Embedded Enclaves? Initial Implications of Development of Special Economic Zones in Myanmar.
by Sina Hardaker
The success of SEZs in practice relies on their embeddeness with the surrounding economy. While Thilawa SEZ has made some positive attempts to create local jobs, transfer knowledge, and strengthen the country’s industrial infrastructure, there are limits to the positive external benefits flowing from SEZs in Myanmar.
The long and bumpy taxi ride sticks in my memory - from my hotel room adjacent the little airport to the site where Kyauk Phyu Special Economic Zone (SEZ) is planned to be located.
Around 2 kilometers before our destination, the taxi became stuck in sand. Soon the inhabitants of a nearby, small fishing village rushed over and helped us free the car out from the sand trap.
Farming and fishing are the main livelihoods in this quiet, rural area in the Rakhine State.
The taxi driver could not take me any further and informed me that he would wait for me there. For the remaining kilometers of sandy path, I hitched a lift on the scooter of a local teenager who finally dropped me off at a little harbor.
I remember observing two young men working and inspecting their nice, but simple wooden boats, and asking myself if these proclaimed SEZs will have positive and sustainable impacts for the people of Myanmar?
Why is the government of Myanmar proposing to establish SEZs and how can they have a sustainable effect on Myanmar’s population?
Firstly, SEZs are geographically delimited areas in a country that are subject to differing business rules as otherwise applicable in the national territory. The establishment of SEZs forms a key element of Myanmar’s industrialization plan and is expected to act as an important catalyst for growth, helping to increase exports and further reduce the trade deficit.
Moreover, its goals include the generation of jobs and the reconnection with the international community, while undertaking a democratic transition and simultaneously attempting to accelerate economic reforms.
The Myanmar government intends to develop three SEZs, in Thilawa, Dawei and Kyaukpyu in cooperation with the governments of Japan, Thailand, and China, respectively. However, two of the three planned SEZs continue to face delays. Consequently, my research focuses on Thilawa SEZ.
Despite the fact that SEZs are often perceived as enclaves of industry having little effect on the national economic landscape, their success in practice depends largely on their interdependence with the surrounding economy. Therefore, the purpose of my research is to initially apply the embeddedness concept to SEZs and therewith attempt to discuss probable implications of SEZs.
Thilawa clearly benefits from a strategic location next to two port terminals as well as its proximity to Yangon - Myanmar’s economic epicenter. Nevertheless, so far the zone is poorly embedded in its immediate surroundings. The development of SEZs entails a number of weaknesses when assessed on their ability to enhance economic development, mainly because the quality of employment opportunities created is low and the quality of sustainable and lasting development, in general, is questionable.
