top of page

Gendered Dynamics of Development in Kayah State: land, labour and legacies of war

In late 2018, I find myself staring down at a poppy field in the mountains of Kayah State.

I am here with my Burmese colleague Zin Mar Phyo interviewing women about their perspectives on development and the recent reforms in the country.

We did not set out to speak to female poppy farmers, but I am glad we did: they, like so many of the people we meet on this trip, teaches us a lot about what Myanmar’s transition means for women living in remote, conflict-affected areas.

Over the course of about ten days, Zin Mar Phyo and I traverse Kayah state, occasionally venturing across the border to Shan areas in search for women to talk to.

To our surprise, most of the women we meet present an unusually coherent narrative: most of them do not know about any reforms, and if they do, they think about it in terms of major infrastructure projects that might, or have already, led to them losing access to land.

Yet, from the perspective of donors and the international community, Myanmar was in 2018 on an upwards, if somewhat shaky, trajectory towards successful economic and political development: elections had been held (twice), ceasefire negotiations were taking place with several of the major armed groups, and foreign direct investments had exploded.

Why, then, did these women not know about or experience these reforms in a positive way?

In our research (together with my colleague Elisabeth Olivius) we began to piece together a narrative that pointed to the importance of a war-time gendered division of labour for now restricting women’s opportunities to benefit from post-war reforms.

During the conflict years, the women we met all shared experiences of having to shoulder full responsibility for their family’s survival, as male family members either went into hiding or joined the uprising against the state military. In some villages, women had to feed both the rebel army and the state armed forces.

As a result of these war-time experiences, most of the women we interviewed described feelings of exhaustion, fear, and stress, which still, in 2018, affected these women’s day-to-day lives.

Some women told stories of waking up by nightmares night after night; others could not sit still and eat a meal ‘in case the soldiers come’. Many older women could not speak or read Bamar language: they had been too busy looking after everyone else to go to school. Most had had their schooling interrupted due to persistent fighting.

As one of the poppy farmers explained, “I never went to school, and don’t even understand Burmese, don’t know how to read and write. My mother asked me to take care of the cows and buffalos, so I did that.”

Importantly, while levels of armed violence in Kayah state were in 2018 significantly lower as compared to earlier decades, this gendered division of labour, where women have to somehow ensure their family’s survival with very limited resources, remains.

Worryingly, new land legislation and development projects have made rural women especially vulnerable to new insecurities such as land-grabbing and development-induced displacement.

Everyone we met depended on the land for their livelihood, yet no one owned the land they worked on. Across the state, women who had previous access to land through indirect customary provisions had lost access to land upon the death of their spouses; others had been left waiting for their formal land claims to be verified.

Even though overall poverty rates in Myanmar have decreased since 2015, this is clearly not true for everyone.

Our research found that women’s extensive informal and reproductive labour are today key for sustaining everyday life, yet the time and resources this requires prevents women from partaking in more formal opportunities.

The women we spoke to have therefore not profited from recent reform initiatives that largely privilege the already educated, and those with connections, technical skills and capital.

As this shows, while these rural women were largely unable to inform ongoing reforms and development efforts in the country, their lives are intimately affected by them.

Our research demonstrates the importance of hearing from these women directly and learning from their experiences.

Doing so allows us to better understand how processes of post-war development and reforms actually unfold on the ground, how this is shaped by the gendered legacies of war, and how it can reproduce existing gender inequalities.

The women working in the poppy fields, unable to speak or read Burmese, with no formal land rights, find themselves squeezed between the old and the new Myanmar.

Without education, land rights, or the time, capital and connections needed to benefit from Myanmar’s ‘reform momentum’ (to use the World Bank’s terminology) they find themselves without food, land, and basic rights – without security.

“We still live in fear”, they told us, “until now, the fear has not gone.”

