The “L” word: Localisation in Myanmar L စကားလုံး - မြန်မာပြည်အတွင်း ဒေသတွင်းအခြေအနေနှင့် လျော်ညီစွာေ

This is the first part of the Forum’s interview with Matt Desmond. Matt is an Organisation Development consultant. He has worked with a number of Myanmar CSOs on addressing the organisational demands of more localised aid. Matt has also worked with international donors who are implementing localisation processes.

PKF: Are you an expert on localisation? Absolutely not! One, I am not local. Two, I only hear a small sample of local perspectives. Three, my eyes water at all the new papers and studies, and the many competing understandings of what it is we are all trying to achieve. I am not surprised there is a lot of confusion within both local and international organisations.

PKF: So how do you begin the OD process with Myanmar organisations? I am a great believer in starting from two first principles: What do we mean by localisation? Why do we think it is a good thing? The answers can be quite different for different organisations, but they are the guiding stars for what follows. Local organisations often gloss over these first principles and then lose their direction further down the localisation road.

PKF: What understandings of localisation do you hear in Myanmar civil society? I first heard the “L” word in a civil society meeting in Yangon in October 2006. It meant that development must be locally-led. There was an implied principle that rights-holders, or marginalised people, should be in charge of the decisions affecting their lives, but this was not often stated explicitly. Sometimes it seemed that “locally-led” might mean led by local CSOs.

At the beginning, the “L” word was applied to community development programmes. By the end of August 2008, civil society groups witnessed, often in horror, the “internationalisation” of the Cyclone Nargis response. Since that time, localisation has been used for all forms of programming.

I think these two points help to explain the misunderstandings and tensions between international and local agencies in Myanmar since 2016. Firstly, localisation was a hot topic in civil society ten years before the Grand Bargain. Secondly, when many civil society leaders talk about localisation, they are not making the international distinction between humanitarian and development programmes.

PKF: Can you say more about the differences in local and international perspectives. At the end of a localisation workshop in May, one CSO participant spoke of her puzzlement. “It seems that CSOs are the target, and internationals are the “doers” (agents) of localisation. But how can you localise something that’s already local? This doesn’t make sense.”

All of the literature tells us that the current localisation process is almost entirely led by internationals. This is the polar opposite of the Myanmar perspective that localisation means locally-led.

Many civil society people tell me that implementation of the Grand Bargain is actually an “internationalisation” process. If CSOs look like and behave like international agencies, then they might expect an increased share of funding and leadership. This is very unfortunate.

ICVA is an INGO organisation that is prominent in the localisation process. They state “Localisation creates an opportunity to examine and improve the structure and functions of the entire (humanitarian) system.” Our common goal is to reinvent international aid, not to put a brown face on the current system.

ယခုဆောင်းပါးသည် မတ်ဒက်စမွန်နှင့် အင်တာဗျူးပထမပိုင်းဖြစ်သည်။ မတ်သည် အဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးတိုင်ပင်ခံဖြစ်ကာ မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဒေသနှင့် ကိုက်ညီစွာကူညီထောက်ပံ့မှုပြုနိုင်ရန် အဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ကူညီလျက်ရှိသည်။ ၄င်းအနေဖြင့် ဒေသတွင်းအခြေအနေနှင့်လျော်ညီစွာဆောင်ရွက်သည့်ဖြစ်စဉ်တွင် (localisation process) တွင်ပါဝင်နေသော နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနှင့်လည်း အလုပ်လုပ်ခဲ့ ပါသည်။

PKF: ဒေသတွင်းအခြေအနေနှင့် လျော်ညီစွာဆောင်ရွက်ခြင်း (localisation) နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ လို့ သတ်မှတ်နိုင်လား? ဘယ်ဖြစ်နိုင်မလဲ။ ပထမအချက်က ကျွန်တော်က မြန်မာနိုင်ငံသားမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံထဲက အမြင်တချို့လောက်သာကြားဖူးတယ်။ တတိယအချက် ကတော့ သတင်းစာတွေ၊ သုတေသနတွေအပြင် ဘာကိုရအောင်လုပ်နေတာလဲဆိုတဲ့ နားလည်မှုအမျိုးမျိုးတွေ အပြိုင်ရှိနေတာတွေမြင်ရ၊ဖတ်ရတော့ ကျွန်တော်မျက်စိတောင်နာလာတယ်။ အဲဒီလိုဆိုတော့ ပြည်တွင်း အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြား စိတ်ရှုပ်ထွေးစရာဖြစ်လာတာတော့ သိပ်မအံ့သြတော့ ပါဘူး။

