Is foreign aid to Myanmar ‘politically’ driven? A new blog series on the history of foreign aid to M

In some circles in Yangon these days (involving both Myanmar people and foreigners) it has become almost cliché to criticise foreign aid as being politically driven – whether aid from Norway, the United States, Australia, Canada or others. But the reduction of donors’ aid programmes as driven purely by national interests oversimplifies a more complex reality.

The history of international aid in Myanmar shows that international aid programmes are shaped by a variety of factors. Donors are made up of real people who juggle diverse and often competing priorities. Over time, these priorities shape how aid is used as a tool to reach certain aims, some of them idealist and some more (geo)political.

As individuals within donor and aid agencies grapple with different pressures and priorities, they must also make sense of the complex political situations within which they operate.

For many people, especially foreigners, the (over)simplification of on-the-ground realities becomes a survival strategy. In Myanmar, donors’ international aid programmes have historically been shaped by interpretations, which reduced messy political and historical realities to a relatively simple and relatable story of ‘good’ versus ‘evil’.

At the same time, the decisions that international donors make concerning where and how to channel international aid in effect amount to decisions about who are legitimate socio-political actors and agents of change. Who is ‘okay’ and who is not. Aid therefore gives labels such as legitimate or illegitimate, and inevitably affecting power balances. This in turn has potential development and political consequences in already fractured societies.

When Myanmar was under military rule in the 1990s-2000s, Western donors funded non-government organisations to work around the government, engaging in humanitarian and development work with community and opposition groups.

During the Thein Sein period, donors then increasingly channelled funding to government agencies, and NGOs were expected to cooperate with the state. As the scale of the crisis in Rakhine State has become apparent, donors are now once again cautious about government engagement. In reality, the key players in Myanmar’s ‘development’ have remained largely the same throughout these periods; what has shifted are international definitions of legitimate agents of development. Who is ‘okay’ and who is not.

There have been many positive outcomes from international aid to Myanmar. But through their unstable and shifting interpretations, donor agencies have, over the years, often failed to work clearly and accountably with different actors – whether local organisations, the Myanmar state or ethnic armed groups. Shifts in donor aid programmes over time in Myanmar have meant that different actors have been constructed as legitimate partners or illegitimate pariahs at different times. Within the context of a profoundly fractured society, such shifts can have significant negative impacts on long-term development and peace.

In this new blog series on the history, politics and ethics of international aid to Myanmar, we will be exploring international aid to Myanmar, as well as the development and political impacts of donor aid programmes. We welcome guest posts on these topics – whether general analyses or case studies showcasing the different development and political outcomes of international aid programmes.

မြန်မာနိုင်ငံအတွက် ပံ့ပိုးမှုပေးနေသောနိုင်ငံတကာအထောက်အပံ့များ၏သမိုင်းကြောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြသွားမည့် ဘလော့အသစ်တစ်ခုဖြစ်ပါသည်။

အမေရိကန်၊ နော်ဝေး၊ သြစတြေးလျ၊ ကနေဒါ၊ သို့မဟုတ် အခြားမည်သည့်နိုင်ငံရပ်ခြားက လာသည့် နိုင်ငံတကာ အကူအညီများဖြစ်ပါစေ ၄င်းတို့၏ နောက်ကွယ်တွင် နိုင်ငံရေးတွန်းအားများရှိနေသည်ဟူ၍ မြန်မာနှင့် နိုင်ငံခြားသားနှစ်မျိုးစလုံးပါဝင်သည့် ရန်ကုန်မြို့၏ ယနေ့စကားဝိုင်းအချို့တွင် အပ်ကြောင်းထပ်လုနီးပါးကြားလာရသည်။ သို့သော်လည်း အလှူရှင်များ၏ အထောက်အပံ့အစီအစဉ်များကို အမျိုးသားအကျိုးစီးပွားတို့က အဓိကမောင်းနှင်နေသည်ဟု ဆိုပြန်လျင်လည်း လက်တွေ့တွင် အမှန်တကယ် ရှုပ်ထွေးသည့်ပကတိအခြေအနေကို ပေါ့ပျက်ပျက်ဖြစ်သွားစေပါမည်။

မြန်မာနိုင်ငံအတွက်ပေးခဲ့သော နိုင်ငံတကာအကူအညီများ၏သမိုင်းကြောင်းကိုပြန်ကြည့်မည် ဆိုပါက နိုင်ငံတကာအထောက်အပံ့စီမံချက်များကိုပုံဖော်ပေးနေသောအကြောင်းအချက်များစွာရှိနေပါသည်။ အလှူရှင်များဆိုသည်မှာလည်း အမျိုးမျိုးကွဲပြားလျက်ရှိကာ အပြိုင်အဆိုင်ဖြစ်နေသောဦးစားပေးများစွာကို လှည့်လည်ကိုင်တွယ်နေရသည့်လူသားများဖြင့်ဖွဲ့စည်းထားခြင်းသာဖြစ်သည်။ အချို့သောရည်မှန်းချက်ပန်းတိုင်များ သို့ရောက်ရှိရန် အကူအညီအထောက်အပံ့များကို နည်းလမ်းတစ်ခုအဖြစ်မည်ကဲ့သို့အသုံးချမည်ဆိုသည်ကို အဆိုပါ ဦးစားပေးမှုများက အချိန်နှင့်အမျှ ပုံဖော်သွားခဲ့သည်။ အချို့ဦးစားပေးများမှာ စိတ်ကူးယဉ်ဆန်သယောင်ရှိပြီး အချို့မှာ (ပထဝီ) နိုင်ငံရေးပိုဆန်နေသည်။

