Federal armies, internal security and police powers ဖယ်ဒရယ်စစ်တပ်များ၊နိုင်ငံတွင်းလုံခြုံရေးနှင့် ရ

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖယ်ဒရယ်နှင့် အာဏာခွဲဝေမှုဆိုင်ရာအတွက် အဓိက စဉ်းစားရမည့်အချက်မှာ လုံခြုံရေး နှင့် ပြည်သူ့ဘ၀တည်ငြိမ်အေးချမ်းရေးတို့ဖြစ်သည်။ အမှန်ပဲ ထိုနယ်ပယ်များသည် အငြင်းပွားဖွယ်ရာအဖြစ်ဆုံး အာဏာများဖြစ်သည်။

ထိုနယ်ပယ်များအတွက် တိုင်းနှင့်ပြည်နယ်များမှ တာဝန်ယူသင့်သလား သို့မဟုတ် ဗဟိုအစိုးရမှ ထိန်းချုပ်သင့်သလား?

လုံခြုံရေး နှင့် ပြည်သူလူထုဘ၀တည်ငြိမ်ရေးဟု ဆိုရာတွင် ကျွန်တော်ရည်ညွှန်းသည်မှာ စစ်တပ်နှင့် ရဲ (တရားစီရင်ရေးအာဏာ (ဥပမာ တရားရုံး)မဟုတ်ပဲ) ကိုဆိုလိုခြင်းဖြစ်သည်။ ၄င်းတို့သည် ဖယ်ဒရယ်စနစ် အားလုံးလိုလိုတွင် အစိုးရ၏ အလွှာတိုင်းတွင်ပါဝင်နေကြသည်။

မြန်မာနို်င်ငံတွင် လုံခြုံရေး နှင့် ပြည်သူလူထုဘ၀တည်ငြိမ်ရေးဆိုင်ရာအာဏာအားလုံးသည် ဗဟိုအစိုးရနှင့် အတူရှိနေသည်။ ဗဟိုအဆင့်မှ စစ်တပ်၊ ရဲ နှင့် သက်ဆိုင်ရာ ဥပဒေများအားလုံုံးကို ထိန်းချုပ်ထားပါသည်။

ကျွန်တော်မြန်မာနိုင်ငံပထမဦးဆုံးရောက်သောတစ်ခေါက်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုမှ ဖယ်ဒရယ် တပ်မတော်နှင့်ပတ်သက်ပြီး အမြင်ကိုမေးခဲ့ပါသည်။ ထိုစဉ်အခါက ကျွန်တော့်မှာ သေချာစဉ်းစားထားတာ မရှိခဲ့ပါ။ တစ်ခုသာပြန်ဖြေနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ပုံသဏ္ဍာန်အခြား ဘယ်နိုင်ငံမှာမှ မရှိနေပါဟူ၍ဖြစ်သည်။

ထိုအခါ ၄င်းတို့မှ “အဲလိုဆို ကျွန်တော်တို့ စစ်တပ်အာဏာသိမ်းတာနောက်တခါမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်မှာလဲ?” ဟူ၍ဖြစ်သည်။

ဖယ်ဒရယ်တပ်မတော်၏ အဓိပ္ဗယ်ဖွင့်ဆိုချက်မှာ အမြဲတမ်းရှင်းမနေပါ။ ကျွန်တော်နားလည်သည်မှာ ပြည်နယ်တစ်ခုခြင်းစီအလိုက် ၎င်းတို့၏ ကိုယ်ပိုင်စစ်တပ်ကိုထိန်းချုပ်မည်။ ၄င်းတို့ လက်ရှိ ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်အင်အားမှာ အနည်း အများရှိမည်။ ဗဟိုမှ ထိန်းချုပ်ထားသော စစ်တပ်နှင့် မတူကွဲပြားသော အမိန့်နာခံသည့်လမ်းကြောင်းရှိမည်ဖြစ်သည်။

ထိုသို့စဉ်းစားလျင် မေးခွန်းများစွာထွက်ပေါ်လာသည်။ ဥပမာ- လက်နက်ကိုင်အဖွဲ့အစည်းမရှိသော ဒေသများအတွက်က ဘယ်လိုဖြစ်မလဲ? ဒီလိုဆို ခွဲထွက်ဖို့ပိုဖြစ်လာမလား? နောက်တဖန် အာဏာ သိမ်းမှု မဖြစ်ဖို့အတွက် တကယ်အလုပ်ဖြစ်မှာလား?

