“There is no such thing as neutral aid, it is always political”: An interview with Robert Barclay fr

“ဘက်မလိုက်သော ကူညီထောက်ပံ့မှု ဆိုတာမျိုးမရှိပါဘူး၊ အမြဲတမ်း နိုင်ငံရေး သဘောတရား ပါပါတယ်။”
ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ NGO International Alert မှ မြန်မာနိုင်ငံလုံး ဆိုင်ရာညွှန်ကြားရေးမှူး Robert Barclay နှင့် တွေ့ဆုံမေးမြန်းခြင်း
Forum: How can international aid help to bring peace in Myanmar?
ဖိုရမ် - မြန်မာနိုင်ငံတွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုများသည် ငြိမ်းချမ်းရေးကို မည်သို့ဆောင်ကြဉ်းပေးနိုင်မည်နည်း။
The first thing is thinking about the long term and what constitutes peace. The political process is clearly of utmost importance but we need to think with a broader framework and a more structural understanding of peace and conflict.
ပထမဦးဆုံးအချက်အနေနဲ့ ရေရှည်ကို စဉ်းစားရမှာဖြစ်ပြီး ငြိမ်းချမ်းရေးမှာ ဘာတွေ ပါဝင် လဲဆိုတာ သိထားရမှာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေဟာ အင်မတန် အရေးကြီး တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခကို ပိုပြီးကျယ်ပြန့်တဲ့မူဘောင်တွေနှင့်သာမက ပိုမို စနစ်ကျတဲ့ နားလည်မှုအသိအမြင်တွေနဲ့ပါ စဉ်းစား ဆင်ခြင်ဖို့ လိုအပ်ပါတယ်။
We need to think about working on creating the conditions which can sustain peace, such as inclusive justice, transparency, and accountability. International aid can, if carefully targeted, play a role in this, through, for example, local development initiatives that can reduce inequalities, and promote greater trust between conflict parties.
လူထုပူးပေါင်းပါဝင်သော အားလုံးပါဝင်တဲ့တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊တာဝန်ခံမှု အစရှိတဲ့ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲစေမယ့် အခြေအနေမျိုးကိုဖန်တီးနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားဖို့လိုအပ်ပါတယ်။ သေသေချာချာ ဦးတည်ဆောင်ရွက်နိုင်ပါက နိုင်ငံတကာကူညီထောက်ပံ့မှုတွေဟာဆိုရင် ကဏ္ဍတစ်ခုအနေနဲ့ဦးဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် မညီမျှမှုကိုလျှော့ချနိုင်ခြင်းနှင့် ပဋိပက္ခဖြစ်နေသော အဖွဲ့များအကြား နားလည်မှုကို မြှင့်တင်နိုင်သည့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကနဦးဆောင်ရွက်ချက်များ မှတဆင့် ဆောင်ရွက်ခြင်းဘဲ ဖြစ်ပါတယ်။
International aid alone is never enough to ‘bring peace’ to a country, as the reasons why there is violent conflict are so politically complex and locally specific.
တိုင်းပြည်တစ်ခုအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုချည်းသက်သက်နဲ့တော့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းဖို့ရာ မလုံလောက်ပါဘူး။ အကြောင်းကတော့ အကြမ်းဖက်ပဋိပက္ခတွေဟာ နိုင်ငံရေးအရ ရှုတ်ထွေးပြီး တနေရာနှင့်တနေရာမှာ မတူညီဘဲ နေရာအလိုက် သီးသန့်ပုံစံမျိုးနဲ့ ရှိကြပါတယ်။
But well targeted international support can be a success in Myanmar. Humanitarian and development projects are crucial for reducing the impact and causes of ongoing conflict. Additionally, some international support has played an influential role in supporting the conditions by which relationships between groups can be strengthened – such as for example in paying for costs associated with political dialogues.
ဒါပေမယ့် ထိထိမိမိ ရည်ရွယ်ဆောင်ရွက်နိုင်တဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကတော့ မြန်မာနိုင်ငံမှာ အောင်မြင်နိုင်ပါတယ်။ လူသားချင်းဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း များဟာ လက်ရှိဖြစ်ပွားနေသောပဋိပက္ခများ၏ အကျိုးသက်ရောက်မှုနှင့် အကြောင်းရင်းခံ များကို လျှော့ချပေးနိုင်ဖို့အတွက် အရေးပါပါတယ်။ ထပ်လောင်းပြောရရင် အချို့သော နိုင်ငံတကာ ကူညီထောက်ပံ့မှုများဟာ အုပ်စုများအကြားဆက်ဆံရေးကို ခိုင်မာစေခြင်းမျိုး ဖြင့် အခြေအနေကို ပံ့ပိုးပေးသည့်နေရာတွင် အဓိကကျပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် ရံပုံငွေ ကျခံပေးခြင်းမျိုးဖြစ်ပါတယ်။
One other fact in relation to the role of the international community in peace building in Myanmar, is that Myanmar’s peace process is a locally led process and there is no clearly defined international mediator role. This is somewhat different from other peace processes where international agencies like the UN have played a larger role, especially in coordinating international aid.
မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အခန်းကဏ္ဍ နှင့်ပတ်သက်သည့် အချက်တစ်ချက်မှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြည်တွင်းဦးဆောင်သောဖြစ်စဉ်မျိုးဖြစ်ပြီး နိုင်ငံတကာကြားခံညှိနှိုင်းရေး တာဝန်မျိုးကို ရှင်းလင်းစွာ သတ်မှတ်ထားခြင်း မရှိပေ။ ဒါဟာ ကုလသမဂ္ဂလိုမျိုး နိုင်ငံတကာအေဂျင်စီများပါဝင်လေ့ရှိသည့် အခြားသော ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် မတူကွဲပြားတဲ့ အချက်ပဲ ဖြစ်ပါတယ်။
We should also consider that International ‘aid’ is also relatively small compared to private sector investment in Myanmar. This is why International Alert also think that it is important to ask how private sector development can also help contribute to building peace.
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာကူညီ ထောက်ပံ့မှုဟာ မပြောပလောက်အောင်နည်းပါသည်ကို ကျွန်တော်တို့သိထားရပါမယ်။ ဒါကြောင့်လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အရေးပါပုံကို International Alert အနေနဲ့ နားလည်သဘောပေါက်ပါတယ်။
But navigating the relationship between aid and peace is always challenging for donors. There is no such thing as neutral aid, it is always political. For example, international aid channelled exclusively through the Government could risk sustaining the existing power relations in conflict affected areas, which might undermine prospects for peace.
သို့သော်လည်း ကူညီထောက်ပံ့မှုနှင့် ငြိမ်းချမ်းရေးအကြား လမ်းကြောင်းဆက်သွယ် ပေးခြင်းဟာ အလှူရှင်တွေအတွက် အမြဲတမ်း စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဘက်မလိုက် သောကူညီထောက်ပံ့မှု ဆိုတာမျိုးမရှိပါဘူး၊ အမြဲတစေ နိုင်ငံရေးသဘောတရားပါပါတယ်။ ဥပမာအားဖြင့် အစိုးရမှတဆင့် သီးသန့်သွားသော နိုင်ငံတကာကူညီထောက်ပံ့မှုများသည် ပဋိပက္ခဒေသ များရှိ လက်ရှိကျင့်သုံးနေသောအာဏာကို ရေရှည်တည်တံ့နိုင်ဖို့ရာအတွက် စွန့်စားရာ ရောက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ထိခိုက်နိုင်စေပါတယ်။
Forum: So if it is always political, how are donors accountable in their work in Myanmar on peace?
ဖိုရမ် - ဒါဆိုရင် ဒါတွေဟာ အမြဲတမ်းနိုင်ငံရေးဆန်တယ်ဆိုရင် မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေး အပေါ် လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အလှူရှင်တွေဟာ ဘယ်လိုတာဝန်ယူ၊ တာဝန်ခံပါလဲ။
Well, in my opinion, there are perhaps different levels of being accountable. You can be accountable for the end result; whether funding provided is successful in achieving the stated objectives or otherwise.
ကောင်းပါပြီ၊ ကျွန်တော့်အမြင်အရဆိုရင်တော့ တာဝန်ယူ၊တာဝန်ခံမှုမှာ အဆင့်အမျိုးမျိုး ရှိပါတယ်။ ပေးထားတဲ့ရံပုံငွေတွေဟာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို ရရှိ အောင်မြင်ခြင်း ရှိမရှိဆိုတဲ့ နောက်ဆုံးရလာဒ်အတွက် ကျွန်တော်တို့ တာဝန်ခံရပါမယ်။
But, donors can also to a certain extent be held to account for how their funding has contributed to how a process is run. For example in the inclusion of women, and there are very important programs aimed towards that in Myanmar.
