The Technical Side of Federalism in Myanmar – Thinking about Intergovernmental Relations (See Englis

မြန်မာနို်င်ငံအနေဖြင့် ဖယ်ဒရယ်နိုင်ငံဖြစ်လာရန် အခက်အခဲများကို ယခုဖိုရမ်စာမျက်နာနှင့် အခြားအွန်လိုင်း စာမျက်နှာများ၊ ဂျာနယ်များ နှင့် စာအုပ်များတွင် ရေးသားခဲ့ကြပြီးဖြစ်သည်။ အများအားဖြင့် သုံးသပ်ချက်များ သည် ဘဏ္ဍာရေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် မေးခွန်းများ၊ ယင်းတို့နှင့်ချိတ်ဆက်နေသော ပြည်ထောင်စု၊ တိုင်းနှင့်ပြည်နယ်များကြားစွမ်းဆောင်နို်င်မှုကို အာရုံစိုက်ကြသည်။ သိပ်မကြာခင်က ပြီးသွားပြီဖြစ်သော ရန်ကုန်မြို့၏ရွေးကောက်ပွဲများသည် အောက်ခြေပြည်သူအဆင့်နှင့်ချိတ်ဆက်မှုရှိရန် လိုအပ်မှုအပြင် အနာဂတ်ဖယ်ဒရယ်စနစ်တွင် ထိုအခန်းကဏ္ဍ၏ အရေးပါပုံကို မီးမောင်းထိုးပြခဲ့သည်။

အများအားဖြင့် လျစ်လျူရှုထားခံရသောခေါင်းစဉ်မှာ အစိုးရဌာနအဆင့်ဆင့်ကြား ဆက်ဆံရေး ဖြစ်သည်။ ဆိုလိုသည်မှာ ဖယ်ဒရယ်နိုင်ငံများတွင် အစိုးရများကြား၊ လွှတ်တော်များကြား၊ အထူးသဖြင့် အုပ်ချုပ်ရေးဆိုင်ရာဌာနာများကြား ဆက်သွယ်ဆက်ဆံရေးဖြစ်သည်။ အစိုးရအဆင့်ဆင့်ကြား ဆက်သွယ် ဆက်ဆံရေးကို ဖယ်ဒရယ်ယန္တယားအတွက် “ချောဆီ” ဟု တခါတရံညွှန်းဖွဲ့ကြသည်။ ဖယ်ဒရယ်နိုင်ငံများ တည်ထောင်ရန်အတွက် နှင့် အစိုးရ၏ အလွှာအဆင့်ဆင့်ကြားအာဏာခွဲဝေမှုအတွက် အဓိကကျသည်ဟုဆို သည်။

