The long and winding road Great Expectations of development in Myanmar?
I am the editor of a new special issue on Development Challenges in Myanmar that was recently published in the academic journal European Journal of Development Research. The PK Forum will be running a series of articles in the coming weeks from this series.
So why did I want to put together a special issue on the theme of Development Challenges in Myanmar? Why Myanmar in particular?
The reason is that so many challenges come together at the same time in contemporary Myanmar. This makes Myanmar unique and interesting in its own right.
But Myanmar is also a place where expectations on political development and its consequences for development are brought to a head in a way which is relevant for better understanding other contexts.
Although I have studied political development for many years, the context of Myanmar shed new light on the important role of expectations. From research we know that political development is not linear and automatic.
There is no such thing as a straight path from a military regime to full-fledged democratic rule. It is much more likely to be a winding road that may lead to stops along the way, to dead-ends, and even to backsliding. Nevertheless, a straight and easy path to democracy is often what is envisioned when a country starts to liberalize.
I have rarely experienced these expectations as vividly as when I spent some time in Myanmar around the time of the 2015 general elections. Democracy was “in the air” and expectations seemed to be sky-high.
Survey research conducted by IFES confirmed this general feeling. After the 2015 elections and the landslide victory of the NLD, support for democracy increased in the country and a full 78% of those surveyed thought that Myanmar had become a democracy. A large majority also thought that the country was headed in the right direction and that things would improve in the coming year.
These were of course positive and promising sentiments, but I remember that that they also frightened me. The election was certainly a major step in the right direction, but democratization is about so much more than that first step: it is a slow and long walk along that winding road.
These high expectations were also evident in the international community: aid started flowing into the country as never before. Everyone wanted to be in Myanmar, and everyone wanted to do their thing.
At the time around the election, I worked on a research project focusing on gender equality in politics. I was, at first, amazed at the interest in this topic among donors and NGOs. After a while, however, I became somewhat disillusioned seeing all the different reports and small scale investigations that individual organizations had to produce to demonstrate that they had engaged in the issue.
The engagement was often short-term and uncoordinated and did not necessarily persist as the international community became increasingly disillusioned with democratic development in Myanmar. For some reason, they had not expected the long, winding road.
High expectations on political development are not unique for Myanmar, but the extent to which they matter for the development of the country are unusually clear.
