Federalism and the sharing – or not – of natural resources (ဖယ်ဒရယ် နှင့် သဘာဝသယံဇာတမှ အကျိုးအမြတ်ခွ

[See English Below]

ယခင်တပတ်က ကျွန်တော် ဖယ်ဒရယ်စနစ်အောက်တွင် အာဏာခွဲဝေခြင်းအကြောင်း ရေးခဲ့ပြီးဖြစ်ပါသည်။ ဥပဒေပြုခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဏာအသီးသီးကို အခြေခံဥပဒေတွင် ပြဌာန်းပြီး အစိုးရ နှစ်လွှာ နှင့် အထက် အဆင့်ဆင့်ကြားတွင် ခွဲဝေခြင်းကို ဆိုလိုခဲ့ပါသည်။

ထိုသို့ အာဏာခွဲဝေရာတွင် သဘာဝသယံဇာတအခန်းကဏ္ဍသည် အလွန်အငြင်းပွားဖွယ်ရာအကြောင်း အချက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်နေတတ်သည်။ အထူးသဖြင့် သဘာဝသယံဇာတသည် ကိုယ့် ကြမ္မာကိုယ်ဖန်တီးခွင့်ရရန်တိုက်ပွဲဝင်နေသည့် ပဋိပက္ခများနှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။ သတ္တုတူးဖော်ခြင်း၊ သစ်တောသယံဇာတထုတ်ယူခြင်း ကဲ့သို့သော မည်သည့် သဘာဝသယံဇာတကို မည်သူက မည်သည့်နေရာတွင် ထုတ်လုပ်ခွင့်ပြုရန် အခွင့်အာဏာရှိမည် ဟူသည့် မေးခွန်းများထွက်ပေါ် လာပါသည်။ ရရှိလာသော အကျိုးအမြတ်များကို မည်သို့ခွဲဝေမည်နည်း? ထိုဒေသရှိဌာနေတိုင်းရင်းသားများ က ပိုမိုသော အကျိုးခံစားခွင့်ရနိုင်မည်လော? မည်သူကသဘာဝသယံဇာတကို ပိုင်သနည်း? စသဖြင့် မေးခွန်းများစွာရှိနေသည်။

ဖယ်ဒရယ်စနစ်များတွင် သဘာဝသယံဇာတနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု နှင့် ဘဏ္ဍာငွေစီးဝင်မှုများကို အစိုးရ အဆင့် နှစ်ဆင့် သို့မဟုတ် သုံးဆင့်ကြားတွင် မျှယူကြသည်။ အချို့သော သယံဇာတများကို တိုင်း နှင့် ပြည်နယ်များမှ စီမံခန့်ခွဲကြပြီး၊ အချို့ကို ဗဟိုအစိုးရ နှင့် အချို့ကို အစိုးရနှစ်ဆင့်စလုံးမှ စီမံပါသည်။ ဒေသဆိုင်ရာ အချက်အလက်များ ဥပမာ သယံဇာတအမျိုးအစား၊ တည်နေရာ၊ တန်ဖိုး စသည်တို့ အပေါ် မူတည်ပြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့်နည်းလမ်းရွေးမည့်အပေါ် လွှမ်းမိုးတတ်ပါသည်။

