၁၆ရက်တာလှုပ်ရှားမှုမှာ ဘယ်သူတွေကျန်ခဲ့သလဲ? Who were missing from the “16 Days” movement? (See English below)

December 15, 2018

နိုဝင်ဘာ ၂၅ရက် မှ ဒီဇင်ဘာ ၁၀ရက်အတွင်း ရန်ကုန်မြို့တော်ခန်းမသည် လိမ္မော်ရောင်မီးလုံးများဖြင့် အလှဆင်ထားကာလင်းထိန်းနေသည်ကိုတွေ့ခဲ့ရမည်ဖြစ်ပါသည်။ ယင်းသည်မြန်မာနိုင်ငံတ၀န်းတွင် ကျား၊မအခြေပြုအကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာလှုပ်ရှားမှု၏ (‘၁၆ ရက်’ဟုလည်း အတိုကောက် သိကြသည်) အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယခုနှစ်အတွက်ဆောင်ပုဒ်က “ကမ္ဘာကြီးကို လိမ္မော်ရောင်ခြယ်ပါ - ကျွန်တော်၊ ကျွန်မတို့အသံကိုလည်းနားထောင်ပါ” ဖြစ်ပြီး ခေါင်းစဉ်ကတော့ ‘လုပ်ငန်းခွင် ကမ္ဘာထဲမှ ကျား၊မအခြေပြုအကြမ်းဖက်မှုများကိုအဆုံးသတ်ပါ’ ဟူ၍ ဖြစ်သည်။

 

မြို့တော်ခန်းမသည် မြန်မာတိုင်းမ်(စ်)၏သတင်းဆောင်းပါးအရ မိန်းကလေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှကာကွယ်ရန် အတူရပ်တည်နေသည်ဟု ကတိက၀တ်ပြုခြင်းကို ပြသရန်အတွက် လိမ္မော်ရောင်မီးများအား ၁၆ရက်တာလုံး တပ်ဆင်ထားမည်ဟုသိရပါသည်။

 

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေ၊ ဘားအံ စသည့်နေရာအနှံအပြားတွင်လည်း အနုပညာတင်ဆက်မှုများ၊ တီဗီအစီအစဉ်များပြသခြင်း၊ လိမ္မော်ရောင်တီရှပ်ဝေခြင်း၊ Facebook/ snapchat ပရိုဖိုင်ဓာတ်ပုံများကို အထိမ်းအမှတ်ဘောင်သွင်းခြင်း၊ ရုပ်ရှင်ပွဲတော်ကျင်းပခြင်း၊ ပညာပေး အစီအစဉ်များပြုလုပ်ခြင်းစသည်တို့ကို ကျင်းပနေသည်ကို တွေ့ရပါမည်။ ၁၆ရက်တာအထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲပင်ရှိကာ ပထမဆုမှာ သိန်း ၅၀ ခန့်ချီးမြှင့်ပါသည်။

 

နေပြည်တော်တွင်ကျင်းပသည့်ပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်အမတ်များ၊ သံတမန်များ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

 

သို့သော် ၁၆ရက်တာအထိမ်းအမှတ်ပွဲသတင်းများအားဖတ်ကြည့်လျင် အမျိုးသမီးနှင့် မိန်းကလေးငယ် များအပေါ်အကြမ်းဖက်မှုအတွက်သာရည်ညွှန်းထားတာကိုတွေ့ရပြီး ကျား၊မအခြေပြုအကြမ်းဖက်မှုများ နှင့်ပတ်သက်၍ ကျွန်မအနေနှင့်ဘာတစ်ခုမှမတွေ့ရပါ။ ကျား၊မ သတ်မှတ်ချက်များကြောင့် လိင်ပြောင်းထားသူများ (များသောအားဖြင့်မိန်းမအဖြစ်ခံယူ) အပေါ် အမြဲတစေပြုမူတတ်သော အကြမ်းဖက်ကျူးလွန်မှုများအတွက် မည်သူကအသိအမှတ်ပြုခဲ့သနည်း? သို့တည်းမဟုတ် ‘လုပ်ငန်းကမ္ဘာ’ထဲတွင် အသက်မွေးဝန်းကြောင်းတစ်ရပ်ဖြင့် ရှင်သန်နေကျသော လိင်လုပ်သားများအပေါ် ရက်စက်စွာပြုမူကျသည့် အကြမ်းဖက်မှုများအတွက် မည်သူက အသိအမှတ်ပြုခဲ့သနည်း? သို့တည်းမဟုတ် ‘ယောက်ျားဆန်ခြင်း’ ဆိုသည့် စံနှုန်းမှီဖို့ရန် စကားလုံးဖြင့်ဖြစ်စေ၊ ကိုယ်ခန္တာ၊ စီးပွားရေး၊ လိင်ပိုင်းဆိုင်ရာ စသည့်အကြမ်းဖက်မှုများခံစားရပြီး စောင့် ကြည့်ထိန်းချုပ် ခံနေရသူများအတွက် မည်သူက ဘာပြောခဲ့သနည်း?

