အခြေခံဥပဒေပြောင်းလဲရေး - ဖယ်ဒရယ်လော? ဒီမိုကရေစီလော? Constitutional change – federalism or democracy

ပြည်ခိုင်ဖြိုးနှင့် အန်အဲလ်ဒီပါတီ နှစ်ဖွဲ့မှ မကြာသေးမှီကမှ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သဘောထား ကြေငြာချက်များထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကော်မတီဖွဲ့စည်းရေးကိုကျော်ပြီး ကျွန်တော်တို့အနေနဲ့ အန်အဲလ်ဒီမှ ဘာကိုအဆိုပြုနေသည်မှာ မသိသေးပါ။ သို့သော်လည်း ဖြစ်နိုင်ချေရှိသည်မှာ ၄င်းတို့အနေဖြင့် ဒီမိုကရေစီအရေးနှင့် ဆက်စပ်နေသော ပြဌာန်းချက်တချို့ကို ပြင်ဆင်ဖို့ကြိုးစားနေပြီး ပြည်ခိုင်ဖြိုးကတော့ ဖယ်ဒရယ်ဘက်ကို ကြည့်နေသည်ကို တွေ့ရသည်။

တိတိကျကျဆိုရလျင် ပြည်ခိုင်ဖြိုးအနေဖြင့် တိုင်းနှင့်ပြည်နယ်များ၏ ၀န်ကြီးချုပ်နေရာကို သမ္မတမှ တိုက်ရိုက် ခန့်အပ်မည့် အစား ထိုတိုင်းနှင့်ပြည်နယ်၏ လွှတ်တော်များမှ ရွေးချယ်တင်မြောက်ရန် အဆိုတင်သွင်းခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းတွင် အကြီးမားဆုံးသော ဝေဖန်ချက်မှာ အန်အယ်လ်ဒီအနေဖြင့် ၄င်းတို့နေရာ အများဆုံး မနိုင်ခဲ့သောဒေသများ (ဥပမာ ရခိုင်နှင့်ရှမ်းပြည်နယ်) တို့တွင် ၄င်းတို့၏ ပါတီဝင်များကို ၀န်ကြီးချုပ် အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဖယ်ဒရယ်အစစ်မှန်မရရှိနေခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ ဗဟိုအစိုးရမှ တိုင်းနှင့်ပြည်နယ် အစိုးရ၏ ခေါင်းဆောင် ၀န်ကြီးချုပ်နေရာများကို တိုက်ရိုက်ခန့်အပ်နေခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်ခြင်း သည် ဖယ်ဒရယ်ပုံစံမဟုတ်သကဲ့သို့ ဒီမိုကရေစီလည်းမကျပါ။

ထို့ကြောင့် ပြည်ခိုင်ဖြိုးမှ အဆိုပြုချက်သည် အထက်တွင်ဖော်ပြခဲ့သောပြသာနာကို အနည်းငယ်ဖြေရှင်းနိုင်မည်ဖြစ် သည်။ တချိန်တည်းတွင် ၀န်ကြီးချုပ်များ ရွေးချယ်ရန်အတွက် တပ်မတော်မှ ပိုလွှမ်းမိုးလာနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် လွှတ်တော်များ၏ နေရာ ၂၅ရာခိုင်နှုန်းရထားသောကြောင့်ဖြစ်သည်။

အစစ်အမှန်ဖယ်ဒရယ်စနစ်တွင် အစိုးရအလွှာတစ်ခုခြင်းစီသည် ၄င်းတို့၏ မဲဆန္ဒနယ်ရှိပြည်သူပြည်သားများနှင့် တိုက်ရိုက်ဆက်သွယ်မှုရှိနေရပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရပါသည်။ ဗဟိုအစိုးရသို့မဟုတ် တပ်မတော်ထံသို့မဟုတ်ပါ။

ဖယ်ဒရယ်က သင့်ရဲ့ဦးစားပေးဆိုလျင်ဖြင့် ပြည်ခိုင်ဖြိုး၏ အဆိုပြုချက်က ကောင်းနေပါသည်။ လွှတ်တော်တွင် လိုအပ်သော ထောက်ခံမှုရနိုင်မနိုင်ကတော့ အခြားကိစ္စဖြစ်ပါမည်။ ထို့အပြင် အန်အယ်လ်ဒီမှ မည်သို့ တုံ့ပြန်မည့် အပေါ် အတိုင်းအတာတခု မူတည်ပြန်သည်။

