top of page

The Politics of Humanitarian Aid to Myanmar

by Marte Nilsen

I felt like I had defeated the dictators when I walked out of Yangon’s Mingeladon airport for the first time, more than 20 years ago. Unnoticed, I had sneaked out of the que and avoided the mandatory exchange of three new, unfolded, and spotless 100-dollar bills into the FEC monopoly money that the Myanmar military regime made foreigners use. Before arrival, I had gone many rounds with myself considering the ethical dilemma of visiting Burma, or Myanmar, under the repressive regime of the generals. I had seen the leaflets and posters all over Northern Thailand, asking tourists not to go. I knew about the brutal crackdown of the student uprising ten years earlier. I knew about the civil wars, the humanitarian suffering, and about Aung San Su Kyi in house arrest. Yet, I decided to go. I had to see for myself.

Myanmar was something else. The tea leaf salads, the Shan noodles, the cheroot cigars, the green tea and the palm sugar jaggery. Getting conned by black market money changers down at Sule Pagoda. Listening to cheesy Burmese love songs to the tunes of Metallica in coffeeshops serving black coffee with lime. The blasting karaoke on overnight busses. Getting lectured, in secrecy, by school teachers and tour guides about politics and about the radio that was broadcasting from my home town in Oslo. The strange feeling of normality interrupted by the large red billboards in white writing with propaganda from the military regime, reminding me about the repression and the hardship.

Returning to Myanmar 14 years later, it was like arriving to a different country. T-shirts and shoulder bags picturing the Lady was sold openly on the streets. A booming civil society and people speaking freely about politics, about the war and the suffering, and about the peace process. Dissidents returning from exile. In October 2012, together with our local partner, PRIO organized an academic conference about democratization and peace in Myanmar – the first of its kind in many decades. Myanmar was opening up, but international actors engaged in heated arguments and disputes about the reliability of the reforms and the sincerity of the generals.

Building up since the response to Cyclone Nargis in 2008, the politics of aid to Myanmar was reaching a peak of tension. Anyone providing humanitarian relief for people in Myanmar would have to consider the political implications of their approach and be prepared to be met by harsh criticism for their stance. Were any operations dealing with the illegitimate regime in Naypyidaw consequently undermining the struggle for democracy and minority rights, or were such concerns trumped by the humanitarian imperative of providing assistance wherever it is needed?

Was it more effective to pressure the military with isolation and international sanctions, or did these sanctions only hurt the people of Myanmar? Could support to civil society groups inside Myanmar lead to a transformation of Myanmar society and to political changes in the long run, or would this strategy only benefit existing elites with close links to the regime? These were the kind of questions that characterized the heated debate. The different positions were strongly held by the various aid providers and advocacy groups, and they were based on competing theories of change.

In the first years of the transition since 2011, I followed closely the work and the different approaches of the three Norwegian organizations with the largest operations in Myanmar and along the Thai-Myanmar border – The Norwegian Refugee Council (NRC), the Norwegian People’s Aid (NPA) and the Norwegian Church Aid (NCA).

Norway had become an engine in the international shift from sanctions and isolation to engagement, and initiated a number of humanitarian programs inside Myanmar to support the peace process and the reforms. Some of these initiatives were operated by NRC and NPA, while NCA expressed concern against the initiatives and feared that they would be implemented at the expense of support to refugees on the Thai-Myanmar border. In 2017 I visited some of the key humanitarian projects of these three Norwegian organizations in Myanmar and along the border, and I conducted interviews with staff, partner organizations and aid recipients.

In my study I found that these three organizations exhibited characteristics from three competing humanitarian approaches that are commonly found among aid providers in Myanmar. While NRC strived to operate with a neutral approach aiming to secure humanitarian principles without pursuing any other political agenda, NPA cultivated a more pragmatic approach aiming to work with the government to open up space for local organizations.

This approach was the result of a clear political thinking that the humanitarian suffering can only be stopped through a transformation of the Myanmar Society from below. This political thinking was largely shared by NCA, but while NPA saw a value in expanding its support within Myanmar, NCA maintained an idealist approach aiming to support exile organizations to push for human rights and seek to hold international donors, the Myanmar government, and the military accountable for their actions.

One of the most difficult dilemmas for aid providers working in authoritarian and repressive states involved in violent conflict is the trade-off between getting humanitarian access in the short term and securing human rights for the future. To gain access to the areas where people are in desperate need of outside assistance, humanitarian providers need to bargain and compromise with the regimes that cause the suffering. Where the line between confrontation and collaboration should be drawn is a constant source of debate among aid providers.