ကယားပြည်နယ်ရှိ ကျားမရေးရာဖွံ့ဖြိုးတိုးတက်မှု : မြေယာ၊ လုပ်အားနှင့် စစ်၏ အမွေဆိုးများ

ဇွန်လ ၂ ရက် ၂၀၂၀

Jenny Hedstrom နှင့် Elisabeth Olivius

၂၀၁၈ ခုနှစ် နှောင်းပိုင်းကာလတွင်ဖြစ်သည်။ ကယားပြည်နယ်ရှိ တောင်တန်းများပေါ်က ဘိန်းစိုက်ခင်းတစ်ခုကို မိမိ ငေးစိုက်ကြည့်မိသည်။

မိမိနှင့်အတူ မြန်မာမိတ်ဆွေတစ်ဦးဖြစ်သူ ဇင်မာဖြိုးလည်းပါပြီး လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အမျိုးသမီးများ၏ အမြင်သဘောထားများကို အင်တာဗျူးရန်အတွက် ရောက်ရှိနေခြင်းဖြစ်သည်။

အမှန်တွင် ဘိန်းစိုက်တောင်သူအမျိုးသမီးများကို စကားပြောရန် လာခြင်းမဟုတ်သော်လည်း ၎င်းတို့နှင့် ပြောခွင့်ရခဲ့သည့်အပေါ် မိမိအနေနှင့် များစွာ ကျေနပ်ခဲ့မိသည်။ ၎င်းတို့သည် မိမိတို့ခရီးစဉ်အတွင်း တွေ့ခဲ့သော အခြားအမျိုးသမီးများနည်းတူပင် ပဋိပက္ခဒေသများ၊ ဝေးလံခေါင်ဖျားရာဒေသများအတွင်း နေထိုင်သော အမျိုးသမီးများအတွက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် မည်သို့အဓိပ္ပာယ်ရှိကြောင်းကို ၎င်းတို့ဆီမှ များစွာ သင်ယူလေ့လာခွင့်ရခဲ့သည်။

၁၀ ရက်တာကာလလောက်အတွင်း ဇင်မာဖြိုးနှင့် မိမိသည် အမျိုးသမီးများနှင့် တွေ့ဆုံစကားပြောနိုင်ရေးအတွက် ကယားပြည်တခွင်နှင့် ရှမ်း-ကယားနယ်စပ်ဒေသအထိဖြတ်ကျော် ခရီးနှင်ခဲ့ကြသည်။

စိတ်ဝင်စားစရာကောင်းစွာပင် မိမိတို့တွေ့ဆုံခဲ့သည့် အမျိုးသမီးအများစုသည် ထူးဆန်းသည့် ဇာတ်ကြောင်းကိုယ်စီနှင့်ဖြစ်သည်။ အများစုမှာ နိုင်ငံပြုပြင်ပြောင်းလဲရေးအကြောင်း စိုးစဉ်မျှ မသိကြသလို သိရှိသူများမှာလည်း ကြီးမားသည့် အခြေခံအဆောက်အအုံစီမံကိန်းများကြောင့် ၎င်းတို့၏မြေယာများ ဆုံးရှုံးခဲ့ရပုံ၊ ဆုံးရှုံးရတော့မည့်ပုံနှင့် ဆုံးရှုံးအောင် လုပ်ဆောင်သည့် အမြင်ရှုထောင့်များမှသာ ရှုမြင်နားလည်ထားကြသည်။

အလှူရှင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် ၂၀၁၈ မှစတင်ကာ အောင်မြင်သော စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုရှိရေးရရှိရန် (တည်ငြိမ်မှုမရှိသော်လည်း) တစုံတရာ လုပ်ဆောင်နေသည်ဟု ရှုမြင်နိုင်သည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲများကိုနှစ်ကြိမ် ပြုလုပ်ခဲ့သည်၊ အဓိကအရေးပါသည့် လက်နက်ကိုင်အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တချိန်တည်းမှာပင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများမှာလည်းအလုံးအရင်း ဝင်ရောက်နေသည်။

