Should Rakhine Recovery and Development Project follow the Community Driven Development (CDD) model?

The National Community Driven Development project is the single biggest development project Myanmar has ever had.

It is also a model that has been used around the world, in over 400 projects in 90 countries.

There are currently plans being explored for a new Rakhine Recovery and Development Project which the Myanmar government would implement using a very similar model to that of the World Bank’s Community Driven Development (CDD).

Before making decisions about expanding the project in Myanmar we need to ask the question of whether the World Bank supported Community Driven Development Model works?

For such a huge and diverse set of projects, that is a complex question.

The best recent answer to this question is a systematic review done in 2018 by the organisation ‘3ie’ (White, Menon and Waddington 2018) - called ‘Community driven development: does it build social cohesion for infrastructure?’

They take a few decades worth of evidence from around the world and pull it together into a synthesis.

I am slightly sceptical of these kinds of meta-reviews as they can mask the nuances and significant variations in results from around the world. Nonetheless it is interesting to read their overall conclusions.

Community Driven Development projects most commonly have twin goals – first around selecting and implementing small scale infrastructure, and second, around building social cohesion.

In particular the review attempts to ask the question of whether communities participating in CDD were significantly better off than those who did not participate. Essentially does CDD make any difference?

The bottom line of the sweeping review is that CDD has had some success in the first of its goals – building small scale infrastructure to improve key development indicators.

However, it seemed to vary between different sectors. Overall, CDD supported infrastructure had positive benefits in water and sanitation indicators compared to communities that did not participate in CDD. Yet support for building new school infrastructure seemed to have no overall impact on education outcomes.

The report was much less confident about the ability of CDD to impact on social cohesion. In fact there was no discernable overall difference on social cohesion compared to villages or towns where the project wasn’t operating. And the Bank’s own evaluations suggest CDD can entrench existing power dynamics.

So, should a CDD style project be run in Rakhine State?

Well that depends on what the Myanmar government want to achieve.

Infrastructure may be much needed in those townships. But surely there are alarm bells about the goal of social cohesion in such a segregated and unstable context as Rakhine State. With the conflict and division that has shone the world spotlight on this part of the country, many of the World Bank’s own safeguard policies would likely be triggered. Putting in new resources could easily make tensions and divisions worse rather than better.

The context of Rakhine also presents particular challenges – for example in how displaced people and migrant workers will engage in participatory processes.

The evidence from the 3ie review raises serious questions about whether CDD style projects makes any difference to social cohesion. In such a divided context should the risk be taken on a CDD style project?

On the other hand, there is also the risk of not running the project and therefore limiting many new opportunities to build much-needed infrastructure.

CDD style projects may work for certain small-scale infrastructure development, but it is not at all clear that the ‘community driven’ part of it makes any difference.

The Myanmar government (and the World Bank) would be wise to consider this new project very carefully.

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးစီမံကိန်းအား လူထုဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်း(CDD) ပုံစံအတိုင်းလုပ်ဆောင်သင့်သလား? သို့မဟုတ် လက်တွေ့အခြေအနေကို ပြန်ဆန်းစစ်သင့်သလား?

လူထုဗဟိုပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းသည် မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော အကြီးမားဆုံးသောဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည်။

ထိုစီမံကိန်းပုံစံဖြင့် ကမ္ဘာတ၀န်းရှိ စီမံကိန်းပေါင်း ၄၀၀ကျော်ကို နိုင်ငံပေါင်း ၉၀ တွင် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ဘဏ်၏ လူထုဗဟိုပြုဖွံ့ဖြိုးရေး (CDD) ပုံစံနှင့် အလားသဏ္ဍာန်တူစွာ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကို မြန်မာနိုင်ငံအစိုးရမှ လုပ်ဆောင်နိုင်ရန် အစီအစဉ်များကို လေ့လာနေသည်ဟု သိရှိရပါသည်။

ထိုစီမံကိန်းကို မြန်မာနိုင်ငံတွင် တိုးချဲ့လုပ်ဆောင်ဖို့ဆုံးဖြတ်ချက်မချမှီ ကျွန်တော်တို့ အနေဖြင့် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ထားသော လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းပုံစံသည် အလုပ်ဖြစ် နေခြင်းရှိ မရှိကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

စီမံကိန်းသည် အလွန်ပမာဏကြီးမားပြီး အမျိုးအစားစုံလင်သောကြောင့် ထိုမေးခွန်းကို ဖြေဆိုဖို့ ခက်ခဲမည်ဖြစ်သည်။

