top of page

“Myanmar is never going to have a donor driven transition”: An interview with an international consu

“မြန်မာနိုင်ငံဟာ အလှူရှင် အခြေပြုတဲ့ အသွင်ကူးပြောင်းမှုမျိုး မည်သည့်အခါမျှ ဖြစ်လာမှာ မဟုတ်ပါဘူး” ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ နိုင်ငံတကာ အကြံပေးတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

“Myanmar is never going to have a donor driven transition”: An interview with an international consultant on peace and conflict (see English below)

မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အလှူရှင်များသည် ၄င်းတို့၏ကူညီထောက်ပံ့မှုများတွင် မည်သို့တာဝန်ယူ၊ တာဝန်ခံသနည်း။

ပြောရရင်တော့ လက်ရှိမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံကအလှူရှင် ရံပုံငွေတွေရဲ့ အရေးကြီးဦးစားပေးအဆင့် မဟုတ်ပါတော့ပါဘူး။

ဒါ့အပြင် အလှူရှင်တွေမှာလည်း စဉ်းစားစရာ တစ်ချက်ရှိပါတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံဟာ ရွေးကောက်ခံအစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ခေါင်းဆောင် တစ်ဦးလဲရှိပါတယ်။ ဒါဆိုရင် ဒီအစိုးရနဲ့ ဒီခေါင်းဆောင်ကို ကျွန်တော်တို့ ဘာလို့ မထောက်ခံရမှာလဲ။ ခုဆိုရင် ရခိုင်ပြည်နယ်နှင့် ကချင်/ရှမ်းပြည်နယ်က အခြေအနေတွေအရ ဒီကိစ္စကို မေးခွန်းထုတ်လာကြပါပြီ။ သို့သော်လည်း ဒါဟာ ယေဘုယျ အမြင်ဘဲဖြစ်ပါတယ်။

နောက်ပြီး အစိုးရကို ကူညီတာဟာ လုံးဝသဘာဝကျတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အချို့ကဏ္ဍတွေမှာတော့ လေ့လာစုံစမ်းမေးမြန်းဖို့ လိုအပ်တာတွေရှိပါတယ်။ ဥပမာ ပြောရရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်နေစဉ်မှာ အစိုးရရဲ့နောက်မှာ ရပ်တည်ပေး မယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါဟာ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုမှာ အစိုးရကို တဘက်သက် ထောက်ပံ့ပေးတာနဲ့ မတူပါဘူး။ တဖန် ယခုဆောင်ရွက်ခဲ့တဲ့ ကူညီထောက်ပံ့မှု အစီအစဉ်တွေဟာ ဒီအချက်တွေနဲ့ကိုက်ည်ီမှုရှိမရှိကိုလည်း အလှူရှင်တွေအနေနဲ့ သေသေချာချာ စဉ်းစားရပါလိမ့်မယ်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအပေါ် နိုင်ငံတကာအလှူရှင်များသည် မည်မျှလွှမ်းမိုး ထားနိုင်သနည်း။

အလှူရှင်တွေဟာ သင့်တင့်မျှတသောပမာဏရှိတဲ့ ကူညီထောက်ပံ့မှုတွေပေးနေစေကာမူ မြန်မာနိုင်ငံမှာ အလှူရှင်အခြေပြုတဲ့ အသွင်ကူးပြောင်းမှုမျိုး မည်သည့်အခါမျှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒါကတော့ ပုဂ္ဂလိကအခန်းကဏ္ဍကြောင့်ဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရဲ့ အလျင်အမြန်ပြောင်းလဲနေသော အရပ်ဒေသမှာ ရှိတဲ့ သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ဖြစ်တယ်။ ပြောရမယ်ဆိုရင် မြန်မာဟာနီပေါလလိုနိုင်ငမျိုးနဲ့ မတူပါဘူး။ သူက ကူညီထောက်ပံ့မှုပေါ်မှာသာ မှီခိုနေရတဲ့ အခြေခံလိုအပ်ချက်တွေ ချွတ်ခြုံကျနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏အရှေ့တောင်ဘက်ပိုင်းကို ကြည့်လျှင် ပုဂ္ဂလိကကဏ္ဍ ငွေကြေး အမြောက်အများဟာ ထိုင်းနိုင်ငံနှင့် အခြားနေရာများမှ ရရှိလာနိုင်တာကို တွေ့ရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဖွံ့ဖြိုးတိုးတက် လာပါလိမ့်မယ်။