The controversies in Myanmar concerned two strategic divides: One between staying neutral (NRC) and having apolitical agenda (NPA, NCA); and one between maintaining a distance to the old regime (NCA) and seeking careful engagement (NRC, NPA). However, I would argue that despite the competing strategies, the different approaches among humanitarian actors have, unintentionally, contributed to a division of labour, enabling them to address a variety of Myanmar’s humanitarian needs.

Achieving peace, development and democracy in a country like Myanmar, with its complex conflict dynamics and history of injustice and repression, is bound to be a long and winding road, involving a multitude of actors and engagement strategies. There is no simple recipe to progress. My first visit to Myanmar back in 1998, and the journeys of other travellers at the time, didn’t do much either way concerning democratization or repression.

But it did lead to some incredible meetings between people with different experiences and references, to meaningful exchanges of ideas and insights, and to long-lasting friendships. Similarly, it is not the different approaches of various aid providers that is going to determine the success of Myanmar’s peace process or path to democracy and prosperity. That will be the struggle of the Myanmar people. However, the diversity of support that humanitarian actors can provide to people in desperate need and to people with aspirations, abilities and commitment to transform their country and their communities has been crucial in the past and will remain important in the years to come.

မြန်မာနိုင်ငံသို့ ပေးသော လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ နိုင်ငံရေး

ဇူလိုင် ၉ ရက် ၂၀၂၀

Marte Nilsen (Senior Researcher, Peace Research Institute Oslo -PRIO)

လွန်ခဲ့သော အနှစ် ၂၀ ကျော်အချိန်တွင်ဖြစ်သည်။ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်းမှ ပထမဆုံးအကြိမ်အဖြစ် ထွက်လာချိန်မှာ စစ်အာဏာရှင်တွေကို အနိုင်ရလိုက်ပြီဟု မိမိ ခံစားခဲ့ရသည်။ ထိုအချိန်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသူ နိုင်ငံခြားသားများအားလုံးအနေဖြင့် မြန်မာစစ်အစိုးရမှနိုင်ငံခြားသားများအသုံးပြုရန် ပြုလုပ်ထားသည့် လက်ဝါးကြီးအုပ်ပိုက်ဆံ FEC သို့ မဖြစ်မနေ ငွေလဲကြရသည်။ သို့သော် မိမိလက်ထဲရှိ ခေါက်ရာမရှိ၊ အစွန်းအထင်းကင်းမဲ့သည့် ဒေါ်လာ ၁၀၀ တန် ၃ရွက်ကို FEC ငွေလဲရန် စောင့်ဆိုင်းတန်းစီရာမှာ အမှတ်တမဲ့ ခိုးထွက်ကာ ငွေမလဲပဲ မိမိ ရှောင်ထွက်ခဲ့သည်။

ရန်ကုန်သို့ မသွားခင်ကတည်းကပင် စစ်ဗိုလ်ချုပ်များ၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင်ရှိသော ဗမာပြည် (သို့မဟုတ်) မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် သင့်၊ မသင့်ဆိုသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာဘေးကြပ်နံကြပ်အခြေအနေများကို မိမိကိုယ်တိုင် အကြိမ်ကြိမ် စဉ်းစားခဲ့သည်။ ထိုင်းမြောက်ပိုင်းတခွင်လုံးတွင်လည်း ကမ္ဘာလှည့်ခရီးသွားများကို မြန်မာနိုင်ငံမသွားရောက်ရန်အတွက် ပြောထားသည့် ပိုစတာများ၊ လက်ကမ်းစာစောင်အများအပြားကိုလည်း မိမိ တွေ့မြင်ခဲ့ရသည်။ လွန်ခဲ့သော၁၀ နှစ်ကျော်အတွင်း ကျောင်းသားပြည်သူများ ဆန္ဒဖော်ထုတ်မှုအပေါ် ရက်စက်စွာချေမှုန်းခဲ့သည့်အကြောင်းကိုလည်း မိမိသိထားခဲ့သည်။ ပြည်တွင်းစစ်များအကြောင်း၊ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့မှုများအကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ကျခံနေရသည့်အခြေအနေများကိုလည်း မိမိသိသည်။ သို့သော် မြန်မာနိုင်ငံသို့ သွားရောက်ရန် မိမိ ဆုံးဖြတ်ခဲ့သည်။ ထိုအခြေအနေများကို မိမိကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြည့်ရန်လိုအပ်သည်။