ထိုမေးခွန်းအတွက် အနီးစပ်ဆုံးအဖြေကို ယခင်နှစ်အတွင်း 3ie (White, Menon and Waddington, 2018) မှ စနစ်တကျပြုလုပ်ခဲ့သည့် သုတေသနတွင် တွေ့နိုင်ပါသည်။ သုတေသန၏ ခေါင်းစဉ်မှာ ‘လူထုဗဟိုပြုဖွံ့ဖြိုးရေး - အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် ရပ်ရွာလူထု၏ ကျွမ်းဝင်စည်းလုံးမှုကို မြင့်တင်ပေးနိုင်ပါသလား?’ ဟူ၍ဖြစ် သည်။

၎င်းတို့အနေဖြင့် ကမ္ဘာတ၀န်းမှ နှစ်ပေါင်းများစွာ စုစည်းထားသော သက်သေအထောက် အထားများကိုယူကာ ဆန်းစစ်ခဲ့ပါသည်။

ကျွန်တော့်အနေဖြင့် ယခုကဲ့သို့ သုတေသနအမြောက်အမြားမှ ထွက်ထားသော တွေ့ရှိချက်များကို စုစည်းပြီး ထပ်မံသုံးသပ်ချက်ပြုလုပ်ခြင်းများကို အနည်းငယ်တော့ သတိထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ထပ်မံသုံးသပ်ခြင်းသည် ကမ္ဘာတ၀န်းရှိ တစ်နေရာနှင့် တစ်နေရာမတူညီနိုင်မှုများ၊ ထူးခြားမှုများကို မပေါ်လွှင် စေနိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သုတေသနမှ ထွက်လာသော အနှစ်ချုပ်သုံးသပ်ချက်များသည် စိတ်ဝင်စားဖို့ ကောင်းပါသည်။

လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများသည် အများအားဖြင့် ဦးတည်ချက်နှစ်ခုရှိပါသည်။ ပထမဦးတည်ချက်မှာ အသေးစားအခြေခံအဆောက်အအုံရွေးချယ်ခြင်း နှင့် တည်ဆောက်ခြင်း၊ ဒုတိယဦးတည်ချက်မှာ ဒေသခံလူမှုအသိုင်းအ၀န်းသဟဇာတဖြစ်ရန် တည်ဆောက် ခြင်းဖြစ်ပါသည်။

အထူးသဖြင့် အထက်တွင်ဖော်ပြခဲ့သော သုသေတနအနေဖြင့် CDD စီမံကိန်းများ ဆောင်ရွက်ခဲ့သော လူမှုအသိုင်းအ၀န်းများအနေဖြင့် အခြားဒေသများထက် သာလွန် ကောင်းမွန်သောလူမှုဘ၀ပိုင်ဆိုင်ကြသလားဟူ၍ မေးခွန်းထုတ်ခဲ့ပါသည်။ ရိုးရှင်းစွာ ဖော်ပြရလျင် CDD အနေဖြင့် အပြောင်းအလဲလုပ်ဆောင်နိုင်ခဲ့ပါသလားဟူ၍ဖြစ်သည်။

ထိုကဲ့သို့ကျယ်ပြန့်စွာဆောင်ရွက်ခဲ့သောလေ့လာမှုမှ အဓိကတွေ့ရှိချက်မှာ CDD အနေဖြင့် ပထမဦးတည်ချက်ကို ဖြည့်ဆည်းရန် အောင်မြင်မှု အတိုင်းအတာတစ်ခုရရှိခဲ့သည်။ အသေးစားအခြေခံအဆောက်အအုံတည်ဆောက်ပြီး ဖွံ့ဖြိုးရေးစံနှုန်းတိုင်းတာမှုတစ်ချို့ အတွက် တိုးတက်မှုရစေခဲ့သည်။

သို့သော်လည်း ကဏ္ဍအလိုက်တွင် ကွဲပြားမှုများရှိနိုင်သည်။ ယေဘူယျအားဖြင့် CDD မှ တည်ဆောက်ခဲ့သောအခြေခံအဆောက်အအုံများကြောင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှု ဆိုင်ရာအညွှန်းကိန်းများကြည့်လျင် စီမံကိန်းအထောက်အပံ့မရသောဒေသများနှင့် နှိုင်း ယှဉ်ပါက ကောင်းမွန်သည့် အကျိုးကျေးဇူးတွေ့ရှိရပါသည်။ သို့သော်လည်း ကျောင်းနှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံတည်ဆောက်ရာမှာတော့ ပညာရေးနှင့်သက်ဆိုင်သော ရလဒ်များတွင် မည်သည့် အကျိုးသက်ရောက်မှုများ မရှိသည်ကို တွေ့ရသည်။

