top of page

The EU-Myanmar Investment Protection Agreement: the other human rights issues that the EU should be


ဥရောပ သမဂ္ဂ-မြန်မာ ရင်းနှီးမြှပ်နှံမှု ကာကွယ်ရေး သဘောတူညီမှု - ဥရောပသမဂ္ဂ အနေဖြင့် စဉ်းစားသင့်သည့် အခြား သော လူ့အခွင့်အရေး ကိစ္စရပ်များ

_____________

ပြီးခဲ့သော အပတ်တွင် မြန်မာ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရပ်ဆဲလ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် များစွာသော အလေးပေး ဂရုစိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ထို ဘရပ်ဆဲလ်တွင် ဖြစ်ပျက်ခဲ့သော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး လူ့အခွင့်အရေးအတွက် အထူး အရေးကြီးသည့် ကိစ္စရပ်တစ်ခုကိုမူ အာရုံစိုက်ခံရမှု နည်းပါးခဲ့သည်။ ယင်းမှာ ဥရောပသမဂ္ဂနှင့် မြန်မာ အစိုးရအကြား ရင်းနှီးမြှပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီမှု (IPA) အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Last week Myanmar’s State Councillor Daw Aung San Suu Kyi visited Brussels and there was a lot of attention on issues of human rights in Myanmar. But there was less attention on another Brussels-related activity which is also crucial for human rights: the negotiation of the Investment Protection Agreement (IPA) between the European Commission and the Myanmar government.

ယင်းသည် ဥရောပသမဂ္ဂနှင့် ‘ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံ’ တစ်ခု အကြား ပထမဆုံးသော ရင်းနှီးမြှပ်နှံမှု ကာကွယ်ရေး သဘောတူညီမှု ဖြစ်လာမည်ဖြစ်သည်။ ပထမအဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ချိန်ကတည်းက မြန်မာ အရပ်ဖက် လူမှု အဖွဲ့အစည်းများက ထို ပွင့်လင်းမြင်သာမှု မရှိသော၊ ပါဝင်ဆွေးနွေးခွင့်မရှိသော လုပ်ဆောင်ပုံအပေါ်တွင်သာမက ဖြစ်လာဖွယ်ရှိသည့် သဘောတူညီမှု၏ အချက်အလက်များအပေါ်တွင်ပါ အထူး ဝေဖန်ပြစ်တင်ခဲ့ကြသည်။

It will be the very first Investment Protection Agreement between the EU and a ‘least developed country’. Since the first round of negotiations many Myanmar civil society organizations have been very critical of the non-transparent and non-inclusive negotiation process, as well as of the likely content of the agreement.

ထိုအဖွဲ့အစည်းများကို နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းအများအပြားမှ ထောက်ပံ့ထားပေးခြင်းဖြစ်ပြီး ထိုအထဲတွင် ICCO Cooperation အဖွဲ့ဝင်ဖြစ်သော ACT Alliance လည်းပါဝင်သည်။

These organizations are supported by a large number of international advocacy and development organizations, among them the ACT Alliance of which ICCO Cooperation is a member.

ထို IPA ၏ ပြဿနာမှာ ယင်းအနေဖြင့် မြန်မာနိုင်ငံ၌ EU ၏ ရင်းနှီးမြှပ်နှံမှုများကို တိုးမြှင့်ပေးမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ ထိုရင်းနှီးမြှပ်နှံမှုသည် မြန်မာနိုင်ငံသို့ ပြည်ပ အရင်းအနှီး၊ ဝန်ထမ်းခန့်ထားမှု၊ နည်းပညာသစ်များ၊ ကျွမ်းကျင်မှုများနှင့် အတတ်ပညာများကို ယူဆောင်လာရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

The problem with the IPA is that it states it will promote EU investment in Myanmar. This investment is intended to bring foreign capital, employment, new technologies, skills and know-how to the country.

