The EU and civil society: Rebirth or More of the Same? အီးယူနှင့် အရပ်ဘက်အဖွဲ့အစည်း - ပြန်လည်မွေးဖွာ


On Thursday, the EU will launch its new civil society strategy. Given the EU’s long and supportive work with civil society in Myanmar, the launch of a new strategy should be an occasion to celebrate. Many Forum readers are interested in whether the launch of a new strategy will demonstrate that the Delegation has heard the findings of its own evaluation of their previous Roadmap strategy.

The first main finding of the Roadmap evaluation was “The EUD did not drive the Roadmap. There was a clear absence of EU ownership in driving this Roadmap. The EU contracted out the Roadmap and distanced themselves from the exercise entirely”.

Will the launch event use this same approach? An EU presentation that doesn’t actually present an EU strategy or position? Will the EU delegation staff stay on the edges of the event while their latest consultancy team takes responsibility? Or will the Delegation staff be up-front, active participants and actors, presenting and clarifying their strategy and providing substantial responses to civil society questions and feedback?

The second main finding of the Roadmap evaluation was “Civil society did not feel properly consulted, included or involved in the EU Roadmap”. The problem was identified as a peculiar EU definition of “consultation”. “Most evaluation informants (including EU staff) described the EU’s ‘consultations’ as prescribed, rigid and patronizing exercises”.

Will the launch event be centred on the issues and ideas of the civil society participants? Or will it be a long process of extracting civil society knowledge on a list of topics that have been pre-determined by the Delegation? Will the EU be taken off civil society’s private list of Extractive Industries? Will the “structured dialogues” of 2019-20 be qualitatively different from the “consultations” of 2014-17?

The Forum suggests four questions for the launch. We believe these do represent the interests of many in civil society. Genuine and substantial responses from the Delegation to questions like these would do much to restore faith in the EU’s intentions and capability.

1. The EU has said that their new strategy will not provide civil society with new funding opportunities, but will influence access for civil society to their existing geographic and thematic instruments. How influential was the new strategy in the recent allocation of €221m to the education sector?

2. Can civil society participants be given a breakdown of the “€100 million euro provided to CSOs since 2014”?

3. The Delegation is currently impressing on some of their intermediaries (e.g. INGOs and multi-donor Funds) that their project selection must “avoid a bias towards large international organisations”. How is the EU addressing this same bias in their own project selections?

4. Over a year ago, as part of the strategy consultations, the EU committed itself to o “provide centralised information about open calls for proposals managed by the EUD and/or its implementing partners; o publication of an annual forecast of funding opportunities for Myanmar CSOs from the EU, o a database of EU-funded projects including projects implemented through partnerships with other international partners and (inter)national and regional CSOs”.

Thursday’s event would be the right place for a progress report on these commitments.

လာမည့်ကြာသာပတေးနေ့တွင် အီးယူအနေဖြင့် ၄င်းတို့၏ အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာဗျူဟာအသစ် အား မိတ်ဆက်မည်ဖြစ်သည်။ မြန်မာနို်င်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် အီးယူအနေဖြင့် အချိန်ကြာ မြင့်စွာ လက်တွဲဆောင်ရွက်ခဲ့ခြင်းအား ထောက်ရှုလျင် ယခုကဲ့သို့ ဗျူဟာအသစ် မိတ်ဆက်ခြင်းကို အထိန်းအမှတ်တစ်ခုခုပြုလုပ်သင့်ပါသည်။ အီးယူအနေဖြင့် ယခင် လမ်းပြမြေပုံဗျူဟာအား အကဲဖြတ်သုံးသပ်ရာမှ ထွက်လာသော တွေ့ရှိချက်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်း ရှိမရှိကို ယခု ဗျူဟာအသစ် မိတ်ဆက်ရာတွင် မည်ကဲ့သို့ပြသမည်ကို ဖိုရမ်စာဖတ်သူများအနေဖြင့်လည်း စိတ်ဝင်တစားဖြစ်နေပါသည်။

ယခင်လမ်းပြမြေပုံ၏ ပထမ အဓိကတွေ့ရှိချက်မှာ “ အီးယူအနေဖြင့် လမ်းပြမြေပုံကို မောင်းနှင်ခဲ့ခြင်းမရှိ ပါ။ လမ်းပြမြေပုံကို အီးယူမှ ပိုင်ရှင်စိတ်ထားဖြင့် မောင်းနှင်ခဲ့ခြင်း လုံးဝမရှိခဲ့ဟု ရှင်းလင်းစွာတွေ့ရသည်။ အီးယူမှ ၄င်းလမ်းပြမြေပုံကို အခြားသူများထံ ကန်ထရိုက်ပေးကာ ထိုဖြစ်စဉ်တွင် အစမှ အဆုံးအထိ အဝေးမှ နေခဲ့ပါသည်။”

