top of page

"Peace is a process": An  interview with Professor Dr Aung Tun Thet

"Peace is a process" ငိမ်းချမ်းရေးဟာ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ”

An interview with Professor Dr Aung Tun Thet ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် အင်တာဗျူး

Forum: We are very pleased on the PK Forum and New Mandala to have with us Professor Dr Aung Tun Thet, a member of Myanmar’s Peace Commission. ဖိုရမ် - ကျွန်တော်တို့အနေနဲ့ PK Forum နဲ့ New Mandala အတွက် မြန်မာငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် နဲ့တွေ့ဆုံခွင့်ရတဲ့အတွက်အရမ်းပဲ ဝမ်းမြောက်မိပါတယ်။

Forum: Obviously, Sayar, there is a lot of analysis around Myanmar’s peace process but perhaps less analysis around the role of international donors in that peace process. So I am interested in your perspectives on how international aid can help with Myanmar’s peace process?

ဆရာရေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လေ့လာသုံးသပ်မှုတွေ အများကြီးရှိနေပေမယ့် ဒီလုပ်ငန်းစဉ်ထဲမှာ နိုင်ငံတကာက အလှူရှင်တွေရဲ့ ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်မှုကတော့ နည်းနေပါသေးတယ်။ ဒါကြောင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ နိုင်ငံတကာ အထောက်အပံ့တွေက ဘယ်လိုကူညီပေးနိုင်သလဲဆိုတဲ့အပေါ် ဆရာ့ရဲ့ အမြင်လေး သိပါရစေ။

Professor Aung Tun Thet: At the outset, the chairman of the NRPC [National Reconciliation and Peace Centre], Daw Aung San Suu Kyi, recognised – as you mentioned rightly - peace is a process, it is not an event, so we need to think long term and we need resources.

အစကတည်းက ခင်ဗျားပြောသွားတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးဟာ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်၊ အဖြစ်အပျက်တစ်ခုပဲမဟုတ်ဘူးဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရေရှည်ကိုစဉ်းစားဖို့လိုပါတယ်။ အရင်းအမြစ်တွေကိုလည်း လိုအပ်ပါတယ်။

So the aid from international partners will be critical. Not that we will rely everything on international donors but a substantial portion will be very important to help the peace process move forward. This is in terms of not just money, but also expertise. Because many of the international partners have been involved in similar processes in other countries.

ဒါကြောင့် နိုင်ငံတကာကလက်တွဲဆောင်ရွက်သူတွေရဲ့ အကူအညီက အရေးပါပါတယ်။ နိုင်ငံတကာ အလှူရှင်တွေပေါ်မှာ အကုန်လုံး မှီခိုဖို့မဟုတ်ပေမယ့် သိသာများပြားတဲ့ပမာဏကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ ကူညီပါလိမ့်မယ်။ ဒါဟာ ငွေကြေးအထောက်အပံ့တင်မဟုတ်ဘဲ ကျွမ်းကျင်မှု၊ နည်းစနစ် အထောက်အပံ့လည်းပါပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကပူးပေါင်းဆောင်ရွက်သူတွေတော်တော်များများဟာ တခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ကြလို့ပါ။

So we are hoping that the international partners will bring not just resources, but also expertise, lessons learnt and best practices from other post conflict situations.

ဒါကြောင့် နိုင်ငံတကာက လက်တွဲဆောင်ရွက်သူတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေတင်မဟုတ်ဘဲ တခြား ပဋိပက္ခအခြေအနေတွေက လွန်မြောက်ခဲ့ပြီးနောက်ပိုင်း ရရှိခဲ့တဲ့သင်ခန်းစာတွေနဲ့ အကောင်းဆုံး အပြုအမူတွေစတဲ့ ကျွမ်းကျင်မှုပိုင်းကိုပါ ယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

Forum: Any peace process is also a political process. International donors have tens of million of dollars of resources and obviously there is going to be some influence in that. I am interested if there is any issues of accountability in the influence of international donors in the peace process?

