top of page

Trade, Intellectual Property Rights, and Right to Health: How to avoid poverty trap ကုန်သွယ်ရေး၊ အသိ

Free trade agreements (FTA) are designed to reduce the barriers to trade between two or more countries, which are in place to help protect local markets and industries. In the case of Regional Comprehensive Economic Partnership (RCEP), the participating countries are at different stages on the ‘development’ spectrum, for example, countries such as New Zealand, Australia, Singapore and Japan earn significantly higher GNI per capita, in contrast to Myanmar, Cambodia and Laos. So the question is how are they trying to put together such significant differences into one position in a number of trade-related topics?

There are 18 chapters being negotiated under RCEP, and so far, chapters such as Small and Medium enterprises; Economic and Technical Cooperation; Customs Procedures and Trade Facilitation; and Government Procurement have been agreed upon. On the other hand, chapters such as E-commerce, the Services sector and Protection of Intellectual Property are mentioned as ‘challenging’ areas for negotiation.

As mentioned in the first post on RCEP, due to the highly secretive nature of the negotiation process, the exact details being negotiated are unknown, except for the leaked negotiation draft from 2015.

Based on the leaked paper, one of the alarming topics from the RCEP negotiations is surrounding the intellectual property rights (IPR), which apparently Japan, South Korea and New Zealand are pushing for quite vigorously. IPR chapter contains reference to TRIPS+, in reference to the Trade-related aspects of intellectual property rights agreements (TRIPS) under the World Trade Organization. While the TRIPS agreement is considered as providing a minimum standard of protection to be granted by countries to intellectual property, TRIPS-plus provisions, typically in bilateral and multilateral free trade agreements, go beyond the requirements of the 1994 TRIPS agreement.

Among the RCEP countries, Singapore (4th), New Zealand (6th), Japan (14th) and Australia (16th) rank highest in terms of IPR protection. While Thailand (121st), Cambodia (130th), and Myanmar (134th) are at the tail end of global rankings. Given the clear disparity among RCEP countries in the existing levels of IPR protection, it is not hard to see why IPR are such a contentious element of these agreements.

According to WTO rules, governments can tailor their national IP policies taking into consideration a country’s economic, developmental and other objectives, including public health. Furthermore, least developed countries (LDCs), including Myanmar, are allowed to maintain maximum flexibility in their approach to patenting pharmaceutical products until at least 2033. However, the TRIPS+ IPR chapter in RCEP and new generation FTAs will force developing countries to provide greater IPR protection including obligations on patents on medicines, which would have serious public health implications.

One of the recommendations from UN Secretary-General’s High Level Panel on Access to Medicines (UNHLP) report last year underlined that governments engaged in bilateral and regional trade agreements should make sure that these agreements do not include provisions that interfere with their obligations to fulfill the right to health. Countries such as Brazil, have drawn a “red line” in such free trade negotiations to prevent TRIPS-plus measures that would be detrimental to public health policies.

The Myanmar Positive Group has voiced similar concerns as the country is trying to pass Intellectual Property laws. They were advocating for the new IP laws to include all TRIPS flexibilities and reflect the WTO TRIPS agreement recognizing that the least developed countries (LDC), do not have to grant patents on pharmaceutical products and medical devices until 2033.

According to the group, currently, there is an urgent gap in access to hepatitis C treatment in Myanmar. Gilead Sciences is the patent holder of sofosbuvir, the new key drug for optimal hepatitis C treatment regimens. Despite Myanmar being one of the countries in the Gilead’s voluntary license, generic sofosbuvir and other new hepatitis C medicines have not been available in the country. Efforts are being made for the generic manufacturers in India to register their drugs in the country. However, the interim solution until now has been to procure Hep C treatment medicine from India under different arrangements. These life-saving measures would not have been possible without the TRIPS flexibilities.

Based on the World Bank and Ministry of Planning and Finance data, 38.8 percent of Myanmar’s rural population is categorized as ‘poor’. In addition, 51 percent of the health expenditure is from out-of-pocket which is associated with low financial protection. If a free trade agreement such as RCEP and stringent IPR laws, which does not take into the public interest, would override TRIPS flexibilities and deprive the public of their right to affordable and accessible medicines, there is no doubt the poverty cycle would be hard to break for the Myanmar’s population.

This post intends to highlight on the implication of IPR on health. What other areas of public sphere does it affect?