သို့သော်လည်း IPA သည် လူ့အခွင့်အရေးချိုးဖောက်မှုများ (အထူးသဖြင့် မြေယာအခွင့်အရေးများ၊ တိုင်းရင်းသား များနှင့် အခြား ထိရှလွယ်သော လူမှုအသိုင်းအဝိုင်းများ၏ အခွင့်အရေးများ) ကိုဖြစ်ပေါ်စေနိုင်သည်ဟု ACT Alliance အစီရင်ခံစာတွင် ကျွန်ုပ်တို့ သတိပေးခဲ့ပါသည်။

However, in the ACT Alliance report we warn that the IPA may also lead to human rights violations (specifically land rights, and rights of indigenous people and other vulnerable communities).

ထို့ပြင် ဤ သဘောတူညီမှုသည် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့် မြေယာ ရင်းနှီးမြှပ်နှံမှုများနှင့် သက်ဆိုင်သော အနာဂတ်ပြသနာများကို တားဆီးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်နိုင်စွမ်းရည်အပေါ် အနှုတ်လက္ခဏာဆောင်သော သက်ရောက်မှုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် နိုင်ငံ၏ မူဝါဒကို ဘောင်ကျဉ်းသွားစေနိုင်သောကြောင့်ဖြစ်ပါသည်။ မြေယာ၊ ရင်းနှီးမြှပ်နှံမှုနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးစသော ကိစ္စရပ်များအတွက် ဥပဒေသစ်များ၊ လူထု မူဒါဝများနှင့် အခြား ဆီလျော်သော နည်းဥပဒေများကို စတင်ရေးဆွဲနေခါစသာ ရှိသေးသော နိုင်ငံတစ်ခုအတွက် IPA ကဲ့သို့သော သဘောတူညီမှုမျိုးပြုလုပ်ခြင်းမှာ လွန်စွာမှပင် စောလျင်လွန်းလှပါသည်။

The agreement may also negatively affect Myanmar’s ability to prevent or redress future problems regarding human rights and land investments, because it may limit the country’s policy space. Investment agreements like the IPA come way too early in this country that has just started to design new laws, public policies and other relevant regulations on issues such as land, investments, and food security.

ကျွန်ုပ်တို့၏ ACT Alliance အစီရင်ခံစာသည် ဥရောပသမဂ္ဂနှင့် မြန်မာ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့ထံသို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ တိုက်တွန်းအားပေးမှုများကို ပေးပို့ခဲ့ပါသည်။

Our ACT Alliance report gives a number of recommendations from civil society towards the European Commission and Myanmar’s Directorate of Investment and Company Administation (DICA).

ထိုတိုက်တွန်းအားပေးမှုများထဲတွင် ကုမ္ပဏီ၏ လုပ်ဆောင်မှုစွမ်းရည် အခန်းကဏ္ဍတွင် ဥပဒေအရ ပြဌာန်းချက်များ တောင်းဆိုရန် ပါဝင်ပါသည်။ ဥပမာအားဖြင့် လက်ရှိ အဆိုပြုနေဆဲ IPA တွင် ရင်းနှီးမြှပ်နှံသူများအား မြန်မာ ဝန်ထမ်း မည်သည့်ရာခိုင်နှုန်း အနည်းဆုံး ခန့်ထားရမည်ဟူသော လိုအပ်ချက်မျိုးပါဝင်ခြင်းမရှိပါ။

These recommendations include the demand for binding provisions on performance criteria for companies. For example, in the current pending IPA there are no requirements for investors to employ a certain percentage of Myanmar staff.

