Is federalism necessary for democracy in Myanmar? မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ဖယ်ဒရယ်လိုအပ်ပါသလ
ဖိုရမ်စာမျက်နှာတွင် ဖယ်ဒရယ်အကြောင်းမရေးဖြစ်တာ အတော်ကြာခဲ့ပြီဖြစ်သည်။ ယခင် ကျွန်တော် ရေးခဲ့သော ဆောင်းပါးများအတွက် မေးခွန်းများ၏ အဖြေကို ယခုဆောင်းပါးတွင် ကြိုးစားပြီးဖြေချင်ပါသည်။
ကျွန်တော်အဓိက အာရုံစိုက်မိသော မေးခွန်းတစ်ခုကတော့ “ဖယ်ဒရယ်က မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလား?” ဟူ၍ဖြစ်သည်။
နယ်နမိတ်ကြီးမား၍ တိုင်းရင်းသားလူမျိုးစုံလင်လှသောနိုင်ငံများတွင် ဖယ်ဒရယ်စနစ်သည် ဒီမိုကရေစီ အတွက် လိုအပ်သော အခြေအနေတစ်ခုလားဟူ၍ မေးခွန်းသည် နိုင်ငံရေးသိပ္ဗံပညာရှင်များ၊ နိုင်ငံတည်ဆောက်သူများကို နှစ်ပေါင်းများစွာ ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။
လွန်ခဲ့သော ၁၈၀၀ခုနှစ်ကာလများတွင် John Stuart Mill ဟူသည့် အနောက်နို်င်ငံများတွင် လွှမ်းမိုးမှု အရှိဆုံး နို်င်ငံရေးအတွေးအခေါ်ပညာရှင်တစ်ဦးက ပြောဆိုသည်မှာ ဒီမိုကရေစီသည် သေးငယ်ပြီး ကွဲပြားမှုမရှိသည့် နိုင်ငံများအတွက်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခဲ့သူများ ပြုလုပ်ခဲ့သော အရေးကြီးသည့်တီထွင်မှုတစ်ခုမှာ ဖယ်ဒရယ်စနစ် ဖြစ်သည်။ အဓိပ္ဗယ်မှာ အစိုးရသည် လုံလောက်စွာသေးငယ်သောကြောင့် လူထုပါဝင်ရန် အခြေအနေပိုပေးသည်။ အများစု ဆိုသည်မှာလည်း တစ်နေရာနှင့်တစ်နေရာထပ်တူကျနိုင်သည်။ တစ်ချိန်တည်းတွင် အားကောင်းသော ဗဟိုအစိုးရသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် လုံခြုံရေးကိုမြှင့်တင်ပေးရမည်ဖြစ်ကာ တိုင်းနှင့်ပြည်နယ်များကတော့ ၄င်းအား အာဏာရှင်ကဲ့သို့မဖြစ်လာနိုင်ရန် စောင့်ကြည့်ပြီး ထိုကဲ့သို့အခြေအနေမှ ကာကွယ်သွားဖို့ဖြစ်သည်။
ထို့အပြင် ဒီမိုကရေစီနှင့်ဆက်စပ် ဦးဆောင်အတွေးအခေါ်ပညာရှင်များလည်းဖြစ်၊ ဖယ်ဒရယ်ပညာရှင် လည်းဖြစ်သည့် Al Stepan (1999) အနေဖြင့် ထိုထက်ပိုပြီး အရှေ့ရောက်ကာ ပြန်ဆွေးနွေးသည်မှာ ဖယ်ဒရယ်သည် ကြီးမားပြီး လူမျိုးစုံလင်သည့် ဒီမိုကရေစီနိုင်ငံများအတွက် အမှန်တကယ် လိုအပ်သည်ဟုအောက်ပါအတိုင်းဆိုခဲ့သည်။ “ကျွန်တော်မြင်တာတော့ အင်ဒိုနီးရှား၊ ရုရှား၊ နိုင်ဂျီးရီးယား၊ တရုတ်၊ မြန်မာစတဲ့နိုင်ငံတွေ အနေနဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီရဖို့အတွက်ဆိုလျင် ယဉ်ကျေးမှုစုံလင်ခြင်း၊ လူမှု-စီးပွားရေးတိုးတက်ဖို့အတွက် ခိုင်ခံသည့် စွမ်းဆောင်မှုရှိခြင်း၊ နိုင်ငံသားများ တန်းတူ ညီမျှမှုရှိဖို့အတွက် ယေဘူယျစံနှုန်းစတာတွေကို ဖြစ်ထွန်းစေတဲ့ လက်တွေ့အလုပ်ဖြစ်မယ့် ဖယ်ဒရယ်စနစ်တွေကို ဖော်ထုတ်ရမယ်”
