top of page

Peace and conflict in Myanmar: an interview with Dr Kyaw Thu


ပေါင်းကူး၏ ဒါရိုက်တာ ဒေါက်တာကျော်သူနှင့်တွေ့ဆုံမေးမြန်းခြင်း An interview with Dr Kyaw Thu, Director of Paung Ku

Forum: What is important for international donors to think about in their support to the peace process in Myanmar?

ဖိုရမ် - နိုင်ငံတကာအလှူရှင်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ထောက်ပံ့တဲ့နေရာမှာ သိထားဖို့ အရေးကြီးတဲ့အရာက ဘာပါလဲ ဆရာ။

One important issue is that all things are connected, not just donor support to the peace process. Donors and countries have other programs too. For example, the EU is supporting the Joint Peace Fund and the peace process. They are also funding programs for good governance. And at the same time they are quite secretly negotiating investment agreements and getting freer and upper - handed conditions for companies.

အရေးကြီးတာတစ်ခုကတော့ အားလုံးဟာ ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလှူရှင်တွေရဲ့ အထောက်အပံ့တွေတင်မဟုတ်ပါဘူး။ အလှူရှင်တွေနဲ့ နိုင်ငံတွေရဲ့ တခြား ပရိုဂရမ်တွေလည်း ရှိကြပါတယ်။ ဥပမာ အီးယူဟာ ပေါင်းစပ်ညှိနှိုင်း ငြိမ်းချမ်းရေး ရန်ပုံငွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွက် ထောက်ပံ့ပေးနေပါတယ်။ နောက်ပြီး ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်ရေး (good governance) အတွက်လည်း သူတို့ထောက်ပံ့နေပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာ သူတို့ဟာ သူတို့ အီးယူဘက်က ကုမ္ပဏီတွေအတွက် ပိုပြီးလွတ်လပ်၊ ပိုပြီး အသာစီးရတဲ့ အခြေအနေမျိုးတွေရယူပေးနိုင်မယ့် ရင်းနှီးမြှပ်နှံမှုသဘောတူညီမှုတွေကို သိုသိုသိပ်သိပ်နဲ့ တော်တော်လေးဆွေးနွေးနေပြီးလုပ်ဆောင်နေတာကို သတိထားမိပါတယ်။

It is important for donors to know that people are watching all of their work, not just on peace. For example, Japan govenment is also supporting peace and development projects and at the same same time trying to sell thier clean coal energy which is oppposed by public. China also offers thier support for peace process while thier existing and proposed investment projects are very controversial. There might be clashing goals between investment and peace. They talk about accountability and transparency but that needs to be in all their work.

အလှူရှင်တွေအနေနဲ့ သူတို့လုပ်နေတာတွေကို လူတွေကစောင့်ကြည့်နေတယ်ဆိုတာသိဖို့အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာတင်မှမဟုတ်ပါဘူး။ ဥပမာ ဂျပန်အစိုးရဆိုရင်လည်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ အတွက် ထောက်ပံ့နေပြီး တစ်ချိန်တည်းမှာပဲ ကျောက်မီးသွေး စွမ်းအင်အတွက် သန့်ရှင်းတဲ့ နည်းပညာဆိုပြီး ရောင်းချဖို့ လုပ်နေတာ တွေ့ရပါတယ်။ ဒါက လူထုက ဆန့်ကျင်နေတဲ့အရာလည်းဖြစ်ပါတယ်။ တရုတ်ဆိုလည်း သူတို့ရဲ့ လက်ရှိနဲ့ နောက်ထပ်အဆိုပြုထားတာတဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေဟာ အငြင်းပွားစရာတွေရှိနေချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့လိုတယ် ပြောနေတာတွေ့ရပါတယ်။ ရင်းနှီးမြှပ်နှံမှုနဲ့ ငြိမ်းချမ်းရေး ကြားမှာ ဆန့်ကျင်နေတဲ့ ပန်းတိုင်တွေ ရှိနေနိုင်ပါတယ်။ သူတို့အနေနဲ့ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုကို ပြောနေကြပေမယ့် ဒါတွေကို သူတို့ရဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့လိုပါတယ်။

Forum: So what impacts do you think donor support is having?