ဖိုရမ် - ဘယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာမဆို နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအလှူရှင်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ အရင်းအမြစ်တွေပေးနိုင်ကြတဲ့အတွက် လွှမ်းမိုးမှုတစ်စုံတစ်ရာရှိမှာကတော့ သေချာပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ နိုင်ငံတကာအလှူရှင်တွေရဲ့ လွှမ်းမိုးမှုဟာ တာဝန်ခံမှုအပိုင်းမှာပြဿနာတစ်စုံတစ်ရာ ရှိစေနိုင်မလား သိချင်ပါတယ်။

The issue is a very important one - how do we establish accountability? From the outset it is important that we realise it is a partnership. That the government is in the driving seat, the government will dictate - or at least through dialogue with partners - where are the priority areas.

ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ တာဝန်ခံမှုကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ အစကတည်းက ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို နားလည်ဖို့ အရေးကြီးပါတယ်။ အစိုးရက မောင်းနှင်သူထိုင်ခုံမှာထိုင်ပြီး အစိုးရကပဲ ထိန်းချုပ်ဆောင်ရွက်မယ်၊ ဒါမှမဟုတ်ရင်တောင်မှ ပူးပေါင်းဆောင်ရွက်သူတွေနဲ့ ဆွေးနွေးပြီးတော့ အစိုးရက အဓိကကျတဲ့ နေရာတွေကိုယူထားဖို့ ဆိုတာမျိုးပေါ့လေ။

As you know development partners have their own competitive advantage. They like to provide aid in areas that they are more familiar with. So the question then becomes - the government will need to ensure that the priorities are understood, and the aid that comes in is in these priority areas, rather than what satisfies or motivates individual donors.

ခင်ဗျားသိတဲ့အတိုင်းပဲ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သူတွေမှာ သူ့ ယှဉ်ပြိုင်မှု အားသာချက်နဲ့သူရှိကြပါတယ်။ သူတို့ရင်းနှီးတဲ့ နေရာတွေမှာ သူတို့ အထောက်အပံ့တွေကို ပေးချင်ကြပါတယ်။ ဒါကြောင့် မေးစရာဖြစ်လာတာက အစိုးရဟာ ဦးစားပေးရမယ့် အရာတွေကို နားလည်ထားတယ်ဆိုတာ သေချာစေရမယ်။ ပြီးတော့ ဝင်လာတဲ့ အထောက်အပံ့တွေဟာ အလှူရှင် တစ်ဦးချင်းစီ နှစ်သက်တဲ့၊ လုပ်ချင်တဲ့ နေရာတွေထက် အဲဒီ ခုနက ဦးစားပေးနေရာတွေမှာဖြစ်ရမယ်ဆိုတာပါ။

Forum: So in terms of the new Joint Coordinating Body for aid to the peace process. How do you understand the role of that body in accountability mechanisms?

ဖိုရမ် - ဒါဆို အသစ်ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ (အထောက်အပံ့) ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး တာဝန်ခံမှုလုပ်ဆောင်တဲ့နေရာမှာ ဒီအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို ဆရာ ဘယ်လို နားလည်ထားပါသလဲ။

This mechanism of coordination is very important.

We have different donors groups, different international partners working sometimes bilaterally with what is now euphemistically called “EAO” - ethnic armed organisations.

ဒီပေါင်းစပ်ညှိနှိုင်းမှု လည်ပတ်ဆောင်ရွက်ပုံဟာ အရမ်းကိုအရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အခု EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ) လို့ ပြောင်းလဲခေါ်ဝေါ်တဲ့ အဖွဲ့တွေကြား နှစ်ဘက် အပြန်အလှန် လုပ်ကိုင်ဆောင်ရွက်လေ့ရှိတဲ့ အလှူရှင် အုပ်စုတွေ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သူတွေ ရှိပါတယ်။

So the question is, this coordination mechanism is not to stop resources going into different ethnic armed organisations but to be very aware of where the money is going, and what use is being made.