နိုင်ငံတစ်နိုင်ငံသာ ဖယ်ဒရယ်တပ်မတော်ရှိခဲ့သည်။ သို့သော်ရည်ရှည်မခံပါ။ အမေရိကန်နိုင်ငံ စတင် တည်ထောင်စဉ် ထိုစဉ်အခါကပြည်နယ်များသည် ၄င်းတို့၏ စစ်တပ်များကို ဆက်လက်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အနေဖြင့် ဗဟိုမှ အာဏာရှင်ပုံသဏ္ဍာန်ပြောင်းလာမည်ကို စိုးရိမ်သော ကြောင့်ဖြစ်သည်။ သို့သော် ထိုစဉ်အခါက စစ်တပ်များမှာ အလွန်အင်အားနည်းပြီး လုပ်အားပေးပုံစံဖြစ် သည်။ ဗဟိုအစိုးရမှလည်း ၄င်း၏ ကိုယ်ပိုင်စစ်တပ်ကို အင်အားကြီးအောင်မထူထောင်နိုင်ခဲ့ပါ။ ပြည်နယ်များကို သာ အားကိုးနေခဲ့ရပါသည်။ စစ်တပ်ကို ပိုပြီး စနစ်တကျပုံဖော်လာနိုင်သည်နှင့်အမျှ အားလုံးပေါင်းစပ်လာခဲ့ကြပါသည်။

တဖက်တွင် အာဏာသိမ်းယူမှုကိုကာကွယ်ဖို့က ဖယ်ဒရယ်တပ်မတော်ထူထောင်ရန် အကြောင်းတစ်ချက် ဖြစ်လျင် တခြားနည်းလမ်းများကိုလည်း စဉ်းစားနိုင်ပါသည်။ ပထမတစ်ချက်မှာ အဓိကကျသည့် စစ်တပ် ဦးစီးချုပ်နေရာများကို (ဥပမာ တိုင်းရင်းသားအုပ်စု အသီးသီးစီမှ) အလှည့်ကျတာဝန်ယူနိုင်သည်။ နောက်တစ်နည်းမှာ ရဲတပ်ဖွဲ့ သို့မဟုတ် အခြား လုံခြုံရေးတပ်များဖြင့် ၄င်းတို့၏ အင်အားကို တန်ပြန် မျှခြေပြန်ယူဖို့ဖြစ်သည်။

ထိုကဲ့သို့ တန်ပြန်မျှခြေယူခြင်းသည် ဗဟိုစစ်တပ်မှ အင်အားဖြင့် ၀င်ရောက်စွက်ဖက်ခြင်းကို ကာကွယ်မှုပြု ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းအနေဖြင့် ‘အင်အားသုံးရန် တရားဝင်မှုယူထားခြင်းကို တစ်ဦးတည်း ချုပ်ကိုင်ထားခြင်း’ မရှိနိုင်တော့ခြင်းကြောင့်ဖြစ်သည်။ တချိန်တည်းမှာပဲ ထိုနည်းလမ်းအားဖြင့် ဒေသတွင်းရဲတပ်ဖွဲ့များကို ပြည်သူများက ပို၍လက်လှမ်းမှီလာနိုင်ပါသည် (ဥပမာ ဒေသ၏ ဘာသာစကားဖြင့် အလုပ်လုပ်ခြင်း)။

ဖယ်ဒရယ်နိုင်ငံအများစုအနေဖြင့် စစ်တပ်မဟုတ်သည့် လုံခြုံရေးအာဏာ - ဥပမာ ရဲတပ်ဖွဲ့ - ကို တိုင်းနှင့် ပြည်နယ်များကို ပေးအပ်ပါသည်။ အာရှတွင် အိန္ဒိယ၊ပါကစ္စတန်၊ နီပေါ စသည့်နိုင်ငံများပါသည်။ သို့သော် မလေးရှား မပါပါ။

