top of page

Peace and donor accountability: an interview with DFID


“ငြိမ်းချမ်းရေုးလုပ်ငန်းစဉ်များတွင် ပါဝင်သောအဖွဲ့များ သဘောကျ ကျေနပ်အောင် ဆောင်ရွက်နေတာမဟုတ်ပါဘူး။ အရပ်ဖက်အဖွဲ့အစည်းကို တည်ဆောက်ခြင်းနှင့် အားကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

“It is not just about pleasing those parties in the peace process, but building and strengthening civil society”.

မြန်မာနိုင်ငံရှိ UK Department for International Development မှ ပဋိပက္ခဆိုင်ရာအကြံပေး Steve Ainsworth နှင့်တွေ့ဆုံမေးမြန်းခြင်း

An interview with Steve Ainsworth, Conflict Adviser at the UK Department for International Development in Myanmar (Part Two) – English below

Forum: အခြေခံအားဖြင့် ကူညီထောက်ပံ့မှုများသည် ငြိမ်းချမ်းရေးအတွက် မည်သို့အကူအညီပေးပါသလဲ။

ဒီနေရာမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။

တစ်ခုမှာ ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေရန် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှု ကို အသုံးပြုခြင်းဖြစ်ပါတယ်။ မြေပြင်တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့အပေါ် လုပ်ကိုင်ဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့အစည်းများနှင့် အုပ်စုများ ကို တိုက်ရိုက်ထောက်ပံ့ခြင်းပဲ ဖြစ်ပါတယ်။

အခြားတစ်ခုမှာ ကျန်းမာရေး (သို့မဟုတ်) ပညာရေး (သို့မဟုတ်) အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများကဲ့သို့အစဉ်အလာရှိသော လမ်းကြောင်းများမှတဆင့် ကျွန်တော်တို့ ပေးအပ်တဲ့ ကူညီထောက်ပံ့မှုများဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ပြောင်းလဲမှုများ အတွက် ပိုမို အကျွမ်းတ၀င်ရှိသည်မှာ အသေအချာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွက် ပိုမို၍ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံရေးရလာဒ်များရရန်လည်း ပံ့ပိုးပေး ပါတယ်။

Forum: ငြိမ်းချမ်းရေးအပေါ် ဆောင်ရွက်မှုများတွင် DFID သည် မည်သူတို့ထံ တာဝန်ယူ၊ တာဝန်ခံပါလဲ။

ကျွန်တော်တို့ရဲ့ တာဝန်ယူ၊တာဝန်ခံမှုဟာ အလွှာများစွာတွင်ရှိပါတယ်။

ကျွန်တော်တို့လုပ်ငန်းများဆောင်ရွက်နေသော တိုင်းပြည် (သို့မဟုတ်) ရပ်ရွာလူထုရှိ ပြည်သူများကို တာဝန်ယူ၊တာဝန်ခံခြင်းဖြစ်ပါတယ်။ ဤတာဝန်ခံမှုသည် အမြဲတစေရှိရမည် ဖြစ်ပါတယ်။

အခြားတစ်ဘက်တွင်လည်း ကျွန်တော်တို့ဟာ ဗြိတိသျှ အခွန်ထမ်းတွေကို တာဝန်ယူ၊ တာဝန်ခံရပါတယ်။