ထိုအစီရင်ခံစာတွင် ပြည်သူများအနေဖြင့် အယူခံဝင်တောင်းဆိုခွင့်ရှိသော စနစ်မျိုးကို ပြဌာန်းရန်လည်း အားပေးတိုက်တွန်းထားပါသည်။ IPA တွင် ရင်းနှီးမြှပ်နှံမှု တရားရေးစနစ် တစ်ခု ပြဌာန်းမည်ဖြစ်သော်လည်း ယင်းသည် ကုမ္ပဏီများကို နိုင်ငံတော်အား နိုင်ငံတကာခုံရုံများမှတဆင့် တိုက်ရိုက် တရားစွဲဆိုနိုင်ခွင့်ရှိသည့် အငြင်းပွားဖွယ်ဖြစ်သော ရင်းနှီးမြှပ်နှံသူ-နိုင်ငံတော် အငြင်းပွားမှု ဖြေရှင်းရေး စနစ်နှင့် အလားတူလျက်ရှိသည်။ ထိုအမှုကိစ္စများတွင် မြန်မာအစိုးရနှင့် ဥရောပသမ္မဂတို့အကြားဖြစ်ပေါ်လာသော အငြင်းပွားမှုများကို မြန်မာတရားရုံးများတွင်မဟုတ်ဘဲ နိုင်ငံတကာတရားရုံးများတွင် ဆုံးဖြတ်နိုင်ခွင့်ရှိပါသည်။

The report also recommends the provision of the right for people to make use of an appeal mechanism. There will be a provision in the IPA for an Investment Court System but this is still too similar to the controversial Investor-State Dispute Settlement mechanism which allows companies to sue states directly through international tribunals. In these cases disputes arising between the Myanmar government and EU could be decided in international rather than Myanmar courts.

ဥရောပသမဂ္ဂက ဥရောပတွင် အထူးတင်းကျပ်သော လူ့အခွင့်အရေးအဆင့်အတန်းများကို ပြဌာန်းလိုက်နာလျက်ရှိသည်ဟု ပြန်လည်ချေပခဲ့ပါသည်။ ထို့ပြင် ညှိနှိုင်းဆွေးနွေးသူများကလည်း မြန်မာနိုင်ငံ၏ အခြေအနေသည် စီးပွားရေးကိုးတိုးတက်စေပြီး ကြွယ်ဝလာစေမည့် ရင်းနှီးမြှပ်နှံမှုအသစ်များကို အလိုရှိနေသည်ဟု ယုံကြည်လျက်ရှိပါသည်။

Of course the European Commission brings up the argument that Europe sets and follows very strict human rights standards. And negotiators are convinced that Myanmar’s situation is receptive for new investments which will bring economic progress and prosperity.

နောက်ဆုံး ဆွေးနွေးတိုင်ပင်ခဲ့ချိန်တွင် ပေးခဲ့သော ဥပမာတစ်ခုမှာ သဘောတူညီမှုအသစ်ကြောင့် လူငယ်များနှင့် (အများအားဖြင့်) အမျိုးသမီးများကို အထည်ချုပ်စက်ရုံသစ်များတွင် အလုပ်ခန့်ထားခြင်းများ ဖြစ်ပေါ်လာစေမည်ဆိုသည့် အချက်ဖြစ်ပါသည်။

One example given during the last consultation meeting was that the new agreement might stimulate the employment of young men and (mostly) women in new garment factories.

သို့သော်လည်း ကျွန်ုပ်အနေဖြင့် အထည်ချုပ်စက်ရုံများကို တိုးတက်ကြွယ်ဝခြင်းနှင့် တွဲ၍ မမြင်ပါ။ နိမ့်ပါးသော လုပ်ခလစာ၊ ဘေးကင်းလုံခြုံမှုမရှိသော အလုပ်ခွင်များ၊ ညစ်ညမ်းခြင်းနှင့် Primark မှ ရောင်းချသော အချိန်အနည်းငယ်အတွင်း လွှင့်ပစ်နိုင်သည်အထိ ဈေးပေါသည့် အဝတ်အထည်များကိုသာ တွဲ၍ မြင်မိပါသည်။

But I do not associate garment factories with progress and prosperity. I associate them with low wages, unsafe work spaces, pollution and Primark selling too cheap clothes which will be thrown away too soon.