 

ဟုတ်ပါသည်။ များသောအားဖြင့် အကြမ်းဖက်မှုမျိုးစုံကိုကျူးလွန်နေသူများသည် အမျိုးသားများသာ ဖြစ်တတ်လေ့ရှိသည်။ သို့သော် အမြဲမဟုတ်ပါ။ အမျိုးသားတိုင်းသည်ကျူးလွန်သူ မဟုတ်ပါ။ အမျိုးသားအများအပြားသည်လည်း ကျား၊မအခြေခံအကြမ်းဖက်မှု (လိင်ပိုင်းဆိုရာ အကြမ်းဖက်မှု အပါအ၀င်) ကိုခံစားနေရပါသည်။ ယခုအချက်သည် မြန်မာပြည်အတွက်သာမက အခြားနိုင်ငံများအတွက်ပါ အပါအ၀င်ဖြစ်သည်။

 

ထိုသို့ပြောလိုက်ခြင်းအားဖြင့် ကျွန်မကို အမျိုးသားများအကြမ်းဖက်ကျူးလွန်ခြင်းကို ထောက်ခံသူ တစ်ဦးအနေဖြင့် မှားယွင်းစွာ မြင်ကောင်းမြင်နိုင်ပါသည်။ ကျား၊မအခြေပြု အကြမ်းဖက်မှု အမျိုးအစားအားလုံးကို ကျွန်မကန့်ကွက်ရှုံ့ချပါသည်။ ယောက်ျားလေးများကို ‘ပျော့လွန်း’ သည်ဟုဆိုကာ ရိုက်နှက်ခြင်း၊ သိမ်ငယ်သွားအောင်ပြောခြင်းစသည်တို့ အပါအ၀င် လက်မခံနိုင်ပါ။

 

မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများထဲတွင်ပင် ‘အမျိုးသမီးအရေးကိစ္စ’ နှင့် ‘အခြားအရေးကိစ္စ’ များကြား ခွဲခြားမြင်နေသည်ကို ကျွန်မကိုယ်တွေ့တွေ့မြင်နေရပါသည်။ အမျိုးသမီးအရေးမလုပ်ဆောင်သည့် အရပ်ဘက်အဖွဲ့အစည်း အများစုသည် ကျား၊မရေးရာအကြောင်းပြောလျင် ၄င်းတို့နှင့် လုံးဝမဆိုင်သကဲ့သို့ထင်ကျသည်။ ၄င်းတို့အနေနှင့် ရံပုံငွေလျှောက်လွှာတင်သည့်အချိန်လောက်တွင်သာ ကျား၊မရေးရာအကြောင်း ဆက်စပ်စဉ်းစားမိလိမ့်မည်။ သို့သော် ထိုမျှအတိုင်းအတာခန့်သာရှိပါသည်။ တစ်ဖက်ရှိ အမျိုးသမီး လှုပ်ရှားမှုကလည်း အမျိုးသမီးရေးရာကိစ္စများသည် (အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပါအ၀င်) မြန်မာပြည်တွင်းရှိ အခြားမတူသောလူအမျိုးမျိုး၏ အရေးကိစ္စနှင့် ဆက်စပ်မှုမရှိဟုမြင်ကြသည်။

 

၁၆ရက်တာလှုပ်ရှားမှုကဲ့သို့သော အထိမ်းအမှတ်ပွဲများသည် နှစ်ဖက်မှားယွင်းစွာစည်းခြားထားသည်ကို ပိုတွန်းအားပေးနေသကဲ့သို့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးနှင့် မိန်းကလေးငယ် များအပေါ် အကြမ်းဖက်မှုသည် အခြားလူမျိုး၊ တိုင်ရင်းသား၊ ဘာသာဝင်လူနည်းစုများမှ (လူနည်းစုအုပ်စုတွင် လူနည်းစုထပ်ဖြစ်နေသောသူများအပါအ၀င်) အမျိုးသမီး၊အမျိုးသားများ၊ (သို့မဟုတ်) မသန်စွမ်းသူများ (သို့မဟုတ်) လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများ (သို့မဟုတ်) ကျား၊မအခြေခံသတ်မှတ်ချက်၊ လိင်ပိုင်းဆိုင်ရာသတ်မှတ်ချက်ဘောင်အတွင်းမ၀င်သူများ (ဥပမာ လိင်လုပ်သားများ) စသည်တို့အပေါ် အကြမ်းဖက်မှုများနှင့် ဆက်စပ်မှုမရှိပဲ သီးခြားစီဖြစ်သည်ဟု ပြသလိုက်ခြင်းသာဖြစ်သည်။ တကယ်တော့ထိုအကြမ်းဖက်မှုအားလုံးသည် ဆင်းရဲမှုနှင့်အဓိက ဆက်စပ်နေပါသည်။