မြေပြင်ပေါ်ရှိ လူထုအတွက် ကျွန်တော်တို့ရဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုသည်မှာ ၄င်းတို့ရဲ့ ဦးစားပေးလိုအပ်ချက်နှင့်ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးတွေကို ကျွန်တော်တို့က ရေရှည်တည်တံ့ခိုင်မြဲသောနည်းလမ်း နှင့် ပေးအပ်ခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုသည်မှာ လူတွေဟာ သူတို့ရဲ့အသက်အိုးအိမ်ကို ပိုမိုရေရှည်တည်တံ့ ခိုင်မြဲစွာ ငြိမ်းချမ်းစေရန်၊ ၄င်းတို့ရဲ့ ရပ်ရွာလူထုကို ပိုမိုစိတ်ချလုံခြုံလာစေရန် ကြိုးစားခြင်း ဖြစ်ပါတယ်။ သို့မှသာ ထိုသူတွေဟာ စည်ပင်ဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးနှင့် အခွင့်အရေးများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဗြိတိသျှအခွန်ထမ်းများထံ တာဝန်ယူ၊ တာဝန်ခံခြင်းဆိုသည်မှာ ဆင်းရဲမှုလျှော့ချခြင်းဆိုတဲ့ ကျွန်တော်တို့ရဲ့ ပြဌာန်းချက်၊ခံယူချက်နှင့်အညီ ငွေကြေးများကို နည်းလမ်းမှန်မှန်ဖြင့် ကျွန်တော်တို့သုံးစွဲနေသည်ကို ဆိုလိုပါတယ်။

Forum: မြေပြင်ရှိ ပြည်သူများအတွက် တာဝန်ယူ၊တာဝန်ခံမှုကို စဉ်းစားကြရအောင်။ ဖြစ်နိုင်ချေ အားဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအပေါ် အမြင်အမျိုးမျိုးရှိကြပါတယ်။ ဒါတွေကို သင်ဘယ်လို ခွဲခြားမလဲ၊ အုပ်စုအမျိုးမျိုးကို ဘယ်လိုတုန့်ပြန်မလဲ။ မြေပြင်ရှိ လူထုကို တာဝန်ယူ၊ တာဝန်ခံမှုအကြောင်း သင်ဘယ်လို ရှင်းပြမလဲ။

သင့်ရဲ့ လေ့လာဆန်းစစ်မှုနှင့် အကဲဖြတ်မှုတို့ကို ဆက်လက်ဆောင်ရွက်ဖို့မှတပါး အခြားအစားထိုးစရာမရှိပါဘူး။ DFID ရဲ့လုပ်ငန်းဆောင်ရွက်ပုံဟာ အချို့သော အခြားအဖွဲ့အစည်းများနဲ့ယှဉ်ရင် အနည်းငယ်ကွဲပြားပါတယ်။ ကျွန်တော်တို့ လုပ်ငန်းကို ကိုယ်တိုင်အကောင်အထည်ဖော်ခြင်း မလုပ်ပါဘူး။ ကျွန်တော်တို့ရဲ့ လက်တွဲဖော် မိတ်ဖက်အဖွဲ့အစည်းများကသာ အကောင်အထည်ဖော်ဆောင်ရွက် ပေးပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်ကတော့ ဒီအဖွဲ့တွေဟာ အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်း ရှိမရှိနှင့် တာဝန်ယူ၊ တာဝန်ခံမှုကို မြေပြင်တွင် ကျင့်သုံးခြင်းရှိမရှိ ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မြေပြင်ရှိ လိုအပ်ချက်များနှင့် အနေအထားပြောင်းလဲမှုများကို ပိုမိုနားလည်နိုင်ဖို့ လေ့လာဆန်းစစ်မှုများနှင့် အကဲဖြတ်မှုများ ဆက်လက်လုပ်ဆောင်သွားရန် ကျွန်တော် တို့ရဲ့ မိတ်ဖက်အဖွဲ့များကို တိုက်တွန်းအားပေးပါတယ်။ အနေအထားအပြောင်းအလဲ တွေကြားမှာ ရလာဒ်များကို စစ်ဆေးနိုင်ဖို့အတွက် စောင့်ကြည့်စစ်ဆေးခြင်းယန္တရားကို အသုံးပြုပြီး မိတ်ဖက်အဖွဲ့များနှင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် မြေပြင်ရှိလူထုက ဘာကိုလိုချင်တယ် (သို့မဟုတ်) ဘာကိုမျှော်လင့်တယ်ကို ကျွန်တော်တို့ နားလည်ထားရန်လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ပေးနေတာတွေဟာ လိုအပ်တာတွေဟုတ်မဟုတ်ကိုလည်း သိရှိထားရပါမယ်။

