top of page

The division of powers in federalism – Myanmar and beyond ဖယ်ဒရယ်စနစ်အောက်တွင် အာဏာခွဲဝေခြင်း - မြန်


နှစ်သစ်အစဦးကာလ ကျွန်တော်တို့ အားလပ်ရက်ယူနေတဲ့ အချိန်အတောအတွင်းမှာ အန်အယ်လ်ဒီအနေနဲ့ အခြေခံဥပဒေပြောင်းလဲနိုင်ဖို့အတွက် အဆိုပြုလွှာပြင်ဆင်တာနဲ့ အလုပ်တွေရှုပ်နေခဲ့ပုံရပါသည်။ ဒီအဖြစ်အပျက်ကတဆင့် တကယ့်ကိုစစ်မှန်သည့် ဖယ်ဒရယ်နိုင်ငံထူထောင်ဖို့ခရီးလမ်းသည် အဝေးကြီးကျန် နေသေးသည်ကို မြင်ရပါသည်။

ကျွန်တော် ဖယ်ဒရယ်နှင့်ပတ်သက်ပြီး ပထမဦးဆုံးတင်ပြသည့် ဆောင်းပါးတွင် ၄င်း၏ အခြေခံအဓိပ္ပယ်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ဖယ်ဒရယ်သည် လုပ်ပိုင်ခွင့်အာဏာများကို အစိုးရအလွှာတစ်ခုထက်ပိုသည့် အဆင့်များကြားတွင် ခွဲဝေ၍ဖြစ်စေ၊ မျှဝေ၍ဖြစ်စေ အုပ်ချုပ်သည့် စနစ် တစ်ခုဖြစ်သည်။ အာဏာခွဲဝေသည့်ပုံစံကို နိုင်ငံ၏ အခြေခံဥပဒေတွင် အတိအကျ ပြဌာန်းထားပါသည်။

လုပ်ပိုင်ခွင့်အာဏာဟုဆိုလျင် ကျွန်တော်ဆိုလိုချင်သည်မှာ အကြောင်းအရာတစ်ခုခု (ဥပမာ ပညာရေး၊ သဘာဝသယံဇာတ၊ တရားဥပဒေစိုးမိုးရေး၊ ၀င်ငွေခွန် စသည်တို့နှင့်) ပတ်သက်ပြီး ဥပဒေများ ပြုပိုင် ခွင့်နှင့် ပြဌာန်းပိုင်ခွင့်တို့ကိုဆိုလိုပါသည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းသည် ဖယ်ဒရယ်၏ အခြေခံဖြစ်သည်။ သို့သော် ဖယ်ဒရယ်နိုင်ငံတစ်ခုချင်းစီတွင် မတူညီသော ကိုယ်ပိုင်ပုံစံအမျိုးမျိုးရှိပါသည်။ တချို့က ဗဟိုချုပ်ကိုင်မှု ပိုများကာ တချို့ကတော့ ဗဟိုချုပ်ကိုင်မှု နည်းပါးပါသည်။

အစောပိုင်း ဖယ်ဒရယ်နိုင်ငံများ (ဥပမာ အမေရိကန်နှင့် သြစတေးလျနိုင်ငံများ) တို့၏ ပြည်နယ်နှင့် တိုင်းများသည် အာဏာ အများစုကို ယူထားသည်ဟု ဆိုနိုင်သည်။ နောက်ပိုင်း (ဒုတိယကမ္ဘာစစ်နောက်ပိုင်း) ဖယ်ဒရယ်နိုင်ငံများတွင်မူ ဗဟိုအစိုးရက အဓိက အာဏာယူထားပါသည်။ ထိုကဲ့သို့မတူညီရခြင်းမှာ ထိုနိုင်ငံများ၏ ဖယ်ဒရယ်အခြေခံဥပဒေသည် ယခင်က လွတ်လပ်စွာတည်ရှိခဲ့ သော ပြည်နယ်များ လာစုပေါင်းရာမှဖြစ်ပေါ်လာသော အကျိုးဆက်ကြောင့်လား (ထို့ကြောင့် ၄င်းတို့၏ ယခင်ရှိနှင့်ပြီးသော ကိုယ်ပိုင်အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်ကြိုးပမ်းခြင်း) သို့မဟုတ် ယခင်ကတည်းက အတူတည်ရှိခဲ့သောနိုင်ငံကို ဆက်လက်စုစည်းရန်ကြိုးပမ်းခြင်း၏ အကျိုးဆက် ကြောင့်လားဟူ၍ ကွာသွားနိုင်ပါသည်။

အပြန်အလှန်ငြင်းဆိုနိုင်သည့် အချက်မှာ ၁၉ ၄၇ကာလတွင် မြန်မာနိုင်ငံသည် ပြည်နယ်များ လာ၍ စုပေါင်းခြင်း(coming together) ကြောင့်ဟု ပြောနိုင်သော်လည်း ယနေ့အချိန်တွင်မူ ဆက်လက်စုစည်းရန် (holding together) ကြိုးပမ်းသည့် ပုံစံ ဖြစ်နေသည်။