သုတေသနမှ ဒေသခံလူမှုအသိုင်းအ၀န်း၏ ကျွမ်းဝင်စည်းလုံးမှုအပေါ် CDD ၏ အကျိုး သက်ရောက်မှုကိုကြည့်ရာတွင် ကောက်ချက်ချနိုင်ဖို့ ပိုသေချာမှုမရှိသည်ကို တွေ့ရသည်။ CDD မလုပ်ဆောင်သော ရပ်ရွာများ၊ မြို့များနှင့်ယှဉ်လျင် လူမှုအသိုင်းအ၀န်း၏ ကျွမ်းဝင် စည်းလုံးမှုမှာ ကွာခြားမှုမရှိသည်ကို တွေ့ရသည်။ ကမ္ဘာ့ဘဏ်မှ ကိုယ်တိုင်ဆောင်ရွက် ခဲ့သော အကဲဖြတ်သုံးသပ်မှုတွင် CDD အနေဖြင့် လက်ရှိ ရှိနှင့်နေပြီးသော ပါဝါမညီမျှ မှုများကို ပို၍ နက်ရှိုင်းစေသည်ဟု အကြံပြုထားသည်ကို တွေ့ရပါသည်။

ထို့ကြောင့် CDDပုံစံတူ စီမံကိန်းကို ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သင့်ပါသလား?

ထိုမေးခွန်းကိုတုံ့ပြန်ရလျင် မြန်မာအစိုးရအနေဖြင့် ဘာကိုလိုချင်သလဲအပေါ် မူတည် ပါသည်။

မြို့နယ်အများစုတွင် အခြေခံအဆောက်အအုံများ အလွန်လိုအပ်နေနိုင်ပါသည်။

သို့သော်လည်း လူမှုကျွမ်းဝင်စည်းလုံးရေး ဦးတည်ချက်နှင့်ပတ်သက်လျင်ဖြင့် ရခိုင် ပြည်နယ်ကဲ့သို့ ခွဲခြားမှုများနှင့် မတည်ငြိမ်သောနောက်ခံအခြေအနေရှိနေသော နေရာ အတွက်မူ သံချောင်းခေါက်သတိပေးမှုများရှိနေပါသည်။ ပဋိပက္ခ နှင့် ကွဲပြားမှု အမျိုး မျိုးကြောင့် ကမ္ဘာ့အလယ်တွင် မီးမှောင်းထိုးခြင်းခံနေရသော ဒေသတစ်ခုအနေဖြင့် ကမ္ဘာ့ဘဏ်၏ အကာအကွယ်များ (safeguard policies) နှင့် ညှိစွန်းနိုင်ပါမည်။ အရင်းအမြစ် အသစ်များထည့်ဝင်ခြင်းသည် ယခုအချိန်တွင် တင်းမာမှုများ၊ ကွဲပြားမှုများကို ပိုဖြစ်စေ နိုင်ပြီး အခြေအနေကို အကောင်းထက် အဆိုးပိုဖြစ်စေနိုင်ပါမည်။

ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားအရ အချို့အခက်အခဲများကို ကြုံတွေ့နိုင်ပါမည်။ ဥပမာအားဖြင့် ရွှေ့ပြောင်းလုပ်သားများနှင့် ပဋိပက္ခကြောင့် မိမိဒေသစွန့်ခွာထွက်ပြေးခဲ့ရ သူများကို မည်ကဲ့သို့ ထည့်သွင်းပါဝင်စေမည်နည်း ဟူ၍ဖြစ်သည်။

3ie ၏ သုတေသနတွေ့ရှိချက်အရ CDD အနေဖြင့် လူမှုကျွမ်းဝင်စည်းလုံးရေးအပေါ် အကျိုးသက်ရောက်မှုရှိမရှိနှင့်ဆိုင်သော မေးခွန်းများကို အလေးအနက်ထား မေးဖြစ်ပါသည်။ အလွန်ကွဲပြားမှုရှိနေသည့် နောက်ခံအခြေအနေတွင် CDD ပုံစံတူစီမံကိန်းလုပ်ဆောင်သင့် ပါသလား?

တစ်ဖက်တွင်လည်း စီမံကိန်း မလုပ်ဆောင်လျင် အလွန်လိုအပ်မှုရှိနေသော အခြေခံ အဆောက်အအုံရနိုင်မည့် အခွင့်အလန်းအသစ်များကို ဟန့်တားနေသကဲ့သို့ ဖြစ်နိုင် ပါသည်။

CDD စီမံကိန်းသည် အခြေခံအဆောက်အအုံအသေးစားများတိုးတက်မှုအတွက် အလုပ်ဖြစ်နိုင်သော်လည်း စီမံကိန်းနာမည်တွင်ပါသည့် ‘လူထုဗဟိုပြု’ဟူသည့် အပိုင်းတွင် မည်မျှအထိအလုပ်ဖြစ်နိုင်မည်မှာ မရှင်းလင်းပါ။

မြန်မာနို်င်ငံအစိုးရ (ကမ္ဘာ့ဘဏ်အပါအ၀င်) အနေဖြင့် ယခုစီမံကိန်းအပေါ် သတိထားစဉ်းစားပြီးမှသာ ဆောက်ရွက်နိုင်လျင် အကျိုးရှိပါမည်။

photo credit to AFP