Although initial findings suggest that Thilawa SEZ has made some positive attempts to create jobs, transfer knowledge, and strengthen the country’s industrial infrastructure, there are some limits to positive external benefits flowing from SEZs in general.
In the short term, industrialization will have a limited impact on the living standard of the general population, especially if SEZs manage only to generate unskilled low‑paid jobs and it remains questionable whether the possible economic growth is sustainable.
Consideration of the embeddedness concept proves helpful in gaining a more nuanced understanding of the interlinkage processes involved with SEZs in Myanmar.
အုတ်မြစ်ခိုင်မာသော သီးခြားနယ်မြေများလား (သို့မဟုတ်) မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကနဦး သက်ရောက်မှုများ
ဇွန်လ ၂၅ ရက် ၂၀၂၀
Sina Hardaker
အထူးစီးပွားရေးဇုန်များ (SEZs) ၏ အောင်မြင်မှုသည် လက်တွေ့တွင် ၎င်းဝန်းကျင်ရှိ စီးပွားရေးနှင့် အုတ်မြစ်ခိုင်မာစွာတည်ရှိမှုအပေါ် မှီတည်နေသည်။ သီလဝါစက်မှုဇုန်အနေဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ အသိပညာဗဟုသုတများ လွှဲပြောင်းယူရန်နှင့် တိုင်းပြည်၏ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို အားကောင်းစေရန်အတွက် အပြုသဘောဆောင်သည့်ကြိုးပမ်းအားထုတ်မှုအချို့ လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အထူးစက်မှုဇုန်များမှ အပြုသဘောဆောင်သည့် ပြင်ပအကျိုးအမြတ်များထွက်ရန်မှာ အကန့်အသတ်များရှိခဲ့သည်။
ခရီးဝေးပြီး လမ်းတစ်လျှောက် ခုန်ဆောင့်စွာ တက်စီစီးခဲ့ရသည့်အတွေ့အကြုံသည် မိမိ၏ မှတ်ဉာဏ်တွင်ယနေ့အထိ စွဲထင်နေဆဲဖြစ်သည်။ လေယာဉ်ကွင်းသေးနှင့် မလှမ်းမကမ်းရှိ မိမိ၏ ဟော်တယ်အခန်းမှကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ရှိရာ နေရာသို့ အသွားတွင် ဖြစ်သည်။
မိမိတို့သွားမည့်နေရာသို့ မရောက်မီ ၂ ကီလိုမီတာအကွာလောက်တွင် မိမိတို့စီးလာသည့် တက်စီမှာ သဲနွံနစ်သွားခဲ့သည်။ များမကြာမီပင် အနီးအနားရှိ တံငါရွာလေးတစ်ခုမှ နေထိုင်သူအချို့ အလျင်အမြန်ရောက်လာကာ သဲနစ်ရာမှ ကားထွက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းသည် ရခိုင်ပြည်နယ်ရှိ တိတ်ဆိတ်ငြိမ်သက်လှသည့် ဤကျေးလက်တောရွာတွင်း နေထိုင်ကြသူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည်။
တက်စီမောင်းသမားသည်လည်း ထိုထက်ပို၍ မိမိအား လိုက်ပို့ရန် မဖြစ်နိုင်တော့ပဲ ထိုနေရာတွင်သာစောင့်ဆိုင်းတော့မည့်အကြောင်းသာ မိမိအား ပြောခဲ့သည်။ ထို့ကြောင့် ခရီးဆက်ရန် ကျန်သေးသည့် သဲလမ်းတစ်လျှောက်ကို ဆယ်ကျော်သက်အရွယ် ဒေသခံတစ်ဦး၏ ဆိုင်ကယ်လမ်းကြုံလိုက်ပို့ပေးမှုကြောင့်ခရီးဆက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဆိပ်ကမ်းငယ်လေးဆီသို့ ရောက်ရှိခဲ့တော့သည်။
ရိုးရိုးသစ်သားဖြင့်သာ ပြုလုပ်ထားသော်လည်း သပ်သပ်ရပ်ရပ်ရှိသည့် ၎င်းတို့၏ သစ်လှေများပေါ်တွင်အလုပ်လုပ်ရင်း စစ်ဆေးနေသည့် လူငယ်အမျိုးသားနှစ်ဦးကို စူးစမ်းကြည့်ရင်း ဤအထူးစီးပွားရေးဇုန်များသည် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့သည့် အကျိုးသက်ရောက်မှုများကို ဆောင်ကြဉ်းပေးနိုင်ပါ့မလားဆိုသည်ကို မိမိကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိခဲ့ပုံကိုအမှတ်ရမိသည်။
မြန်မာအစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်များကို တည်ဆောက်ရန် ဘာကြောင့် အဆိုပြုခဲ့ပြီး ထိုစီးပွားရေးဇုန်များမှတဆင့် မြန်မာပြည်သူလူထုအပေါ် ရေရှည်တည်တံ့သည့် အကျိုးသက်ရောက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုသည်မှာ မေးခွန်းထုတ်စရာများဖြစ်လာသည်။