ကူညီထောက်ပံ့မှုအေဂျင်စီများရဲ့ ထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအချို့အနေနဲ့ တတ်နိုင်သမျှ သေသေချာချာ လုပ်နိုင်တာရှိပါတယ်။ ဒါကတော့ လက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေဟာ လိုအပ်ချက်တွေ ရှိနေတဲ့ လူထွု ရဲ့အသံတွေကိုဖော်ထုတ်ပေးနိုင်လား ဆိုတာပါဘဲ။ သင့်မှာ ဒါမျိုးမရှိဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ဆိုတာ ဆွေးနွေးတိုင်ပင်ပြီး အကြံဥာဏ်ရယူရန်မဖြစ်နိုင်သော ကိစ္စရပ်ဖြစ်ကြောင်း လူအများကို သိအောင်လုပ်ပေးရပါမယ်။ ဒါဟာ ပဋိပက္ခအပြောင်းအလဲများကို အားကောင်း လာစေမယ်။ ဒီအဆင့်မှာတော့ ဒါဟာ အဓိပ္ပာယ် ရှိပါတယ်။

ဒါပေမယ့် ဒီအကြောင်းအရာဟာ ရပ်မနေပါဘူး။ ပဋိပက္ခဒေသများရှိ အပြောင်းအလဲများကို ထိန်းကျောင်းပေး နေတာဟာ ကူညီထောက်ပံ့မှုတွေမဟုတ်ပါဘူး။ ပုဂ္ဂလိက ကဏ္ဍကရတဲ့ ငွေကြေးတွေပါ။ အကယ်၍ ကူညီထောက်ပံ့မှုတွေဟာ အားကောင်းနေပြီး ထောက်ပံ့မှုအပေါ်မှီခိုနေရသော အနေအထား ဖြစ်နေရင်တော့ ဒါဟာအန္တရာယ်ရှိပါတယ်။ ယခုအခါမှာ အထောက်အပံ့တွေဟာ အကူအညီဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အမှားတွေလည်း လုပ်မိနိုင်မယ်။ ဒါပေမယ့် ကူညီထောက်ပံ့မှုတွေဟာ တကယ်တော့ ပြောစမှတ်တွင်လောက်အောင် မကြီးကျယ်ပါဘူး။

နောင်လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံဟာ ပင်မ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းမှ ရာဂဏန်းထိ (တနည်း) ကုဋေတစ်ထောင် မှ ကုဋေတစ်သောင်းထိ လိုအပ်ပါလိမ့်မယ် ။ အများစုမှာ ကူညီထောက်ပံ့ငွေမှ ရသည်မဟုတ်ပါဘူး။ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုမှ ရရှိလာပါလိမ့်မယ်။ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုမှာ သေချာပေါက် ယခင်ထက် ပမာဏများသော်လည်း သန်းနှင့်ချီ၍ မလိုအပ်တော့ပေ။

ထို့အတူ အလှူရှင်တွေမှာ ကြီးကြီးမားမားလွှမ်းမိုးမှုမရှိပါဘူး။ အကြောင်းကတော့ NLD အစိုးရသစ်ဟာ အလှူရှင်တွေနဲ့ ပတ်သက်ရင် အထူးတလည် လိုက်လျောဆောင်ရွက်ဖို့လိုတယ်လို့ မယုံကြည်ပါဘူး။

ယခင်ဦးသိန်းစိန် အစိုးရလက်ထက်က တစ်ကမ္ဘာလုံးကို သက်သေပြဖို့တချိန်လုံးမဟုတ်ဘူး မငြင်းနေမယ့်အစား ဟုတ်ပါတယ်၊ ထောက်ခံပါတယ်လို့အမြဲပြောခဲ့ပါတယ်။်။ ဒါပေမယ့် အခုအခါမှာတော့ ကျွန်တော်တို့မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ခေါင်းဆောင် ရှိတဲ့အတွက် ဒီလိုမျိုးလုပ်ဖို့ မလိုအပ်တော့ပါဘူး။