မြန်မာနိုင်ငံသည် တခုခုတော့ ထူးခြားသည်။ လက်ဖက်သုပ်၊ ရှမ်းခေါက်ဆွဲ၊ ဆေးပေါလိပ်၊လက်ဖက်ရေနွေးကြမ်းနှင့် ထန်းညက်ခဲ စသည့် ဒေသထွက် အစားအသောက်များ။ ဆူးလေဘုရားနား မှောင်ခိုငွေလဲဈေးကွက်မှ တပတ်ရိုက် အလိမ်ခံရမှုများ။ သံပုရာခြမ်းပါသည့် ဘလက်ခ်ကော်ဖီမှာသောက်နိုင်သည့် ကော်ဖီဆိုင်လေးတွင် Metallica အမျိုးအစား မြန်မာအချစ်သီချင်းများကိုနားထောင်ခဲ့ရချိန်များ။ ညဘတ်စ်ကားများပေါ်မှ ကျယ်လောင်သည့် ကာရာအိုကေသီချင်းများ။ကျောင်းဆရာ/ဆရာမများနှင့် ဧည့်လမ်းညွှန်များမှ လျို့ဝှက်ပို့ချသည့် နိုင်ငံရေးအကြောင်းနှင့် အော်စလိုရှိ မိမိမွေးရပ်မြေမှ အသံလွှင့်သည့် ရေဒီယိုသတင်းများအကြောင်း။ အရာအားလုံးသည် ပုံမှန်သမရိုးကျအတိုင်းပင်။ ထိုကဲ့သို့ ပုံမှန်ဖြစ်စဉ်များအပေါ် အလိုက်သင့် စီးမျောနေချိန် အနီရောင်ဆိုင်းဘုတ်ပေါ်က စာလုံးအဖြူများဖြင့် ရေးထားသော စစ်အစိုးရ၏ ဝါဒမှိုင်းသွတ်သွင်းထားသောဆိုင်းဘုတ်ကြီးများမြင်လိုက်ရသောအခါတိုင်း စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသလို ထိုအခါမှ ဖိနှိပ်အုပ်ချုပ်မှုများနှင့် ခက်ခဲမှုများဖြင့် ပုံမှန်ဖြစ်စဉ်မဟုတ်သည့်အခြေအနေကို ပြန်ပြန်သတိဝင်ခဲ့ရပုံများ။

ထိုကာလမှ ၁၄ နှစ်အကြာ မြန်မာနိုင်ငံသို့ တဖန်ပြန်ရောက်လာချိန်တွင်တော့ လုံး၀ အခြေအနေကွာခြားသွားခဲ့သည်။ သီခြား နိုင်ငံတခုသို့ ရောက်နေသည့်အလားပင်။ လမ်းဘေးပလက်ဖောင်းများရှိ ဈေးဆိုင်လေးများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ၊ ဘေးအိတ်များ ပွင့်လင်းစွာရောင်းချနေသည်ကို တွေ့ခဲ့ရသည်။ ပွင့်လင်းကြီးထွားလာသည့် လူမှုအဖွဲ့အစည်းတခုနှင့် နိုင်ငံရေးအကြောင်း၊ စစ်ပွဲများနှင့် စစ်ဘေးခံစားရမှုဒုက္ခများအကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းအကြောင်းများကို လွတ်လပ်စွာ ပြောဆိုနေကြသော လူထုများ။ ပြည်ပမှ ပြန်လာသည့် အတိုက်အခံအင်အားစုများ။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မိမိတို့၏ ဒေသခံမဟာမိတ်အဖွဲ့အစည်းဖြစ်သည့် PRIO နှင့်အတူမြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ Academic ညီလာခံတစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့သည်။ ထိုညီလာခံသည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာနှင့်ပတ်သက်ပြီး ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် လုပ်ဖြစ်သော ညီလာခံဖြစ်သည်။ မြန်မာနိုင်ငံကြီးလမ်းပွင့်လာပါပြီ။ သို့သော်လည်း ဗိုလ်ချုပ်ကြီးများ၏ ရိုးသားမှု၊ ယုံကြည်စိတ်ချရနိုင်သော ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ထောက်ပြဝေဖန်မှုများ၊ အငြင်းပွားမှုများလည်းဆက်လက်ရှိနေခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းအပေါ် တုန့်ပြန်မှုအခြေအနေမှစပြီး မြန်မာနိုင်ငံသို့ ပေးသော ကူညီထောက်ပံ့မှုဆိုင်ရာ နိုင်ငံရေးသည် တင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံရှိ လူထုအား လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသူ မည်သူမဆို၎င်းတို့၏ ချဉ်းကပ်မှုနှင့်ပတ်သက်သည့် နိုင်ငံရေးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သကဲ့သို့ ၎င်းတို့ရပ်တည်မှုအတွက် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ကြမ်းတမ်းလှသော ဝေဖန်ရှုံ့ချမှုများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့် အနေအထားဖြစ်ခဲ့သည်။

