Cyclone Nargis and the push to ‘normalise’ aid relations in Myanmar (Part -1) (See English below) နာ


နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာအကူအညီများပေးသည့် သမိုင်းကြောင်းတစ် လျှောက်တွင် အလှည့်အပြောင်းအချိန်တစ်ခုကိုဖြစ်ပေါ်စေခဲ့သည်ဟု မြင်နိုင်သည်။ မုန်တိုင်းတိုက် ခတ်ပြီး ရက်အနည်းငယ်တွင် သန်းရွှေ၏ စစ်တပ်အစိုးရသည် ထိခိုက်သည့်နေရာဒေသများအတွက် နိုင်ငံတကာအကူအညီများကို အကန့်အသတ်ပြုလုပ်ခဲ့၍ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် နာမည်ဆိုး ထွက်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို အထီးကျန်ဖြစ်စေရန် ဆက်ဆံရေးဖြတ်တောက် ထားသည့် ဘက်က မှန်သယောင်ဖြစ်သွားပါသည်။ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံအစိုးရမှ ၄င်း၏ပြည်သူများ၏ အခွင့်အရေးများနှင့် ကောင်းကျိုးကို ငြင်းဆန်ခဲ့သည့် သာဓက နောက်တစ်ခုဖြစ်သွားပါသည်။

အချိန်ကြာလာသည်နှင့်အမျှ ပြည်တွင်းမှ အကြောင်းရင်းများနှင့် နိုင်ငံတကာမှ ဇာတ်ကောင်များ၏ တွန်းအားပေးမှုကြောင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီများ ပိုတိုးလာပါသည်။ ထို့အပြင် မြန်မာအစိုးရနှင့် နို်င်ငံတကာအဖွဲ့အစည်းများကြား ဆက်သွယ်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာခဲ့သည်။ ထိုကဲ့သို့အပြောင်းအလဲများကို ရည်ညွှန်းကာ အောက်တိုဘာ ၂၀၀၈တွင် International Crisis Group မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင်း ကူညီထောက်ပံ့မှုနှင့် စပ်ဆိုင်သည့် ဆက်ဆံရေးကို ပုံမှန်အခြေအနေဖြစ်စေရန် တည်ဆောက်သင့်သည်ဟု အကြံပြုခဲ့သည်။

သို့သော် အလှူရှင်များ၏ အမြင်သည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသသို့ မေလ ၂၀၀၈တွင် နာဂစ်မ၀င်ခင်ကတည်းကပင် စတင်ပြောင်းလဲခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောလများတွင် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Tamas Wells နှင့် ကျွန်မတို့သည် ၂၀၀၀ခုနှစ်များ၏ ဒုတိယပိုင်းကာလတွင် မြန်မာနို်င်ငံတွင် အလုပ်လုပ်ခဲ့သော အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာNGOs များ၏ ကိုယ်စားလှယ်များ နှင့် နို်င်ငံရေးလေ့လာသုံးသပ်သူများနှင့် စကားပြော ဖြစ်ပါသည်။ အများစုကပြန်ုပြောပြရာတွင် နာဂစ်မတိုင်မှီကတည်းကပင် သြဇာလွှမ်းသော အနောက်နို်င်ငံမှ အလှူရှင် အဖွဲ့အစည်းတော်တော်များများသည် ပိတ်ဆို့အရေးယူမှုနည်းလမ်း သည် အလုပ်မဖြစ်ဟု ပိုလက်ခံလာကြသည်။ အဓိကစောင့်ကြည့်နေသူ တော်တော်များများ အတွက်ကတော့ ၂၀၀၇ ခုနှစ် ဆန္ဒပြမှုများကို စစ်တပ်မှ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနို်င်ငံကို အထီးကျန်ဖြစ်အောင်ထားခြင်းသည် မထိရောက်ဟု ပြသခဲ့သည်။

ထို့အပြင် ပထ၀ီနိုင်ငံရေး၏ လက်တွေ့အခြေအနေကိုလည်း အဓိကကြသည့် OECD နိုင်ငံများမှ အလှူရှင်များမြင်လာကြသည်။ ၄င်းတို့ ဆက်ဆံရေးဖြတ်တောက်ခဲ့ခြင်းသည် ၄င်းတို့ကို နောက် ကောက်ကျန်စေခဲ့သည်ကို မြင်လာသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နို်င်ငံမှ ဆယ်စုနှစ် ပေါင်း ကြာမြင့်စွာ မြန်မာနို်င်ငံကို စီးပွားရေး၊ စစ်ရေး အကူအညီများပေးကာ ၄င်း၏ နေရာကို ခိုင်မြဲစေခဲ့သောကြောင့် ဖြစ်သည်။

နာဂစ်ဆိုင်ကလုန်းကြောင့် လူသားခြင်းစာနာထောက်ပံ့ရေးအကူအညီပေးခြင်းဖြင့် ပြန်ဝင်လာခဲ့ သော်လည်း ထိုအချိန်ကတည်းကပင်လျင် အနောက်နို်င်ငံအလှူရှင်များသည် မြန်မာနို်င်ငံနှင့် ဆက်ဆံရေးချိန်ခွင်ပြန်ညှိရန်၊ ယခင်အထီးကျန်ခဲ့သော နို်င်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရန်၊ ထို့အပြင် ကူညီထောက်ပံ့မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေး တိုးမြင့်စေရန် နည်းလမ်းများရှာနေခဲ့ကြပြီဖြစ်သည်။

