Reform in Myanmar's Jade industry: is participatory governance possible?

Despite recent reforms, governance in Myanmar’s jade sector reform is still vague and opaque

(Myanmar translation below) _________

In Myanmar, jade and gemstone industry has, for decades, been faced with environmental, social and economic challenges.

There were increasing accidents that lead to lives-lost in undertaking extraction activities. There are threats of losing social and culture norms due to increasing illegal migrations.

In fact, the improper mining systems have harmed the ecosystems and caused extensively damage of environment.

In addition, it is estimated that billions of US dollars revenue from mining has been diverted into illicit financing activities where various state actors were involved in.

In order to address such issues, Government of Myanmar (GoM) had initiated several interventions including participatory governance which was introduced by the international community with their technical and financial support. According to Barma et al (2012), Haufler (2010) and Stevens et al (2015), multi-stakeholders participation in the government system can improve transparency, and accountability and lead to good governance through check and balance by third party.

This article tries to examine whether participatory governance are effective in the current Myanmar governance system.

Participatory governance was adopted for the first phase along with affiliation of Extractive Industry Transparency Initiatives (EITI) by Myanmar in 2014.

According in EITI, the government is required to meet the transparent and accountable governance system for its resource extraction projects which is critical to promote good governance practices as of international standards. However, the process tends to focus more on the submission of the report instead of evaluating whether “report to reform” agenda were being implemented.

More importantly, the centralized governance system had hindered the success of participatory governance where only junior level officials were involved as the alternatives in the multi-stakeholder group from government party.

Therefore, the decision-making process was often delayed and failed to proceed the action plans.

The policy discussions was undertaken at the union level, however, it had a significant gap to communicate with local level government from effected area where the jade production is.

Again, a multi-stakeholder participation approach was adopted in the reform process of jade and gemstone policy in 2017.

This approach was established to examine the implementation of action plans recommended in Myanmar EITI report and to encourage the participation of various stakeholders.

Similar to EITI’s participatory governance system, this multi-stakeholder participation approach has also malfunctioned due to lack of proper decision-makers from government party, lack of political will by government party, lack of local stakeholder representatives and weaken connection between the two agenda (i.e. MEITI and Jade Policy supporting committee).

With the support of US government, drafted policy was summited to cabinet for their review in 2019. However, the final approval from cabinet had not received yet due to inactive multi-stakeholder supporting committee where it failed to follow up the process.

To conclude, the two reform phases had established the participatory governance approach in order to improve the transparency and accountably of government as well as private sectors.

However, the approach was inefficient because of centrally driven policy making practice of Myanmar, weak in communication and information dissemination to public.

Furthermore, lack of political will and lack of subsequent coordination between government party and others key stakeholders in the process have become impediments for the implementation of the action plans.

Last but not least, the activities of both participatory approaches were highly dependent on international donors technically and financially, therefore, they were difficult to survive when the donors’ funding are expired.

Overall, the participatory governance in Myanmar’s jade sector reform is still vague and opaque situation which need to review for further improvement.

Tr Yar Maung is graduate student at the Australian National University

ပူးပေါင်းပါဝင်သော စီမံအုပ်ချုပ်မှုဖြင့် ပြုပြင်ပြောင်းလဲရေးပြုလုပ်သော မြန်မာ့ကျောက်စိမ်းလောက တစ်ကယ် အလုပ်ဖြစ်နေရဲ.လား။