အလှူရှင်အဖွဲ့အစည်းများနှင့်အထောက်အပံ့ပေးသောအဖွဲ့အစည်းများတွင်လုပ်ကိုင်နေကြသူများအနေဖြင့်လည်း အမျိုးမျိုး သောဖိအားများ၊ ဦးစားပေးမှုများနှင့်လုံးပန်းနေကြရသူများဖြစ်သောကြောင့် ၎င်းတို့လုပ်ငန်းဆောင် ရွက်ရာပတ်ဝန်းကျင်၏ရှုပ်ထွေးလှသောနိုင်ငံရေးအခြေအနေများကိုလည်း နားလည်မှုတည် ဆောက်နေရမည်ဖြစ်သည်။

လူအများစုအတွက် (အထူးသဖြင့်နိုင်ငံခြားသားများအတွက်) လက်တွေ့မြေပြင်ပေါ်တွင် ဖြစ်နေသောအခြေအနေမှန်များကို အလွန်ရိုးရှင်းစွာသာ ရှုမြင်လိုက်ခြင်းသည် ၄င်းတို့ရပ်တည်ရန်အတွက်နည်းဗျူဟာ တစ်ခုကဲ့သို့ ဖြစ်လာပါသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာအထောက်အပံ့အစီအစဉ်များသည် ရှုပ်ထွေးလှသော နို်င်ငံရေး နှင့် သမိုင်းကြောင်းအခြေအနေကို ရိုးစင်းပြီး လူပြိန်းကြိုက် ‘အကောင်း’ နှင့် ‘အဆိုး’ နှစ်ဖက်သာရှိသော ဇာတ်လမ်းအဆင့် မျှသာ လျှော့ပေါ့ထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ခေတ်အဆက်ဆက်ပုံသွင်းခံလာရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအလှူရှင်များအနေဖြင့် ၄င်းတို့၏ နိုင်ငံတကာအထောက်အပံ့များကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးပြုမည်ဆိုသည့် ဆုံးဖြတ်ချက်များသည် မည်သူက လူမှုရေး-နိုင်ငံရေး လှုပ်ရှားသူများဖြစ်သည်၊မည်သူက အပြောင်းအလဲအတွက် ဆောင်ရွက်သူများဖြစ်သည်ဆိုသည့် ဆုံးဖြတ်ချက်ပေးသကဲ့သို့ အကျိုးသက်ရောက်လာပါသည်။ မည်သူတို့က ’အဆင်ပြေ’ နိုင်ပြီး မည်သူတို့က ‘အဆင်မပြေနိုင်’ စသည့်ဆုံးဖြတ်ချက်များပါဝင်သည်။

ထိုကဲ့သို့ သဘောသဘာဝကြောင့် အထောက်အပံ့များအနေဖြင့် တရားဝင်ခြင်း၊ မ၀င်ခြင်း သို့မဟုတ် ဘောင်ဝင်ခြင်း၊ မ၀င်ခြင်း စသည့်တံဆပ်ကပ်လိုက်သကဲ့သို့ဖြစ်သောကြောင့် ပါဝါထိန်းညှိမှုအပေါ် အကျိုးသက်ရောက်မှုဖြစ်သည်မှာ မလွှဲရှောင်နိုင်ပေ။ နောက်ဆက်တွဲမှာ ကွဲပြားမှုများရှိနေပြီးသော လူမှုပတ်ဝန်းကျင်တွင် ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များဖြစ်ပေါ်စေပါသည်။

