top of page

Women in Myanmar's Peace Process


ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ ကိုယ်တိုင်က အမျိုးသမီးများ၏အသံအပေါ် ဘယ်လိုတာဝန်ယူ၊ တာဝန်ခံပါသလဲ။

ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ (JPF) ၏ ပညာရပ်ဆိုင်ရာ အတွင်းရေးမှူးရုံးမှ ညွှန်ကြားရေးမှူး David Haeri နှင့် တွေ့ဆုံမေးမြန်းခြင်း

Forum: there are a lot of stakeholders in the peace process beyond the government and ethnic armed organisations. For example, I see a lot of things in JPF documents about the voices of women? How is the JPF itself accountable to women’s voices? ဖိုရမ် - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆိုရင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် အခြားသော သက်ဆိုင်သူအများအပြား ရှိပါတယ်။ ဥပမာအားဖြင့် ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ (JPF) ရဲ့မှတ်တမ်းတွေအရ အမျိုးသမီးများရဲ့ အသံနဲ့ ပတ်သက်ပြီး များစွာတွေ့ရပါတယ်။ ပူးပေါင်းငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ ကိုယ်တိုင်က အမျိုးသမီးများ၏အသံအပေါ် ဘယ်လိုတာဝန်ယူ၊ တာဝန်ခံပါသလဲ။

David: It is definitely an issue that is high priority to the donors. It is written into our fundamental operating guidelines. It is also there in a measurable way in the sense we have a gender marker of 15 per cent spent on activities that are gender sensitive include women’s participation. ဒါဟာ တကယ်တော့ အလှူရှင်တွေအတွက် အရေးကြီးဦးစားပေး ကိစ္စတစ်ရပ်ပါဘဲ။ ကျွန်တော်တို့ရဲ့ အခြေခံလုပ်ငန်းဆောင်ရွက် မှုလမ်းညွှန်ထဲမှာလဲ ဖော်ပြထားပါတယ်။ အတိုင်းအတာအနေနဲ့ ကျား၊မဆိုင်ရာ ထိလွယ်ရှလွယ်မှုရှိ့မည့် လုပ်ငန်များတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုရရှိဖို့အတွက် (ကျား၊မကဏ္ဍအတွက်) ၁၅ ရာခိုင်နှုန်း အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။

Forum: But that is your funding going to support women’s participation, but what about women’s voices in guiding the JPF, your accountability to the voices of women in Myanmar? ဖိုရမ် - ဒါပေမယ့် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုကို အားပေးထောက်ပံ့ပေးတာဟာ သင့်ရဲ့ ရံပုံငွေဖြစ်တယ်။ ဒါပေမယ့် ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ (JPF) ကို ဦးဆောင်တဲ့နေရာမှာ အမျိုးသမီးများ၏အသံကရော ဘယ်လိုလဲ၊ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများ၏ အသံအပေါ်မှာ သင့်ရဲ့ တာဝန်ယူ၊ တာဝန်ခံမှုကရောဘာလဲ။

David: We have engaged with NGOs and CSOS. We had information and outreach sessions with the CSO community when we made a call for concept notes. Our call for concept notes, which is our outreach to the community inviting project proposals, also highlights the importance of gender. It is an ongoing process. How do you get the voices of women in? Well what voices, from where, what context? ကျွန်တော်တို့ NGOs နှင့် CSOs တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ကနဦးအဆိုပြုလွှာ ဖိတ်ခေါ်တဲ့အခါမှာ လိုအပ်တဲ့အချက်အလက်နှင့် ထိရောက်တဲ့ သင်တန်းများ ပို့ချပေးပါတယ်။ စီမံကိန်းအဆိုပြုလွှာတွေဖိတ်ခေါ်ဖို့အတွက် ရပ်ရွာလူထုကို ထိတွေ့ခြင်းဖြစ်တဲ့ ကနဦးအဆိုပြုလွှာတွေ ခေါ်ယူခြင်းဟာ ကျား၊မကဏ္ဍရဲ့ အရေးပါမှုကိုလည်း မီးမောင်းထိုးပြပါတယ်။ ဒါဟာ ဆောင်ရွက်နေဆဲ လုပ်ငန်းစဉ်တစ်ခုပါ။ ရှိနေတဲ့အမျိုးသမီးတွေရဲ့ အသံကိုသင်ဘယ်လိုရနိုင်မလဲ။ ဟုတ်ကဲ့ … ဘယ်လိုအသံတွေလဲ၊ ဘယ်ကလဲ၊ ဘယ်လိုအကြောင်းအရာတွေ ဖြစ်မလဲ။

There are networks like AGIPP, there is general outreach. I think you need to do all of that. Where there are clear platforms or policy, then look at them, but also be open to and invite proposals that can have impact. ဒီနေရာမှာ AGIPP ကဲ့သို့သော ကွန်ယက်တွေရှိပါတဲ့အတွက် ပုံမှန်ထိုးဖောက်နိုင်မှု ရှိပါတယ်။ ကျွန်တော်ထင်တာတော့ ခင်ဗျားဒါတွေအားလုံးလုပ်ဖို့ လိုပါလိမ့်မယ်။ တိကျရှင်းလင်းတဲ့လမ်းကြောင်း ဒါမှမဟုတ် မူဝါဒသာရှိရင် ဒါတွေကိုကြည့်ရမယ်၊ ဒါ့ပြင် သက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်တဲ့ အဆိုပြုလွှာတွေကို ကြိုဆိုဖိတ်ခေါ်ရမယ်။

We also have voices of women in the JPF staff. Some of our staff have themselves played direct individual roles in articulating the gender perspective in the peace negotiations themselves. ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ (JPF)ရဲ့ ၀န်ထမ်းတွေထဲမှာလဲ အမျိုးသမီးထုရဲ့အသံ တွေရှိပါတယ်။ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရာ၌ ကျား၊မကဏ္ဍအမြင်များ ပြောကြားရာတွင် ကျွန်တော်တို့ရဲ့ ၀န်ထမ်း အချို့ဟာ ၄င်းတို့ကိုယ်တိုင်အသီးသီး တာဝန်ယူ ဆောင်ရွက် ခဲ့ကြပါတယ်။

Forum: Thank you very much David ဖိုရမ် - ကျေးဇူးအများကြီးတင်ပါတယ် David ။

bottom of page