ထိုကဲ့သို့ ဆက်ဆံရေးပြန်တည်ဆောက်ရန်အတွက် ပထ၀ီနို်င်ငံရေးတွန်းအားများရှိခဲ့သော်လည်း အလှူရှင်အဖွဲ့အစည်းများအနေဖြင့် နာဂစ်နောက်ပိုင်းတွင် ၄င်းတို့အနေဖြင့် ပိုမြင်တွေ့လာရသည့် တိုင်းပြည်နေရာအနှံ့အပြားတွင်ခံစားနေရသော ဆင်းရဲမွဲတေမှုလျှော့ချရန် နည်းလမ်းများ ရှာဖွေခဲ့သည်။

သြဇာရှိသော အနောက်နို်င်ငံမှ အလှူရှင်အဖွဲ့အစည်းများအတွက်မှာမူ ဆက်ဆံရေး တည်ထောင် ရန်လမ်းကြောင်းသည် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် မကြေငြာသေးသည့် အချိန်ကတည်းကပင် စတင်လမ်းဖောက်ခဲ့ပြီဖြစ်သည်။ သို့သော် အလှူရှင်အဖွဲ့အစည်းများကြားတွင် တင်းမာမှုမှာ ဆက် လက်တည်ရှိနေကာ အက်ကြောင်းဖြစ်နေပါသည်။ ယူကေနှင့် ယူအက်စ်မှ ဆက်ဆံရေးပြန်တည် ဆောက်ရန် ၄င်းတို့ဗျူဟာကို ပြောင်းလိုက်သည့်အချိန်တွင် အီးယူနှင့် အခြားနိုင်ငံများကတော့ ပိတ်ဆို့အရေးယူမှုနှင့် အကန့်အသတ်ဖြစ်နေခဲ့ပါသည်။ တဖက်မှာတော့ စကင်ဒနေဗီးယား နိုင်ငံများသည် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခြင်းမှတဆင့် အစိုးရကို မိတ်ဖက်ပါတနာအဖြစ် လုပ်ငန်းဆောင်ရွက်ရန် ခြေလှမ်းစတင်ခဲ့ပါသည်။

နာဂစ်ဖြစ်ပြီး ၁၀နှစ်အကြာမှာ ယခု အကြောင်းအရာများက ဘာကြောင့် အရေးပါနေသေးပါသလဲ? အလှူရှင်များ၏မတူညီသောအမြင်များ နှင့် စီမံကိန်းများ လမ်းကြောင်းပြောင်းလာသည့်အချိန်များကို ဘာကြောင့် ပြန်လည်ကြည့်သင့်ပါသလဲ? အပိုင်း၂ တွင် ယခုမေးခွန်းများကို စာရေးသူများမှ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

In many ways, Cyclone Nargis can be seen as a turning point in the history of international aid to Myanmar. In the early days after the Cyclone, Than Shwe’s military regime famously restricted international humanitarian access to the affected areas – and it seemed that those in the ‘isolationist’ camp were right: Nargis would become yet another instance of the government denying the rights and welfare of its people.

Over time, however, internal factors and pressure from international and regional actors led to increases in humanitarian access, as well as improved communication and collaboration between the Myanmar government and international agencies. Citing these shifts, the International Crisis Group published a report in October 2008 that called on donors to ‘normalise aid relations’ in Myanmar.

Yet donor perceptions were shifting even before Cyclone Nargis hit Myanmar’s Delta regions on that fateful day in May 2008. Over the past months, my colleague Tamas Wells and I have spoken to a number of representatives of donor agencies, INGOs and political analysts, who were working in Myanmar in the second half of the 2000s. Many have pointed out that, before Nargis, there was a growing perception amongst powerful Western donor countries that sanctions, as they were, were not working. For many influential stakeholders, the brutal military crackdown on the 2007 protests had showcased the ineffectiveness of isolationism.

Additionally, by this time geopolitical realities came to the fore for key OECD donors. It had become obvious to many powerful actors that Western countries’ isolation of Myanmar had left them on the back foot, as China had for decades continued to provide economic and military assistance to the regime, and consolidated its presence in the region.

So the humanitarian response to Cyclone Nargis provided an entry point, but by this time Western donors were already looking to recalibrate foreign relations, promote engagement with the former pariah state, and increase development aid, investment and trade in the former pariah state.

There were geopolitical drivers for this engagement; but those within donor agencies were also looking for ways to address the country-wide chronic poverty, which had become increasingly apparent to Western audiences after Nargis.

A transition toward engagement therefore became orthodoxy for powerful Western donor agencies well before the announcement of the 2010 elections. Yet there was also an increasing ‘fracturing’ of donors. Where the UK and US shifted their stance and increased aid commitments, these countries and the EU were still limited by sanctions; in contrast, Australia and Nordic countries went further, using humanitarian aid to engage the government more as a partner.

Over ten years after Nargis, why does this even matter? What is the point of looking back at such times of shift in donor perceptions and programming? In Part 2 of this post the authors will address these questions.

photo credit to http://archive.defense.gov/photoessays/PhotoEssaySS.aspx…