သို့သော်လည်း ဖယ်ဒရယ်နိုင်ငံအများစုတွင် တိုင်းနှင့်ပြည်နယ်အစိုးရတို့သည် တာဝန်ယူမှု ပိုရရှိကြပါ သည်။ ထိုကဲ့သို့ နိုင်ငံများတွင် အိန္ဒိယ၊ ပါကစ္စတန် နှင့် နီပေါနိုင်ငံတို့ပါဝင်ပြီး မလေးရှား နှင့် မြန်မာနိုင်ငံတို့ကတော့ မပါဝင်ပါ။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် သဘာဝသယံဇာတ စီမံခန့်ခွဲရန်၊ ကြီးကြပ်ကွပ်ကဲရန် နှင့် ဘဏ္ဍာငွေစီမံခန့်ခွဲရန်အတွက် တိုင်းနှင့် ပြည်နယ်များနှင့် ဗဟိုအစိုးရကြားတွင် အာဏာခွဲပေးထားပါသည်။ တိုင်းနှင့် ပြည်နယ်များသည် ငွေကြေးအားဖြင့် အလွန်တန်ဖိုးနည်းသော သဘာဝသယံဇာတများ ဥပမာ ဆား၊ ရေချိုငါးထုတ်ကုန်ပစ္စည်းများ၊ ထင်းအဖြစ် အသုံးပြုနိုင်သည့် သစ်ပင်စိုက်ပျိုးမှု စသည်တို့ကိုသာ ရရှိထားပါသည်။ ထို့အပြင် တိုင်းနှင့် ပြည်နယ်များသည် ကျောက်မျက်အရိုင်းတုံးများကို ခွဲဖြတ်ခြင်း၊ အချောသတ်ခြင်း နှင့် ဒေသတွင်း လျှပ်စစ်ထုတ်လုပ်ခြင်း စသည်တို့အပေါ် ကြီးကြပ်နိုင်သည် (ဇယား ၂)။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာတော့ သစ်တော ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အခွင့်ရှိ သော်လည်း အသုံးပြုခွင့်အတွက် အာဏာမရှိပါ (ဇယား ၃)။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်နယ်တစ်ခုခြင်းစီတွင်ရှိသည့် သဘာဝသယံဇာ တများကို ထိုပြည်နယ်၏ တိုင်းရင်းသားများကသာ ပိုင်သည်ဟု အခိုင်အမာဆိုကြသည်။ မြန်မာနိုင်ငံ အနေဖြင့် တိုင်းရင်းသားဒေသများရှိ သယံဇာတများကို အလွဲသုံးစားပြု ခြင်း သို့မဟုတ် အတင်းအဓမ္မယူခြင်းကြောင့် ချမ်းသာလာသည်ဟုလည်း စွပ်စွဲကြပါသည်။

မြန်မာနိုင်ငံအတွင်းရှိ သဘာဝသယံဇာများသည် အမျိုးအစားစုံလင်ပြီး နေရာဒေသအမြောက်အများတွင် တည်ရှိပါသည်။ အချို့သော တိုင်းနှင့်ပြည်နယ်များသည် သဘာဝသယံဇာတမှ ရရှိသော ၀င်ငွေ အမြောက် အများရရှိသော်လည်း အချို့ကတော့ မရပါ။ တိုင်းရင်းသား ပြည်နယ်များနှင့် အခြားဒေသများကြား ထူးခြား ကွဲပြားမှုမရှိပါ။ သို့သော်လည်း တူညီသည်မှာ သယံဇာတမှ ၀င်ငွေအများစုကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထား သည် သို့မဟုတ် ပြန်လည်ခွဲဝေပေးပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြောကြသည်မှာ ပြည်နယ်အစိုးရများသည် သဘာဝသယံဇာနှင့် ပတ်သက်ပြီး ကြီးကြပ်ကွပ်ကဲခြင်း၊ စီမံခန့်ခွဲခြင်း နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်။ အခြေခံဥပဒေတွင် အစိုးရအဆင့်ဆင့်မှ အ၀င်ဘဏ္ဍာငွေခွဲဝေမှုအတွက် ရာခိုင်နှုန်း သတ်မှတ်သင့်သည်ဟု ပြောဆိုကြပါသည်။

အများဆုံး နှိုင်းယှဉ်ပြီး ပြောကြသည့် ဥပမာမှာ အင်ဒိုနီးရှားမှ Aceh ပြည်နယ်နှင့်ပတ်သက်ပြီး ပြုလုပ် ထားသော ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် နှင့် ဆက်စပ်ဥပဒေ အကြောင်းဖြစ်သည်။ ထိုထဲတွင် သဘာဝ သယံဇာ(အထူးသဖြင့် ရေနံ)မှ ရရှိသော ၀င်ငွေ၏ ၇၀% ကို ပြည်နယ်အစိုးရထံ ပေးရန်ဖြစ်သည်။ ၁၂ နှစ် ကြာပြီးလျင် ထိုရာခိုင်နှုန်းကို ၅၀% အထိလျှော့ခဲ့သည်။ ထိုနည်းတူ အစီအစဉ်ကို ပါပူဝါ နှင့် အနောက် ပါပူဝါ (အင်ဒိုနီးရှား ပြည်နယ်များ) များတွင်တွေ့ရသည်။ မတူညီသည့်အချက်မှာ ရာခိုင်နှုန်းလျှော့ချခြင်းကို ၁၂နှစ် မဟုတ်ပဲ ၂၅နှစ်ကြာမှသာ ပြုလုပ်ခဲ့ပါသည်။