ဖိုရမ် - ဒါဆိုရင် အလှူရှင်တွေရဲ့ ထောက်ပံ့မှုဟာ ဘယ်လို သက်ရောက်မှုတွေကိုပေးနေတယ်လို့ ဆရာမြင်ပါသလဲ။

The way the peace process is happening is kind of promoting military society i.e. recognition of and focus on various armed groups as key decisions makers literally undermining role of ‘political society’ and civil society which are key pillars of democratic society . Donors often talk about the importance of developing relationship between civil society and the state. But a lot of negotiation now is about military-military relations, not civil-military or civil society and state and civil - civil relation i.e. political and civil society relation. Exclusion of political parties and civil society in decision making on funding for peace process and development program is not a good sign for democratic transition and thus need to be included much more.

ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ပေါ်နေတဲ့ပုံစံက စစ်ဘက်လူမှုအဖွဲ့အစည်းကို မြှင့်တင်ပေးသလိုဖြစ်နေပါတယ်။ ဆိုလိုတာက လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိက ဆုံးဖြတ်ချက်ချသူတွေအဖြစ် အသိအမှတ်ပြု အာရုံထားနေပြီး ‘နိုင်ငံရေး အဖွဲ့အစည်း အသိုင်းအဝန်း’ နဲ့ ‘အရပ်ဖက် လူမှုအဖွဲ့အစည်း အသိုင်းအဝန်း' တွေရဲ့ ကဏ္ဍကို တကယ့်ကို ထည့်မတွက်သလို အားနည်းအောင်လုပ်သလို ဖြစ်နေပါတယ်။ အလှူရှင်တွေဟာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အရေးပါမှုကို တော်တော်လေးပြောနေကြပေမယ့် ခုဖြစ်ပေါ်နေတဲ့ ဆွေးနွေးညှိနှိုင်းမှု တော်တော်များများဟာ စစ်တပ်-စစ်တပ်ချင်း (လက်နက်ကိုင်အဖွဲအစည်းများအကြား ) ဆက်ဆံရေး အကြောင်းပဲဖြစ်နေပြီး အရပ်ဖက်နဲ့ စစ်တပ် ဒါမှမဟုတ် အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံတော် နောက်ပြီး အရပ်ဖက်-အရပ်ဖက် ချင်း ဆက်ဆံရေးအတွက် မဟုတ်ဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက် ရန်ပုံငွေထောက်ပံ့ဖို့ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို မထည်သွင်းထားတာဟာ ဒီမိုကရေစီအသွင်ပြောင်းမှုအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်မဟုတ်တာကြောင့် ဒါ့ထက်ပိုပြီး ထည့်သွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်။

Donors seem to have preconceived ideas ည်း about what the peace process should be like. What they do then is fine-tune the language of stakeholders to fit with their plans rather than changing their plans to fit with what stakeholders actually say.

အလှူရှင်တွေမှာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ အမြင်တွေ ကြိုရှိနေပြီးသားလိုဖြစ်နေတယ်။ ဒီတော့ သူတို့လုပ်တဲ့ပုံက ပါဝင်သက်ဆိုင်နေတဲ့သူတွေတကယ်တမ်းပြောတဲ့ ပေါ်မှာ ကိုက်ညီမှုရှိအောင် သူတို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲလုပ်ဆောင်ဖို့ မဟုတ်ဘဲနဲ့ ပါဝင်သက်ဆိုင်သူတွေ ပြောနေတဲ့ဟာတွေကို သူတို့ရဲ့ အစီအစဉ်တွေနဲ့ ကိုက်ညီလာအောင် ဘာသာစကား သံစဉ်ညှိသလိုဖြစ်နေတယ်။

There is another practical issue. New programmes working on the ground level and facilitating negotiation around peace takes a lot of people. That is important but donors need to realise that when they employ good people to do this they are often taking them out of civil society groups. So new donor funded programs can actually absorb a lot of local organisation leaders, and leave local groups with less.

နောက်ထပ်လက်တွေ့ကျတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ မြေပြင်အဆင့်ကနေပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပေါ်လာအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ အစီအစဉ်သစ်တွေဟာ လူတွေအများကြီးလိုတယ်။ ဒါဟာ အရေးကြီးပေမယ့်လို့ အလှူရှင်တွေနဲ့ သိနားလည်ဖို့ လိုအပ်တဲ့အရာတစ်ခုက သူတို့အနေနဲ့ ဒီလိုလုပ်ဆောင်ဖို့အတွက် လူတော်တွေကို ဝန်ထမ်းခန့်တဲ့နေရာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထဲကနေ ဒီလူတွေို ဆွဲထုတ် ခန့်ထားနေကြတယ်။ ဒါကြောင့် အလှူရှင်တွေ ထောက်ပံ့နေတဲ့ အစီအစဉ်သစ်တွေဟာ ဒေသခံ အဖွဲ့အစည်းခေါင်းဆောင်တွေကို တော်တော်လေး အသုံးပြုနေပြီး ဒေသခံ အုပ်စုတွေကို အားနည်းသွားစေနေတယ်။

Forum: What could donors do differently to be more widely accountable in their role in supporting the peace process?