သို့သော်လည်း ထိုဒေသရှိ အမျိုးသမီးများသည် ထိုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေများအပေါ် အဘယ့်ကြောင့် အပြုသဘောဆောင်သည့်ဘက်မှ မသိထားကြ၊ မတွေ့ကြုံခဲ့ကြရသလဲဆိုသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။

မိမိတို့၏ သုတေသန (မိမိမိတ်ဆွေ Elisabeth Olivius နှင့်အတူပြုလုပ်သော) တွင် စစ်ပွဲကာလအတွင်းကျားမအခြေပြု လုပ်အားခွဲဝေမှု၏ အရေးပါပုံအခြေအနေများနှင့် စစ်ပွဲနောက်ပိုင်းပြုပြင်ပြောင်းလဲမှုများအတွင်း အမျိုးသမီးများ၏ အကျိုးအမြတ်အခွင့်အလမ်းများ ကန့်သတ်ခံနေရမှုအခြေအနေများအားလုံးကို အတူတကွ စုစည်းထားသည်။

မိမိတို့တွေ့ဆုံခဲ့သော အမျိုးသမီးများအားလုံးသည် ပဋိပက္ခဖြစ်ပွားသည့် နှစ်များအတွင်းတွင် ၎င်းတု့ိ၏ မိသားစုဝင်အမျိုးသားများအားလုံး အစိုးရစစ်တပ်ကို ပုန်းအောင်းနေရခြင်း (သို့) တော်လှန်ရေးအဖွဲ့ထဲ ဝင်ရောက်သွားကြခြင်းကြောင့် မိသားစုအသက်ရှင်ရပ်တည်ရေးအတွက်အားလုံး ပုခုံးပြောင်းတာဝန်ယူခဲ့ကြရသည့် တူညီသော အတွေ့အကြုံများရှိကြသည်။ အချို့ကျေးရွာများတွင် အမျိုးသမီးများသည် သူပုန်တော်လှန်ရေးတပ်သာမက အစိုးရစစ်တပ်ကိုပါ ချက်ပြုတ်ကျွေးမွေးခဲ့ကြရသည်။

စစ်ပွဲကာလ အတွေ့အကြုံများကြောင့် အင်တာဗျူးပေးသည့် အမျိုးသမီးအများစုသည် စစ်ပွဲတွင်းရရှိခဲ့သည့် စိုးရိမ်ကြောက်ရွံ့မှုများ၊ စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများမှာ ၂၀၁၈ ခုနှစ်ချိန်ထိတိုင်အောင် ၎င်းတို့၏ နေ့တဓူ၀ ဘဝကို ထိခိုက်သက်ရောက်မှုရှိနေကြောင်း ထုတ်ပြောကြသည်။

အမျိုးသမီးအချို့သည် တစ်ညပြီးတစ်ည အိပ်မက်ဆိုးဖြင့် လန့်နိုးခဲ့ရသည့် ၎င်းတို့၏အကြောင်းများကို ပြောပြကြပြီး အချို့မှာလည်း “မတော်တဆ စစ်သားတွေများ ရောက်လာလျှင်” ဆိုသည့်စိုးရိမ်စိတ်ဖြင့် ထမင်းပင် စိတ်ချလက်ချ ထိုင်မစားနိုင်သေးကြောင်း ပြောပြကြသည်။အသက်အရွယ်ကြီးရင့်သော အမျိုးသမီးအများစုမှာ မြန်မာစာ မြန်စကားကို မပြောတတ်၊ မဖတ်တတ်သူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အခြားမိသားစုဝင်များ ကျောင်းပို့နိုင်ရေးအတွက် ပင်ပန်းဆင်းရဲစွာ အချိန်ပြည့်လုပ်လုပ်နေကြရခြင်းကြောင့်ဖြစ်သလို အများစုမှာ ၎င်းတို့ကျောင်းနေစဉ်ကာလအတွင်း စစ်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ကြသူများဖြစ်ကြသည်။