၁၉၉၀-၂၀၀၀ ခုနှစ်များအတွင်း မြန်မာနိုင်ငံအနေဖြင့် စစ်အစိုးရအုပ်ချုပ်မှုအောက်ရှိစဉ်အချိန်က အနောက်တိုင်းမှအလှူရှင်များသည် လူသားချင်းစာနာထောက်ထားသောလုပ်ငန်းများနှင့်ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဒေသခံများ၊ အတိုက်အခံအုပ်စုများမှ ထိုစဉ်က အစိုးရလက်အောက်တွင် မီးစင်ကြည့်ကကာ ဆောင်ရွက်နိုင်ရန် ရံပုံငွေပံ့ပိုးမှုပေးခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင်မူ အလှူရှင်များသည်အစိုးရအဖွဲ့အစည်းများကို ယခင်ကထက်ပို၍ ပံ့ပိုးမှု များပေးလာခဲ့ပြီး NGO များကိုအစိုးရနှင့်ပူးပေါင်းလုပ်ကိုင်ရန်မျှော်လင့်ခဲ့သည်။ ရခိုင်ဒေသပဋိပက္ခအခြေအနေ ပိုမိုကြီးထွားလာသောအခါ နိုင်ငံတကာအလှူရှင်များသည်အစိုးရနှင့်ပူးပေါင်းလုပ်ကိုင်ရသောလုပ်ငန်းများကို သတိထားလာကြပြန်သည်။ လက်တွေ့မှာတော့ မြန်မာ့ ‘ဖွံ့ဖြိုးရေး’ တွင်အဓိကလှုပ်ရှားနေကြသူများမှာ ခေတ်ကာလပြောင်းပါစေ အများအားဖြင့်ပြောင်းလဲမှုမရှိခဲ့ပါ။ သို့သော်ပြောင်းလဲနေသည်မှာ ဖွံ့ဖြိုးရေးနယ်ပယ်၏ ‘တရားဝင်သော’၊ ‘ဘောင်ဝင်သော’ အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှအဓိပ္ပါယ်ဖွင့်ဆိုချက်များပင် ဖြစ်သည်။ မည်သူက ‘အဆင်ပြေ’ သည်၊ မည်သူက ‘အဆင်မပြေ’ဟူ၍ သတ်မှတ်ချက်အပါအ၀င်ဖြစ်သည်။

မြန်မာနိုင်ငံသို့ပေးခဲ့သော နိုင်ငံတကာအထောက်အပံ့များကြောင့် အပြုသဘောဆောင်သောပြောင်းလဲမှု အမြောက်အမြားရှိပါသည်။ သို့သော် ၎င်းတို့၏မတည်ငြိမ်သော၊ ရွှေ့ပြောင်းနေသောအနက်ဖွင့်ဆိုချက်များကြောင့် အလှူရှင်အဖွဲ့အစည်းများသည် ဒေသအဖွဲ့အစည်းနှင့်ဖြစ်စေ၊ မြန်မာနို်င်ငံ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ဖြစ်စေ လှုပ်ရှားဆောင်ရွက်သူအမျိုးမျိုးနှင့်ရှင်းလင်းစွာ၊ တာဝန်ခံမှုရှိစွာလုပ်ကိုင် ရန် မကြာခဏ ပျက်ကွက်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွက်ပေးအပ်သောအထောက်အပံ့စီမံချက်များ သည် အချိန်နှင့်အမျှ ပြောင်းလဲနေခြင်းကြောင့် 'တရားဝင်သော'၊' ဘောင်ဝင်သော' မိတ်ဖက်များ သို့မဟုတ် 'တရားမဝင်သော'၊ 'ဘောင်မဝင်သော' အပစ်ပယ်ခံများဟူ၍သတ်မှတ်ခံရသည့်သူများမှာလည်းအချိန်နှင့်အမျှပြောင်းလဲ လျက်ရှိနေသည်။ ထိုကဲ့သို့သော အပြောင်းအရွှေ့များသည် နဂိုမူလကပင်အက်ကြောင်းများရှိနှင့်ပြီးဖြစ်သော လူ့အဖွဲ့ အစည်း၏ရေရှည်ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးအတွက် အနုတ်သဘောဆောင်သောသက်ရောက်မှုများသိသာထင်ရှားစွာ ဖြစ်ပေါ်စေပါသည်။

မြန်မာနိုင်ငံအတွက်ပေးအပ်သောအပြည်ပြည်ဆိုင်ရာအကူအညီအထောက်အပံ့များ၏ သမိုင်းကြောင်း၊ နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာတို့နှင့်ပတ်သက်၍ ဤဘလော့အသစ်တွင် လေ့လာသွားမည့်အပြင် အလှူရှင်များမှပေးအပ်လျက်ရှိသော ထောက်ပံမှုစီမံချက်များမှ ဖွံ့ဖြိုးရေးနှင့်နိုင်ငံရေးတို့အပေါ်သက်ရောက်လျက်ရှိနေသောအကျိုးဆက်များကိုပါ လေ့လာဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါခေါင်းစဉ်များနှင့်ဆိုင် သော ယေဘုယျသုံးသပ်ချက်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာအထောက်အပံ့စီမံချက်များကြောင့် ဖွံ့ဖြိုးရေးနှင့်နိုင်ငံရေးရလဒ်အမျိုးမျိုးကို ထောက်ပြထားသောလေ့လာဆန်းစစ်မှုဖြစ်စေ ရေးသားတင်ပြ ဆွေးနွေးလာမည့် အခြားမိတ်ဆွေများကိုလည်း ကြိုဆိုပါသည်။

photo credited to ghadovocates.eu