PKF: ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းဖွံ့ဖြိုးမှုဖြစ်စဉ်အတွက် ဘယ်လိုစပါသလဲ? ကျွန်တော့်အနေနဲ့ ပထမဆုံး မူနှစ်ချက်နဲ့ စရမယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့အနေနဲ့ Localisationဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုအဓိပ္ပယ်ဖွင့်ဆိုတာလဲ? ဘာကြောင့်ဒါကို လုပ်ကောင်းတယ်ထင်တာလဲ? အဖွဲ့အစည်း တစ်ခုချင်းစီအတွက် အဖြေမတူကျဘူး။ ဒါပေမယ့် ဒါတွေက ကျွန်တော်တို့အတွက် လမ်းပြကြယ်တွေလို ဖြစ်တယ်။ ပြည်တွင်းအဖွဲ့အစည်းတော်တော်များများက ဒီပထမ မူနှစ်ချက်ကို အပေါ်ယံပဲသဘောထားပြီး တကယ့် ရှေ့လျှောက် localisation လမ်းလျှောက်ကျတဲ့အခါ ဦးတည်ချက် ပျောက်သွားကျတယ်။

PKF: မြန်မာအရပ်ဘက်အဖွဲ့အစည်းများကြားမှာ localisation အပေါ် ဘယ်လိုနားလည်မှုတွေရှိကျတယ်လို့ ကြားသလဲ? ကျွန်တော် ဒီ Lနဲ့စတဲ့စကားလုံးကို အောက်တိုဘာ ၂၀၀၆လောက်က ရန်ကုန်မြို့မှာလုပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းအစည်းအဝေးမှာ စကြားဖြစ်တယ်။ အဲဒီတုန်းက ဘယ်လိုအဓိပ္ပယ်နဲ့ လည်းဆိုတော့ ဖွံ့ဖြိုးရေး သည် ဒေသမှဦးဆောင်ရမယ်ပေါ့။ စကားလုံးနဲ့ တွဲပါနေတဲ့ မူအရဆိုရင် အခွင့်အရေးရထိုက်သူတွေ၊ ဖယ်ကျင်ခံရသူတွေအနေနဲ့ သူတို့ရဲ့ လူနေမှုဘ၀အပေါ် အကျိုးသက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်တာမှန်သမျှအတွက် ဦးဆောင်နေသင့်တယ်။ ဒါပေမယ့် ဒါကို အမြဲတမ်းရှင်းရှင်းလင်းလင်း မပြောနေဘူး။ တခါတလေ လူတွေထင်နေတာ ဒေသက ဦးဆောင်တယ်လို့ပြောရင် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေကို ဆိုလိုတယ်လို့ထင်တယ်။

ပထမပိုင်းမှာတုန်းက L စကားလုံးကို ရပ်ရွာအခြေပြုဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် သုံးကျတယ်။ ဒါပေမယ့် နောက်ပိုင်းကာလ ၂၀၀၈ သြဂုတ်လမှာ အရပ်ဘက်အဖွဲ့တွေအနေနဲ့ ကြောက်ခမန်းလိလိကို နိုင်ငံတကာဆန်တဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြုံတွေ့ခဲ့ကျရတယ်။ အဲဒီအချိန်ကစပြီး localisation ကို စီမံချက်အမျိုးအစားအားလုံးအတွက် စတင်အသုံးပြုလာကျတယ်။

ကျွန်တော်ထင်တာတော့ အပေါ်ကနှစ်ချက်က ၂၀၁၆လောက်ကစပြီး နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေကြား နားလည်မှုလွဲတာ၊ တင်းမာတာတွေကို နားလည်နိုင်အောင် ကူညီပေးတယ်မြင် တယ်။ ပထမအချက်အနေနဲ့ localisation ဆိုတာ Grand Bargain သဘောတူညီချက် မပေါ်ခင်ဆယ်စုနှစ်ကြာကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေကြား ပေါ်ပြူလာဖြစ်ခဲ့တဲ့ ခေါင်းစဉ်တခု ဖြစ်တယ်။ ဒုတိယတစ်ချက်က အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တော်တော်များများ localisation အကြောင်းပြောကျတဲ့အခါ သူတို့အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေကို နိုင်ငံတကာလိုခွဲခြားမပြောပဲ တခုတည်းခြုံငုံပြောတယ်။