 

မြန်မာနိုင်ငံရှိ ရှေ့ဆောင်အရပ်ဘက်အဖွဲ့အစည်းများအား ထိုကဲ့သို့ ကျား၊မ ခွဲခြားကာကြည့်ခြင်း၊ ထို့အပြင် ကျား၊မ အခြေပြုအရေးကိစ္စ နှင့် အခြားအရေးကိစ္စများကို ခွဲခြားထားခြင်းတို့ကို ကျော်ကာ အတူတူစကားပြောရမည့် အချိန်ကျပြီဟု မမြင်ဘူးလားဟူ၍ မေးခွန်းထုတ်ချင်ပါသည်။

 

From November 25 to December 10, Yangon City Hall was illuminated at night by orange bulbs. It was one of a series of events organised across the country to mark 16 Days of Activism Against Gender-Based Violence (known as just 16 Days). This year’s campaign slogan was ‘Orange the World: #HearMeToo’. The 2018 campaign theme was ‘End Gender-Based Violence in the World of Work’.

 

The Hall stayed orange for the whole 16 days ‘to display commitment and solidarity to the cause of protecting girls and women from violence’ according to a report in the Myanmar Times.

 

Elsewhere there were stage shows and TV programs, orange t-shirts and balloons, special frames to add to your Facebook or Snapchat photos, a film festival and awareness raising campaign covering Yangon, Mandalay, Taunggyi, Myitkyina, Sittwe and Hpa’An. There was even a 16 Days singing competition with a first prize of K5 million (about US$3,000).

 

A ceremony at Nay Pyi Taw was attended by senior politicians, MPs, diplomats and CSOs representatives (Global New Light of Myanmar, 2018).

 

But having read the available reports of these events, I could not find one reference to gender-based violence as anything but violence against women and girls. Where was the acknowledgement that gender-based violence is routinely committed against trans people (many of whom identify as women)? Or that sex workers experience horrific levels of violence while trying to earn a living in ‘the world of work’? Or that masculinity is also heavily policed through verbal, economic, physical and sexual violence?

 

Yes, the perpetrators in all of these forms of violence are often male. But not always. And not every man is a perpetrator. Many are also victims of gender-based violence (including sexual violence). This is true both in Myanmar and around the world.

 

I know that in saying this I risk being accused of being ‘an apologist’ for men’s violence. This is not the case; I totally reject gender-based violence in all its forms; including when young boys are beaten or belittled because they are too ‘soft’.

 

But I have seen firsthand how in Myanmar civil society there is a divide between ‘women’s issues’ and ‘other issues’. Too many non-women’s rights CSOs think ‘gender’ is really nothing to do with them. They might make reference to ‘gender’ in funding applications but that’s as far as they go. On the other hand, the women’s movement often sees ‘women’s issues’ (including violence against women) as somehow separate from the issues that affect so many different types of people in Myanmar.

 

Events such as 16 Days reinforce these false boundaries by implying that violence against women and girls is somehow separate to the violence experienced by women and men who belong to racial, ethnic and religious minorities (including minorities within minorities), or who have disabilities, or who are gay, lesbian, transgender, or do not otherwise ‘fit’ into norms of gender and sexuality (like sex workers). All of this violence is, of course, interlinked with poverty.

 

Isn’t it time for Myanmar’s progressive civil society organisations to start talking across the man/woman, gender/other issues divide?

 

Ref:
1) www.mmtimes.com/news/city-hall-lit-organge.html 
2) www.mmtimes.com/…/23813-csos-launch-16-days-of-activism-as-…
3) www.moi.gov.mm/moi:eng/?q=news/27/11/2018/id-15712

 

မှတ်ချက် - ကျား၊မအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ အမျိုးသမီးနှင့် အမျိုးသားများအကြား လူမှုရေးအရ သတ်မှတ်ချက်များ ကွဲပြားနေခြင်းအပေါ် အခြေခံကာ တစ်ဦးတစ်ယောက်၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး ထိခိုက်နစ်နာစေရန်ကျူးလွန်သည့် အပြုအမူမှန်သမျှကို ခြုံငုံဖော်ပြသော အသုံးအနှုန်းတစ်ခုဖြစ်သည်။

 

 

 

Please reload