ယနေ့ခေတ်ကာလတွင် ကြီးမားပြီး တိုင်းရင်းသားလူမျိုးစုံလင်စွာဖြင့် တည်ထောင်ထားသည့် ဒီမိုကရေစီအားလုံးနီးပါးသည် ဖယ်ဒရယ်စနစ်ကျင့်သုံးပါသည်။ အိန္ဒိယနိုင်ငံမှစတင်ကာ ဘရာဇီး၊ အီသီယိုးပီးယား၊ စပိန် စသည့် နိုင်ငံများပါဝင်သည်။ အင်ဒိုနီးရှားနို်င်ငံကတော့ အငြင်းပွားဖွယ်ရာ သီးသန့် ပုံစံဖြစ်နေသည်။ သို့သော်လည်း ၄င်းနို်င်ငံ၏ အခြေခံဥပဒေမှာတော့ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချထားသည်(ယခုမြန်မာနိုင်ငံကဲ့သို့)။ ထို့အပြင် Aceh နှင့် Papua ပြည်နယ်များနှင့် ဖယ်ဒရယ်အခြေခံသည့် သဘောတူညီမှုများထားရှိသည်။
အားလုံးခြုံငုံကြည့်လိုက်လျင် ဖယ်ဒရယ်သည်(မြန်မာနိုင်ငံအတွက်) မရှိမဖြစ်လိုအပ်ချက်လား? ကျွန်ုပ်အနေနဲ့ဖြေရလျင် စစ်မှန်သော ဒီမိုကရေစီရှိဖို့ဆိုလျင်တော့ လိုအပ်သည်။ စစ်မှန်သည့် ဖယ်ဒရယ်လည်း လိုအပ်ပါသည်။
ထို့အပြင် ဖော်ပြခဲ့သော အခြားမေးခွန်းများကတော့ အနည်းနှင့်အများ ဘာသာရေးက ဖယ်ဒရယ်နှင့် မည်ကဲ့သို့ သက်ဆိုင်သနည်း ဟူ၍ဖြစ်သည်။
အမှန်တကယ်တော့ ထိုမေးခွန်းကိုပဲ ဒီမိုကရေစီအကြောင်း ဆွေးနွေးသည့်အခါတွင် မေးလို့ရပါသည်။ ဘာသာရေးကို နို်င်ငံရေးနှင့်သီးခြားထားရှိခြင်းက ဖယ်ဒရယ်အတွက် လိုအပ်သည့် အခြေအနေတခုလော?
အာရှတိုက်ပြင်ပရှိ လက်ရှိဖယ်ဒရယ်ဒီမိုကရေစီနို်င်ငံများအားလုံးသည် နိုင်ငံရေးကို ဘာသာရေးနှင့် သီးသန့်ခွဲထားသည်။ အစိုးရတွင် ဘာသာရေးအခန်းကဏ္ဍမရှိပါ။ ဖယ်ဒရယ်၏ အခြေခံစည်းမျဉ်းဖြစ်သော ကွဲပြားမှုထဲတွင် စည်းလုံးမှုရှိခြင်း ဟုဆိုသော အချက်နှင့် သက်ဆိုင်နေပါသည်။
လူမျိုးတစ်ခု၊ ဘာသာရေးတစ်ခုအပေါ်တွင်အခြေခံသော နိုင်ငံအမှတ်အသားသည် ထိုအုပ်စုထဲတွင် မပါသော အခြားသူများကို ဖယ်ထုတ်ထားပြီးသားဖြစ်နေသည်။ ထိုကဲ့သို့အဖွဲ့များအနေဖြင့် နိုင်ငံသည် ၄င်းတို့ကို ကိုယ်စားမပြုဟုခံစားရလျင် သူတို့အတွက်လည်း နို်င်ငံအပေါ် သစ္စာရှိမှု မွေးမြူနိုင်ဖို့ ခက်ခဲပါလိမ့်မည်။ ထိုမှတဆင့် ခွဲထွက်ရေးဦးတည်သည့် ပဋိပက္ခ သာဖြစ်ပေါ်လာပါလိမ့်မည်။
ထို့ကြောင့် နို်င်ငံတစ်ခုတွင် လူမျိုး၊ဘာသာ ကွဲပြားစုံလင်မှုရှိလျင် ၄င်းအနေဖြင့် နို်င်ငံရေးနှင့် ဘာသာရေး ခွဲခြားထားသင့်သည်။
အာရှတိုက်အတွင်း အချို့အစ္စလာမစ်နိုင်ငံအနည်းစုမှာ ဖယ်ဒရယ်စနစ်ကျင့်သုံးနေသည်ဆိုသည်မှာ အမှန်ဖြစ်သည်။ သို့သော် ၄င်းတို့မှာ လက်ရှိ (သို့မဟုတ် ယခင်က) အာဏာရှင်စနစ် သို့ ဒီမိုကရေစီ တ၀က်တပြတ်သာ ကျင့်သုံးပါသည်။ ထိုနိုင်ငံများတွင် နေထိုင်သူအားလုံးနီးပါးသည် မွတ်စလင်ဖြစ်ပြီး (ဘာသာရေးစုံလင်မှုမရှိပါ) မလေးရှားနို်င်ငံကို ဥပမာပေးရလျင် မွတ်စလင် မဟုတ်သော အခြားလူများသည် ဒုတိယတန်းစားနိုင်ငံသားများသာဖြစ်သည်။