တဖက်တွင် အန်အယ်လ်ဒီ၏ အဆိုပြုချက်သည် လွှတ်တော်ရှိနေရာများကို တပ်မတော်မှ ၂၅ ရာခိုင်နှုန်းယူထားခြင်း အပြင် ပြဌာန်းချက် ၅၉ (စ) ကဲ့သို့ သမ္မတရွေးချယ်သည့် ကိစ္စရပ်နှင့်စပ်ဆိုင်သော (အန်အယ်လ်ဒီမှ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြောက်ရန်အဟန့်အတားဖြစ်နေသော) အရေးဆိုမှုများပါဝင်ရန် ပိုဖြစ်နိုင်သည်။

တပ်မတော်မှ လက်မခံပါက ထိုအဆိုပြုချက်များအကောင်အထည်ဖော်ရန်ဖြစ်နိုင်မည်မဟုတ်ပါ။ ထောက်ခံခဲ့ပါမူ အခြား အခြေခံဥပဒေပြောင်းလဲရေးကိစ္စရပ်များသည် ပိုမိုလွယ်ကူသွားပါမည်။

အခုချိန်တွင် လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးမှ အနည်းဆုံးထောက်ခံခဲ့လျင် ၇၅ ရာခိုင်နှုန်း အပေါင်း တစ် ဖြစ်ကာ လိုအပ်နေသော အများစုရာခိုင်နှုန်းဖြင့် အခြေခံဥပေဒေပြောင်းလဲရန်လုပ်ဆောင်နိုင်ပါသည်။ သို့သော်လည်း ၄င်းတို့အနေဖြင့် ရရှိထားသောအာဏာစွန့်လွှတ်ရန်အတွက် ထောက်ခံမဲပေးဖို့ အချိန် အရမ်းစောနေဦးမည်လော?

မကြာခဏ ထပ်ခါတလဲလဲပေါ်နေသော ငြင်းခုံမှုတစ်ခုသည် ဒီမိုကရေစီ သို့မဟုတ် ဖယ်ဒရယ် အရင်ဖြစ်သင့်သလား (သို့မဟုတ် အတူဖြစ်သင့်သလား) ဟူ၍ဖြစ်သည်။ ဒီမိုကရေစီနက်ရှိုင်းစွာဖြစ်တည်သွားလျင် အများစုက ဖယ်ဒရယ် ကို ထောက်ခံမည်လား? ဒီမိုကရေစီပိုရလာသည်နှင့်အမျှ တိုင်းနှင့်ပြည်နယ်များ သို့မဟုတ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ရှိပြီးသား အာဏာကို အားလျော့စေမည်လား?ဟူသည့် မေးခွန်းများဖြစ်သည်။

အန်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆိုင်ရာအဆိုပြုချက်များသည် ယခု အငြင်းပွားဖွယ်ရာစဉ်းစားချက်၏ ဗဟိုအချက်ဖြစ်နေပါသည်။ အန်အယ်လ်ဒီအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကို အမြဲတစေရှေ့တန်းတင်ခဲ့ပါသည်။ အခြားသူများ၏ သံသယကတော့ ၄င်းတို့အနေဖြင့် ထိုနေရာတွင်သာ ရပ်နေမည်ကိုဖြစ်သည်။

ပြည်ခိုင်ဖြိုးနှင့် တပ်မတော်မှ အခြေခံဥပဒေပြောင်းလဲခြင်းဖြင့် ဖယ်ဒရယ်ပိုထွန်းကားလာအောင် အမှန်တကယ်ပြုလုပ်လိုပါက အခြား ကိစ္စရပ်အများအပြားကိုလည်း လုပ်နိုင်မည်ဟုမြင်သည်။