နေပြည်တော်ရှိ တရားမဝင်အစိုးရနှင့် ဆက်စပ်ညှိနှိုင်းလုပ်ဆောင်မှုတိုင်းသည် ဒီမိုကရေစီနှင့်လူနည်းစုအခွင့်အရေးလှုပ်ရှားမှုအား ထိခိုက်စေနိုင်သလား (သို့မဟုတ်) အမှန်တကယ် လိုအပ်သည့်နေရာတိုင်း အကူအညီများရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအရေးကြီးမှုကပင် ထိုစိုးရိမ်မှုများကို ဖြစ်စေလား။

စစ်တပ်ကို နိုင်ငံတကာပိတ်ဆို့မှုဒဏ်ခတ်မှုများဖြင့် ဖိအားပေးခြင်းသည် ပိုမိုထိရောက်စေနိုင်သလား(သို့မဟုတ်) ထိုနိုင်ငံတကာပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံပြည်သူများကိုသာ ပိုမိုထိခိုက်စေသလား။

မြန်မာနိုင်ငံတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို အကူအညီပေးခြင်းသည် ရေရှည်တွင် မြန်မာ့လူ့အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သလား(သို့မဟုတ်) ထိုနည်းလမ်းသည် စစ်တပ်နှင့်နီးစပ်သည့် ရှိရင်းစွဲ လူနည်းစု elites များကိုသာအကျိုးဖြစ်ထွန်းစေလား။

ဤအချက်များသည် အငြင်းပွားမှုဖြစ်နေသည့် မေးခွန်းများဖြစ်သည်။ ထိုမေးခွန်းများနှင့်ပတ်သက်ပြီး အကူအညီပေးရေးအဖွဲ့များနှင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့အများအပြားသည် ၎င်းတို့၏“အပြောင်းအလဲလုပ်ဆောင်မှုဆိုင်ရာသီအိုရီများ (Theories of Change) အပေါ် အခြေခံကာ မတူညီသော သဘောထားရပ်တည်ချက်များ ရှိကြသည်။

၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံရေးအပြောင်းအလဲပြုလုပ်ခဲ့သော ပထမနှစ်များတွင် မိမိအနေဖြင့် နော်ဝေးအဖွဲ့အစည်းများဖြစ်သော The Norwegian Refugee Council (NRC)၊ The Norwegian People’s Aid (NPA) နှင့် The Norwegian Church Aid (NCA) တို့ ၃ ဖွဲ့၏ အလုပ်များနှင့် ၎င်းတို့၏ မတူညီသည့် ချဉ်းကပ်မှုများကို အနီးကပ် လေ့လာခဲ့သည်။

နော်ဝေးနိုင်ငံသည် ပိတ်ဆို့အရေးယူဒဏ်ခတ်မှုမှသည် ထိတွေ့ဆက်ဆံခြင်းဆိုသည့် နိုင်ငံတကာအလှည့်အပြောင်း၏ အင်ဂျင်တစ်ခု ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင်ပြောင်းလဲမှုများကို ကူညီထောက်ပံ့ရန်အတွက် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းစဉ်အများအပြားကို စတင်ခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများအပေါ် Norwegian Church Aid (NCA) မှ စိုးရိမ်ခဲ့ပြီး ထိုလုပ်ဆောင်မှုများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မည့် ကုန်ကျစရိတ်များဖြင့် အကောင်အထည်ဖော်မည်ကို စိုးရိမ်နေချိန်တွင်ထိုထဲမှ အချို့လုပ်ငန်းစဉ်များကို NRC နှင့် NPA တို့မှ လုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်တလျှောက်ရှိ နော်ဝေးအဖွဲ့အစည်း ၃ ဖွဲ့၏ အဓိကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းစီမံကိန်းရှိရာအချို့နယ်မြေများကို မိမိအနေဖြင့် သွားရောက်ခဲ့ပြီး ဝန်ထမ်းများ၊ မိတ်ဆက်အဖွဲ့အစည်းများနှင့် အကူအညီလက်ခံရရှိသူများနှင့် ဆက်သွယ်မေးမြန်းမှု ပြုလုပ်ခဲ့သည်။

