top of page

About drones, activists, and oil palms – power and inclusion in multi-stakeholder land platforms

by Stefan Bächtold (swisspeace), Joan Bastide & Lara Lundsgaard-Hansen (both Centre for Development and Environment CDE)

Multi stakeholder land platforms can open new spaces for less influential actors, but they are not a “technical fix” that can cut through politics.

Multi-stakeholder platforms (MSP) to address land conflicts have become very popular in international development over the last years, including in Myanmar.

The idea sounds simple: Include all stakeholders, bring them to the table, and find solutions that are acceptable for everyone. However, things are much more complex in reality – especially against the backdrop of armed conflicts.

To have a closer look at how MSPs work in heavily contested environments, we analysed an MSP that is addressing land conflicts in Tanintharyi Region.

These land conflicts mostly emerged around the oil palm concessions in this area, which are deeply intertwined with Myanmar’s conflictive history and thus heavily contested.

We approached our analysis of the MSP with the assumption that power is structuring all aspects of our lives.

From this perspective, an assemblage like an MSP is the site of various power struggles and resistances – despite the rhetoric of inclusion and collaborative processes. This allowed us to draw out three main findings.

First, the MSP brought together stakeholders with highly conflicting interests. Thus, it is a precarious thing, and always on the brink of falling apart. Accordingly, MSPs often circumvent conflictive, political questions and focus on the more technical aspects.

While this may help make a dialogue possible, it also bears the risk that land conflicts are perceived as purely technical problems that can be ‘fixed’ with technical means (e.g. better data, better resolution from mapping technology with drones, etc.). This, in turn, excludes political grievances from the discussion and the questions at the root of the conflicts might go untouched.

Second, there are always power imbalances. The hierarchies that structure Myanmar’s society (along the lines of gender, ethnicity, social status, etc.) are not magically disappearing just because the process appears to be more inclusive.

And even if a good process facilitation can mitigate that in parts, some actors will always have more influence on the decisions that are finally taken. Hence, an MSPs can open new spaces for dialogue, but it will also reproduce existing, exclusive power structures.

Third, inclusive platforms have effects that are larger than the platform itself: If an MSP is set up following a strong rhetoric of inclusion and dialogue, it quickly becomes seen as the only legitimate game in town to deal with land conflicts.

This means that other, more adversarial strategies of making demands on land issues can be de-legitimised as uncoordinated or unwilling to compromise. Actors are pulled into the MSP because of its inclusivity – even if the process is not without its flaws (see point 2). Their participation then implicitly legitimises the frameworks within which this process operates, which is the Myanmar government’s land policy.

The government’s land policy itself, however, is excluded from discussion within the platform (see point 1). Moreover, actors that were not included to be part of the MSP lose influence on decision-making – leading to an even greater marginalisation of the already marginalised.

What we learned from this analysis is that we cannot just see MSPs as a simple cure to a complex problem like a long-standing land conflict.

An MSP that envisions an “inclusive” resolution of land issues in a post-conflict society tends to be messy and is shaped by questions of power. There is a need to be flexible and adaptive when implementing an MSP, but also to be aware of its limitations.

MSPs can open new spaces for less influential actors, but they are clearly not a “technical fix” that can cut through politics.

Stefan Bächtold (swisspeace), Joan Bastide & Lara Lundsgaard-Hansen (both Centre for Development and Environment CDE)

ဒရုန်းများ၊ တတ်ကြွလှုပ်ရှားသူများနှင့် ဆီအုန်းစိုက်ခင်းများ အကြောင်း - အားလုံးအကျုံးဝင်သော ဆွေးနွေးခြင်းလုပ်ငန်းစဉ်ရှိ အာဏာနှင့် ပါဝင်ပတ်သက်မှုများ

Stefan Bächtold (swisspeace), Joan Bastide & Lara Lundsgaard-Hansen (ဆောင်းပါးရှင်နှစ်ဦးလုံးမှာ Centre for Development and Environment (CDE) မှ ဖြစ်သည်)