ပေါ်လစီများသည် ရှုပ်ထွေးလှကာ ကျွမ်းကျင်မှုများ၊ စွမ်းဆောင်နိုင်မှုများ ခွဲဝေမျှယူရာတွင် ရှင်းလင်းမှုရှိခြင်း သည် အနာဂတ်ဖယ်ဒရယ်မြန်မာနိုင်ငံအတွက် လိုအပ်သော်လည်း ပြည်ထောင်စု၊ ပြည်နယ်နှင့် တိုင်းများကြားတွင် အလွန် ရှင်းလင်းကာ ကျွမ်းကျင်မှုများ တိုက်ရိုက်ခွဲတမ်းချထားလျင်ပင် ၄င်းတို့အခြင်းခြင်း အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်သည်။ ယခုအချက်သည် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော အချို့သော ပေါ်လစီများ သည် ခွဲတမ်းချလိုက်ယုံနှင့် မရသောကြောင့်ဖြစ်သည်။ ကျန်းမာရေးကဏ္ဍအတွက် စဉ်းစားကြည့်လိုက်ပါ။ ကျန်းမာရေး ၀န်ဆောင်မှုကို ပြည်ထောင်စု၊ တိုင်းနှင့်ပြည်နယ်အဆင့်ဆင့်မှ ၄င်းတို့၏ စွမ်းဆောင်နိုင်မှုအရပေးနိုင်သော်လည်း အချို့သောကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည် နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည်။ ဥပမာအားဖြင့် ဆေးရုံများတည်ဆောက်မည့် အစီအမံရေးဆွဲခြင်း၊ အထူးကျန်းမာရေးဝန်ဆောင်မှုပေးဌာနများ (မီးလောင်ဒဏ်ရာကုသရေးဌာန၊ ရောဂါကုသမှုချိတ်ဆက်ဆောင်ရွက်ခြင်း၊ တက္ကသိုလ်များတွင် ဆေးပညာရေးသင်ကြားခြင်း စသဖြင့်) ပါဝင်ပါသည်။ ဖော်ပြသွားသောကဏ္ဍများအတွက် ပြည်ထောင်စုအဆင့်မှ ပြည်နယ်နှင့်တိုင်းများနှင့် ပူး ပေါင်းဆောင်ရွက်ကာပေါ်လစီများအား ထိရောက်စွာ ဖော်ထုတ်ရန် နှင့် အကောင်အထည်ဖော်ရန် ဆောင်ရွက် ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံဝန်ထမ်းရေးရာဌာနသည် အလွန်ဗဟိုချုပ်ကိုင်မှုရှိနေပါသည်။ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သင်တန်းတက်ရောက်ရကာ ရာထူးပေး အပ်ခြင်း၊ တိုးမြှင့်ခြင်းခံရသည်။ ၄င်းတို့သည် မြန်မာနိုင်ငံအတွင်းရှိ မတူညီသော ၀န်ကြီးဌာနများနှင့်ရုံးများတွင် အလုပ်တာဝန်ထမ်းဆောင်ကြသည်။ သို့သော် နိုင်ငံ့ဝန်ထမ်းအများစုသည် ပြည်ထောင်စုအဆင့်ဝန်ကြီး ဌာနများနှင့်သာ ချိတ်ဆက်မှုရှိကြသည်။ တိုင်းနှင့်ပြည်နယ်အဆင့်တွင် တာဝန်ထမ်းဆောင်သော်လည်း တိုင်းနှင့်ပြည်နယ်အတွက် အလုပ်လုပ်သော နိုင်ငံဝန်ထမ်းအနည်းငယ်သာရှိပါသည်။ ဆိုလိုသည်မှာ တိုင်းနှင့်ပြည်နယ်ကိုယ်စား အလုပ်လုပ်ကာ တိုင်းနှင့်ပြည်နယ်ထံသို့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော နိုင်ငံ့ဝန်ထမ်းများကိုဆိုလိုသည်။ ထို့ကြောင့် ပြည်သူ့ဝန်ဆောင်မှုတော်တော်များများသည် ထိရောက်မှု မရှိဖြစ်လာပါသည်။ နေပြည်တော်နှင့်ရန်ကုန် ပြင်ပရှိ နိုင်ငံ့ဝန်ထမ်းများသည် ၄င်းတို့၏တာဝန်များကို သင့်လျော်စွာဆောင်ရွက်ရန် လိုအပ်သည့် အရင်းအနှီး နှင့် ထောက်ပံ့မှု မရှိပါ။ ၀န်ထမ်းရာထူးတိုးမြှင့်သည့် စနစ်မှာလည်း ကျွမ်းကျင်မှုရှိခြင်း၊ ရလဒ်များရရှိခြင်း၊ စွမ်းဆောင်ရည်ဖြစ်နိုင်ခြေရှိမှုထက် လူပုဂ္ဂလိကချိတ်ဆက်မှု နှင့် အလုပ်သက်တမ်းကာလပေါ်တွင်အလွန်မူတည်နေသေးသည်။ စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာဌာနများမှလည်း နိုင်ငံ့ဝန်ထမ်းရေးရာအပေါ် လွှမ်းမိုးမှုရှိနေတတ်သည်။ ယခုအချိန်တွင် သိပ်မတွေ့ရတော့သော်လည်း ယခင်က ထိုဌာနမှလူများသည် နို်င်ငံ့ဝန်ထမ်းဌာနများသို့ ပြောင်းရွှေ့ လာတတ်သည်။

ဘာလုပ်ဖို့လိုမည်နည်း? UNDP၏ နိုင်ငံဝန်ထမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အနေဖြင့် ထိရောက်မှု ဆိုသည့် အချက်ကို အဓိကထား ဇောင်းပေးပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည်လည်း ပြုပြင်ပြောင်းလဲ ရေးအတွက် အရေးပါသည့် အချက်နောက်တစ်ခုဖြစ်နေပါသည်။ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဌအနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍကို ပိုထိရောက်ချောမွေ့အောင်လုပ်ဆောင်ရန် စိတ်အားထက်သန်သည် ဟုသုံးသပ်ရပါသည်။ ၄င်းအနေဖြင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ ဦးတည်ကာ ဆောင်ရွက်နေသည့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်လည်း ချိတ်ဆက်ရန် ဆန္ဒရှိသည်ဟုမြင်ပါသည်။။ နိုင်ငံအနေဖြင့် ၂၀၁၀ မှ စတင်ကာ တံခါးဖွင့်ခဲ့ပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေး နှင့်သင်တန်းများသည်လည်း အရည်အသွေးမြင့်လာသည်။ လုပ်စရာအများကြီးရှိသေးသော်လည်း မျှော်လင့်ချက်ရှိပါသည်။ အသုံးကျနို်င်မည့်နည်းလမ်းတစ်ခုမှ ဖယ်ဒရယ်ဆိုင်ရာဆွေးနွေးသည့် အခင်းအကျင်းများ - အထူးသဖြင့် လက်ရှိသွားနေသည့် ၂၁ ရာစု ပင်လုံညီလာခံ၏ ဆွေးနွေးမှုအစီအစဉ်များတွင် အစိုးရအဆင့်ဆင့်ကြား ဆက်သွယ်ဆက်ဆံရေးအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ထည့်သွင်းသည့်ပါသည်။ ထို့အပြင် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများအတွက် လက်ရှိကွန်ဖရင့်ပုံစံအပြင် အခြားသော ဆွေးနွေးနို်င်သည့်ပုံစံများကို စဉ်းစားသင့်သည်။ သေးငယ်သော အဖွဲ့များခွဲကာ ဆွေးနွေးခြင်း သည်ပုံစံတစ်ခုဖြစ်နိုင်သည်။ အပြင်မှ လူတစ်ဦးကို ကြားနေဖြန်ဖြေသူအဖြစ်ထားရှိနိုင်သည်။ လက်ရှိသွားနေသည့် နို်င်ငံရေးဆွေးနွေးမှုပုံစံသည် ၄င်း၏ တည်ဆောက်ပုံကြီးမားမှု၊ တိုးတက်မှု မရှိခြင်းတို့ကိုဖယ်လိုက်လျင် အဓိကပြသာနာမှာ ရှုပ်ထွေးသည့်ခေါင်းစဉ်များ (ဥပမာ အစိုးရအဆင့်ဆင့်ကြား ဆက်သွယ်ဆက်ဆံရေး) ကို ၄င်း၏ ကြီးမားသည့်တည်ဆောက်ပုံ၊ သဘောသဘာဝ၊ ပုံမှန်မဟုတ်သော တွေ့ဆုံချိန် စသည်တို့ကြောင့် သေချာမဆွေးနွေးနို်င်ခြင်းဖြစ်သည်။