ဘိန်းစိုက်တောင်သူအမျိုးသမီးများထဲမှ တစ်ဦးမှ “ကျမ တခါမှ ကျောင်းမတက်ရဖူးဘူး။ ဗမာစကားလည်း နားမလည်ဘူး၊ ဖတ်လည်းမဖတ်တတ်ဘူး၊ ရေးလည်းမတတ်ဘူး။ ကျမအမေက ကျမကို ကျွဲတွေနွားတွေပဲ ကြည့်ခိုင်းတော့ ကျမလည်း အဲဒါပဲ လုပ်ရတယ်” ဟု သူမအကြောင်းကို ပြောပြသည်။

အရေးအကြီးဆုံးမှာ ယခင်ဆယ်စုနှစ်များနှင့် နှိုင်းယှဉ်လျှင် ၂၀၁၈ ခုနှစ်သည် ကယားပြည်နယ်အတွင်း လက်နက်ကိုင်ကြမ်းဖက်မှုများ သိသိသာသာ လျော့ကျသွားသော်လည်း ကျားမရေးရာလုပ်အားခွဲဝေမှုအရမှာမူ အမျိုးသမီးများမှာ အရင်းအမြစ်အကန့်အသတ်များဖြင့် ၎င်းတို့၏မိသားစုဘ၀ အသက်ရှင်ရပ်တည်ရေးအတွက် အဓိက တာဝန်ယူနေရသူများ ဖြစ်နေဆဲပင်ဖြစ်သည်။ပိုမို၍ စိုးရိမ်ဖွယ်မှာ အသစ်အတည်ပြုပြဌာန်းလိုက်သည့် မြေယာဥပေဒေနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ကျေးလက်ဒေသ အမျိုးသမီးများအတွက် မြေယာသိမ်းခံရမှုများနှင့် ဖွံ့ဖြိုးရေးအမည်ခံအတင်းအဓမ္မ နေရာရွှေ့ပြောင်းခံရမည့် မလုံခြုံမှုအခြေအနေအသစ်များကို ဖန်တီးနေသည်။

မိမိတု့ိတွေ့ဆုံခဲ့သူများအားလုံးသည် မြေယာများအပေါ် အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်သော်လည်း ၎င်းတို့လုပ်ကိုင်နေသည့် မြေယာများကို ပိုင်ဆိုင်မှု မရှိကြပေ။ ပြည်နယ်တဝှမ်းလုံးတွင် အမျိုးသမီးများသည် ဓလေ့ထုံးတမ်းကျင့်သုံးမှုများအရ မြေယာများကို သွယ်ဝိုက်သောနည်းဖြင့် ပိုင်ဆိုင်မှုရှိခဲ့ကြသော်လည်း ၎င်းတို့၏ အိမ်ထောင်ဖက်များ သေဆုံးသွားသည်နှင့် ထိုပိုင်ဆိုင်မှုများ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ အချို့မှာ ၎င်းတို့၏ တရားဝင်မြေယာပိုင်ဆိုင်မှုအတွက် အတည်ပြုချက်ရရန် စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအတွင်း တနိုင်ငံလုံးလွှမ်းခြုံကြည့်လျှင် ဆင်းရဲမွဲတေမှုနှုန်းလျော့ပါးသွားသော်လည်း ထိုတွက်ချက်မှုသည် လူတိုင်းအတွက် မှန်ကန်မှုမရှိသည်ကိုရှင်းလင်းစွာ တွေ့ရသည်။

မိမိတို့ သုတေသနအရ အမျိုးသမီးများ၏ ကျယ်ပြန့်ထိရောက်သော်လည်း တရားဝင် အသိမှတ်ပြုမခံရသည့် သမရိုးကျ လုပ်အားများသည် နေ့စဉ်ဘဝတည်တံ့ရေး၏ အဓိကသော့ချက်ဖြစ်သည်။သို့သော်လည်း ထိုသို့လုပ်ဆောင်ရန်အတွက် လိုအပ်သော အချိန်နှင့် အရင်းအမြစ်များသည်အမျိုးသမီးများ တရားဝင်အသိအမှတ်ပြု အခွင့်အလမ်းများ ရရှိခံစားရေးအတွက် ပိတ်ပင်တားဆီးနေပြန်သည်။