လွတ်လပ်သောကုန်သွယ်ရေးစာချုပ်များသည် နှစ်နိုင်ငံကြား သို့မဟုတ် ထို့ထက်ပိုသောနိုင်ငံများကြား ကုန်သွယ်ရေးဆိုင်ရာအတားအဆီးများကို လျှော့ချရန် ဖြစ်သည်။ RCEP (Regional Comprehensive Economic Partnership) ကို ကြည့်ပါက ၄င်းစာချုပ်တွင် ပါဝင်သော နိုင်ငံများသည် ‘ဖွံ့ ဖြိုးမှု’နယ်ပယ်တွင် မတူညီသောအဆင့်တွင် ရှိပါသည်။ ဥပမာ - နယူးဇီလန်၊ သြစတေးလျ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများနှင့် နှိုင်းယှဉ်လျင် အလွန်များသော စုစုပေါင်းနိုင်ငံဝင်ငွေ နှစ်စဉ်ဝင်ပါသည်။ မေးခွန်းထုတ်စရာရှိသည်မှာ ထိုကဲ့သို့ သော ဖွံ့ဖြိုးမှုမတူညီကျသောနိုင်ငံများသည် ကုန်သွယ်ရေးဆိုင်ရာခေါင်းစဉ်အမြောက်အများအတွက် မည်ကဲ့သို့ ရပ်တည်ချက်တစ်ခုတည်း ဖြစ်အောင်ညှိကျပါသနည်း?

RCEP အောက်တွင် အခန်း ၁၈ခန်းရှိပြီး ယခုအချိန်ထိ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး နှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ အခွန်ကောက်ခံမှုအဆင့်များ နှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့အောင်ဆောင်ရွက်ခြင်း၊ အစိုးရပစ္စည်းဝယ်ယူခြင်း စသည့်ကဏ္ဍများ အတွက် သဘောတူညီမှုရယူနိုင်ခဲ့သည်ဟု ဆိုသည်။ အခြားတဖက်တွင်လည်း e-commerce၊ ၀န်ဆောင်မှု၊ အသိဉာဏ်ပစ္စည်းကာကွယ်ခြင်းစသည့်ကဏ္ဍများသည် ညှိနှိုင်းဆွေးနွေးရာတွင် ပါဝင်သည့်နိုင်ငံများကြားအခက်အခဲရှိနေသည်ဟု သိရပါသည်။

RCEP နှင့် ပတ်သက်သည့် ပထမဆောင်းပါးတွင်ဖော်ပြခဲ့သည့်အတိုင်း ညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ်အလွန် လျို့ဝှက်သောကြောင့် ၂၀၁၅တွင် ပေါက်ကြားခဲ့သောစာချုပ်ကြမ်းပါ အချက်အလက်များမှလွဲ၍ လက်ရှိ ညှိနှိုင်းဆွေးနွေးနေသည့် အချက်အလက်အတိအကျကို မသိရပါ။

ထိုပေါက်ကြားခဲ့သော စာတမ်း နှင့် ညှိနှိုင်းမှုဖြစ်စဉ်တွင် ပါဝင်နေသောသူများထံမှ သတင်းစကားတိုများအရ RCEP ညှိနှိုင်းဆွေးမှုများတွင် သတိအလွန်ထားစရာကောင်းသည့် ခေါင်းစဉ်တစ်ခုမှာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် (intellectual property right (IPR)) ဖြစ်သည်။ ၄င်းကို ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်တို့မှာ ဖိအားပေးတိုက်တွန်းနေသည်ဟု သိရသည်။ IPR အခန်းတွင် TRIPS+ ကို ရည်ညွှန်းထားပြီး ၄င်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းအောက်တွင် ပြဌာန်းထားသော ကုန်သွယ်ရေးနှင့်သက်ဆိုင်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သဘောတူညီချက်များ (Trade-related aspects of intellectual property rights agreements) ဖြစ်သည်။ ယခုနောက်ပိုင်းကာလ နိုင်ငံတကာကုန်သွယ်ရေး သဘောတူညီမှုစာချုပ်များတွင် ပါဝင်သော TRIPS+ သဘောတူညီချက်များသည် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အတွက် နိုင်ငံများကို ၁၉၉၄ သဘောတူညီ ချက်မှ အနိမ့်ဆုံးစံနှုန်းများ သတ်မှတ်ထားသည် ထက်ပို၍ ကာကွယ်ပေးပါသည်။

