့ မကြာသေးမီက ကဏ္ဍသစ်တရပ်ဖြစ်သော ကမ္ဘာ့ဘဏ်နှင့် လူထုအခြေပြုဖွံ့ဖြိုးရေး မှာလည်း သုံးသပ်ချက်များနှင့် ဆွေးနွေးမှုများစွာရရှိခဲ့သည်။

Forum ကို အားပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောချင်ပါတယ်။

ပေါင်းကူးနှင့် Norwegian People’s Aid တို့ကိုလည်း ၂၀၁၆ ခုနှစ်အတွင်း ကူညီထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ရှိပါတယ်။ ရလာဒ်အနေဖြင့် ပြီးခဲ့တဲ့နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် NCDDP တွင် အလှူရှင်၏ တာဝန်ယူ၊တာဝန်ခံမှု ကဲ့သို့သော ကဏ္ဍများအပေါ် နောက်ကြောင်းအခြေခံ လေ့လာမှုများ ပိုမိုပြုလုပ်ရန် အခွင့်အရေးရခဲ့ပါတယ်။

ပျော်ရွှင်ဖွယ်ကောင်းသော ၂၀၁၇ ဖြစ်ပါစေ ။

Thanks for your support of the PK Forum in 2016.

We run this Forum because we believe that sharing and debating ideas about aid and development in Myanmar can lead us all to new understandings – and hopefully change in the way we work.

So your inputs are a crucial part of making this a success.

It has been an exciting year. The PK Forum has grown by over 400 percent in 2016 and now reaches a quarter of a million people every month.

Most of this reach is through Facebook of course, which means that not everyone actually reads all the content. But we estimate that every month at least 20,000 actively engage with the articles.

In 2016 we put together a website www.pkforum.org which has all of the PK Forum content on different topics and also resources for people interested in civil society and development in Myanmar. Let us know if you have more ideas for content.

In response to our readers, we have also substantially increased our Burmese language content. Burmese language is now clearly the most popular medium but we feel that it is important to continue with the English content as well to include foreigners in discussions.

Most popular posts….

The below photograph and fact about humanitarian aid and the Charter for Change was the most popular post of the year.

Our Exit Interview series – where we talked anonymously to aid workers who have left their jobs – was also popular, along with Pyae Phyo Maung’s post on interview skills in monitoring and evaluation.

But it was our recent series on the World Bank and community driven development brought the most comments and discussion.

Thanks again for your support of the Forum.

We also want to thank Paung Ku and Norwegian People’s Aid for their support in 2016, which has allowed us to do more background research this year on topics such as donor accountability in the peace process and the NCDDP.

Happy 2017!

Tamas (PK Forum Editor)

bottom of page