top of page

International Women's Day


မတ်လ ၈ရက်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အမျိုးသမီးများနဲ့သက်ဆိုင်တဲ့ အချက်အလက်တချို့ကို မျှဝေလိုက်ပါတယ်။ Today is International Women’s Day. We would like to share some of the facts related to Myanmar women.

♀️မြန်မာနိုင်ငံလူဦးရေအားလုံးရဲ့၅၂ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်။ အဲဒီထဲက ၂၆ရာခိုင်နှုန်းက ၁၄နှစ်အောက်ဖြစ်ပြီး ၄၃ ရာခိုင်နှုန်းက ၂၅-၅၄ နှစ်ကြားဖြစ်တယ်။ ♀️Women make up 52% of Myanmar’s population. Of that proportion, 26% is under 14 years old and 43% is between 25-54 years.

♀️အမျိုးသမီးလူဦးရေရဲ့ ၄.၈ ရာခိုင်နှုန်းက မသန်စွမ်းမှုတစ်ခုခု ခံစားနေရပါတယ်။ ♀️4.8% of women population is living with a form of disability.

♀️အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရောက် အမျိုးသား ၁၀၀မှာ အမျိုးသမီး ၆၄.၂ ယောက်က အလုပ်အကိုင်ရှိတယ်။ အလုပ်ရှိသော အမျိုးသမီးများရဲ့ ၃၃.၈ ရာခိုင်နှုန်းက မိသားစုလုပ်ငန်းမှာ လုပ်နေတယ်။ ♀️Ratio of female to male labour force participation rate is 64.2 percent. Of the employed women, 33.8% is contributing as family workers.

♀️အမျိုးသမီးတွေ ပထမဦးဆုံး အိမ်ထောင်ပြုကျတဲ့ အသက် (အလယ်မှတ်)က ၂၂.၁ ဖြစ်တယ်။ ♀️Median age for first marriage for Myanmar women is 22.1 year old.

♀️ကလေးအရှင်မွေး ၁သိန်းမှာ မိခင် ၁၇၈ယောက်က အသက်ဆုံးရှုံးမှုဖြစ်ရတယ်။ ♀️Maternal mortality ratio is 178 per 100,000 live births.

♀️အိမ်ထောင်ရှိအမျိုးသမီး (၁၅-၄၉ နှစ်) ထဲက ၁၆.၂ ရာခိုင်နှုန်းက သားဆက်ခြားဖို့နည်းလမ်းတစ်ခုခု လက်လှမ်းမှီမှုမရှိသေးပါ။ ♀️Unmet need for contraception is 16.2% for married women between the age of 15-49.

♀️ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ၆၇၄ ကပါဝင်ပံ့ပိုးနေတယ်။ ♀️Number of women participating and supporting in the peace process is 674.

♀️ပြည်ထောင်စုလွှတ်တော်ရဲ့ အမတ်ပေါင်း ၆၅၇မှာ အယောက် ၇၀ က အမျိုးသမီးဖြစ်တယ်။ ♀️Out of 657 lower and upper house Hluttaw MPs combined, only 70 are women.

မိတ်ဆွေတို့မှာ တခြား မြန်မာအမျိုးသမီးများနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေရှိရင် မျှဝေပေးပါနော်! If you have other stats on Myanmar women, please do share!

Ref: 2014 Population and Housing Census World Bank WHO ISP Peace Desk UEC

bottom of page