MSP လုပ်ငန်းစဉ်တွေဟာ သြဇာအာဏာနည်းပါးသူတွေအတွက် နေရာအသစ်တွေကို ဖန်တီးပေးနိုင်ပေမဲ့ ဒီလုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ “နည်းပညာဆိုင်ရာ ပြင်ဆင်ချက်” တစ်ခုတော့ လုံး၀ မဟုတ်ပါဘူး။

မြေယာပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးအကျုံးဝင်သော ဆွေးနွေးခြင်းလုပ်ငန်းစဉ် (MSP) ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာဖွံ့ဖြိုးရေးလောကမှာ အလွန်ရေးပန်းစားလာပါတယ်။

ဒီလုပ်ငန်းစဉ်ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပုံရပါတယ်။ အဓိက ပါဝင်ပတ်သက်သူအားလုံးကို ထည့်သွင်းမယ်၊ အားလုံး အတူတကွ စားပွဲဝိုင်းမှာ ဆွေးနွေးကြမယ်၊ အားလုံးအတွက် လက်ခံသဘောတူနိုင်မယ့် အဖြေတွေကို ရှာကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီကိစ္စဟာ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးပွေလီလှပါတယ်။ အထူးသဖြင့် နောက်ကွယ်က လက်နက်ကိုင် ပဋိပက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။

MSP လုပ်ငန်းစဉ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာကို သေချာလေ့လာနိုင်ဖို့အတွက် မိမိတို့အနေနဲ့ တနင်္သာရီဒေသရဲ့ မြေယာပဋိပက္ခဖြစ်စဉ်တွေကို လုပ်ဆောင်နေတဲ့ MSP လုပ်ငန်းစဉ်တစ်ခုကို လေ့လာဆန်းစစ်ခဲ့ပါတယ်။

ဒီမြေယာပဋိပက္ခဖြစ်စဉ်တွေဟာ အများအားဖြင့် မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ချီ ရှုပ်ထွေးနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ဆီအုန်းစိုက်ပျိုးရေးလုပ်ဆောင်ရာ ဒေသတဝိုက်မှာ ဖြစ်ပွားကြတာဖြစ်ပါတယ်။

အာဏာဟာ မိမိတို့ဘဝတွေကို ဘက်ပေါင်းစုံကနေ တည်ဆောက်ထားတယ်ဆိုတဲ့ ယူဆချက်နဲ့အတူ MSP လေ့လာဆန်းစစ်မှုကို မိမိတို့ ချဉ်းကပ်လေ့လာထားပါတယ်။

ဒီသဘောထားအမြင်ရှုထောင့်အရ MSP (အားလုံးအကျုံးဝင်သော ဆွေးနွေးခြင်းလုပ်ငန်းစဉ်) လိုမျိုး စုပေါင်းလုပ်ဆောင်မှုတစ်ခုဆိုတာဟာ အားလုံးပါဝင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကို အားကောင်းစေနိုင်တယ်ဆိုသော်ငြားလည်း အာဏာအားပြိုင်မှုတွေနဲ့ ခုခံတွန်းလှန်မှုမျိုးစုံ အများအပြားရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ပထမတစ်ချက်အနေနဲ့ MSP လုပ်ငန်းစဉ် ဟာ အဓိကပါဝင်ပတ်သက်နေသူတွေထဲမှာ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေနဲ့ ထဲထဲဝင်ဝင် တိုက်ရိုက်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေပါ ပါဝင်လာပါတယ်။ ဒါကြောင့် MSP ဟာ မသေချာမရေရာတဲ့ အရာတစ်ခုဖြစ်ပြီး အမြဲတမ်း ပြိုလဲခါနီး အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း MSP လုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခပြဿနာတွေကို ရှောင်ကွင်းပြီး လုပ်ငန်းပိုင်း နည်းပညာရှုထောင့်တွေအပေါ်မှာပဲ ပိုပြီး အာရုံစိုက်လေ့ရှိလာပါတယ်။