ယခုမိတ်ဆက်ပွဲတွင် ယခင်နည်းလမ်းသာအသုံးပြုမည်လော? အီးယူမှ ၄င်း၏ ဗျူဟာ သို့ ရပ်တည်ချက် ကို အမှန်တကယ်တင်ဆက်ခြင်းမရှိသော တင်ပြခြင်းသာဖြစ်မည်လော? ၄င်းတို့၏ အတိုင်ပင်ခံအဖွဲ့ မှသာ ပွဲအား တာဝန်အဓိကယူကာ အီးယူကိုယ်စားပြုဝန်ထမ်းအဖွဲ့များမှာမူ ဘေးတွင်သာနေမည်လော? သို့မဟုတ် ၀န်ထမ်းများအနေဖြင့် ရှေ့ထွက်ကာ တက်ကြွစွာပါဝင်မည့်သူများ၊ ဇာတ်ကောင်များ အဖြစ် လှုပ်ရှားကာ ၄င်းတို့၏ ဗျူဟာများကို ရှင်းလင်းတင်ပြခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ မေးခွန်းများ၊ သုံးသပ်ချက်များကို လုံလောက်မှုရှိသော တုံပြန်ချက်များ ပြန်ပေးမည်လော?

ယခင်လမ်းညွှန်မြေပုံအားသုံးသပ်ရာတွင် ဒုတိယ အဓိကတွေ့ရှိချက်မှာ “အရပ်ဘက်အဖွဲ့အစည်းများအနေ ဖြင့် အီးယူ၏လမ်းပြမြေပုံနှင့်ပတ်သက်လျင် သေချာတိုင်ပင်ဆွေးနွေးခံရခြင်း၊ ပါဝင်ရခြင်း မရှိဟု ခံစားရ သည်။” ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ အဓိကပြသာနာမှာ အီးယူ၏ “တိုင်ပင်ဆွေးနွေးခြင်း” အပေါ် ထူးဆန်းစွာအဓိပ္ဗယ် ဖွင့်ဆိုချက်ဖြစ်သည်။ “အကဲဖြတ်သုံးသပ်ခြင်းဖြစ်စဉ်တွင်ပါဝင်ခဲ့သည့်သူအများစု (အီးယူဝန်ထမ်းများအပါအ၀င်) အနေဖြင့် အီးယူ၏ “တိုင်ပင်ဆွေးနွေးခြင်းများ” အား ကြိုတင်ပုံစံချထား သော၊ တင်းကျပ်သော၊ အပေါ်စီးမှဆက်ဆံသော လေ့ကျင့်ခန်းဟု ပြောပြကြသည်။”

မိတ်ဆက်ပွဲတွင် အရပ်ဘက်အဖွဲ့အစည်းမှ ပါဝင်သူများ၏ စိတ်ကူးစိတ်သန်းများ၊ အကြောင်းအရာ ခေါင်းစဉ်များပေါ်တွင် ဗဟိုပြုမည်လော? သို့မဟုတ် အီးယူမှ ကြိုတင်သတ်မှတ်ထားသော ခေါင်းစဉ်များ အပေါ်အခြေခံပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ ဗဟုသုတများကို တူးဖော်မည့်ဖြစ်စဉ်ရှည်တစ်ခုသာ ဖြစ်မည်လော? အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ၄င်းတို့ ပြုစုထားသော တူးဖော်ထုတ်ယူတတ် ကြသည့် အဖွဲ့အစည်းနာမည်များမှ အီးယူအား ပယ်ဖျက်လိမ့်မည်လော? ၂၀၁၉ -၂၀ တွင်းတွင်ပြုလုပ်မည့် ပုံစံချထားပြီးသော ဆွေးနွေးပွဲများသည် ၂၀၁၄-၁၇ အတွင်းပြုလုပ်ခဲ့သော “တိုင်ပင်ဆွေးနွေးပွဲများ”နှင့် အရည်အသွေး ကွာဟမှုရှိမည်လော?

