top of page

Western donors need to respect the Myanmar government’s priorities and strategies. But their support

In December, LIFT issued a call for proposals for a three-year pilot programme (USD 2.3 million) called REAL DEV, to support the process of reclaiming under-utilised concession land and reallocating the land to the rural poor, landless, and others. The program will begin in Magway region with the potential to expand to other areas over 2-3 years according to the call for proposal.

The programme was reportedly developed due to the request from the government ministry (MOALI).

During the same month, Myanmar’s two largest activists network, Land In Our Hands (LIOH) and Myanmar Alliance for Transparency and Accountability (MATA) sent an open letter to LIFT urging them to suspend the call for proposals. The open letter also called for LIFT to reassess its operations against its own conflict sensitivity principles.

LIFT seems to have been oblivious to the ongoing land rights movement which has been critical of the 2018 Vacant, Fallow, and Virgin (VFV) amended law. This law mandates land to be registered (by families or communities) within six months. Otherwise, those lands will be categorized as vacant, fallow or virgin land, available for reallocation. The law is perceived by the civil society to be a facilitating and legitimizing tool for further dispossessions. It can even criminalize rural people’s land claims, if they are unable to obtain registration within the 6-month deadline.

There are two significant problems with LIFT’s pilot program.

First, it automatically sends a signal of support for the contested VFV law from the donor countries which LIFT is representing (including United Kingdom, European Union, Australia, Denmark, France, Ireland, Italy, Luxembourg, the Netherlands, New Zealand, Switzerland, Sweden, and the United States).

Second, the programme will help reinforce the VFV law in other parts of the country, including the ethnic and conflict-affected areas, thereby threatening the rights of the people who have been marginalized economically, socially, and politically for a long time.

Many times, the main rationale from the donors when questioned about their development program priorities in Myanmar is that they cannot refuse what the Government wants. While the donors should respect the countries’ development priorities and strategies, it should not be unconditional.

This type of behavior produces an implicit “de-empowering” message that individuals/institutions do not have to take responsibility for the outcomes of their actions. But that is exactly the mindset which Myanmar has to move away from. Too much injustice which has taken place is not accounted for. Restoring justice still seems like a million miles away.

Moreover, how aid is given legitimizes a certain group of actors and de-legitimizes others.

LIFT’s REAL DEV programme is ignoring overwhelming calls from the civil society organizations from across the country and helping to force life into the implementation of the highly controversial law, which has no respect to the customary tenure rights.Repeatedly, ethnic minority groups have been claiming there is no ‘vacant’, ‘fallow’, ‘virgin’ land in their territories nor are there such concepts. To echo the joint statement from LIOH and MATA, “the vacant, fallow and virgin land law seriously undermines the democratic federal principles and norms that form the foundations of ethnic calls for peace and self-determination”.

For Myanmar, in addition to the prolonged armed conflict, land grabbing has for decades uprooted and dispersed families and forced significant number of people to scatter into fragile situations as internally displaced people (IDPs) or refugees. Until now, only a handful of cases have been resolved and tens of thousands of refugees and IDPs are yet to return to their original places.

When international assistance is given in the context of a conflict, it becomes a part of that context and thus also of the conflict. Funding organizations often seek to be neutral, however, the impact of their aid is seldom neutral regarding whether conflict worsens or lessens. International community providing support in Myanmar should be constantly scanning the shifting socio-political context to identify dividers and connectors of the conflict according to the Do No Harm principles and see whether their assistance is causing more fractures to the already strained situation or bridging the fractures.

In this regard, it would be very interesting to read LIFT’s ‘Do No Harm’ or conflict sensitivity analysis which should have been part of its decision- making process leading to this call. And it would also be interesting to learn about LIFT’s strategy to push the Government towards developing a National Land Law, based on the National Land Use Policy which recognize and promote customary tenure rights and women’s land rights.

On LIFT’s website say that the next phase for LIFT has at its heart ‘leaving no one behind’. That is something that LIFT should unwaveringly aspire to in everything that they do in Myanmar.