ဒီအခြေအနေဟာ ဆွေးနွေးပွဲစကားဝိုင်းတစ်ခုဖြစ်လာဖို့အတွက် အထောက်အကူပြုကောင်း ပြုနိုင်ပါတယ်။ ဒါပေမဲ့ နည်းပညာရှုထောင့်ကိုပဲ အလေးပေးနေတဲ့အတွက်ကြောင့် မြေယာပဋိပက္ခဆိုတာကို လုံး၀ နည်းပညာပြဿနာတွေဖြစ်နဲ့သာ ရှုမြင်လိုက်ပြီး လုပ်ငန်းစဉ်တွေမှာလည်း ဥပမာအားဖြင့် ကောင်းမွန်တဲ့ အချက်အလက်ရဖို့၊ ဒရုန်းတွေနဲ့ မြေပုံဆွဲတဲ့နည်းပညာတွေကနေ ပိုကောင်းမွန်တဲ့ ရလဒ်တွေရဖို့ စသဖြင့် နည်းပညာနဲ့သက်ဆိုင်တဲ့ အချက်တွေအပေါ်မှာပဲ တရားသေစွဲထားနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ နစ်နာမှုတွေနဲ့ မတရားမှုတွေကို လျစ်လျူရှု ဖယ်ကြဉ်လိုက်ခြင်းဖြစ်ပြီး တကယ့်ပြဿနာအရင်းအမြစ်တွေရဲ့ မေးခွန်းထုတ်စရာအခြေအနေတွေကိုလည်း ဖော်ထုတ်ဖို့ အလှမ်းဝေးကွာသွားနိုင်ပါတယ်။

ဒုတိယအချက်ကတော့ အဲဒီလုပ်ငန်းစဉ်မှာ အာဏာမညီမျှမှုတွေ အမြဲတမ်း ရှိနေတဲ့အချက်ပါပဲ။ မြန်မာ့လူမှုအဖွဲ့အစည်းကို ကျားမရေးရာအလိုက်၊ လူမျိုးအလိုက်၊ လူတန်းစားအလိုက် ခွဲခြားဆက်ဆံ တည်ဆောက်ထားတဲ့ အထက်အောက်စနစ်တွေဟာ အခုလို အားလုံးပါဝင်မှုရှိတဲ့ လုပ်ငန်းစဉ်ဖြစ်တာတစ်ခုတည်းနဲ့တော့ သူ့အလိုလို ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။

ကျွမ်းကျင်တဲ့ ဆွေးနွေးညှိနှိုင်းမှုပုံစံနဲ့ ဆောင်ရွက်ခဲ့သည့်တိုင်အောင် အချို့သော ပါဝင်သူတွေဟာ အဓိကအရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အခြားသူတွေထက် အမြဲတမ်း သြဇာလွမ်းမိုးသက်ရောက်မှု ပိုရှိပြီးသား ဖြစ်နေမှာပါ။ ဒါကြောင့် MSP လုပ်ငန်းစဉ်တစ်ခုဟာ ဆွေးနွေးပွဲဒိုင်ယာလော့ခ်တစ်ခုဖြစ်ဖို့အတွက် လမ်းဖွင့်ပေးနိုင်ပေမယ့် ရှိရင်းစွဲ အထက်အောက် အာဏာတည်ဆောက်မှုပုံစံတွေကိုပဲ ပြန်ပြီး အသက်သွင်းနေဦးမှာဖြစ်ပါတယ်။

တတိယတစ်ချက်ကတော့ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်ဟာ အဲဒီလုပ်ငန်းစဉ်ကိုယ်တိုင်ထက် ပိုကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ရှိနေတာပဲဖြစ်ပါတယ်။ အကယ်၍ MSP လုပ်ငန်းစဉ်တစ်ခုကို အားလုံးအကျုံးဝင်တဲ့ ဆွေးနွေးမှုတစ်ခုအနေနဲ့ သတ်မှတ်ခဲ့မယ်ဆိုရင် ဒီလုပ်ငန်းစဉ်ကို မြေယာပြဿနာတွေဖြေရှင်းဖို့ တစ်ခုတည်းသော တရားဝင်တဲ့ နည်းလမ်းတစ်ခုသဖွယ် အလျင်အမြန် ရှုမြင်လာနိုင်ပါတယ်။