Dr. Soeren Keil သည် ယူကေနိုင်ငံရှိ Canterbury Christ Church တက္ကသိုလ်ရှိ နိုင်ငံရေးနှင့်အစိုးရကြား ဆက်ဆံရေးဘာသာဆိုင်ရာ တွဲဖက်ပါမောက္ခဖြစ်ပါသည်။ ၄င်းအနေဖြင့် မြန်မာနိုင်ငံသို့ မကြာခဏလာရောက် ခဲပြီး ဂျာမန်ဟန်းစ်ဆိုင်ဒယ်အဖွဲ့၏ ဖယ်ဒရယ်ဆိုင်ရာအကြံပေးအဖြစ်လည်း တာဝန်ယူထားပါသည်။ ဤ soeren.keil@canterbury.ac.uk ဖြင့် ၄င်းသို့ ဆက်သွယ်နိုင်ပါသည်။

Much has been written in this blog and in many different forums online and in journals and books about the challenges of Myanmar becoming a federal country. Often analyses focus on the questions of fiscal arrangements and linked to it the distribution of competences between the Union and the states and regions. Moreover, recently the local elections in Yangon have highlighted the need for increased engagement with the local level and its role in any future federal system.

However, a topic that is often neglected is that of intergovernmental relations. This focuses on the issue of relations between different governments, parliaments, and particularly administrations in federal countries. Intergovernmental relations are sometimes described as the “oil” in the federal machinery – the key to making federations and power-sharing between different levels of government work.

Policies are complex, and while a clear distribution of competences might be desirable for a future federal Myanmar, even the clearest and most direct division of competences between the Union and the states and regions will require them to work together. This is necessary, because some policies simply cannot be divided. Think about the issue of health. While health care can be given as a competence to the Union or the states and regions, some aspects of health will require close cooperation, such as the planning of hospitals, thinking about specialist health institutions such as burns units, linking health care needs and health professional training in universities and colleges etc. Here, the Union will need to work together with the states and regions to ensure that policies can be effectively developed and implemented.

Currently, Myanmar’s administration, its civil service, is highly centralized. Administrators are trained and promoted through the Union Civil Service Board (UCSB), and they work for different ministries and offices throughout the country. However, usually civil servants are linked to Union ministries, there is only a small number of civil servants working not only in the states and regions, but for the states and regions, and therefore acting on behalf of states and regions, and being accountable to the states and regions. This has resulted in a huge civil service that is not particularly effective. Outside of Nay Pyi Taw and Yangon, civil servants often lack the resources and support to do their job properly. The promotion system is still far too much focused on personal connections and years of service, rather than on skills, achievements and potential. The military and other security services still influence the civil service, and former officers still join the civil service, although this practice is coming to an end.

So, what is to be done? The UNDP reform agenda for the civil service focuses mainly on effectiveness, although decentralization plays a role in the reform plans. The current chairman of UCSB is keen to make the whole service more efficient and to link it to ongoing political reforms towards federal democracy. There is also an increase in the quality of civil servants and their training since the country’s opening in 2010. Much work remains to be done, but there is some light at the end of the tunnel. What would be useful would be a stronger focus on intergovernmental relations and UCSB in the overall federal reform debates and in particular in the discussions at the 21st Century Panglong Peace Conference. What is more, formats beyond the current Conference system should be explored, especially for technical discussions. Smaller working groups could be a solution, and so could be bringing in an outside party as a mediator. A key problem of the current system beyond its size and lack of progress is its inability to discuss technical detail and complex issues such as IGR in depth is due to the size, nature and irregular meetings of the 21st Century Panglong Conference.

Dr Soeren Keil is Reader (Associate Professor) in Politics and International Relations at Canterbury Christ Church University in the UK. He has visited Myanmar many times and works as an adviser on federalism for the German Hanns Seidel Foundation in Myanmar. He can be contacted at: soeren.keil@canterbury.ac.uk

Photo accessed from 50shadesoffederalism.com