I decided to put together a special issue that looks at a variety of important challenges for Myanmar, while focusing on how these different issues – constitution-making, political representation of ethnic groups, land conflict resolution, gender equality, sustainable development, and economic reforms – are all dependent on persistent, coordinated, long-term support and perseverance.
While there is certainly a lot of hope for development in all these areas in Myanmar, the shared challenge is to not expect too much, too soon, but to prepare for that long, winding road. ________ Elin Bjarnegård is Associate Professor in Political Science and Senior Lecturer in Development Studies at the Department of Government at Uppsala University in Sweden.
ကွေ့ကောက်ရှည်လျားသော မြန်မာနိုင်ငံ၏ မြင့်မားသော ဖွံ့ဖြိုးရေးမျှော်လင့်ချက်များ
မေ ၂၆ ရက် ၂၀၂၀
Elin Bjarnegard
မိမိသည် မကြာသေးမီက Academic Journal European Journal of Development Research မှ ထုတ်ဝေခဲ့သည့်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှုများဆိုင်ရာ အထူးထုတ်အသစ်၏ အယ်ဒီတာတစ်ဦးဖြစ်ပါသည်။ PK Forum မှလည်း လာမည့်အပတ်များတွင် ယခု ဆောင်းပါးတွဲများကို ဖော်ပြသွားရန်ရှိပါသည်။
မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှုများအကြောင်းရာနှင့်ပတ်သက်ပြီး အထူးထုတ်ကိုဘာကြောင့် ရေးသားထုတ်ဝေချင်ရသလဲ။ ဘာကြောင့် မြန်မာနိုင်ငံအကြောင်းကိုမှ အထူးပြုရသလဲ။
အကြောင်းအရင်းမှာ ယနေ့ခေတ်မြန်မာနိုင်ငံတွင် များစွာသော စိန်ခေါ်မှုများသည် အဖက်ဖက်မှ တချိန်တည်း တပြိုင်တည်း ရောက်ရှိလာသောကြောင့်ပင်ဖြစ်သည်။ ဤအခြေအနေကပင် မြန်မာနိုင်ငံအားစိတ်ဝင်စားစရာကောင်းစေပြီး တမူထူးခြားနေစေသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆက်များအပေါ် ထားရှိသော မျှော်လင့်ချက်များကိုလေ့လာနိုင်သည့် နေရာဖြစ်ပြီး ထိုမှတဆင့် အခြား အခင်းအကျဉ်းများကိုပါ ပိုမိုနားလည်လာအောင် လေ့လာနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။
မိမိသည် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းအရာနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အခင်းအကျင်းသည် မျှော်လင့်ချက်များ၏ အရေးမှု အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မိမိအား ပိုမိုရှင်းလင်းစေခဲ့သည်။ သုတေသနအရ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အစဉ်အတိုင်းအလိုအလျောက်ဖြစ်လာမည့်အရာမဟုတ်ကြောင်း မိမိတို့ နားလည်ပြီးသားဖြစ်သည်။
စစ်အစိုးရစနစ်မှ အလုံးစုံ ပြည့်ဝသောဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီသို့ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်သည့်လမ်းဆိုသည်မှာ မရှိနိုင်ပါ။ ကွေ့ကောက်ခက်ခဲသော လမ်းသာရှိပြီး တခါတရံ လမ်းခုလတ်အတွင်း တန့်နေနိုင်သကဲ့သို့ လမ်းဆုံးဖြစ်သွားခြင်း၊ နောက်ပြန်ဆုတ်သွားရသည့် အခြေအနေများလည်း ရှိကောင်းရှိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီသို့ သွားရာ ဖြောင့်ဖြူးလွယ်ကူသောလမ်းကြောင်းမှာ အများအားဖြင့် နိုင်ငံတနိုင်ငံမှ အရာအားလုံး လျော့ပေါ့ဖွင့်ပေးသည့်အချိန်တွင်သာ မျှော်မှန်း၍ရနိုင်သော အရာတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မိမိရှိနေစဉ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်းလောက်မျှော်လင့်ချက်များ ကွက်ကွက်ကွင်းကွင်းမြင်ရသည့် အတွေ့အကြုံမျိုး မိမိဘဝတွင် တခါမျှ မကြုံဖူးသလောက်ပင်ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ “လေထဲ”တွင်သာ ရှိနေသေးချိန်တွင် မျှော်လင့်ချက်များမှာမိုးထိပင် မြင့်မားခဲ့ကြသည်။