သီရိလင်္ကာနိုင်ငံတွင်မူ ခွဲထွက်မှာစိုးရိမ်ချက်မှာ အကြီးမားဆုံးဖြစ်သောကြောင့် ဖယ်ဒရယ်စနစ်တည် ဆောက်ရန် အဟန့်အတားဖြစ်စေခဲ့သည်။ ထို့ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့များတည်ထောင်ရန် အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ခဲ့သော်လည်း မလုပ်ခဲ့နိုင်ပါ။ ၁၉ ၈၇ခုနှစ် ပြည်တွင်းစစ်တွင် အိန္ဒိယနိုင်ငံ မှ ၀င်ရောက်ဟန့်တားခဲ့ပြီးနောက် ထိုစဉ်အခါက သီရိလင်္ကာနိုင်ငံအစိုးရသည် အခြေခံဖွဲ့စည်းပုံကိုပြုပြင်ကာ ပြည်နယ်များကို ရဲတပ်ဖွဲ့နှင့် ပြည်သူဘ၀တည်ငြိမ်အေးချမ်းရေးဆိုင်ရာအာဏာများကို ပေးအပ်ခဲ့ သည်။ သို့သော် ဗဟိုအစိုးရ၀င်အများစုသည် ထိုသို့ပေးအပ်သည့် အာဏာများအသုံးပြုကာ ၄င်းတို့ကို တိုက်ခိုက်လာမှာနှင့် ခွဲထွက်မည်ကို စိုးရိမ်ခဲ့သည်။ နှစ် ၃၀ကြာပြီးနောက်အထိ အခြေခံဥပဒေတွင် ပါခဲ့ သော ထိုအပိုင်းကို လက်တွေ့အကောင်အထည်မဖော်သေးပါ။

နောက်တနည်းကတော့ တပ်မတော်ထဲတွင် တိုင်းရင်းသားအုပ်စုများမှ အချိုးကျစွာထည့်သွင်းသွားရန်ဖြစ် သည် (ထိုထဲတွင် လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှလည်း ပါနိုင်သည်)။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိုင်းရင်းသားအချိုးကျဆောင်ရွက်ခြင်းကို စစ်တပ်ဦးစီးနေရာများအတွက်လည်း အလှည့်ကျပေးနိုင်သည်။ ထိုကဲ့သို့ ဗျူဟာများအသုံးချခြင်းသည် အာဏာသိမ်းခြင်းဖြစ်နိုင်ခြေကိုလျှော့ချ ကာ အခြေခံဥပဒေအတိုးအလျှော့လုပ်ရန်အတွက်လည်း အထောက်အကူပြုသည် (Sudduth 2017)။ ထို့အပြင် တချိန်တည်းမှာပဲ အခြားလုံခြုံရေးတပ်များ (ဥပမာ ရဲတပ်ဖွဲ့)တည်ထောင်ရန်အတွက် တိုင်းနှင့်ပြည်နယ်များကို အာဏာ ပေးအပ်ခြင်းလုပ်ဆောင်နိုင်သည်။

နီပေါနိုင်ငံတွင် ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်အားဖြင့် Maoist တော်လှန်ရေးစစ်တပ်ကို နိုင်ငံ၏ စစ်တပ် ထဲတွင် ထည့်သွင်းနိုင်ခဲ့သည်။ ထို့နောက် ၆နှစ် သို့မဟုတ် ၇နှစ်ကြာပြီး အခါမှသာလျင် အောင်မြင်စွာ ပူးပေါင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့လုပ်ဆောင်ရာတွင် Maoist တပ်မှ ယခင်ဦးစီးများကို အထက်ပိုင်း ရာထူးပေးခြင်းတို့ပါဝင်သည်။ နီပေါနိုင်ငံ၏ ၂၀၁၅ အခြေခံဥပဒေသည် ပြည်နယ်များ နှင့် ဗဟို နှစ်ခုလုံးကို ရဲတပ်ဖွဲ့နှင့်ဆိုင်သည့် အာဏာပေးသည်။ ထိုအပိုင်းလက်တွေ့ဆောင်ရွက်ရန် စတင်ဆောင်ရွက် နေပြီဖြစ်သည်။