ဒီတော့ မေးခွန်းက ဒီ ပေါင်းစပ်ညှိနှိုင်းမှု လည်ပတ်ဆောင်ရွက်ပုံဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကို အရင်းအမြစ်တွေမရောက်အောင် တားဆီးဖို့မဟုတ်ဘဲ ဒီငွေကြေးတွေ ဘယ်ကိုသွားနေတယ်၊ ဘာအတွက်သုံးနေတယ်ဆိုတာကို အထူး သိမြင်နားလည်နိုင်ဖို့ဖြစ်ဖို့ပါပဲ။

When you talk about aid and resources, oftentimes the emphasis is on resources and inputs. Personally, I think the emphasis should be on outcomes. The question is value for money. Because donor support is not an open ended one.

အထောက်အပံ့နဲ့ အရင်းအမြစ်ပံ့ပိုးမှုတွေအကြောင်းပြောကြတဲ့အခါမှာ အဲဒီအရင်းအမြစ်နဲ့ ထည့်ဝင်မှုတွေပေါ်မှာ ပိုပြီး အာရုံထားမိတတ်ကြပါတယ်။ ကျွန်တော့အမြင်ကတော့ ထွက်လာမယ့် ရလဒ်ပေါ်မှာ ပိုပြီး အာရုံစိုက်သင့်တယ်လို့ထင်ပါတယ်။ မေးခွန်းက သုံးလိုက်တဲ့ငွေကြေးရဲ့ ထိရောက်မှု တန်ဖိုးပါ။ ဘာလို့လဲဆိုတော့ အလှူရှင်တွေရဲ့ အထောက်အပံ့တွေက အကန့်အသတ်မဲ့ မဟုတ်ဘူးလေ။

Forum: What kind of outcomes are you looking for from that aid? ဖိုရမ် - အဲဒီထောက်ပံ့မှုကနေပြီး ဆရာ့အနေနဲ့ ဘယ်လို ရလဒ်မျိုးကို လိုချင်ပါသလဲ။

In terms of the whole peace process we have established priority areas, so hopefully the money that comes in will be focussed on that. ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး အနေနဲ့ ကျွန်တော်တို့ ဦးစားပေး နယ်ပယ်တွေကို သတ်မှတ်ထားပြီးပါပြီ။ ဒါကြောင့် ဝင်လာတဲ့ ငွေတွေဟာ ဒီအရာတွေပေါ်မှာ အဓိကထားနိုင်ဖို့ မျှော်လင့်ပါတယ်။

Development agencies across the world now have very good accountability frameworks. I am sure Australia has. I know for a fact the Canadian results based management and accountability framework is very robust.

ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သူတွေဟာ အခုဆိုရင် တာဝန်ခံမှု မူဘောင်တွေတော်တော်ကောင်းကောင်းရှိပါတယ်။ သြစတေးလျမှာဆို ရှိတာကျိန်းသေပါတယ်။ ကနေဒီယန် ရလဒ်အခြေပြု၊ တာဝန်ခံမှု မူဘောင်ဟာဆိုရင်လည်း တော်တော်လေးခိုင်မာတယ်လို့ ကျွန်တော်သိထားပါတယ်။

So I hope with their experience of using accountability frameworks we can piggy-back on what the donors are already used to. So we don’t have to reinvent the wheel.

ဒါကြောင့် သူတို့ရဲ့ တာဝန်ခံမှုမူဘောင်အသုံးပြုမှုအတွေ့အကြုံတွေကို တွဲယူပြီး အလှူရှင်တွေ ဖြစ်လေ့ရှိတဲ့အခြေအနေတွေအပေါ်မှာ အသုံးပြုလို့ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုကျွန်တော်တို့အနေနဲ့ အစကနေ လုပ်စရာမလိုတော့ဘူးပေါ့။

When you ask about accountability, different donors have different frameworks. But essentially it is the same. It is based on logical framework analysis where you look at the issues, you do the root cause analysis. Based on that you have a response and for each response you identify resources that are going into each area, and then with the expected results. So we follow a very common framework.