IFES မှပြုလုပ်သော သုတေသနစစ်တမ်းမှ ထိုအခြေအနေသည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း NLD မှ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးသည့်နောက်တွင် နိုင်ငံအတွင်း ဒီမိုကရေစီရေးထောက်ခံမှုများ ပိုမိုမြင့်မားခဲ့ပြီး စစ်တမ်းအတွင်းပါဝင်သူ ၇၈ ရာခိုင်နှုန်းသည်မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာပြီဖြစ်ကြောင်း ထင်မှတ်ကြသည်။ ကြီးမားလှသော လူအများစုသည်လည်း မြန်မာနိုင်ငံအနေဖြင့် လမ်းကြောင်းမှန်တွင် သွားနေပြီဟု ရှုမြင်ကြပြီး လာမည့်နှစ်များတွင် ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ထင်မြင်ကြသည်။
ထိုထဲတွင် အပြုသဘောဆောင်သော၊ အလားအလာကောင်းသော စိတ်ခံစားချက်များလည်း တွေ့ရပြီး ထိုအရာများသည် မိမိကိုပင် တုန်လှုပ်စေခဲ့သည်ကိုလည်း အမှတ်ရမိသည်။ ရွေးကောက်ပွဲဆိုသည်မှာလမ်းကြောင်းမှန်ကို သွားရန်အတွက် အဓိက အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်မူ ပထမခြေလှမ်းထက် အဆပေါင်းများစွာပိုပေသည်။ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးသည် ကွေ့ကောက်ခက်ခဲသောလမ်းအတွင်း ဖြေးဖြေးနှင့် အချိန်ကြာမြင့်စွာ လျှောက်ရမည့် ခရီးကြမ်းတစ်ခုဖြစ်သည်။
ဤမြင့်မားလှသည့် မျှော်လင့်ချက်များကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းအတွင်းတွင်လည်း တွေ့မြင်ရသည်။ ကူညီထောက်ပံ့မှုများသည်လည်း ယခင်ကနှင့်မတူ နိုင်ငံအတွင်းသို့ ဖြိုင်ဖြိုင်ဝင်လာကြသည်။ လူတိုင်း မြန်မာနိုင်ငံတွင်းရှိချင်ကြပြီး လူတိုင်း ၎င်းတို့၏ လုပ်ငန်းများကို နိုင်ငံအတွင်း လုပ်ဆောင်ချင်လာကြသည်။
ထိုရွေးကောက်ပွဲကာလအတွင်းတွင် မိမိသည် နိုင်ငံရေးအတွင်း ကျားမတန်းတူရေးဆိုင်ရာ သုတေသနစီမံကိန်းတခုကို လုပ်ဆောင်နေချိန်ဖြစ်သည်။ အလှူရှင်များနှင့် NGOs များအကြား ဤအကြောင်းအရာနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုအပေါ် မိမိအနေဖြင့် အစပိုင်းတွင် အံ့သြမိခဲ့သည်။ သို့သော် များမကြာမီပင် အဖွဲ့အစည်းများသည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ချိတ်ဆက်လုပ်ဖူးကြောင်း ပြသနိုင်ရန်အတွက် ၎င်းတို့ထုတ်ဝေရသော အစီရင်ခံစာများနှင့် အသေးစားဆန်းစစ်လေ့လာမှုများအားလုံးကို မြင်တွေ့ရသောအခါတွင်မှ တနည်းတဖုံ မိမိ စိတ်ပျက်ခဲ့မိသည်။
နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအပေါ် စိတ်ပျက်မှုများ တိုးမြင့်လာသောကြောင့် ထိတွေ့ဆက်ဆံမှုများသည် မကြာခဏ ရေတိုသာဖြစ်ခဲ့ပြီး အချိတ်အဆက်မမိသကဲ့သို့တည်မြဲမှုမှာလည်း မသေချာခဲ့ပေ။ အချို့သော အခြေအနေများကြောင့် ၎င်းတို့သည် ကွေ့ကောက်ရှည်လျားသော လမ်းဖြစ်သည်ကို မျှော်လင့်ထားပုံ မပေါ်ခဲ့ပေ။ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထားရှိသည့်မြင့်မားသော မျှော်လင့်ချက်များသည် မြန်မာနိုင်ငံအတွက် ထူးခြားမှုမဟုတ်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက်မူ ထိုမျှော်လင့်ချက်များသည် မည်မျှအရေးပါသည်ကို ထူးဆန်းစွာ တွေ့မြင်နိုင်သည်။
ထို့ကြောင့် တည်မြဲမှု၊ အချိတ်အဆက်မိမှု၊ ရေရှည်အထောက်အပံ့ဖြစ်မှုအပေါ် မှီတည်သော ဖွဲ့စည်းပုံဥပဒေပြုရေး၊ တိုင်းရင်းသားများ၏ နိုင်ငံရေးကိုယ်စားပြုမှု၊ မြေယာပဋိပက္ခဖြေရှင်းခြင်း၊ ကျားမတန်းတူရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု စသည့် အကြောင်းအရာအသီးသီးကို အဓိကလုပ်ဆောင်နေသည့် တပြိုင်နက်တည်းတွင် မြန်မာနိုင်ငံအတွက် အရေးပါသောစိန်ခေါ်မှုများနှင့်ပတ်သက်သည့် အထူးထုတ်ကို စုစည်းရေးသားရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ ဒေသများအားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်လင့်ချက်များစွာ ရှိနေမည်မှာ အမှန်ပင်ဖြစ်သော်လည်း အဓိက ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုများမှာ များစွာမျှော်လင့်မထားရန်၊ အလောတကြီးမဖြစ်ရန်နှင့် ကွေ့ကောက်ခက်ခဲရှည်လျားသော ခရီးလမ်းအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန်ဖြစ်သည်။
Elin Bjarnegard သည် ဆွီဒင် Uppsala University၊ Department of Government မှ Development Studies အကြီးတန်းကထိကနှင့် နိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက္ခတဦးဖြစ်သည်။