ထို့ကြောင့် မိမိတို့ စကားပြောခွင့်ရသည့် အမျိုးသမီးများသည် ပညာတတ်ပြီးသား၊ ငွေကြေးနှင့်ကျွမ်းကျင်မှုရှိပြီးသားသူများနှင့် အဆက်အသွယ်ကောင်းသူများသာ ဦးစားပေးသည့် လက်ရှိပြုပြင်ပြောင်းလဲရေးဆီမှ မည်သည့်အကျိုးအမြတ်မှ မခံစားကြရပေ။

ထို့ကြောင့် ကျေးလက်နေအမျိုးသမီးများသည် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးရေးအားထုတ်မှုများနှင့်ပတ်သက်ပြီး အသိပေးရန် အများသောအားဖြင့်ဖြစ်နိုင်ချေမရှိသည့်အချိန်တွင် ၎င်းတို့၏ နေ့စဉ်ဘဝများသည် ထိုအရာများကြောင့်ပင်အကြီးအကျယ် ထိခိုက်ကြရသည်။

မိမိတို့၏ သုတေသနသည် ထိုအမျိုးသမီးများ၏ အသံများကို တိုက်ရိုက်နားထောင်ခြင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ လေ့လာသင်ယူခြင်း၏ အရေးကြီးပုံကို ဖော်ပြထားသည်။

ထိုသို့ ဖော်ပြခြင်းအားဖြင့် စစ်ပြီးနောက်ပိုင်း ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏လက်တွေ့သက်ရောက်မှု မြေပြင်အခြေအနေများ၊ ကျားမအခြေပြု စစ်အမွေဆိုးများ၏သက်ရောက်မှုအခြေအနေများနှင့် လက်ရှိ ကျားမတန်းတူမညီမျှမှုများကို ဖန်တီးနေသည့် အခြေနေများအားလုံးနှင့်ပတ်သက်ပြီး မိမိတို့အား ပိုမိုနားလည်သဘောပေါက်စေခဲ့သည်။

ဘိန်းစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေကြသော အမျိုးသမီးများသည် ဗမာစကားကို ရေးတတ်ပြောတတ်ခြင်းမရှိသလို တရားဝင်မြေယာပိုင်ဆိုင်ခွင့်လည်း မရှိကြပေ။ ၎င်းတို့ကိုယ်ကိုယ်မြန်မာနိုင်ငံ၏ အတိတ်နှင့် လက်ရှိကြား ကြားညှပ်သူများအဖြစ် ရှုမြင်နေကြသည်။

မြန်မာနိုင်ငံ၏ “ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်” (ကမ္ဘာ့ဘဏ်၏ ဝေါဟာရကို သုံးရလျှင်) မှအကျိုးကျေးဇူးခံစားရရှိရန်အတွက် လိုအပ်သော ပညာရေး၊ မြေယာပိုင်ဆိုင်ခွင့်များ၊ အချိန်၊ငွေကြေးနှင့် အချိတ်အဆက်များ မရှိသရွေ့ အမျိုးသမီးများသည် အစားအစာ၊ မြေယာနှင့် အခြေခံလူ့အခွင့်အရေးများ ကင်းမဲ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းများကို ဆက်လက်ခံစားနေရဦးမည်ဖြစ်သည်။

“ကျမတို့ အခုထိ ကြောက်ပြီး နေနေရတုန်းပဲ” ဟု ၎င်းတို့မှ မိမိတို့အားပြောခဲ့သည်။ “အခုချိန်ထိကြောက်တာတွေ မပျောက်သေးဘူး”

Picture from Zin Mar Phyo

bottom of page