ဖိုရမ်အနေဖြင့် မိတ်ဆက်ပွဲအတွက် မေးခွန်း ၄ ခု ထုတ်ချင်ပါသည်။ ယခုမေးခွန်းများသည် အရပ်ဘက် အဖွဲ့အစည်းမှ လူတော်တော်များများ၏ စိတ်ဝင်စားမှုကိုလည်း ကိုယ်စားပြုသည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။ အီးယူမှယခုမေးခွန်းများအတွက် မှန်ကန်သော၊ ထိရောက်သော တုံ့ပြန်မှုများ ပေးနိုင်လျင် အီးယူ၏ ရည်ရွယ်ချက်များ နှင့် စွမ်းဆောင်ရည်အပေါ်တွင် ယုံကြည်မှုပြန်ပေါ်ထွန်း လာမည်ဖြစ်သည်။

၁. အီးယူအနေဖြင့် ယခုဗျူဟာအသစ်သည် အရပ်ဘက်အဖွဲ့အစည်းများအတွက် ရံပုံငွေအသစ် ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများအတွက် ၄င်းတို့၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော နေရာနှင့် ကဏ္ဍများတွင် ပို၍လက်လှမ်းမှီမှုရှိအောင် ကူညီမည်ဖြစ်သည်ဟု ဆိုသည်။ ယခု ဗျူဟာအသစ်သည် မကြာသေးမှီက ပညာရေးကဏ္ဍအတွက် ယူရို ၂၂၁ သန်း ပံ့ပိုးပေးမည်ဟူသော အီးယူ၏ ကြေငြာချက်အပေါ် မည်မျှလွှမ်းမိုးမှု ရှိခဲ့ပါသလဲ?

၂. “၂၀၁၄ခုနှစ်မှ စတင်ကာ အရပ်ဘက်အဖွဲ့အစည်းများအတွက်ထောက်ပံ့ပေးခဲ့သော ယူရို သန်း၁၀၀” အတွက် ခွဲခြမ်းစိတ်ဖြာထားသော အချက်အလက်ကို အရပ်ဘက်အဖွဲ့အစည်းများထံသို့ ပေးနိုင်မည်လော?

၃. အီးယူအဖွဲ့အနေဖြင့် ၄င်းတို့၏ တဆင့်ခံအဖွဲ့များ (ဥပမာ နိုင်ငံတကာ NGOများ နှင့် အလှူရှင်များပူးပေါင်းရံပုံငွေအဖွဲ့များ) အား စီမံကိန်းရွေးချယ်ရာတွင် ကြီးမားသော နို်င်ငံတကာ အဖွဲ့အစည်းများအပေါ် ဘက်လိုက်မှုရှိခြင်းမှ ရှောင်ကြဉ်ရမည်ဟု လမ်းကြောင်းနေပါသည်။ အီးယူအနေဖြင့်လည်း ထိုကဲ့သို့ ဘက်လိုက်မှုကို ၄င်းတို့၏ ကိုယ်ပိုင်စီမံကိန်းများ ရွေးချယ်ရာတွင် မည်ကဲ့သို့ထည့်သွင်းဆောင်ရွက်နေပါသလဲ?

4. လွန်ခဲ့သော တစ်နှစ်ကျော်ခန့်တွင် ဗျူဟာဆွေးနွေးတိုင်ပင်မှုဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် အီးယူမှ အောက်ပါအချက်များအတွက် ကတိက၀တ်ပြုခဲ့ပါသည်။

• အီးယူနှင့် ၄င်း၏ လုပ်ငန်းဆောင်ရွက်မည့် မိတ်ဖက်အဖွဲ့အစည်းများမှ ရံပုံငွေအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်းဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတွင်စုစည်းတင်ပြမည်။ • နှစ်စဉ် နှစ်တိုင်း မြန်မာနို်င်ငံအရပ်ဘက်အဖွဲ့အစည်းများအတွက် အီးယူထံမှ ရနိုင်မည့် ရံပုံငွေအခွင့်အရေးသတင်းအချက်အလက်များကို ခန့်မှန်း ထုတ်ပြန်မည်။ • အီးယူရံပုံငွေဖြင့်ဆောင်ရွက်ခဲ့သော စီမံကိန်းများ (နို်င်ငံတကာမိတ်ဖက်များ၊ ပြည်တွင်း နှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့အည်းများနှင့် အတူဆောင်ရွက်ခဲ့သော စီမံကိန်းများအပါအ၀င်) ဆိုင်ရာ အချက်အလက်များ စနစ်တကျ ပြုစုတင်ပြမည်။

ကြာသပတေးနေ့တွင်ပြုလုပ်မည့်ပွဲသည် ယခုကတိက၀တ်များနှင့် ပတ်သက်ပြီး တိုးတက်မှုအခြေအနေ တင်ပြရန် နေရာမှန်ဖြစ်ပါမည်။

Photo credited to http://eu-myanmar.org/eu-consults-myanmar-civil-society/