ဒါပေမယ့် အလှူရှင်တွေအနေနဲ့ ၄င်းတို့၏ ရံပုံငွေတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မည်သို့အကျိုးရှိပုံကို အတိုင်းအတာတစ်ခုအထိ တာဝန်ခံယူရပါမယ်။ ဥပမာအားဖြင့် အမျိုးသမီးများပါဝင်မှုနှင့် ၄င်းကိုရည်ရွယ်သည့် မြန်မာနိုင်ငံရှိ အလွန်အရေး ကြီးသော အစီအစဉ်များ ဖြစ်ပါတယ်။
International actors can also be held to account on whether and how different people participate in decision making on what international aid is being used for at the national level or the subnational level. It’s important for all international actors to promote inclusive, transparent, and accountable governance through their activities, and promote meaningful representation on the part of all people.
နိုင်ငံတော်အဆင့်(သို့မဟုတ်) ပြည်နယ်နှင့်တိုင်းအဆင့်တွင် နိုင်ငံတကာ ကူညီ ထောက်ပံ့မှုများ အသုံးပြုသည့်အပေါ် ဆုံးဖြတ်ချက်ချရာတွင် လူအမျိုးမျိုးပါဝင်ခြင်း ရှိမရှိနှင့် မည်သို့ ပါဝင် ဆောင်ရွက်သည့်အပေါ် နိုင်ငံတကာမှ ဆောင်ရွက်သူများသည် တာဝန်ယူ၊ တာဝန်ခံ ရပါတယ်။ နိုင်ငံတကာမှ ဆောင်ရွက်သူများ သည် ၄င်းတို့၏ လုပ်ဆောင်မှုများ မှတဆင့် လူအများပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ တာဝန်ယူ၊ တာဝန်ခံမှု တို့ကိုမြှင့်တင်ရန်နှင့် လူထုအပေါ် အဓိပ္ပာယ်ပြည့်ဝသော ကိုယ်စားပြုမှုကို မြှင့်တင်ရန် အရေးကြီးပါတယ်။
In trying to uphold these principles, the international community faces a dilemma. Good development practice has emphasised the importance of building the capacity of State institutions to deliver basic services to its people. However, perceived support to the extension of service delivery in non-government controlled parts of Myanmar risks undermining peace efforts, at least until a peace agreement has been signed.
ဒီအခြေခံသဘောတရားတွေကို ဆုပ်ကိုင်ဖို့ကြိုးစားနေစဉ်မှာဘဲ နိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ ဘေးကျပ်နံကျပ်ကိစ္စတစ်ခုနဲ့ ရင်ဆိုင်ရပါတယ်။ လူထုအတွက် အခြေခံ ၀န်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၏ အရေးပါပုံကို ဖွံ့ဖြိုးတိုးတက်မှု အလေ့အကျင့်ကောင်းများက ထောက်ပြခဲ့ ပါတယ်။ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်မထိုးခင်အချိန်ထိ မြန်မာနိုင်ငံရှိ အစိုးရ ထိန်းချုပ်ခြင်းမရှိသည့်နေရာများတွင် ၀န်ဆောင်မှုများတိုးချဲ့ရန် တွေ့ရှိရသော ထောက်ပံ့မှုများသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်နိုင်ပါတယ်။။
The international community has a lot of experience of how to manage this dilemma. One example is the importance of operating with the principle of “conflict-sensitivity”. The experiences of managing aid and peace building from other countries can be shared, particularly to help the aid coordination bodies, such as the new joint coordination body (which has representatives of Government and Ethnic Armed Groups), and also to promote accountability of all actors involved in building peace, including the national government.
နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဤကဲ့သို့သောဘေးကျပ်နံကျပ်ကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပါတယ်။ ဥပမာတစ်ခုအနေနှင့် ပြောရရင် ပဋိပက္ခထိလွယ်ရှလွယ်မှု အခြေခံသဘောတရား၏အရေးပါမှုဖြစ်ပါတယ်။ ကူညီ ထောက်ပံ့မှုများကို စီမံခန့်ခွဲခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတို့နှင့်ပတ်သက်၍ အခြားနိုင်ငံများမှ အတွေ့အကြုံ များကို ဝေမျှပေးနိုင်ပါတယ်။ အဓိကအားဖြင့် ပူးတွဲပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့သစ် ကဲ့သို့သော ကူညီထောက်ပံ့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များကို အကူအညီပေးရန် ဖြစ်ပါတယ်။ ထိုအဖွဲ့သစ်တွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ကိုယ်စားလှယ်များ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှ သက်ဆိုင်သူများသည် တာဝန်ခံနိုင်ရမည့်အပြင် ငြိမ်းချမ်းရေး တည်ဆောက်ရာ တွင်ပါဝင်သည့် နိုင်ငံတော်အစိုးရအပါအ၀င် သက်ဆိုင်သူအားလုံး၏ တာဝန်ယူ၊ တာဝန်ခံမှုကို မြှင့်တင်ပေးရန်အတွက် ဖြစ်ပါတယ်။
.