ထို့ပြင် အထည်ချုပ်စက်ရုံများကို မြန်မာနိုင်ငံရှိ နယ်အစွန်အဖျားများတွင် လုပ်သားအင်အား မရှိသည့် အခြေအနေကို ဖြစ်ပေါ်စေသည်ဟု တွဲ၍ မြင်မိပါသည်။ မိသားစုများနှင့် တစ်နိုင်တစ်ပိုင် လယ်စိုက်သော လယ်သများများပါဝင်သော ပြည်သူပြည်သားများသည် စက်ရုံများတွင် အလုပ်လုပ်ရန် နေရာရွှေ့ပြောင်း ရောက်ရှိလာကြရခြင်းကြောင့်ဖြစ်ပါသည်။ ယင်း၏ အဓိပ္ပါယ်မှာ ရါာ၏ သီးနှံများကို စိုက်ပျိုးရိတ်သိမ်းရာတွင် ကူညိရန် လူအလွန်နည်းသွားစေပြီး မိဘများ၏ လုပ်ငန်းကို ဆက်ခံမည့် ကျွမ်းကျင်သော လယ်သများများ ဖြစ်လာစေရန် လူငယ်များကို လေ့ကျင့်ပေးနိုင်ရန်မှာမူ ပိုမို၍ပင် မဖြစ်နိုင်တော့သည့်အခြေအနေဖြစ်ပါသည်။ ထိုအချက်မှာ စားသုံးနေသော အစားအသောက်၏ ကြီးမားသော ပမာဏကို တစ်နိုင်တစ်ပိုင် လယ်ယာစိုက်ပျိုးသူများ၏ ထုတ်လုပ်မှုထံမှ မှီခိုနေရသေးသော ကမ္ဘာငယ်တစ်ခုအတွက် အလွန်ပင် အန္တရာယ်များပြားသော အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအခြေအနေဖြစ်ပါသည်။

I also associate garment factories with a lack of labour force in the rural areas in Myanmar, where family and community members of smallholder farmers have moved away to work in factories. This means there are too few people left to help planting and harvesting the village’s crops, let alone young farmers to be trained to become professional farmers themselves later on, and to be their parents’ successors. This is risky for sustainable food security in a world where the largest part of the consumed food is still produced by smallholders.

တာဝန်ယူမှုရှိသော စီးပွားရေးလ်ုပန်းများသည် တိုးတက်ဖွံ့ဖြိုးလာအောင် ထည့်ဝင်ဆောင်ရွက်နိုင်သည်ဆိုသည်မှာ မှန်ပါသည်။ ထို့ပြင် ယင်းသည် လူ့အခွင့်အရေးကို ကောင်းသော သက်ရောက်မှုများလည်းဖြစ်ပေါ်စေနိုင်သည်မှာမှန်ပါသည်။ သို့သော်လည်း တာဝန်ယူမှု ကင်းမဲ့လျင်မူ ဆန့်ကျင်ဘက်အခြေအနေကို ရရှိစေနိုင်ပါသည်။ ပြည်သူ၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ကို အမှန်တကယ် အကျိုးကျေးဇူးရှိစေသော ရင်းနှီးမြှပ်နှံမှု သဘောတူညီမှုများအတွက် ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်ကြပါစို့။ မြန်မာအစိုးရအနေဖြင့် ဥရောပသမဂ္ဂ- မြန်မာ IPA သဘောတူညီမှုဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို အရှိန်လျော့ချပြီး ပိုမိုကောင်းမွန်သော အပေးအယူတစ်ခုကို ရရှိစေရန်လုပ်ဆောင်နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။

Yes, responsible business can contribute to development, and yes, it can positively affect human rights. But a lack of responsibility can achieve the opposite. Let us work together for investment agreements that genuinely benefit communities, governments and the private sector. I hope the Myanmar government will slow down the EU-Myanmar IPA negotiation process to get a better deal.

See the ACT report https://www.danchurchaid.org/…/people-will-suffer-if-only-i…

pic: DCA

bottom of page