အချို့သော အခြေခံဥပဒေများ (ဥပမာ မလေးရှားနိုင်ငံ) သည် နိုင်ငံတွင်းလုံခြုံရေးနှင့် ပြည်ထောင်စုကို ကာကွယ်ခြင်းဟူ၍ ခွဲခြားထားပါသည်။ ကျွန်တော့်အမြင်ကတော့ အနှစ်သာရက ဒါပဲဖြစ်သည်။ အကယ်၍သာ နိုင်ငံအတွင်းလုံခြုံရေးသည် တပ်မတော် (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပါအ၀င်) ၏ အရေးကိစ္စမဟုတ်ခဲ့လျင်…

အခြေခံဥပဒေတွင် ခဏတာအကူးအပြောင်း အစီအစဉ်မဟုတ်ပဲ ရည်ရှည်တည်မြဲမည့် မူဘောင်ကို ချမှတ် ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းနေထိုင်သူများ အနေနဲ့ကော ဖယ်ဒရယ်တပ်မတော်ကို မည်ကဲ့သို့ ပုံစံမြင်လိုပါသနည်း?

One key consideration for federalism and the division of powers in Myanmar is what to do about security and public order – in fact, these are perhaps the most contentious potential powers of all.

Should states and regions be responsible, or should the central government have control?

By security and public order powers, I mean military and police – not judicial powers (i.e. courts) which are a part of each level of government in virtually all federal systems.

In Myanmar, all security and public order powers currently sit with the central government. The centre controls the military, the police and the relevant laws.

In my first visit to Myanmar I was asked by an ethnic political party what I thought about the idea of a federal army. At that stage I did not have much of an opinion about a federal army, and I responded only to say that they do not exist anywhere else in the world.

They responded – ‘well, how else can we prevent another military coup?’

The definition of a federal army is not always clear. My understanding is that they mean a system where each state would control their own military, which would more or less be the existing ethnic armed organisations. They would have separate command structures to the military that is controlled by the centre.

But this raises many questions, like what about the regions, who do not have armed organisations? Would this make secession more likely? And would it work to prevent coups?

Only one country has ever had a federal army, and that did not last very long. When the United States was formed, the existing states retained their armed forces, as they were concerned about the potential for tyranny from the centre. But at that stage, the armies were very small and volunteer-based, and the central government had not been able to raise a strong military on its own – it relied on the states. As the military became more professional, it was integrated.

But if coup prevention is one purpose of a federal army, there are many alternative strategies available. One is to regularly rotate the positions of key military commanders (e.g. among different ethnic groups). Another is to counter-balance with the police force or other security forces.

Such counter-balancing can also work to provide a safeguard against incursion by a central military force, as it would no longer have a (so-called) ‘monopoly on the legitimate use of force’. At the same time, such an approach increases the accessibility of local police (e.g. by working in local languages).

Most federal countries allocate non-military security powers, i.e. a police force, to the states and regions / provinces. In Asia, this includes India, Pakistan and Nepal, but not Malaysia.

In Sri Lanka, however, where the fear of secession is the biggest issue preventing the establishment of federalism, provincial police forces were never established despite a constitutional amendment to the contrary. In 1987, after India’s intervention in the civil war, the then Sri Lankan government amended the constitution to allocate ‘police and public order’ powers to the provinces (states and regions) in Sri Lanka. However, many in the central government feared that these security resources would be used against them, and for secession. More than 30 years later, this part of the constitution has not been implemented.

Another approach is to proportionally recruit different ethnic groups into the military (which may include by integrating existing ethnic armed organisations). Ethnic proportionality may also be applied to a rotation of military command positions. These strategies have been shown to reduce the likelihood of coups and support constitutional settlements elsewhere (Sudduth 2017), and can be done in conjunction with the reallocation of other security forces (like the police) to states and regions.

In Nepal, a peace agreement in 2005 provided for the integration of the Maoist rebel army with the regular army. It took another six or seven years to happen, but they were successfully merged. This included 75 ex-Maoist commanders taking on senior officer positions. Nepal’s 2015 constitution also allocated police powers (concurrently) to the provinces and the centre. Implementation of this provision is underway.

Some constitutions (like Malaysia’s) make a distinction between internal security and ‘defence of the federation’. I guess this is what it comes down. If only internal security was not a military issue (whether that of the Tatmadaw or EAOs).

But a constitution should establish a lasting framework – not a temporary transitional arrangement. In which way do the peoples of Myanmar wish to see a federal army?

Photo by Kachinland News