Competing trends in women’s rights in Myanmar
by Mala Htun and Francesca R. Jensenius
What are the prospects for gender equality in Myanmar?
In the 2010s, the Myanmar government made moves to comply with international obligations on women’s rights. The government launched a strategic plan for women’s advancement, reformed some laws, and collaborated with civil society organizations to draft legislation to combat gender and sexual violence. At the same time, official initiatives to protect “race and religion” by curtailing liberal rights—such as freedom of religion and freedom to marry—enjoy support among the majority community.
What are the prospects for gender equality in Myanmar? Our research explores public attitudes toward women’s roles in order to shed light on this question. We analyze two of the first nationally-representative surveys relevant to political research in the country: the Asia Foundation’s 2014 survey of “Civic Knowledge and Values in a Changing Society” and the first round of the Asian Barometer Survey (ABS) conducted in 2015.
Our analysis shows that Burmese people tend to hold conservative views about women’s roles. In the Asia Foundation Survey, 70% of the respondents say that men make better leaders in politics and business, and 39% consider it more important for boys than girls to receive a university education. In the Asian Barometer Survey, a substantial share (34% of men and 43% of women) agree with the statement that women should not be involved in politics as much as men and the majority (63% of the men and 50% of the women) express a preference for a boy child.
In both surveys, gender-related attitudes are not associated with age. Figure 1 and 2 below ('Women should not be in politics' and 'preference for boy'), based on the Asian Barometer surveys, shows that a similar share of both young and old respondents believe that women should not be involved in politics and express preference for boy children, which implies that support for gender equality is unlikely to grow due merely to generational change, as the younger population replaces the older one.
In addition, we examine the extent to which attitudes toward women’s roles are connected to other aspects of political culture, such as traditional values—including familism, deference, and conflict-avoidance—and views about the liberal principles—such as equality, liberty, separation of powers, freedom to associate, and pluralism—that support successful democracies. We find that gender-related attitudes are strongly associated with measures of traditionalism and authoritarian attitudes, but not with religiosity, as shown in Figure 3 (below).
As long as public opinion on women’s roles remains conservative, and support for traditional and authoritarian values persist, there is likely to be support for nationalism and skepticism of moves toward gender equality in Myanmar.
People’s attitudes may change quickly, however. In other countries, feminist movements used liberal freedoms to organize and promote cultural changes favoring gender equality. The struggle to advance women’s rights is thus closely connected to the promotion of liberal democracy.
မြန်မာနိုင်ငံ၏ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အလားအလာများ
ဇူလိုင် ၂၀ ရက် ၂၀၂၀ ခုနှစ်
Mala Htun၊ Francesca R. Jensenius
မြန်မာနိုင်ငံ၏ ကျားမတန်းတူရေးအတွက် အလားအလာတွေက ဘာတွေလဲ?
၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ မြန်မာအစိုးရသည် အမျိုးသမီးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားများကို လိုက်နာရန် အရွေ့များ ပြုလုပ်ခဲ့သည်။ အစိုးရအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတရပ်ကို စတင်ခဲ့ပြီး ဥပဒေအချို့ပြင်ဆင်မှုရှိခဲ့သလို ကျားမတန်းတူရေးနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဥပဒေကြမ်းရေးဆွဲရန် အရက်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ တချိန်တည်းမှာပင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့် စသည့် လစ်ဘရယ်အခွင့်အရေးများကို ကန့်သတ်ထားသည့် “အမျိုးဘာသာ သာသနာ”ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုများမှာလည်း လူအများစု၏ ထောက်ခံမှုအများအပြားကို ရရှိနေသည်။