လွန်ခဲ့သော ဒီဇင်ဘာလတွင် နိုင်ငံတကာရံပုံငွေစုပေါင်းထားသည့် LIFT မှ ဒေါ်လာ ၂.၃သန်းကုန်ကျခံမည့် ၃နှစ်တာ စမ်းသပ် စီမံကိန်းတစ်ခုဖြစ်မည့် REAL DEV အတွက် အဆိုပြုလျှောက်နိုင်ရန်ကြေငြာခဲ့ပါသည်။ ထိုစီမံကိန်းအနေဖြင့် ကျေးလက်မှဆင်းရဲသည့်ပြည်သူများ၊ မြေယာမဲ့များ နှင့် အခြားလိုအပ်သည့်သူများအတွက် အသုံးပြုရန်ချထားပေးသော်လည်း အသုံးမပြုသည့်မြေများကို ပြန်လည်ဖော်ထုတ်ကာ မြေယာခွဲဝေမှုပြုလုပ်သည့် ဖြစ်စဉ်အတွက် အထောက်အကူပြုရန်ရည်ရွယ်သည်ဟု နားလည်ပါသည်။ မကွေးတိုင်းတွင် စတင် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး နောင် ၂နှစ် ၃နှစ်ကာလတွင် အခြားနေရာများတွင်လည်းတိုးချဲ့နိုင်ချေရှိသည်ဟု အဆိုပြုလွှာခေါ်ဆိုသည့်ကြေငြာတွင်ဖော်ပြထားပါသည်။

စီမံကိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ တောင်းဆိုမှုအရဖြစ်လာသည်ဟုလည်း ဖော်ပြထားပါသည်။

ထိုတစ်လတည်းတွင် မြန်မာနိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများဖြင့်ဖွဲ့စည်းထားသော အကြီးဆုံးကွန်ရက် နှစ်ခု ဖြစ်သည့် ဒို့မြေကွန်ရက် (LIOH) နှင့် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) တို့မှ LIFT ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကာ ယခုအဆိုပြုလွှာခေါ်ဆိုထားသည့် အစီအစဉ်ကို ရပ်တန့်ပေးရန် နှင့် LIFT မှ လိုက်နာဆောင်ရွက်ရမည့် conflict sensitivity စည်းမျဉ်းများ အလိုက်ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ပါသည်။

LIFT အနေဖြင့် လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော၂၀၁၈ မြေလွတ်၊မြေလပ်၊မြေရိုင်းပြင်ဆင်သည့်ဥပဒေအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကာ မြေယာဆိုင်ရာအခွင့်အရေး တောင်းဆိုသည့် လှုပ်ရှားမှုအကြောင်း သိမြင်ပုံမပေါ်ပါ။ ထိုဥပဒေသည် နိုင်ငံအတွင်းရှိအသုံးပြု နေသည့်မြေအားလုံးကို ၆လအတွင်း မှတ်ပုံတင်ရန်ညွှန်ကြားထားပြီး မှတ်ပုံမတင်ပါက ထိုမြေများကို မြေယာပြန်လည်ခွဲဝေပေးရန်အတွက် မြေလွတ် မြေလပ် မြေရိုင်း သတ်မှတ်မှုအောက်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။ ထိုဥပဒေအား အရပ်ဘက်အဖွဲ့အစည်းများမှ မြေယာသိမ်းယူမှုပိုမို ဖြစ်ပေါ်စေနိုင်ကာ မြေသိမ်းမှုကို တရားဝင်ဖြစ်စေနိုင်သည့် လက်နက် တစ်ခုကဲ့သို့ ရှုမြင်ကြပါသည်။ ယခု ဥပဒေ ကြောင့် တောင်သူများအနေဖြင့် ၆လအတွင်း မှတ်ပုံမတင်နိုင်ပါက ၄င်းတို့မြေပေါ်မှာပင် ရာဇ၀တ်သားအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါသည်။

LIFT ၏ ယခုစီမံကိန်းတွင် အရေးကြီးသည့် ပြသာနာနှစ်ခုရှိနေပါသည်။

ပထမအချက်အနေဖြင့် ယခုစီမံကိန်းကို ပံ့ပိုးခြင်းအားဖြင့် LIFT ၏ စုပေါင်း ရံပုံငွေတွင် ထည့်ဝင်ကျသော နိုင်ငံများဖြစ်သည့် ဗြိတိသျှ၊ ဥရောပသမဂ္ဂ၊ သြစတေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်၊ အမေရိကန် တို့အနေဖြင့်လည်း ယခုကဲ့သို့ ဖျက်သိမ်းရန်၊ ပြင်ဆင်ရန်အပူတပြင်းတောင်းဆိုနေ သည့် မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေကို ထောက်ခံပါသည်ဟူသည့် အချက်ပေးနေသကဲ့သို့ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ယခုစီမံကိန်းအားဖြင့် မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေကို နိုင်ငံ၏ အခြားအစိတ်အပိုင်းများ - တိုင်းရင်းသားနှင့် ပဋိပက္ခ ဒဏ်ခံရသည့် ဒေသများအပါအ၀င် - တွင် ကျင့်သုံးရန် ပိုတွန်းအားပေးစေပါသည်။ထိုသို့ဆိုလျင် နှစ်ပေါင်းများစွာ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးအရ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဘေးထုတ်ဖယ်ကျင် ခံခဲ့ရသော သူများ၏ အခွင့်အရေးသည် ယခုထက်ပင် ပို၍ ချိန်းခြောက်ခံရမည်ဖြစ်သည်။