အသိဉာဏ်ပစ္စည်းကာကွယ်ခြင်းနှင့် ပတ်သက်လျင် RCEP နိုင်ငံများတွင် စင်ကာပူ (အဆင့် ၄)၊ နယူးဇီလန် (အဆင့် ၆)၊ ဂျပန် (အဆင့် ၁၄) နှင့် သြစတေးလျ (အဆင့် ၁၆) တို့သည် အမြင့်ဆုံးအဆင့် တွင်ရှိသည်။ တဖက်တွင်လည်း ထိုင်း (အဆင့် ၁၂၁)၊ ကမ္ဘောဒီးယား (၁၃၀) နှင့် မြန်မာ (အဆင့် ၁၃၄) နိုင်ငံတို့ မှာ နောက်ဆုံးပိုင်းမှလိုက်နေကျသည်။ ထိုကဲ့သို့ RCEPနိုင်ငံများကြားတွင် ကွဲပြားမှု ကြောင့် IPR အပေါ် ညှိနှိုင်းမှုခက်ခဲနေသည်မှာ မထူးဆန်းပါ။

WTO ၏ စည်းမျဉ်းများအရ အစိုးရတို့သည် ပြည်သူ့ကျန်းမာရေးအပါအ၀င် ၄င်းနိုင်ငံ၏ စီးပွားရေး၊ ဖွံ့ ဖြိုးရေး နှင့် အခြားဦးစားပေးမှုများကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံ၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပေါ်လစီများချမှတ်နိုင်သည်ဟုဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံ များသည် ၂၀၃၃ခုနှစ်အထိ ဆေးဝါးဆိုင်ရာကုန်ပစ္စည်းများ မူပိုင်ခွင့်ကြပ်မတ်ဖို့ရန်အတွက် အမြင့်ဆုံး ဖြေလျှော့မှုများကို ဆက်လက်ခံစားနိုင်သည်။ သို့ပေမယ့် RCEP တွင်ပါဝင်သော TRIPS+ IPR အခန်းသည် ဖွံ့ ဖြိုးဆဲနိုင်ငံများကို ပြည်သူ့ကျန်းမာရေး အလွန်လိုအပ်သောဆေးဝါးများကို တီထွင်မှု မူပိုင်ခွင့် မဖြစ်မနေသတ်မှတ်ခိုင်းသည့်အပြင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကာကွယ်မှုပေးရန် အတွက်ပါ ဖိအားပေးနေသည်။

UN Secretary-General’s High Level Panel on Access to Medicines (UNHLP) အစီရင်ခံစာပါ အကြံပြုချက်အရ အစိုးရများအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးစာချုပ်များချုပ်ဆိုသည့်အခါ ကျန်းမာရေးဆိုင်ရာလူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖြည့်ဆည်းရန်လိုအပ်သည့် ၄င်းတို့၏ တာဝန်များ ကို ၀င်ရောက်စွက်ဖက်နိုင်သည့် ပြဌာန်းချက်များကို သဘောတူညီမှုများမလုပ်ရန် သတိပေးထား ပါသည်။ ဘရာဇီးကဲ့သို့နိုင်ငံများသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှုစာချုပ်များတွင် ပြည်သူ့ကျန်းမာရေးအပေါ် ထိခိုက်နိုင်သည့်ညှိနှိုင်းမှုများကို ပြတ်သားစွာအနီရောင်မျဉ်းတားထား ပါသည်။

မြန်မာနိုင်ငံအိပ်ခ်ျအိုင်ဗီနှင့် နေထိုင်သူများအသင်း (Myanmar Positive Group) မှလည်း မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အသိဉဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာဥပဒေများပြဌာန်းရန်ကြိုးပမ်း နေသည့်အလျောက် အထက်တွင်ဖော်ပြခဲ့သော စိုးရိမ်ပူပန်မှုများကိုထုတ်ဖော်ခဲ့ပါသည်။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ပြဌာန်းမည့် ဥပဒေအသစ်များတွင် TRIPS နှင့် ပတ်သက်သော ဖြေလျော့ပေးထားမှုများ၊ ထို့အပြင် WTO TRIPS သဘောတူညီချက်များတွင် ဖွံ့ ဖြိုးမှုအနည်း ဆုံးနိုင်ငံများအတွက် ၂၀၃၃အထိ ဆေးဝါးပစ္စည်းနှင့် ကုသရေးပစ္စည်းကိရိယာများကို မူပိုင်ခွင့်ပေးစရာ မလိုသည့်အချက်ကို ထည့်သွင်းပေးရန်တောင်းဆိုကျပါသည်။