လုပ်ပိုင်ခွင့်သည် အစိုးရအဆင့်တစ်ခုအတွက် သီးသန့်ဖြစ်နိုင်သည်။ သို့မဟုတ် ဗဟိုအဆင့် - ပြည်နယ်နှင့် တိုင်းများကြား မျှဝေသည့် ပုံစံဖြစ်နိုင်သည်။ ဒုတိယပုံစံတွင် ဗဟိုအစိုးရမှ ပြဌာန်းထားသော ဥပဒေသည် အခြားအစိုးရအဆင့်မှ ပြဌာန်းထားသော ဥပဒေနှင့် မတူညီမှုတစ်ခုဖြစ်လာခဲ့လျင် ၄င်းသည် အထက်တွင်ရှိတတ်သည်။

လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုအတွက် ပုံစံတပြေးညီသတ်မှတ်ရန်မရှိပါ။ မလေးရှားနိုင်ငံမှ ကျင့်သုံးနေသော ဖယ်ဒရယ်စနစ်ပုံစံတွင် ပြည်နယ်များအတွက် အာဏာခွဲဝေမှုကဏ္ဍမှာနည်းသော်လည်း ခိုင်မာမှုရှိသည်။ ထိုထဲတွင် ငါးဖမ်းလုပ်ငန်း၊ အများပြည်သူအားလပ်ရက်သတ်မှတ်ခြင်း စသည်တို့ ပါသည်။ သို့သော် ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး သို့ဝင်ငွေခွန်ဆောင်ခြင်း စသည်တို့မပါပါ။

တစ်ဖက်တွင်လည်း သီရိလင်္ကာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများသည် အရေးပါသော ကဏ္ဍများ (ရဲအရေးကိစ္စနှင့် ပြည်သူလူထုလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်ကိစ္စရပ်များ) အတွက် လုပ်ပိုင်ခွင့် အာဏာများရရှိထားသည်။ သို့သော်လည်း ၄င်းတို့သည် လွယ်လင့်တကူ မသိကျိုးကျွန်ပြုခံရနိုင်ကာ ဖျက်သိမ်းခြင်း၊ အာဏာခွဲဝေမှုမပေးတော့ခြင်း စသည်တို့ခံရနိုင်သည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် အခွန်စည်းကြပ်ရေး၊ စိုက်ပျိုးရေး၊ အချို့သောသဘာဝသယံဇာတအရေးကိစ္စ၊ ပို့ဆောင်ရေးနှင့် အခြားကဏ္ဍများကို ပြည်နယ်နှင့် တိုင်းများထံသို့ လုပ်ပိုင်ခွင့်ပေးထားပါသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှာလည်း ဒေသန္တရအစိုးရကဲ့သို့လုပ်ငန်းများ ဥပမာ မြို့နှင့် ကျေးရွာများတွင် ရေပေးဝေခြင်း စသည်တို့ ဆောင်ရွက်ပါသည်။

သို့သော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက်မူ ဤမျှလောက်သော အာဏာခွဲဝေမှုသည် မလုံလောက်ပါ။ ဘာသာစကား၊ ပညာရေး၊ ကျန်းမာရေး၊ အရေးကြီး သဘာဝသယံဇာတအရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေး နှင့် ဖယ်ဒရယ်စစ်တပ်ထူထောင်ရန်အထိ လုပ်ပိုင်ခွင့်တောင်းဆို နေပါသည်။

သို့သော်လည်း စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး မေးခွန်းရှိပါသည်။ ကျွန်တော်ဆွေးနွေးဖြစ်သည့် အစိုးရအကြံပေးပုဂ္ဂိုလ်တစ်ဦးကတော့ ပြည်နယ်နှင့် တိုင်းများသည် ၄င်းတို့၏လုပ်ပိုင်ခွင့်များကိုပင် အကုန် မသုံးသေးပါ။ ၄င်းပြောသည်မှာ အချို့ပြည်နယ်များသည် ၄င်းတို့ဆောင်ရွက်နိုင်သည့် ခေါင်းစဉ် ၄၂ခုအောက်တွင် ၅ခု ၆ခုလောက်အတွက်သာ ဥပဒေပြဌာန်းထားသေးသည်ဟုဆိုပါသည်။ ဆက်ပြီး သူက ၄င်းတို့အနေဖြင့် လက်ရှိပေးထားသော လုပ်ပိုင်ခွင့်အာဏာများကို အသုံးချနိုင်သည်ဟု ပြနိုင်မှသာလျင် ဒီထက်ပိုသော လုပ်ပိုင်ခွင့်ပေး သည်မှာသဘာဝကျသည်ဟုဆိုပါသည်။

လက်တွေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အနေဖြင့် ထိုခေါင်းစဉ်အောက်တွင် ပါသည့်အကြောင်းအရာများနှင့် သက်ဆိုင်သည့် ဆောင်ရွက်မှုများကို ၄င်းတို့၏ ဒေသတွင် လုပ်ဆောင်နေပြီးသားဖြစ်ပါသည်။