အလှူ ရှင်အဖွဲ့အစည်းများကို ၄င်းတို့ စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ရာတွင် အခါပေါင်းများစွာကြားရလေ့ရှိသည့် အကြောင်းပြချက်မှာ သူတို့အနေဖြင့် အစိုးရမှ တောင်းဆိုလာလျင် ငြင်းရခက်သည်ဟုဆိုခြင်းဖြစ်သည်။ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာဦးစားပေးမှုများနှင့် ဗျူဟာများကို လေးစားသင့်သော်လည်း သင့်လျော်သည့် အခြေအနေအပေါ်မူတည်ရမည်ဖြစ်သည်။

ထိုကဲ့သို့အကြောင်းပြချက်ပေးတတ်သည့် အပြုအမူသည် သွယ်ဝိုက်သောနည်းဖြင့် စိတ်ဓာတ်ခွန်အား ရုတ်လျော့စေသည့် အသိဖြစ်စေပါသည်။ လူတစ်ဦးဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ ၄င်းတို့၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိုးဆက်များအတွက် တာဝန်မယူပဲ အခြားတစ်ဘက်သို့ ပုံချနိုင်သည်ဆိုသည့် အဓိပ္ဗယ်ရောက်ပါသည်။ ယခုကဲ့သို့စိတ်နေစိတ်ထားထံမှ မြန်မာနိုင်ငံအနေဖြင့် တတ်နို်င်သမျှ အဝေးဆုံးနေရမည်ဖြစ်သည်။ လက်ရှိအချိန်ထိ မတရားမှုအများစုအတွက် တာဝန်ယူမည့်သူ ကင်းမဲ့နေသလို တရားမျှတမှုပြန်လည်ရရှိရန် ခရီးမှာလည်း မိုင်ပေါင်းများစွာဝေး နေသကဲ့သို့ဖြစ်နေပါသည်။

ကူညီထောက်ပံ့မှုတစ်ခုပေးရာတွင်သည် အချို့သောအုပ်စုကို “တရားဝင်မှု” ပေးပြီး အခြားတစ်အုပ်စုကိုတော့ "တရားဝင်မှု" မပေးသကဲ့သို့ဖြစ်တတ်ပါသည်။

LIFT ၏ REAL DEV စီမံကိန်းသည် အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုနေမှုများကို မျက်ကွယ်ပြုကာ တိုင်းရင်းသား မြေယာဆိုင်ရာအခွင့်အရေးများကို လေးစားမှုလုံးဝမရှိပဲ အငြင်းပွားဖွယ်ရာအလွန်ဖြစ်သည့်ဥပဒေအား အသက်သွင်းရန်ကူညီနေပါသည်။

တိုင်းရင်းသားအဖွဲ့များအနေဖြင့် ထပ်ခါထပ်ခါကို ၄င်းတို့ဒေသတွင် မြေလွတ် မြေလပ် မြေရိုင်း မရှိသည့်အပြင် ထိုကဲ့သို့အဓိပ္ပယ်သက်ရောက်မှုများကိုလည်း လက်မခံဟု ကြွေးကျော်ခဲ့ ပြီးဖြစ်သည်။ LIOH နှင့် MATA ပူးပေါင်းပေးပို့သည့်စာတွင် ပါသည့်အတိုင်းဖော်ပြရလျင် “ မြေလွတ်/လပ်/ရိုင်း ဥပဒေသည် ငြိမ်းချမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်းရင်းသားများတောင်းဆိုတိုက်ပွဲဝင်နေသည့် အခြေခံအုတ်မြစ်များဖြစ်သော ဒီမိုကရေစီ၊ ဖယ်ဒရယ်အခြေခံမူနှင့် စံနှုန်းများကို အလွန်အမင်း အားနည်း ယုတ်လျော့စေသည်။”