အလှူရှင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သီးသန့်ကို ဘယ်လို ကူညီထောက်ပံ့ပါသလဲ။

ကျွန်တော်အထင်ပြောရရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်ကိုသွားနေလဲ ဆိုတာအဓိကမေးခွန်း ပါဘဲ။ ပုံမှန်လုပ်ငန်းစဉ်မှာ အခက်အခဲတွေတော်တော်ရှိပါတယ်။ ပြိုကွဲပျက်စီးသွားနိုင်တဲ့ ဖြစ်နိုင်ချေတောင် ရှိနေတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်မှာဆိုရင် တိုက်ပွဲတွေဟာ တစ်စတစ်စ ပိုမိုပြင်းထန် လာပါတယ်။ ဒီနေရာမှာတော့ ပဋိပက္ခဒဏ်ခံနေရသူများကို ဘယ်လိုကူညီ ထောက်ပံ့မှုမျိုးက အကောင်းဆုံးပံ့ပိုးပေးနိုင်မလဲ၊ ငြိမ်းချမ်းရေးကို ဘယ်လောက် အထောက်အပံ့ဖြစ်စေမလဲ စတဲ့ အခြေခံကျတဲ့ မေးခွန်တွေကို အလှူရှင်တွေအနေနဲ့ မေးဖို့ လိုအပ်ပါတယ်။

How are donors accountable in their support to the peace process in Myanmar?

Well Myanmar is not a high priority in any donor capital right now in the West.

And, for donors, there has been this sense that - Myanmar has an elected government, and a peace prize-winning leader, so why don’t you just support the government and the leader? That is now starting to be called into question by the situation in Rakhine State and Kachin/Shan, but it’s still the general view.

And I think that is perfectly legitimate, to support this government. But it requires a certain amount of questioning in some areas like, for example, the peace process.

While it is fine to come in behind the government when it is implementing a peace agreement, it is very different to unilaterally back a government on one side of a peace negotiation. And so donors are going to have to think carefully about how their aid programs fit in with this – more than they have been doing up to now.

How much influence do international donors have on peace and conflict in Myanmar?

They are providing a reasonable amount of support but in Myanmar it is never going to be a donor driven transition. This is a private sector story. A richly endowed, naturally prosperous country in a very dynamic part of the world. It is not Nepal right? That is a country with structural poverty which is dependent on aid. Look at the south east of Myanmar there is going to be a lot of private sector money from Thailand, from elsewhere. There is development going ahead there anyway.

A bit of good development work from aid agencies can try to make sure, as much as possible, that there are projects in place that can give voice to people in need. If you don’t have that then you will reconfirm for many people that peace means extractive, non consultative business. And that can reinforce dynamics of conflict. At that level of logic it makes sense.

But this context is moving and it is not aid which is driving changes in conflict affected areas. It is private sector money. If this was an aid dependent environment you could say well aid is doing it, and this is dangerous. Right now, aid may not be helping, it may be making mistakes, but aid is not the big story.

What Myanmar needs over the next ten years is tens – possibly hundreds – of billions of dollars of primarily infrastructure development. And most of that is not going to come from aid money. It is going to come from private sector investment. Aid to Myanmar is definitely much bigger than before, but it is not the billions needed.

Also, donors don’t have a big influence because this new NLD government doesn’t feel that it needs to show that it is sensitive to the donors.

The previous [Thein Sein] government had something to prove to everyone else in the world, to prove that it is saying yes rather than no all the time. But now we have a Nobel Prize winning leader, so she doesn’t feel she has anything to prove.

What about donor support to the peace process itself?

Well, I guess the key question is where is the peace process going. The formal process is in deep trouble; there is even a possibility it could collapse. Fighting is escalating in northern Shan and Kachin. In that context, donors have to ask some pretty fundamental questions about what kind of support can best help support those affected by conflict, and contribute to peace.

bottom of page