MPG ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် အသည်းရောင် အသားဝါ C ပိုးကုသရန် ဆေးလက်လှမ်းမှီနိုင်ရန် လိုအပ်ချက်အလွန်အမင်းရှိနေသေးသည်။ လက်ရှိတွင် ၄င်းရောဂါအား ကုသရန် အကောင်းဆုံးဆေးဝါးဖြစ်သည့် Sofosbuvir ၏ မူပိုင်ခွင့်ပိုင်ရှင်သည် Gilead Sciences ဖြစ်ပါသည်။ Gilead ၏ voluntary license လုပ်ပိုင်ခွင့်ကို မြန်မာနိုင်ငံအနေဖြင့် ရထားသော်လည်း sofosbuvir ပုံစံတူဆေးဝါး နှင့် အခြားC ပိုးဆေးများသည် နိုင်ငံအတွင်းတွင် မရနိုင်သေးပါ။ အိန္ဒိယမှ generic ဆေးဝါးထုတ်သည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ရန်ကြိုးပမ်းနေကျ ပါသည်။ သို့သော် လက်ရှိအချိန်ထိ အိန္ဒိယမှ ဆေးဝါးများကို အစီအစဉ်အမျိုးမျိုးဖြင့် ၀ယ်ယူနေ ရပါသည်။ ယခုကဲ့သို့အသက်ကယ်တင်နိုင်သည့် ဆေးဝါးများသည် စီးပွားရေး၊ကုန်သွယ်ရေးဆိုင်ရာ စာချုပ်တစ်ခုခုကြောင့် TRIPS ဖြေလျှော့မှုများ ရုတ်သိမ်းခံလိုက်ရလျင် ဈေးနှုန်းသက်သာစွာဖြင့် လက်လှမ်းမှီမှု ရှိတော့မည်မဟုတ်ပါ။

ကမ္ဘာ့ဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာတို့၏ အချက်အလက်အရ မြန်မာနိုင်ငံ၏ ၃၈.၈ ရာခိုင် နှုန်းသော ကျေးလက်နေပြည်သူများသည် ဆင်းရဲသည်ဟု သတ်မှတ်ခံရသည်။ ထို့အပြင် နိုင်ငံ၏ ကျန်းမာရေးအတွက် စုစုပေါင်းအသုံးစားရိတ်များမှ ၅၁ ရာခိုင်နှုန်းသည် ပြည်သူများ၏ အိတ်စိုက် ဖြစ်ပါသည်။ ယခုကဲ့သို့အခြေအနေကို လူမှုဘ၀အဆင်ပြေပြေလည်ပတ်ဖို့ ငွေကြေးနှင့် ပတ်သက်သည့် အကာအကွယ်နိမ့်ပါးသည့် အခြေအနေဟုလည်း ဆိုပါသည်။ RCEP ကဲ့သို့လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်များနှင့် ပြည်သူ့အကျိုး မကြည့်ဘဲ ပိုတင်းကျပ်သော IPR ဥပဒေများ ပြဌာန်းသောကြောင့် TRIPS ဖြေလျှော့မှုများဖိအားပေးရုတ်သိမ်းခံရလျင်၊ ပြည်သူများအနေဖြင့် ကုန်ကျစားရိတ်သက်သာသော ဆေးဝါးများလက်လှမ်းမမှီနိုင်တောလျင်၊ နိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်းအမြောက်အမြား ကျဆင်းနေသော ဆင်းရဲတွင်း စက်ဝန်းသံသရာမှ လွတ်နိုင်ဖို့ အလွန်ခဲယဉ်းမည်ဖြစ်သည်။

ယခုဆောင်းပါးသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကြောင့် ပြည်သူ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို ဇောင်းပေးဖော်ပြထားပါသည်။ ပြည်သူ့ဘဝ အခြားကဏ္ဍတွေအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်နိုင်ပါသနည်း?

References: 1)Access Delayed=Access Denied: Trade, Intellectual Property Rights, and People’s Struggle for Access to Medicines in Southeast Asia 2)Report of the United Nations Secretary-General’s High Level Panel on Access to Medicines, September 2016 3)http://www.governancenow.com/…/-big-pharma-ip-wars-and-prof… 4)https://www.worldbank.org/…/myanmar-poverty-assessment-2017… 5)http://makemedicinesaffordable.org/…/myanmar-creating-an-i…/ 6)http://www.searo.who.int/…/health_si…/countryprofile_mmr.pdf

Image credited to MSF

bottom of page