မိမိ၏ လေ့လာမှုအရ ဤအဖွဲ့အစည်း ၃ ဖွဲ့တွင် မြန်မာနိုင်ငံရှိ အခြားအကူအညီပေးရေးအဖွဲ့များအကြားတွေ တွေ့ရလေ့ရှိသော လူသားချင်းစာနာမှုဆိုင်ရာ ချဉ်းကပ်မှု ၃ မျိုးမှ ဝိသေသလက္ခဏာများကို တွေ့ရှိခဲ့သည်။

NRC အနေဖြင့် မည်သည့်နိုင်ငံရေးအစီအစဉ်ကိုမျှ မလုပ်ဆောင်ပဲ ကြားနေချဉ်းကပ်မှု (Neutral Approach) ဖြင့်သာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ လုံခြုံစိတ်ချက်ရေးအတွက် အဓိက ရည်ရွယ်လုပ်ဆောင်ချိန်တွင် NAP အနေဖြင့် ဒေသခံအဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက် အစိုးရနှင့် လုပ်ဆောင်ရန် ပိုမိုလက်တွေ့ဆန်သော ချဉ်းကပ်မှုမျိုးကို အသုံးပြုသည်။

ဤချဉ်းကပ်မှုသည် လူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခများကို မြန်မာ့လူ့အဖွဲ့အစည်း၏အောက်ခြေမှ ပြုပြင်ပြောင်းလဲမှုလုပ်မှသာလျှင် ရပ်တန့်နိုင်သည်ဟူသော ရှင်းလင်းသော နိုင်ငံရေးအတွေးအခေါ်အပေါ် အခြေခံခြင်းဖြစ်သည်။ ထိုနိုင်ငံရေးအတွေးအခေါ်ကို အဓိက လက်ခံသူမှာNCA ဖြစ်သည်။ သို့သော် NPA အနေဖြင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ အကူအညီများတိုးချဲ့မှုလိုအပ်သည်ဟု မြင်ချိန်တွင် NCA နေဖြင့် လူ့အခွင့်အရေး ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ပြည်ပရောက် အဖွဲ့အစည်းများအား ထောက်ပံ့ပြီး နိုင်ငံတကာအလှူရှင်များ၊ မြန်မာအစိုးရနှင့် စစ်တပ်အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် တာဝန်ခံမှုရှိရေးအတွက် အဓိက ဆောင်ရွက်ခဲ့သည်။

အကြမ်းဖက် ပဋိပက္ခများရှိသော အာဏာရှင်နှင့် ဖိနှိပ်ချုပ်ချယ်သော နိုင်ငံအတွင်း အလုပ်လုပ်နေရသော အကူညီပေးသူများအနေဖြင့် အဓိက ကြုံရသည့် အခက်အခဲဆုံး အကြပ်ရိုက်မှုမှာ ရေတိုကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလက်လှမ်းမီရေးနှင့်အနာဂတ်ကာလ လူ့အခွင့်အရေးအာမခံမှုရှိရေးအကြား ပြုလုပ်ရသည့် အပေးအယူများဖြစ်သည်။ပြင်ပအကူအညီများအလွန်လိုအပ်သော ပြည်သူများရှိရာ အရပ်ဒေသများသို့ အကူအညီများ ဝင်ရောက်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီပေးသူများသည် ဆင်းရဲဒုက္ခများကို ဖြစ်စေနိုင်သည့် အပေးအယူများ၊ ဆွေးနွေးညှိနှိုင်းမှုများကို အစိုးရများနှင့် တဖက်တွင် မဖြစ်မနေ လုပ်ဆောင်ရပြန်သည်။ ဤအခြေအနေသည် ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် ချဉ်းကပ်မှုနှစ်ခုအကြား ထားသင့်သည့် မျဉ်း (စည်း) သည် အကူအညီပေးသူများအကြား အငြင်းအခုန်ဖြစ်စေသည့် အဓိက အရင်းအမြစ်တခုပင်ဖြစ်သည်။