ဖိုရမ် - ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့တဲ့နေရာမှာ သူတို့ရဲ့ အခန်းကဏ္ဍကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်ခံမှုရှိလာနိုင်ဖို့အတွက် အလှူရှင်တွေအနေနဲ့ ဘယ်လိုတွေပြောင်းလဲလုပ်ဆောင်နိုင်မလဲ။

One things is that there is a lack of communication from donors about what they want to do and what are their analysis on the issues and the actors in the whole landscape.

တစ်ခုက အလှူရှင်တွေအနေနဲ့ သူတို့ လုပ်ချင်တာနဲ့ ဖြစ်နေတဲ့ ကိစ္စရပ်တွေပေါ်မှာ သူတို့ရဲ့ သုံးသပ်ချက်တွေက ဘာတွေလဲ၊ အဖြစ်အပျက်တစ်ခုလုံးမှာ လုပ်ဆောင်လှုပ်ရှားသူတွေက ဘယ်သူတွေလဲဆိုတာတွေကို ဖော်ပြပြောဆိုတဲ့နေရာမှာ အားနည်းနေတယ်။

The indepedent media like private newspapers and TVs like DVB and Irrawady can be best used to effectively inform the public about donors' programs and accountability.

အလှုရှင်တွေအနေနဲ့ သူတို့ လုပ်ဆောင်မှုတွေနဲ့ တာဝန်ယူမှုတွေကို ပုဂ္ဂလိက သတင်းစားတွေနဲ့ DVB ဧရာဝတီလို လွတ်လပ်တဲ့ မီဒီယာတွေကနေတဆင့်လဲ ပြည်သူတွေကို ထိထိရောက်ရောက် အသိပေးလို့ ရပါတယ်

I understand that some things are confidential in peace negotiation but they could do a lot more to be open about what they are thinking and what is happening and lesson learns at different levels . They can simply do it through Facebook which is one of the most accessible and interactive communication among ordinary citizens these days like some govenment institutions and Embassies have been trying. And the indepedent media like private newspapers and TVs like DVB and Irrawady can be best used to effectively inform the public about donors' programs and accountability.

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တစ်ချို့အရာတွေက လျှို့ဝှက်ထိန်းသိမ်းထားရမယ့် အရာတွေဆိုတာကို နားလည်ပေမယ့် သူတို့အနေနဲ့ သူတို့ဘာတွေစဉ်းစားနေသလဲ၊ ဘာတွေဖြစ်ပေါ်နေသလဲ ဆိုတာနဲ့ နောက်ပြီး တစ်ဆင့်ချင်းစီအလိုက် သင်ယူရရှိတဲ့သင်ခန်းစာတွေအကြောင်းကို ခုထက်အများကြီးပိုပြီး ပွင့်ပွင့်လင်းလင်း ရှိအောင် လုပ်လို့ရပါတယ်။ ခုခေတ်မှာ အစိုးရအဖွဲ့အစည်းတွေနဲ့ သံရုံးတွေက လုပ်ဆောင်နေကြသလို သာမန် ပြည်သူတွေကြားမှာ လက်လှမ်းအမီနိုင်ဆုံးနဲ့ အပြန်အလှန်အဆက်သွယ်နိုင်ဆုံးဖြစ်နေတဲ့ Facebook ပေါ်ကနေပဲ ဒါကို လုပ်ဆောင်လို့ရနေပါပြီ။ အလှုရှင်တွေအနေနဲ့ သူတို့ လုပ်ဆောင်မှုတွေနဲ့ တာဝန်ယူမှုတွေကို ပုဂ္ဂလိက သတင်းစားတွေနဲ့ DVB ဧရာဝတီလို လွတ်လပ်တဲ့ မီဒီယာတွေကနေတဆင့်လဲ ပြည်သူတွေကို ထိထိရောက်ရောက် အသိပေးလို့ ရပါတယ်

Forum: Thankyou

ဖိုရမ် - ကျေးဇူးတင်ပါတယ်ဆရာ။

bottom of page