PKF: အဲဒီတော့ ပြည်တွင်းနဲ့နိုင်ငံတကာကြား သဘောထားမတူတာလေးတွေနဲ့ပတ်သက်ပြီး ပိုပြောပြ ပါလား? မေလတုန်းက လုပ်ခဲ့တဲ့ localisation ဆွေးနွေးပွဲအပြီးမှာ အရပ်ဘက်အဖွဲ့အစည်းက ပါဝင်သူတစ်ယောက် က သူ့အတွက် ပဟေဌိဖြစ်နေတာတခုကို ပြောပြပါတယ်။ “ကျွန်မပြန်သုံးသပ်ကြည့်တော့ အရပ်ဘက်အဖွဲ့ အစည်းတွေက ပစ်မှတ်တွေဖြစ်နေတယ်။ နောက် နိုင်ငံတကာဇာတ်ကောင်တွေကျတော့ localisation လုပ်ဆောင်သူတွေဖြစ်နေတယ်။ ဒါပေမယ့် ဒေသတွင်းဖြစ်ပြီးသားအရာတွေကို localise ဘယ်လိုလုပ်မှာ လဲ? ဒါကအဓိပ္ပယ်မရှိဘူးလေ။”

သုတေသနစာတမ်းတွေဖတ်ကြည့်တော့လည်း လက်ရှိlocalisation ဖြစ်စဉ်အားလုံးလိုလိုကို နိုင်ငံတကာက ဦးဆောင်နေတာကိုတွေ့ရတယ်။ တကယ်တော့ ဒါက မြန်မာဘက်ကမြင်သလို localisation ဆိုတာ ပြည်တွင်းက ဦးဆောင်ရမယ်ဆိုတဲ့ အမြင်နဲ့တခြားစီပဲလေ။

အရပ်ဘက်အဖွဲ့အစည်းကလူတော်တော်များများကျွန်တော့်ကိုပြောတာက Grand Bargain သဘောတူညီချက်ကို အကောင်အထည်ဖော်တာက တကယ်တော့ နိုင်ငံတကာဆန်တဲ့ဖြစ်စဉ်ပဲလို့ ပြောကျတယ်။ တကယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက နိုင်ငံတကာအေဂျင်စီတွေလိုမျိုး ပုံစံတူအောင် လုပ်မယ်ဆိုရင် သူတို့အနေနဲ့ ရံပုံငွေပိုရမယ်၊ ဦးဆောင်မှု ပိုလုပ်နိုင်မယ်ထင်ရင်ထင်လိမ့်မယ်။ ဒီလိုသာ ဆိုရင်တော့ ကံဆိုးခြင်းပဲ။

ICVA ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းက localisation ဖြစ်စဉ်ဖော်ဆောင်တဲ့နေရာမှာ နာမည်ကြီးတယ်။ သူတို့ပြောတာက “Localisation ဖြစ်စဉ်က လူသားခြင်းစာနာကူညီထောက်ပံ့ရေးစနစ်တခုလုံးကို ပြန်သုံးသပ်ပြီး သူ့ရဲ့စနစ်တည်ဆောက်ပုံ၊ လုပ်ငန်းစဉ်တိုင်းကို ပိုကောင်းအောင်လုပ်နိုင်ဖို့ အခွင့်အရေး ဖန်တီးနိုင်ပါလိမ့်မယ်။” ကျွန်တော်တို့ရဲ့ တူညီတဲ့ ပန်းတိုင်က နိုင်ငံတကာအကူအညီတွေကို ပြန်လည် အသစ်ပုံဖော်ဖို့ဖြစ်တယ်။ ဒါပေမယ့် ဒေသနဲ့ပုံစံတူအောင်ဆိုပြီး "အညိုရောင်မျက်နှာဖြစ်အောင်"လုပ်ပြီး အပေါ်ယံပဲ လက်ရှိစနစ်ကို ပြောင်းဖို့မဟုတ်ပါဘူး။

Photo credited to http://www.partly-sunny.com/think-local.html