တာဝန်ခံမှုနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် အလှူရှင်တွေပေါ်မူတည်ပြီး မူဘောင်တွေလည်း ကွဲပါတယ်။ ဒါပေမယ့် အဓိကကတော့ အတူတူပါပဲ။ အဖြစ်အပျက်တွေကိုကြည့်တဲ့အခါမှာ အခြေခံ အကြောင်းရင်းခံကို သုံးသပ်တဲ့ ကြောင်းကျိုးဆက်စပ် မူဘောင်ပေါ်မှာပဲ အခြေခံကြပါတယ်။ ဒီပေါ်မှာ အခြေခံပြီးတော့မှ ကိုယ်လုပ်ရမယ့် တုန့်ပြန်မှုကိုရတယ်။ အဲဒီတုန့်ပြန်လုပ်ဆောင်မှု တစ်ခုချင်းစီအတွက် သူ့နယ်ပယ်အလိုက်သုံးရမယ့် အရင်းအမြစ်တွေကို နဲ့ မျှော်မှန်းရလဒ်တွေကို သတ်မှတ်တယ်။ ဒါကြောင့် တော်တော်လေး တူတဲ့ မူဘောင်ကိုပဲ လိုက်နာကြပါတယ်။

Forum: Through that framework donors need to be answerable to somebody. I guess there is a question with the Joint Coordinating body, which has members of government and ethnic armed organisations. There are obviously other stakeholders in the peace process as well, if we think of youth, women, civil society leaders. How do you see donors as being accountable more broadly to those other groups as well?

ဖိုရမ် - ဒီမူဘောင်အားဖြင့် အလှူရှင်တွေအနေနဲ့  တာဝန်ခံဖြေဆိုရှင်းလင်းနိုင်မှု ရှိဖို့လိုအပ်ပါတယ်။ အစိုးရ အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ဒီ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုရှိနေပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေလိုမျိုး တခြား သက်ဆိုင်သူတွေလည်း ရှိနေတာသေချာပါတယ်။ အလှူရှင်တွေအနေနဲ့ ဒီပိုမိုကျယ်ပြန့်တဲ့ လူအုပ်စုတွေအပေါ်မှာရော ဘယ်လို တာဝန်ခံနိုင်မှုရှိသလဲဆိုတာ ဆရာ့ အမြင်ကိုသိချင်ပါတယ်။

I am sure the donors have already thought through how they deal with different stakeholders. But of course, although stakeholders are important, the main interlocutor in this coordinating process is the government and EAO [ethnic armed organisations] - and when you say government it also includes the Tatmadaw.

အလှူရှင်တွေအနေနဲ့ မတူညီတဲ့ ပါဝင်ပတ်သက် သက်ဆိုင်သူတွေအတွက် ဘယ်လို ကိုင်တွယ်လုပ်ဆောင်ရမလဲဆိုတာ သေချာ စဉ်းစားထားပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သက်ဆိုင်သူတွေအားလုံးဟာ အရေးကြီးပေမယ့် ဒီပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်မှာတော့ အဓိကစကားပြောရမယ့်သူတွေဟာ အစိုးရနဲ့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း) တွေဖြစ်ပါတယ်။ အစိုးရလို့ပြောတဲ့အခါမှာ တပ်မတော်လည်းတစ်ပါတည်းဖြစ်ပါတယ်။

Not to minimise the role of youth and gender, etc, but I think if the major parties to this process have agreed on a broad framework then I am sure that they also make sure that it is as inclusive as possible, to include youth and gender etc.

လူငယ်တွေနဲ့ ကျား၊မခွဲခြားမှု စတဲ့ အခန်းကဏ္ဍတွေကို လျှော့ချတဲ့သဘောမဟုတ်ပေမယ့် ဒီလုပ်ငန်းစဉ်ရဲ့ အဓိကပါဝင်သူတွေအနေဲ့ ကျယ်ပြန့်တဲ့ မူဘောင်ပေါ်မှာ သဘောတူမယ်ဆိုရင် လူငယ်နဲ့ ကျား၊မ လိင်အမျိုးအစားဆိုင်ရာ ကိစ္စတွေ အားလုံး တစ်ပါတည်း ပါဝင်သွားလိမ့်မယ်လို့ ဆရာ ယုံကြည်ပါတယ်။

Thankyou so much for your time Professor.

အချိန်ပေးဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

bottom of page