မြန်မာ့ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလောကသည် ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ.နေခဲ့ရသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် ရွှံ.ကန်ပြိုကျခြင်း၊ မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တာရယ်များ အပါအ၀င် မူးယစ်ဆေးဝါးနှင့် မတော်တဆ ပစ်ခတ်ခြင်းများကဲ့သို့သော ကိစ္စရပ်များ အမျိုးမျိုးကြောင့် မှတ်တမ်းမှတ်ရာမရှိဘဲ မရေမတွက်နိုင်အောင် သေဆုံးနေကြရသော ကျောက်တွင်းလုပ်သားများ၊ အစုလိုက်အပြုံလိုက် ရောက်ရှိလာသော နေရာဒေသအသီးသီး မှ ရွှေ.ပြောင်းလုပ်သားများကြောင့် လူဦးရေထူထပ်ပြီး မိမိတို့၏ နဂိုမူလ ကိုးကွယ်ယုံကြည်မှုများ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ပျောက်ဆုံးသွားခြင်းတို့ဖြစ်ပါသည်။ တရားမ၀င်တူးဖော်ခြင်းများ၊ စည်းကမ်းမဲ့စွာ အလွန်အကျွှံတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်များ ပျက်စီးယိုယွင်းလျှက်ရှိနေပါသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာသော တိုင်းပြည်ဘဏ္ဌာအခွန်ငွေများသည် နိုင်ငံတော်မှ ရရှိရမည့်အစား တရားမ၀င်သော ငွေကြေးစီးဆင်းမှု ပုံစံမျိုးစုံဖြင့် ကောက်ခံရယူနေသောသူများထံသို့ ဖိတ်စင်ရောက်ရှိနေသည်တို့ကို ဖားကန့်ဒေသရှိ ကျောက်စိမ်းနယ်တွင် စိတ်မကောင်းစွာ မြင်တွေ.နေရပါသည်။ ထိုအခြင်းအရာများသည် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ညံ့ဖျင်းခြင်း များကြောင့် ဖြစ်သည်ကို ငြင်းစရာမရှိပေ။

ထိုကြောင့် မြန်မာအစိုးရအနေဖြင့် တွေ.ကြုံနေရသော အခက်အခဲများကို တစ်ပွဲထိုး ဖြေရှင်းနည်းအမျိုးမျိုးဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သော်လည်း အစိုးရ၏စီမံအုပ်ချုပ်မှု စနစ်တစ်ခုထဲအောက်တွင် ရှိသော်လည်း တစ်ခုနှင့် တစ်ခု အဆက်အစပ်မရှိ၊ ပေါင်းစပ်ညှိနှိုင်းမှုများ မရှိဘဲ ဆောင်ရွက်နေသောကြောင့် အောင်မြင်မှုများမရှိဘဲ တစ်ဝဲလည်လည်ဖြစ်နေသည်ကို တွေ.မြင်နေခဲ့ရပါသည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတစ်ကာ၏ ဖိအားပေးမှုများ၊ တိုက်တွန်းအားပေးမှုများ၊ ငွေကြေးနှင့် နည်းပညာအကူအညီများဖြင့် အများပါဝင်သော သုံးပွင့်ဆိုင် ညွှန့်ပေါင်းဖြင့် စီမံအုပ်ချုပ်မှု (အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် အရပ်ဘက်အဖွဲ.အစည်းများကိုယ်စားလှယ်ပါဝင်သော) ကို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ကို တွင်းထွက်သယံဇာတများအား စီမံအုပ်ချုပ်မှုတွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ပညာရှင်များဖြစ်ကြသော Barma et al (2012), Haufler (2010) and Stevens et al (2015) တို့သည် အများပါဝင်သော သုံးပွင့်ဆိုင်ညွှန့်ပေါင်းစီမံအုပ်ချုပ်မှုကို အစိုးရစနစ်တွင် ထည့်သွင်းခြင်းသည် အစိုးရ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊တာဝန်ခံမှုအားမြှင့်တင်ပေးပြီး တတိယအဖွဲ.အစည်း၏ အပြန်အလှန်ထိန်းကျောင်းမှုပါဝင်သော ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေသည်ဟု ယင်းတို့၏ သုတေတနများတွင် ရှာဖွေတွေ.ရှိခဲ့ပါသည်။ သို့ဖြစ်သောကြောင့် ယခုဆောင်းပါးသည် ပူးပေါင်းပါဝင်သော သုံးပွင့်ဆိုင်ညွှန့်ပေါင်းဖြင့် စီမံအုပ်ချုပ်မှုသည် မြန်မာနိုင်ငံရှိ ကျောက်စိမ်းကဏ္ဌပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် မည်မျှထိ အကျိုးရှိစွာ ဆောင်ရွက်ခဲ့နိုင်ခြင်းရှိမရှိအား သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံတွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော်ဆောင် ရေးကို (EITI) စတင်အကောင်အထည်ဖော်ခြင်းဖြင့် အများပါဝင်သော သုံးပွင့်ဆိုင်ညွှန့်ပေါင်း စီမံအုပ်ချုပ်မှု ကို ပထမဆုံးအကြိမ် အစိုးရမှ လုပ်ဆောင်ခဲ့ပါသည်။ EITI စံနှုန်းအရ အစိုးရသည် နိုင်ငံတွင်းရှိ တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအားလုံးအား နိုင်ငံတစ်ကာ စံချိန်စံညွှန်းများအတိုင်း၊ ပွင့်လင်းမြင်သာစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့်လုပ်ဆောင်သည့် ကောင်းမွန်သော သယံဇာတစီမံအုပ်ချုပ်မှု ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ထိုလုပ်ငန်းစဉ်သည် မူလရည်ရွယ်ချက် ဖြစ်သည့် အစီရင်ခံစာမှတစ်ဆင့် ပြုပြင်ပြောင်းလဲခြင်းကို ဆက်လက်အကောင်အထည်ဖော်ရမည့်အစား နှစ်စဉ်အစီရင်ခံစာထွက်ရှိရေးအတွက်သာလျှင် အသဲအသန်ကြိုးစားအားထုတ်နေကြသည်။ ထို့ထက်အရေးကြီးသည့် အချက်မှာ အစိုးရဌာနများတွင် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ် လည်ပတ်နေသော ယန္တာရားကြီးသည်လည်း ပိုပြီး ခက်ခဲမှုကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့်၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ.ကြီးတွင် ပါဝင်သော သူများမှာ ရာထူးကြီးသော ဆုံးဖြတ်ချက်ချနိုင်သော သူများဖြင့် ဖွဲ.စည်းထားသော်လည်း လက်တွေ.တွင် ချက်ခြင်းဆုံးဖြတ်ချက်များ မပြုလုပ်နိုင်သော ရာထူးနိမ့်သည့် ၀န်ထမ်းများကို အစည်းအဝေးများသို့ ကိုယ်စားစေလွတ်ခြင်းများကို အများပါဝင်သော စီမံခန့်ခွဲမှုစနစ်ကို အောင်မြင်စေရန် နှောင့်နှေးမှုများ ဖြစ်စေသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များနှေးကွေးသည်သာမက ဆက်လက်အကောင်အထည်ဖော်မှုများတွင်ပါ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။ တစ်ဖက်တွင်လည်း ကျောက်စိမ်းကဏ္ဍဆွေးနွေးမှုများသည် နေပြည်တော်အဆင့်တွင်သာ ဖြစ်ပေါ်နေပြီး ဦးစားပေးလုပ်ငန်းစဉ်များများပြားခြင်းနှင့် ပြဿနာရှိသော ဒေသမှ ကိုယ်စားပြုသူများမပါဝင်ခြင်းများကြောင့် သတင်းအချက်အလက်များ ပေးပို့မှု ပြတ်တောက်နေခြင်းများ၊ ရှေ.ဆက်မတိုးနိုင်ဘဲ ရှိပါသည်။