နောက်ဆုံးမေးခွန်းများကတော့ တိကျသည့် အခြေခံဥပဒေပြောင်းလဲမှုပြုလုပ်ခြင်း နှင့် အာဏာခွဲဝေခြင်း စသည်တို့နှင့် ပတ်သက်ပါသည်။
ကျွန်တော့်အမြင်မှာတော့ လွှတ်တော်များနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်စသည်တို့တွင် စစ်တပ်၏ အခန်းကဏ္ဍပါ နေခြင်းသည် ဒီမိုကရေစီနှင့် ဖယ်ဒရယ်နှစ်ခုစလုံးကို အလုပ်မဖြစ်စေပါ။
ထို့အပြင် ကျွန်ုတော်အနေဖြင့် လက်ရှိအခြေခံဥပဒေသည် ဖယ်ဒရယ်နှင့်အတော်နီးစပ်နေပြီ ဟု ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဒီထက် ဖယ်ဒရယ်ပုံသဏ္ဍာန်ပိုပီပြင်နိုင်ရန်အတွက် အဓိက အပြောင်းအလဲဆောင်ရွက်ရန်မှာ တိုင်းနှင့် ပြည်နယ်များ၏ ၀န်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များမှ ရွေးချယ်ကာ သမ္မတထံသို့မဟုတ်ပဲ ၄င်းတို့ထံသို့သာ တာဝန်ခံစေသည့် စနစ်သို့ပြောင်းလဲရန်ဖြစ်သည်။
ဒုတိယတစ်ချက်မှာ အာဏာခွဲဝေမှုကိုလည်း ပြောင်းလဲရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ဗဟိုအစိုးရသည် အလွန်အင်အားရှိကာ အာဏာတော်တော်များများ ယူထားပါသည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ်များ ရထားသော အာဏာ တော်တော် များများသည်လည်း ဗဟိုအစိုးရမှပြဌာန်းထားသောဥပဒေများအပေါ်တွင် မူတည်နေသည်။
ဖယ်ဒရယ်နိုင်ငံအများစု၏ တိုင်းနှင့်ပြည်နယ်အဆင့်အစိုးရများသည် အနည်းဆုံးတော့ ကျန်းမာရေး၊ ပညာရေး၊ မြေယာ၊ သဘာဝသယံဇာတ၊ တရားဥပဒေစိုးမိုးရေး နှင့် အခွန်စီမံခန့်ခွဲပိုင်ခွင့် အာဏာတော်တော်များများကို ပိုင်ဆိုင်သည်။ ကွဲပြားသည့်လူမျိုးများစုပေါင်းတည်ထောင်ထားသည့် ဖယ်ဒရယ်နို်င်ငံများတွင် လူနည်းစုများ၏ ဘာသာစကားများကို တရားဝင်ဘာသာစကားပြဌာန်းခွင့်လည်း ပေးအပ်ထားသည်။
ယခုအပြောင်းအလဲများသည် အုပ်စုတစ်ခု သို့မဟုတ် အခြားတစ်အုပ်စု (ယခင် post တစ်ခုအောက်တွင် ပေးထားသော အကြံပြုချက်အရ) အတွက်သာရည်ရွယ်ခြင်း မဟုတ်ပါ။ သို့သော် ပြည်သူအားလုံးအတွက် ဖြစ်သည်။ သင့်လျော်စွာဆောင်ရွက်ပါက ဖယ်ဒရယ်သည် ပဋိပက္ခကို လျှော့ချနိုင်ကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဖြစ်စေမည်။ ထို့အပြင် ဒီမိုကရေစီထွန်းကားနိုင်ရန်အတွက် အထောက်အကူပြုမည်ဖြစ်သည်။ မြန်မာနို်င်ငံအတွက် ဒီမိုကရေစီရရှိဖို့က ပန်းတိုင်ဆိုလျင် ဖယ်ဒရယ်သည်လည်း ထိုကဲ့သို့သာဖြစ်ရမည်ဖြစ်သည်။
သို့ပေမယ့် ရေးခဲ့သည့်အချက်များအားလုံးသည် အပြင်လူဖြစ်သည့် ကျွန်တော့်အမြင်များသာဖြစ်ပါသည်။ မိတ်ဆွေများ၏ အမြင်က ပိုအရေးကြီးပါသည်။
It has been some time since I last wrote about federalism here and so we thought I could try and answer some of the questions posed in response to my previous blogs.