အဓိပ္ပာယ်ကတော့ မြေယာပြဿနာနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေပြုလုပ်တဲ့ အခြားဘက်ပေါင်းစုံက နည်းဗျူဟာတွေဟာ ညှိနှိုင်းမှုမရှိဘူး၊ အလျော့ပေးလိုက်လျောမှုမရှိတဲ့အတွက် တရားမဝင်ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်စေပါတယ်။ MSP လုပ်ငန်းစဉ်တွေဟာ (ဒုတိယအချက်မှာ ဖော်ပြထားတဲ့အတိုင်း) သူ့ရဲ့ အားနည်းချက်တွေ ရှိခဲ့သည့်တိုင်အောင် အားလုံးပါဝင်မှုရှိတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဓိကပါဝင်သူတွေဟာ လုပ်ငန်းစဉ်တွေထဲ ဆွဲခေါ်ခံကြရပါတယ်။ တဖန် သူတို့ရဲ့ပါဝင်မှုတွေဟာလည်း မြန်မာအစိုးရရဲ့ မြေယာမူဝါဒနဲ့ ဥပဒေမူဘောင်တွေအောက်မှာသာ ဆွေးနွေးခွင့်ရပြီး အဲဒီ လုပ်ငန်းစဉ်ရဲ့ ရှိပြီးသား မူဘောင်တွေကိုပဲ ပြန်ပြီး တရားဝင်မှုဖြစ်စေပြန်ပါတယ်။

အစိုးရရဲ့ မြေယာမူဝါဒကိုယ်တိုင်ကလည်း လုပ်ငန်းစဉ်ရဲ့ ဆွေးနွေးမှုကနေ ဖယ်ကြဉ်ခြင်းခံရပါတယ် (ပထမအချက်ကို ကြည့်ပါ)။ တဖန် MSP လုပ်ငန်းစဉ်အတွင်းမှာ မပါဝင်နိုင်တဲ့ အဓိကပါဝင်ပတ်သက်သူတွေဟာ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ သြဇာအာဏာ ဆုံးရှုံးကြရပြီး ဖယ်ကြဉ်ခံရပြီးသားအနေအထားကနေ ပိုမိုဆိုးဝါးတဲ့ ဖယ်ကြဉ်ခံရတဲ့အခြေအနေကို ရောက်ရှိစေပါတယ်။

ယခုလေ့လာဆန်းစစ်ချက်ကနေ မိမိတို့ လေ့လာခဲ့ရတဲ့ အချက်တစ်ခုကတော့ အခုလို သမိုင်းကြောင်းရှည်ကြာ ဖြစ်ပွားနေတဲ့ ရှုပ်ထွေးပွေလီလှတဲ့ မြေယာပဋိပက္ခပြဿနာတွေမှာ MSP လုပ်ငန်းစဉ်တွေကို ရိုးစင်းတဲ့ ကုထုံးတစ်ရပ်အဖြစ် ကြည့်လို့မရဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

ပဋိပက္ခအလွန် လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ မြေယာပြဿနာတွေအတွက် “အားလုံးပါဝင်တဲ့” အဖြေတစ်ခုရရှိဖို့ရည်ရွယ်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ MSP လုပ်ငန်းစဉ်တစ်ခုဖြစ်ဖို့ဆိုရင်တော့ “အာဏာ” အခင်းအကျင်းနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေ ထုတ်နိုင်ရပါမယ်။ အဲဒီအတွက် MSP လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်လျောညီထွရှိမှုနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုတွေတော့ လိုအပ်သလို တဖက်မှာလည်း ရှိနေတဲ့ အကန့်အသတ် အဟန့်အတားတွေကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

MSP လုပ်ငန်းစဉ်တွေဟာ သြဇာအာဏာနည်းပါးသူတွေအတွက် နေရာအသစ်တွေကို ဖန်တီးပေးနိုင်ပေမဲ့ ဒီလုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ “နည်းပညာဆိုင်ရာ ပြင်ဆင်ချက်” တစ်ခုတော့ လုံး၀ မဟုတ်ပါဘူး။

bottom of page