သိပ်မကြာမှီကပင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးသဘောတူစာချုပ်နှင့် နောက်ဆက်တွဲဥပဒေ (၂၀၁၈)အရ မွတ်ဆလင်အများစုနေထိုင်သည့် Mindanao ကျွန်းစုရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Bangsamoro ဒေသသစ်ကို ၄င်း၏ ဒေသသဘာဝသယံဇာတမှ ၀င်ငွေ ၇၅% ကို ရယူခွင့်ပေးပါသည်။ အခြားပြည်နယ်များသည် ၂၀-၄၅% ကြားရကြပါသည်။ ဌာနေတိုင်းရင်းသားများကတော့ ၁% ကို တိုက်ရိုက်ရပါသည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း တစ်ခုနှင့်တစ်ခုကြား သဘာဝသယံဇာတနှင့် ပတ်သက်ပြီး ဒေသတစ်ခုခုကို ပိုသာသည့် (မညီမျှသည့်)အစီအစဉ်ဖန်တီးပေးဖို့ အတွက် ဖြေရှင်းချက်ထုတ်ရန် ခက်မည်ထင်ပါသည်။ သို့သော် လည်း တိုင်းရင်းသားလူမျိုးစုများအနေဖြင့် သမိုင်းကြောင်းဆိုင်ရာ အခွင့်အရေးအရ သဘာဝသယံဇာတနှင့် ပတ်သက်ပြီး ၀င်ငွေအချိုးပိုရယူနိုင်ရန် အကြောင်းပြချက်ကောင်း ရှိနေသည်ဟု မြင်နိုင်ပါသည်။

တရုတ်နိုင်ငံမှာ တစ်ပြည်ထောင်စနစ်ကြည့်သုံးသော်လည်း ဗဟိုချုပ်ကိုင်မှုလျှော့ချထားကာ ယခုကဲ့သို့ နည်းလမ်းကို အသုံးပြုပါသည်။ ပုံမှန်ပြည်နယ်များသည် အခွန်ဘဏ္ဍာဝင်ငွေမှ ၅၀%ရရှိကာ လူနည်းစု တိုင်းရင်းသားအုပ်စုအမည်ဖြင့် တည်ထောင်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသည် ၆၀% ကို မတူညီစွာခံစားရပါသည်။

အချို့နိုင်ငံများသည် ယခုလိုခွဲခြားသည့်အစီအစဉ်ကို ရေနံထုတ်နိုင်သော ပြည်နယ်နှင့် အခြားပြည်နယ်များ ကြားပြုလုပ် သည်။ အချို့နိုင်ငံများကတော့ ရှုပ်ထွေးသည့် ဖော်မြူလာများဖြင့် လူဦးရေ၊ လိုအပ်ချက် စသည်တို့အပေါ် မူတည်ပြီး တွက်ချက်ပါသည်။

ဘရာဇီးနိုင်ငံတွင်မူ ရေနံထုတ်လုပ်နိုင်သော ပြည်နယ်များသည် ထိုမှရသော ၀င်ငွေမှ အချိုးအစားကို အခြား ပြည်နယ်များနှင့်စာလျင် လျှော့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုပြည်နယ်တွင် နေထိုင်သော နိုင်ငံသားများသည် သဘာဝသယံဇာတထုတ်လုပ်မှုနှင့်ဆက်စပ်လုပ်ငန်းများမှ အခြားအကျိုးကျေးဇူးများ ရနိုင်သေးသောကြောင့်ဖြစ်သည်။ ဥပမာ - အလုပ်အကိုင်အခွင့်အလမ်း နှင့် အခြေခံပင်မအဆောက်အအုံ များ တိုးတက်မှုရှိခြင်း တို့ဖြစ်သည်။ ထိုပြည်နယ်များသည် ဥပမာအားဖြင့် ကုမ္ဗဏီ အခွန်ကဲ့သို့ အခြားအခွန်များလည်းရနို်င်သည်။ အချို့သောအခြေအနေများတွင် ကုမ္ဗဏီများသည် ဌာနေတိုင်းရင်းသား ထံသို့တိုက်ရိုက် ပေးဆောင်မှုများရှိသည်။

ထိုကဲ့သို့ဝင်ငွေမှရာခိုင်နှုန်း သတ်မှတ်ခြင်းကဲ့သို့ဘဏ္ဍာငွေခွဲဝေသည့် စာချုပ်သည် မတူညီသည့် ဘက်နှစ်ဖက်မှ အခြေခံဥပဒေမှ ပြဌာန်းချက်အလိုက် သဘောတူညီမှုရယူနိုင်ရန် အထောက်အကူဖြစ် စေသည်။ သို့သော်လည်း ထိုကဲ့သို့သဘောတူညီချက်များသည် သယံဇာတ အဓိက အမျိုးအစား တစ်ခု သို့မဟုတ် သယံဇာတထွက် ဒေသ တစ်ခုခန့်သာရှိသည့် အခြေအနေအတွက် ပိုသင့်လျော်ပါသည်။