ပထမဦးစွာ အထူးစီးပွားရေးဇုန် (SEZs) များဆိုသည်မှာ နိုင်ငံအစိုးရကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့မရှိပဲ ရင်းနှီးမြှုပ်နှံသူနှင့် စီးပွားရေးလုပ်ငန်းအတွက် လွယ်ကူစေရန်ရည်ရွယ်ကာ နိုင်ငံပိုင်နက်အတွင်း မတူညီသည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းများဖြင့် ပထဝီအနေအထားအရ ဘောင်ကန့်သတ်လိုက်သောသီးခြား နယ်မြေများဖြစ်သည်။ အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းစီမံကိန်း၏ အဓိက အရေးပါသော သော့ချက်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားတင်ပို့မှုကို တိုးမြှင့်ရန်၊နောက်ထပ် ကုန်သွယ်ရေးလိုငွေပြမှုကို လျော့ချနိုင်ရေးကို ကူညီရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကရိယာတစ်ခုအဖြစ် လှုပ်ရှားရန်လည်း ရည်ရွယ်သည်။ ထို့ပြင် နိုင်ငံအတွင်း ဒီမိုကရေစီအပြောင်းအလဲများလုပ်ဆောင်ချိန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြင့်ကြိုးပမ်းအားထုတ်ချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် နိုင်ငံတကာလူမှုအသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်မှုပြုလုပ်ရန်တို့မှာလည်း ၎င်း၏ အဓိက ပန်းတိုင်များအဖြစ် ပါဝင်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ဂျပန်၊ ထိုင်းနှင့် တရုတ်နိုင်ငံအစိုးရများနှင့် ပူးပေါင်းကာ သီလဝါ၊ ထားဝယ်နှင့်ကျောက်ဖြူတို့တွင် အထူးစီးပွားရေးဇုန် ၃ ခု တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း ထိုစီးပွားရးဇုန် ၃ ခုထဲမှ ၂ ခုမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။။ ထို့ကြောင့်မိမိ၏ လေ့လာဆန်းစစ်မှုသည် သီလဝါ အထူးစီးပွားရေးဇုန်အား အဓိကထားထားပါသည်။
အထူးစီးပွားရေးဇုန်များကို အမျိုးသားစီးပွားရေးအခင်းအကျဉ်းတစ်ခုလုံးအပေါ် သက်ရောက်မှုအနည်းငယ်သာရှိသော စက်မှုနယ်မြေများအဖြစ် ရှုမြင်ထားသော်လည်း ၎င်းတို့၏ လက်တွေ့အောင်မြင်မှုများမှာမူ ၎င်းတို့၏ ဝန်းကျင်ရှိ စီးပွားရေးနှင့် အုတ်မြစ်ခိုင်မာမှုအပေါ် ကြီးမားစွာ မှီတည်နေသည်။
ထို့ကြောင့် မိမိ၏ သုတေသန ရည်ရွယ်ချက်သည် အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် ဆက်စပ်တည်ရှိမှု သဘောတရားများကို ကနဦး အသုံးပြုကာ အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများဆွေးနွေးနိုင်ရေးအတွက်ဖြစ်သည်။
သီလဝါသည် ဆိပ်ကမ်းနှစ်ခုနားရှိ ဗျူဟာမြောက်နေရာတွင် တည်ရှိခြင်းအပြင် ရန်ကုန်-မြန်မာ စီးပွားရေးဗဟိုစင်တာနှင့် နီးစပ်စွာ တည်ရှိမှုအနေအထားကြောင့် အကျိုးအမြတ်များရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေးဇုန်သည် ၎င်း၏ လူမှုစီးပွားပတ်ဝန်းကျင်နှင့် အုတ်မြစ်ခိုင်မာစွာတည်ရှိမှုမှာ ယနေ့ချိန်အထိ အလွန်အားနည်းနေသည်။
အထူးစီးပွားရေးဇုန်များဖွံဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်နိုင်စွမ်းအားကို အကဲဖြတ်ကြည့်သည့်အခါ အားနည်းချက်များစွာ ရှိနေသည်ကိုလည်းတွေ့ရသည်။ အဓိက အကြောင်းအရင်းမှာ ၎င်းတို့ ဖန်တီးခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများ၏အရည်အသွေး နိမ့်ကျနေခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အရေအသွေးနှင့်ပတ်သက်ပြီး ယေဘုယျအားဖြင့် မေးခွန်းထုတ်ဖွယ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
သီလဝါစီးပွားရေးဇုန်အနေဖြင့် အလုပ်အကိုင်များဖန်တီးရေး၊ အသိပညာဗဟုသုတများ လွှဲပြောင်းယူရေးနှင့် တိုင်းပြည်၏ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို အားကောင်းစေရန်အတွက်အပြုသဘောဆောင်သည့် ကြိုးပမ်းအားထုတ်မှုအချို့ကို လုပ်ဆောင်ရန် ကနဦး တွေ့ရှိချက်များမှ အကြံပြုထားသော်လည်း အထူးစီးပွားရေးဇုန်များမှ အပြုသဘောဆောင်သည့် ပြင်ပအကျိုးအမြတ်များထွက်လာရန် ယေဘုယျအားဖြင့် အကန့်အသတ်အချို့ ရှိနေသည်။
ရေတိုတွင် စက်မှုလုပ်ငန်းများသည် အထူးသဖြင့် ကျွမ်းကျင်မှုနည်းပြီး လုပ်ခနည်းသော အလုပ်အကိုင်များကိုသာ ဖန်တီးနိုင်လျှင်၊ ဖြစ်နိုင်ချေရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း ရေရှည်တည်တံ့ခိုင်မြဲမှုရှိမရှိမေးခွန်းထုတ်စရာအဖြစ် ဆက်လက်တည်ရှိနေလျှင် ၎င်းသည် လူထု၏ အခြေခံလူနေမှုဘဝအဆင့်အတန်းအပေါ် သက်ရောက်မှုမှာ ဆက်လက် အားနည်းနေဦးမည်ဖြစ်သည်။
အုတ်မြစ်ခိုင်မာမှု သဘောတရားများကို အခြေခံစဉ်းစားခြင်းသည် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် ပါဝင်ပတ်သက်နေသည့် အပြန်အလှန်ချိတ်ဆက်မှုလုပ်ငန်းစဉ်များအပေါ် ပိုမိုပျော့ပြောင်းသည့်နားလည်သဘောပေါက်မှုများရရှိအောင် ကူညီပေးနိုင်ကြောင်း သက်သေပြနေသည်။