ဒီရလာဒ်တွေဟာ ကျန်းမာရေးနှင့်ပညာရေး အစီအစဉ်များတွင် သင်တွေ့ရမည့် သိသာမြင်သာတဲ့ အကျိုးကျေးဇူးပုံစံလိုမျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအပိုင်းမှာတော့ အနည်းငယ်ပို၍ မပီပြင်သော ပုံစံမဲ့အနေအထားမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းနေသောအဖွဲ့များ သဘောကျကျေနပ်အောင် ပြုလုပ်နေတာမဟုတ်တဲ့အချက်ကို ကျွန်တော်တို့ အထူးသတိထားရမယ်။ ဒါပေမယ့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းကို တည်ဆောက်ခြင်းနှင့် အားကောင်းစေခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဖက်အဖွဲ့များနှင့် ထိတွေ့မှုကို ကျွန်တော်တို့ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြားနေရာများဖြစ်သော ရပ်ရွာလူထု၏ ဦးစားပေးလိုအပ်ချက်များကို ထုတ်ဖော်ပေးနိုင်ရန်အတွက် ၄င်းတို့၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများကို တည်ဆောက်ရာတွင်လည်း အကူအညီပေးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းနေသူများကို ပံ့ပိုးကူညီခြင်းဖြင့် အရပ်ဖက် အဖွဲ့အစည်း၏ အသံများကို ပို၍ကြားနိုင်ပါတယ်။

So at a basic level, how does aid help to bring about peace၊

There are two sides to it.

One is using our aid to support peace: Direct support to civil society organisations, and groups that are working on the peace process and peace building on the ground.

The other side is ensuring that the aid that we provide through more traditional channels – on health or education or livelihoods for instance - is more cognisant of the dynamics of the peace process, and is contributing to more sustainable political outcomes for the country.

Who is DFID accountable to in its work on peace?

Our accountability works on many levels.

There is accountability to the people of the country or the community in which we are working and that should always be there.

On the other side of things we have accountability to the British taxpayer.

Our accountability to people on the ground is that we are delivering developmental benefits to them, in a way that is sustainable and meets their priority needs.

In the peace context it is about trying to make their lives more sustainably peaceful, to make their communities safer and more secure so that they are then able to enjoy the benefits and opportunities of prosperity and development.

The accountability to the British taxpayer is that we are spending the money in the right way to fulfil our mandate of reducing poverty.

Thinking about accountability to ‘people on the ground’. Presumably there are a range of views on peace in Myanmar. How do you disaggregate that and be responsive to different groups? How do you unpack that accountability to people on the ground?

There is no substitute for continuing to do your analysis and assessment. DFID works in a slightly different way to some other agencies in that we don’t do direct implementation. It is our implementing partners who are doing the work. It is our job to make sure they are doing a good job and that they are taking account of that accountability on the ground.

We encourage our partners to continue to do analysis and assessments to better understand the dynamics of the context and the needs on the ground. Through the use of monitoring mechanisms we work with partners to look at measuring results in this changing context. As part of this, we need to understand what the people on the ground might want or be expecting, and whether we are delivering what is needed.

These are not just about tangible benefits that you might find in health and education programming. It is slightly more amorphous in the peace context.

We are very conscious of the fact that it is not just about pleasing those parties in the peace process, those groups who are negotiating but it includes building and strengthening civil society in order that they can deliver what is required.

We are increasing the exposure of civil society to the peace process, and to peace processes elsewhere, to help them to build their skills and capacity to be able to advocate for the priority needs of communities. They can advocate to those who are negotiating in the peace process, so that the voices of civil society can better be heard.

bottom of page