အများပါဝင်သော သုံးပွင့်ဆိုင်စီမံအုပ်ချုပ်သောစနစ်ကို ကျောက်စိမ်း၊ ကျောက်မျက်မူဝါဒရေးဆွဲသည့် ၂၀၁၇ခုနှစ် အစောပိုင်းတွင် ပါဝင်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကူးယူအသုံးပြုခဲ့ပါသည်။ ထိုစနစ်သည် MEITI လုပ်ငန်း၏ပထမဆုံးအစီရင်ခံစာမှ ထွက်ပေါ်လာသည့် ကျောက်စိမ်း၊ ကျောက်မျက်ပြုပြင်ပြောင်း လဲရေးအတွက် ကျောက်မျက်မူဝါဒ ရေးဆွဲရန်ဆိုသည့် အချက်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ MEITI လုပ်ငန်းစဉ်ကဲ့သို့ပင် ဖွဲ့စည်းရာတွင် ဆုံးဖြတ်ချက်ချနိုင်သော ရာထူးကြီးသည့် အစိုးရအရာရှိများ မပါဝင်ခြင်း၊ အစိုးရမှ စိတ်သွန်ခွန်စိုက် အားထုတ်လုပ်ဆောင်မှုနှင့် စိတ်ဆန္ဒမပါဝင်ခြင်း၊ ဒေသခံမှ ကိုယ်စားပြုသူများ မပါဝင်ခြင်းတို့အပြင် လုပ်ငန်းစဉ်နှစ်ခုအကြားအဆက်အစပ် ပြတ်တောက်လျှက်ရှိကာ စောင့်ကြပ်ထိန်းကျောင်းမည့်သူမရှိခြင်းတို့ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ အမေရိကန်အစိုးရ၏ စီမံချက်ဖြင့် ငွေကြေး၊ နည်းပညာများ ထောက်ပံ့မှုကြောင့် နောက်ဆုံးအချောသတ်နိုင်ခဲ့သော ကျောက်မျက်၊ ကျောက်စိမ်းမူဝါဒအကြမ်းကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် ခွင့်ပြုချက်ရရန်အတွက် နိုင်ငံတော်အစိုးရထံသို့တင်ပြနိုင်ခဲ့သော်လည်း ယခုထိတိုင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ၊ အကြောင်းရင်းမှာ ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူများသည် စိတ်ပါဝင်စားမှုမရှိခြင်း၊ တက်ကြွစွာဖြင့် နှိုးဆော်ထိန်းသိမ်းခြင်းများ မရှိသောကြောင့်ပင်ဖြစ်ပါသည်။