တဖက်မှပြန်စဉ်းစားကြည့်လျင် ၄င်းတို့ကိုပေးထားသော လုပ်ပိုင်ခွင့်အာဏာများကို လက်တွေ့အသုံး မချနေခြင်းသည် ၄င်းတို့ကိုခွဲဝေပေးထားသော လုပ်ပိုင်ခွင့်အာဏာ၏ သဘောသဘာဝကို ပြသနေသကဲ့သို့ ဖြစ်သည်။ ဥပမာ ပြည်နယ်တစ်ခုအနေဖြင့် ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံများ နှင့် ပတ်သက်၍ ဥပဒေမပြဌာန်းခြင်းသည် ထိုကိစ္စရပ်များသည် ဦးစားပေးမဟုတ်နေ၍့သော်လည်းကောင်း၊ လက်တွေ့တွင် အခြားပြည်နယ်များနှင့် ခြားနားသည့် ကြီးမားသည့် ရိုးရာဓလေ့ကွာခြားခြင်း မရှိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ ထိုသို့မဟုတ်ပဲ ပြည်နယ် သို့မဟုတ် တိုင်းများကို ပညာရေးပေါ်လစီ သို့မဟုတ် တန်ဖိုးမြင့်မားသည့် သဘာဝသယံဇာတ (ဥပမာ တွင်းထွက်ပစ္စည်းများ၊ သစ်တော) ကိစ္စရပ်များ နှင့် ပတ်သက်၍ တာဝန်ပေးအပ်ပါက ၄င်းတို့အနေဖြင့် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အသုံးချနိုင်ချေမှာ ပိုမြင့်မားမည်ဖြစ်သည်။

အငြင်းပွားဖို့မရှိသည်မှာ မြန်မာနိုင်ငံကို စစ်မှန်သည့် ဖယ်ဒရယ်နိုင်ငံတည်ဆောက်ဖို့အတွက်ဆိုလျင် လက်ရှိလုပ်ပိုင်ခွင့်အာဏာခွဲဝေမှုပုံစံကို ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ ဖယ်ဒရယ်စနစ်ပုံသဏ္ဍာန်ဖြင့် တည်ဆောက်ထားသော်လည်း လုပ်ပိုင်ခွင့်အာဏာ အမှန်တကယ်မရှိပါက အနှစ်သာရပျောက်ဆုံးနိုင်ပါသည်။

While I have had some time off over the new year, it seems that the NLD has been busy working on a proposal for constitutional change. What this is remains to be seen, but the process for establishing ‘genuine federalism’ has a long way to go.

In my first post on federalism I provided a basic definition, whereby federalism is a system of governance where powers are divided or shared between more than one level of government. This ‘division of powers’ is specified in the country’s constitution.

By ‘power’, I mean the responsibility and authority to make and implement laws concerning a particular subject – for example, education, natural resources, law and order, income tax etc. The division of powers is fundamental to federalism. But each federal country has its own unique arrangements. Some are more centralized, some are more decentralized.

Early federations (like the US and Australia) saw states and regions retain most of the powers. Later federations (post World War II) saw the central government keep most power. These differences are part and parcel of whether the federal constitution is a result of previously independent states ‘coming-together’ (and therefore seeking to retain much of their pre-existing autonomy), or a ‘holding-together’ of a previously unitary country.

It can be argued that in 1947, Burma was ‘coming-together’, but today it is more like a ‘holding-together’ arrangement.

Powers can be exclusive to one level of government, or concurrent. When they are concurrent, the central government’s laws usually take precedence in the event of an inconsistency.

There is no standard approach to a division of powers. Some federal systems, like Malaysia’s, have a secure but narrow range of powers allocated to the states. These include matter like ‘turtles and riverine fishing’, and ‘state holidays’, but not education, law and order, health or even taxation.

Conversely, states and regions (provinces) in Sri Lanka have several important powers (like police and public order, education, health and various taxes), yet they can be more easily overridden, removed entirely, or even not devolved in the first place.

The current constitution in Myanmar allocates powers regarding taxation, agriculture, some natural resources, transport and others, to states and regions. Self-administered zones are allocated local government type functions, like water provision in towns and villages.

But to many ethnic political parties and armed organisations, these are insufficient. They demand powers in relation to language and education, health, important natural resources , law and order and even for a federal army.

However, there is a question of capacity. One government advisor I discussed this issue with argued that the states and regions have not used most of their powers, claiming some states have legislated on only five or six out of 42 possible matters. He claimed that once they have demonstrated their capacity to make use of existing powers, then they can be allocated more.

Yet, many ethnic armed organisations and NGOs are already delivering such services in their communities.

Further, perhaps the lack of implementation in some areas is indicative of the nature of powers allocated. For example, maybe a state has not made its own laws regarding ‘theatres, cinemas and video houses’ because it is not a priority, or there is no regional or cultural variation that needs to be accounted for. However, if a state or region were given responsibility over education policy or high value natural resources, like minerals and timber, it would be far more likely to make use of them.

Certainly, to achieve genuine federalism in Myanmar, an overhaul of the current division of powers is necessary. A federal structure is one thing, but without real power, it is almost meaningless.

Photo credit to thethaiger.com

bottom of page