အရေးကြီးအချက်အနေဖြင့် အာဏာခွဲဝေမှု (ဇယား ၁၊၂၊၅) ကို ပြုပြင်ရန်ဖြစ်သည်။ ကျွန်တော်ယခင်တပတ်တွင်ရေးခဲ့သလိုပဲ တိုင်းနှင့် ပြည်နယ်များတွင် အရေးပါသည့် လုပ်ပိုင်ခွင့် ဥပမာ သယံဇာတစီမံအုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်စွာ ဘဏ္ဍာဝင်ငွေစီမံနိုင်ခွင့် မရှိနေပါ။ ထိုအရာများကို ယခုအချိန်တွင်ပြောင်းနို်င်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပို၍ဖယ်ဒရယ်ပုံသဏ္ဍာန်ပိုဆောင်နိုင်ရန်အတွက်ပြောင်းနိုင်သော အခြားကိစ္စရပ်များမှာ တိုင်းနှင့်ပြည်နယ်များ၏ သဘောတူညီချက်အရင်ရယူပြီးမှ ၄င်းတို့အပေါ် အကျိုးသက်ရောက်မှုဖြစ်နိုင်သော အခြေခံဥပဒေပြောင်းလဲမှုလုပ်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြုပြင်ပြောင်းလဲကာ ပြည်နယ်နှင့်တိုင်းကိုယ်စီတွင် ၄င်းတို့ဒေသအတွက်သာ ဦးထိပ်ထားသောဝန်ဆောင်မှုရရှိခြင်း (ဥပမာ - ပြဌာန်းချက် ၂၆၀)၊ ပြည်နယ်နှင့်တိုင်းအသီးသီးအနေဖြင့် ကိုယ်ပိုင် အခြေခံဥပဒေများ (ထိုမှတဆင့် အစိုးရအဖွဲ့အစည်းတည်ဆောက်ပုံအမျိုးမျိုးရှိလာခြင်း) ထားရှိခွင့်ရရှိခြင်း နှင့် တရားဝင် ဘာသာစကား များသတ်မှတ်ခွင့်ရှိခြင်း စသည်တို့ဖြစ်သည်။

ဝန်ကြီးချုပ်များရွေးချယ်တင်မြောက်ရေးဖြစ်စဉ် ပြုပြင်ပြောင်းလဲခြင်းမှ ဖယ်ဒရယ်အခြေခံဥပဒေ ပြောင်းလဲရေးစတင်နေမှတော့ အဘယ်ကြောင့် ထိုနေရာတွင် ရပ်နေမည်နည်း?

Constitutional change is back on the agenda with recent announcements by both the USDP and the NLD.

Beyond establishing a committee, we don’t know what the NLD is proposing to do. But it is likely that it may seek to amend provisions relating to democracy, whereas the USDP is looking at federalism.

Specifically, the USDP proposed to amend the constitution to provide that the Chief Ministers of the states and regions are elected by the state and region parliaments, rather than appointed by the President.

One of the major complaints about the post-2015 election transition was that the NLD appointed its own members as Chief Ministers in states where they did not have the most seats (i.e. Rakhine and Shan States).

One of the reasons that Myanmar does not have ‘genuine federalism’ is because the central government appoints the chiefs of the state and regional governments. This is not federal and, for that matter, not particularly democratic.

In a genuine federal system, each level of government has a direct relationship with, and is accountable to, its constituents – the people. Not to the central government, or to the military.

So the USDP’s proposal would partly address this problem. But at the same time, it may give the military more influence over the appointment of the Chief Minister, because it has 25% of the parliamentary seats.

The NLD’s proposal, on the other hand, is more likely to address things like the reservation of 25% of the parliamentary seats for the military, and the provision (59(f)) relating to the appointment of the president (which prevented the NLD from appointing Aung San Suu Kyi as President).

If the military do not support these changes, then there is no chance of them being passed. If they do, then other future constitutional change will become much easier.

Right now, the support of at least one military member of parliament is required to achieve the 75%+1 supermajority that is required for constitutional change. Is it too early for them to be willing to vote themselves out of power?

One perennial debate is whether democracy or federalism should come first (or at the same time). If democracy is entrenched, will the majority then support federalism? Would more democracy undermine the power that some states and regions, or ethnic armed organisations, already have?

The constitutional change proposals from the NLD and the USDP go to the heart of this conjecture. The NLD has consistently prioritized democratic reform. Others are suspicious they will stop there.

But if the USDP and military are really willing to further federalize by constitutional change there are many other things that could be done as well.

The main one is to amend the division of powers (Schedules 1,2 & 5). The states and regions in Myanmar, as I wrote a few weeks ago, do not have many important powers – like over natural resources – or much independent revenue. This can be changed now.

Other matters that could be changed to make Myanmar more federal include providing a right of consent by state and regions to constitutional changes that affect them, reforming the civil service so that each state and region has its own dedicated service (e.g. Article 260), and allowing states’ and regions’ to have their own constitutions (and therefore distinct institutional arrangements) and official language(s).

If federal constitutional change is on the agenda, by changing the appointment process of the Chief Ministers, why stop there?

Photo credited to https://democracyforburma.files.wordpress.com