မြန်မာနိုင်ငံအတွက်ဆိုလျင် လက်နက်ကိုင် ပဋိပက္ခ အပြင် မြေယာသိမ်းယူမှုသည် မိသားစုပေါင်းများစွာ၊ လူပေါင်းများစွာ ကို ကွဲပြားစေပြီး မတည်ငြိမ်သည့်အခြေအနေအမျိုးမျိုးသို့ နှစ်ပေါင်းများစွာ တွန်းပို့ကာ ပြည်တွင်းနေရပ်စွန့်ခွာရသူ များအနေဖြင့် ၄င်း၊ နိုင်ငံရပ်ခြားတွင် ခိုလှုံရသူများအဖြစ်၎င်း ပြောင်းလဲပေးခဲ့သည်။ယခုအချိန်အထိ မြေယာသိမ်းယူမှုအတွက် ဖြေရှင်းနိုင်ခြင်းမှာ အနည်းကျဉ်းသာရှိပြီး ထောင်ပေါင်းများစွာသောသူများသည် ၄င်းတို့၏ မူလနေရာ တွင် ပြန်လည်နေထိုင်နိုင်ရန်အလှမ်းဝေးနေပါသေးသည်။

နိုင်ငံတကာအကူအညီများအနေဖြင့် ပဋိပက္ခ နောက်ခံအခြေအနေတွင် ပံ့ပိုးပေးရသည့်အခါ ၄င်းတို့သည် အခြေအနေ၏ တစိတ်တပိုင်းဖြစ်လာသည်နှင့်အတူ ပဋိပက္ခ ၏ တစိတ်တပိုင်းလည်းဖြစ်လာပါသည်။ တဘက်တွင်လည်း ရံပုံငွေပေးသည့် အဖွဲ့အစည်းများသည် ဘက်မလိုက်ဖို့ကြိုးစားကျသည်။ သို့သော်လည်း ၄င်းတို့ ကူညီထောက်ပံ့မှု၏ အကျိုးဆက်သည် ပဋိပက္ခ ပိုဆိုးစေနိုင်သလား၊ နည်းလာစေသလားနှင့်ပတ်သက်၍ ဘက်လိုက်မှုမရှိသည်မှာရှားပါသည်။ မြန်မာနိုင်ငံတွင် ပေးနေသော နိုင်ငံတကာအကူအညီများအဖြင့် ပြောင်းလဲနေသည့် လူမှုရေး၊နိုင်ငံရေးဆိုင်ရာအခြေအနေများကို အမြဲမပြတ် လေ့လာနေရမည်ဖြစ်ပါသည်။ Do No Harm စည်းမျဉ်းများအတိုင်း ပဋိပက္ခတွင် တစ်ဖက်နှင့်တစ်ဖက် ကွဲစေသည့်အချက်များ၊ ချိတ်ဆက်ပေးနိုင်သည့်အချက်များကို ဆန်းစစ်ကာ ၄င်းတို့၏ ကူညီထောက်ပံမှုသည် တင်းမာနေသည့်အခြေအနေတစ်ခုကို ပိုပြီး အက်ကြောင်းထင်စေနိုင်သလား သို့မဟုတ် အက်ကြောင်းများကို ပြန်လည်ချိတ်ဆက်ပေးနိုင်သလားဟူ၍ သုံးသပ်ထားရမည်ဖြစ်သည်။

ထို့ကြောင့် LIFT မှပြုလုပ်ထားသော Do No Harm သို့မဟုတ် Conflict sensitivity သုံးသပ်ချက်ကို ဖတ်နိုင်ရန် အလွန်စိတ်ဝင်စားပါသည်။ ထိုသုံးသပ်ချက်အားဖြင့် LIFT အနေနှင့် ယခုအဆိုပြုလွှာ ခေါ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ထင်မြင်သောကြောင့်ဖြစ်သည်။ ထို့အပြင် LIFT အနေဖြင့် အစိုးရကို တိုင်းရင်းသားမြေယာအခွင့်အရေးနှင့် အမျိုးသမီးမြေယာအခွင့်အရေးများကို အသိအမှတ်ပြုမြှင့်တင်သည့် အမျိုးသားမြေယာအသုံးချမှု မူဝါဒအပေါ် အခြေခံသည့် အမျိုးသားမြေယာဥပဒေတစ်ခုဖော်ထုတ်နိုင်ရန် ပံ့ပိုးမည့် ဗျူဟာကိုလည်း စိတ်ဝင်စားပါသည်။

LIFT ၏ ၀က်ဘ်ဆိုဒ်အပေါ်တွင် ၄င်းအဖွဲ့အစည်း၏ ၂၀၁၉ မှစတင်မည့် ဗျူဟာအသစ်ကို “မည်သူ့မှ မချန်ထားပါ” ဟုဆောင်ပုဒ်ဖြင့် ဗဟိုပြုထားသည်ဟုဖော်ပြထားပါသည်။ ၄င်းအနေဖြင့် လုပ်ဆောင်သည့် လုပ်ငန်းအားလုံးကို မယိမ်းယိုင်ပဲ ထိုဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။

Photo credit to LIOH facebook

bottom of page