One that captured my attention was “is federalism an absolute necessity?”
Whether federalism is a necessary condition for democracy in large and ethnically diverse countries is a question that has confounded political scientists and state-builders for years.
Back in the 1800s, John Stuart Mill, one of the West’s most influential political philosophers, argued that democracy was only possible in small and homogenous states.
One great innovation of the drafters of the U.S. constitution was federalism. It meant that government could be at a small-enough scale to enabled participation, and that there would be overlapping majorities. At the same time a strong central government would promote economic development and security while being checked by the states to prevent the rise of tyranny.
More recently leading democratic theorist and federal scholar, Al Stepan (1999), went further and argued that federalism is indeed necessary for democracy in large multinational states: “In fact, in my judgment, if countries such as Indonesia, Russia, Nigeria, China, and Burma are ever to become stable democracies, they will have to craft workable federal systems that allow cultural diversity, a robust capacity for socioeconomic development, and a general standard of equality among their citizens”.
Today, almost every large and ethnically diverse established democracy is federal, from India to Brazil, Ethiopia to Spain. Indonesia is arguably an outlier, but it is constitutionally decentralised (like Myanmar now) and has a federacy arrangement with Aceh and Papua.
So, is federalism an absolute necessity [for Myanmar]? My answer would be that if there is to be genuine democracy, then yes, there needs also to be genuine federalism.
I also received a few questions asking, more or less, what religion has to do with federalism.
In fact, the same kind of question can be asked here as we asked about democracy. Is secularism a necessary condition for federalism?
Outside of Asia all existing federal democracies are secular. Religion has no role in government. It comes back to basic federal principles of unity in diversity.
A state identity that is based on one ethnicity or one religion excludes those who do not follow that religion or identify as such.
If entire groups feel as though the state does not represent them, it is difficult to engender loyalty to the state and it is more likely that secessionist conflict might result.
It follows that if a country is ethnically and religiously diverse, then it should also be secular.
It is true that in Asia there are a few Islamic states that are also federal. But they are, or have been, authoritarian or only semi-democratic. They are almost entirely Muslim (i.e. not religiously diverse), or in the case of Malaysia, non-Muslims are second-class citizens.
The last set of questions related to specific constitutional changes and the division of powers.
I think it is well established that the role of the military in the parliaments and executives undermines both democracy and federalism.
Also, I have argued that the constitution is almost federal now. The key things that could change to make it more federal are to make the Chief Ministers of the States and Regions elected by, and accountable to, their parliaments instead of by the President.
Secondly, the division of powers could also change. Currently, the central government is very strong and retains most powers. Further, many of the powers of the states and regions are subject to laws passed by the central government.
State and regional governments in most federations have at least health, education, land and natural resources, law and order, and substantial taxation powers. In most multinational federations the use of minority languages as an official language is also permitted.
These changes would not be for one particular group or another (as suggested by one comment) but for the people as a whole. If done properly, federalism can reduce conflict, increase economic development and support democratization. If democracy in Myanmar is a goal, then perhaps so should be federalism.
But these are just my opinions, as an outsider. Yours count much more.
Photo accessed from http://50shadesoffederalism.com/…/federalism-democracy-inc…/