အချုပ်ဆိုရသော် အများပူးပေါင်းပါဝင်သော သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ.ဖြင့် စီမံအုပ်ချုပ်သည့်စနစ်ကို တွင်းထွက်သယံဇာတများ၊ အထူးသဖြင့် ကျောက်စိမ်း၊ကျောက်မျက်ဏ္ဍများ တူးဖော်ထုတ်လုပ်ရေးတွင် မြန်မာနိုင်ငံ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှုများ မြှင့်တက်လာစေရန် ရည်ရွယ်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သော်လည်း ထင်သလောက်ခရီးမပေါက်ခဲ့ချေ။ အဓိကအကြောင်းရင်းများမှာ မြန်မာနိုင်ငံအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်သည် အလွန်ကြီးမားနေခြင်းနှင့် အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မှုများ၊ အချက်အလက်ဝေငှမှုများ အဆမတန် အားနည်းနေခြင်းတို့အပြင်၊ အစိုးရဌန၏ အားသွန်ခွန်စိုက်တွန်းအားပေးလုပ်ဆောင်လိုစိတ်မရှိခြင်းနှင့် ဌာနများအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းတို့သည် အကောင်အထည်ဖော်လုပ်ဆောင်ရမည့်လုပ်ငန်းများကို များစွာ အဟန့်အတားဖြစ်စေပါသည်။ နောက်ဆုံးအနေဖြင့် ထိုစီမံအုပ်ချုပ်မှုစနစ်အသစ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတစ်ကာမှ ငွေကြေး၊ နည်းပညာအကူအညီများအပေါ်တွင် များစွာ မှီခိုအားထားနေရသောကြောင့် ထိုအကူအညီ၊ စီမံချက်များရပ်တန့်သွားသောအခါတွင် ရှေ.ဆက်ရန် အခက်အခဲများစွာရှိပါသည်။ အဆုံးတွင် မြန်မာ့ကျောက်စိမ်းဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် အသုံးပြုလျှက်ရှိသော အများပါဝင်သည့် စီမံအုပ်ချုပ်မှုစနစ်သည် ပြန်လည်သုံးသပ်ပြီး ရလဒ်ကောင်းများထွက်ပေါ်လာရန်အတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရန် လိုအပ်လျှက်ရှိပါသည်။

References

Barma, NH, Kaiser, K, Le, TM, & Vinuela, L 2012, Rents to Riches?: The political economy of natural resource-led development, International Bank for Reconstruction and Development/ international Development Association or The World Bank, Washington DC.

Haufler, V 2010, ‘Disclosure as Governance: The Extractive Industries Transparency Initiative and Resource Management in the Developing World’, Global Environmental Politics, vol. 10, no. 3, pp. 53-73.

Stevens, P, Lahn, G & Kooroshy, J 2015, The Resource Curse Revisited, Research Paper, Energy, Environment and Resource (online edition), August 2015.

pic: tar yar maung