မြန်မာနိုင်ငံရှိ အငြင်းပွားမှုများသည် အဓိကအားဖြင့် နည်းဗျူဟာကွာခြားချက် နှစ်ခုကြောင့်ဖြစ်သည်။ ပထမတစ်ခုမှာ ကြားနေနေခြင်း (NRC) နှင့် နိုင်ငံရေး agenda ရှိခြင်း (NPA နှင့် NCA) ဆိုသည့်နည်းဗျူဟာမတူညီမှုဖြစ်ပြီး အခြားတစ်ခုမှာ ယခင်အစိုးရဟောင်းနှင့် ခပ်ဝေးဝေးနေခြင်း (NRC) နှင့်၎င်းတို့နှင့် ဂရုတစိုက် ချိတ်ဆက်လုပ်ဆောင်ခြင်း (NRC၊ NPA) ဆိုသည့် နည်းဗျူဟာမတူညီမှုတို့ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ မတူညီသော နည်းဗျူဟာများ အပြိုင်အဆိုင် ရှိနေသော်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသူများအကြား မတူညီသော ချဉ်းကပ်မှုများ ရှိနေခြင်းသည် မရည်ရွယ်ပဲ ၎င်းတို့အကြား လုပ်အားခွဲဝေမှုကို ဖြစ်စေပြီး ထိုမှတဆင့်မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုအကူအညီများလိုအပ်ချက်အသီးသီးကို ကူညီဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

ရှုပ်ထွေးလှသော ပဋိပက္ခဖြစ်စဉ်များ၊ မတရားမှုများနှင့် ဖိနှိပ်မှုသမိုင်းကြောင်းများရှိသောမြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရရှိရေးသည် များပြားလှသော ပါဝင်ပတ်သက်သူများနှင့် စေ့စပ်မှုနည်းဗျူဟာများပါဝင်သည့် ကွေ့ကောက်ရှည်လျားသော လမ်းတစ်ခုဖြစ်သည်။ တိုးတက်အောင်လုပ်ရန်အတွက်လည်း ထိုထက်ပို၍ ရိုးရှင်းသော နည်းလမ်းမရှိပါ။ ၁၉၉၈ ခုနှစ်အတွင်း မိမိ၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်နှင့် ထိုကာလများအတွင်း အခြားခရီးသွားဧည့်သည်များ၏ ခရီးစဉ်များသည်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများအပေါ် စိုးရိမ်မှုများနှင့်ပတ်သက်ပြီး အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ပေ။

သို့သော်လည်း မတူညီသော အတွေ့အကြုံများနှင့် အချက်အလက်များရှိသောသူများအကြား မယုံကြည်နိုင်လောက်သည့် ထူးခြားသော တွေ့ဆုံမှုများကို ဖြစ်ပေါ်စေသလို အတွေးအခေါ်အယူအဆများနှင့်သိမြင်မှုများအကြောင်း အဓိပ္ပာယ်ရှိသော နှီးနှောဖလှယ်မှုများဖြစ်စေခဲ့သည့်အပြင် ရေရှည်ချစ်ကြည်ရင်းနှီးမှုများကိုလည်း တည်ဆောက်စေနိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အလားတူပင်အကူအညီပေးရေးအဖွဲ့များ၏ မတူညီသော ချဉ်းကပ်မှုများသည် ဒီမိုကရေစီနှင့် သာယာဝပြောမှုနှင့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့်အရာများမဟုတ်ပေ။ထိုအရာသည် မြန်မာပြည်သူများ၏ ကိုယ်တိုင်ဦးဆောင်ရမည့် တိုက်ပွဲတစ်ခုသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အကူအညီလိုအပ်သူများ၊ နိုင်ငံနှင့် လူမှုအသိုင်းအဝိုင်းတိုးတက်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေသူများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသူများမှ ပေးအပ်နိုင်သည့် မတူညီသော ကူညီထောက်ပံ့မှုများသည် အတိတ်ကာလအတွင်း အရေးကြီးခဲ့သကဲ့သို့နောင်လာမည့်နှစ်များတွင်လည်း ဆက်လက် အရေးပါနေဦးမည်ဖြစ်ပေသည်။

Photo: CIDKP

bottom of page