တစ်ဖက်တွင်မူ မျှတမှု၊ သာတူညီမျှရှိမှု စသည့် မျှော်ရည်မှုများကို ပို၍ လက်လှမ်းမှီနိုင်ရန်အတွက် လိုအပ်ချက်ပေါ် အဓိကထား စဉ်းစားသော နက်နဲသည့် အခွန်ဘဏ္ဍာခွဲဝေမှု အစီအစဉ်များကို စဉ်း စားသည့်သည်ဟု ထင်ပါသည်။

Last week, I wrote about the division of powers in federalism, where a constitution divides powers to make and implement legislation

between two or more levels of government.

Natural resources are often one of the most contentious elements of this division. This is especially the case when they relate to the resolution of self-determination conflicts. This raises questions like, who makes decisions about what and where natural resource extractions, like mining and forestry, are allowed? How is revenue shared? Should the Indigenous Peoples get extra benefit? Who owns the resources? And so on.

In federal systems, the management and revenue associated with natural resources is usually shared between the two (or three) levels of government – some resources are managed by states and regions, some by central governments, some by both. Local factors, like the type, location and value of natural resources will heavily influence whatever approach a country takes.

However, in most federal systems, state and regional governments usually do have more responsibility. This is the case in India, Pakistan and Nepal – but not Malaysia or Myanmar.

In Myanmar, the constitution divides natural resources management, control and revenue between states and regions, and the Union (central) level. States and regions have only very low-value natural resources, namely salt, freshwater fisheries, and firewood plantations. States and regions also have control over ‘cutting and polishing gemstones’, and local power generation (Schedule 2). Self-administered areas get ‘conservation and preservation [but not use] of forest’ (Schedule 3).

Ethnic armed organisations assert that the natural resources of each state are owned by the ethnic nationalities of that state. And, they argue that the Burmese State got rich by exploiting – or stealing - the resources of the ethnic nationalities.

Natural resources of Myanmar are diverse and widespread. Some states and regions make significant income from natural resources, some do not. There is no one distinction between ethnic states and other regions. But it is true that most revenue is kept or redistributed by the central government.

Ethnic armed organisations argue that state governments should control, manage and make decisions over natural resources, and receive most of the revenue from their use. They argue that the constitution should specify the percentage revenue-share that each level of government would take.

A commonly mentioned comparison is the peace agreement and basic law regarding Aceh in Indonesia. This provided for 70% of revenue derived from natural resources, primarily oil, to be allocated to the provincial (state/regional) government of Aceh. After 12 years, this proportion is reduced to 50%. A similar arrangement exists in Papua and West Papua (Indonesia) except that the reduction occurs after 25 years instead of 12.

More recently, a peace agreement and subsequent law (2018) in the Philippines provides for the new Bangsamoro Autonomous Region in Muslim Mindanao to retain 75% of the revenue from its natural resources. Other provinces get between 20-45%. Indigenous Peoples get 1% directly.

In Myanmar, it is difficult to justify one or two states or regions having a preferential (asymmetrical) arrangement with regard to natural resources. But ethnic nationalities may have a case that ethnic states should receive an additional allocation given their historical rights to those resources.

In China, which is unitary but quite decentralised, this approach is taken. A different proportion is assigned to regular provinces (50%) as compared to autonomous regions (60%), which are established in the name of minority ethnic groups.

Some countries make distinctions between (oil) producing provinces. Others apply complicated formulas that take into account a variety of factors, like population and needs.

In Brazil, for example, oil-producing provinces get less of the share of revenue than those provinces which do not have such resources. This is because there are many ways that the residents of a state or region can and do benefit from natural resource use outside of sharing revenue. Employment and infrastructure development often follow. States benefit from other taxes, like corporate taxes. In some cases, companies make direct payments to Indigenous Peoples.

Revenue sharing agreements, such as those that fix a percentage of revenue, can help opposing sides reach agreement on a constitutional settlement. But they are most relevant when there is one major resource (like oil) or region.

On the other hand, visions of equality and equity can arguably be better achieved by more complex revenue-sharing arrangements that consider needs.

Photo credited to Minzayar Oo https://www.wired.com/2017/05/minzayar-oo-the-price-of-jade/