မြန်မာနိုင်ငံ၏ ကျားမတန်းတူရေးအတွက် အလားအလာတွေက ဘာတွေလဲ?။ ဤမေးခွန်းအား အဖြေရှာနိုင်ရန်အတွက် မိမိတို့အနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများအပေါ် ပြည်သူလူထု၏ သဘောထားများကို လေ့လာဆန်းစစ်ထားသည်။ မိမိတို့အနေဖြင့် နိုင်ငံအတွင်းရှိ ပထမဆုံး နိုင်ငံရေးသုတေသဆိုင်ရာ တနိုင်ငံလုံးအတိုင်းအတာပြုလုပ်ထားသော စစ်တမ်းနှစ်ခုကို ဆန်းစစ်သုံးသပ်ထားသည်။ ထိုစစ်တမ်းနှစ်ခုမှာ Asia Foundation ၏ “ပြောင်းလဲနေသော လူ့အဖွ့ဲအစည်းအတွင်းရှိ နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုများ (Civic Knowledge and Values in a Changing Society)” ဆိုသည့် ၂၀၁၄ ခုနှစ်စစ်တမ်းနှင့် ၂၀၁၅ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် အာရှဘာရိုမီတာစစ်တမ်း (Asian Barometer Survey-ABS) တို့ဖြစ်သည်။
မိမိတို့၏ ဆန်းစစ်လေ့လာမှုအရ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများသည် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ရှေးရိုးစွဲအမြင်များကို ကိုင်စွဲထားပုံရကြောင်း တွေ့ရသည်။ Asia Foundation ၏ စစ်တမ်းအရ ဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံရေးနှင့် စီးပွားရေးတွင် အမျိုးသားများပိုမိုဦးဆောင်နိုင်ကြောင်းပြောပြီး ဖြေဆိုသူများ၏ ၃၉ ရာခိုင်နှုန်းသည် ယောက်ျားလေးများသည် မိန်းကလေးများထက် တက္ကသိုလ်ပညာရေးရရှိရန် ပိုမိုအရေးကြီးကြောင်း ပြောသည်။ အာရှဘာရိုမီတာစစ်တမ်းတွင်လည်း အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ပင် နိုင်ငံရေးတွင်မပါဝင်သင့်ဆိုသည့် အချက်အပေါ် သုတေသနအတွင်း ပါဝင်ဖြေဆိုသူ အမျိုးသမီး၊ အမျိုးသားအကြား ကြီးမားသည့် သဘောထားတူညီမှု (အမျိုးသား ၃၄ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၃ ရာခိုင်နှုန်း) ရှိကြပြီး ဖြေဆိုသူ အများစုသည် (အမျိုးသား ၆၃ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ ရာခိုင်နှုန်း) သားယောက်ျားလေးကို ပိုလိုချင်ကြောင်း ဖော်ပြကြသည်။
စစ်တမ်းနှစ်ခုလုံးတွင် ကျားမတန်းတူရေးဆိုင်ရာ အမြင်သဘောထားများသည် အသက်အရွယ်နှင့် မသက်ဆိုင်ကြောင်းလည်း တွေ့ရသည်။ အာရှဘာရိုမီတာစစ်တမ်းအရ အောက်ဖော်ပြပါ ပုံ ၁ နှင့် ၂ (“အမျိုးသမီးများသည် နိုင်ငံရေးတွင် မပါဝင်သင့်ပါ” နှင့် “သားယောက်ျားလေး လိုလားမှု”) သည် ဖြေဆိုသူ အသက်ကြီးသူနှင့် ငယ်ရွယ်သူများအကြား “အမျိုးသမီးများသည် နိုင်ငံရေးတွင် မပါဝင်သင့်ပါ”နှင့် “သားယောက်ျားလေးကို ပိုမိုလိုချင်သည်” ဆိုသည့် အချက်နှင့်ပတ်သက်ပြီး အလားတူယုံကြည်မှုများရှိနေကြောင်း တွေ့ရသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အသက်ကြီးသူများ၏ ယုံကြည်လက်ခံမှုအတိုင်း သက်ငယ်သူများမှ ပြန်လည်ကျင့်သုံးနေကြခြင်းကြောင့် ကျားမတန်းတူရေးအတွက် အားပေးထောက်ခံမှုအခြေအနေသည် မျိုးဆက်အပြောင်းအလဲကြောင့် ပြောင်းလဲတိုးတက်နိုင်ချေမရှိသည်ကို ဖော်ညွှန်းနေသည်။
ထို့ပြင် အမျိုးသမီးအခန်းကဏ္ဍဆိုင်ရာ အမြင်သဘောထားများနှင့် ချိတ်ဆက်နေသည့် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခြားရှုထောင့်များကိုလည်း ဆန်းစစ်လေ့လာသည်။ အထူးသဖြင့် အောင်မြင်သော ဒီမိုကရေစီဖြစ်ရေးအတွက် အရေးပါသော တန်းတူညီမှု၊ လွတ်လပ်မှု၊ အာဏာခွဲဝေမှု၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းမှုနှင့် ဗဟုဝါဒ (Pluralism) ကဲ့သို့သော လစ်ဘရယ်မူဝါဒများနှင့်အမြင်များကို ဆန်းစစ်ထားသည့်အပြင် ရိုသေလေးစားခြင်း၊ ပဋိပက္ခရှောင်လွှဲခြင်း (Conflict-avoidance)၊ တဦးချင်းစီထက် မိသားစုစံတန်ဖိုးကို အဓိကထားသောဝါဒ (Familism) စသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစံနှုန်းများဆိုင်ရာ အချက်များကိုလည်း မိမိတို့အနေဖြင့် ဆန်းစစ်လေ့လာသည်။ ဤနေရာတွင် ကျားမတန်းတူရေးဆိုင်ရာ သဘောထားများသည် အောက်ဖော်ပြပါ ပုံ-၃ တွင် ဖော်ပြထားသည့်အတိုင်း ကိုးကွယ်ယုံကြည်မှုနှင့် မသက်ဆိုင်ပဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် အာဏာရှင်ဆန်သော သဘောထားများနှင့်သာ များစွာဆက်စပ်နေသည်ကို တွေ့ရှိရသည်။
အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လူထုအမြင်သဘောထားများသည် ရှေးရိုးစွဲအယူအဆအား လက်ကိုင်ထားသရွေ့၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် အာဏာရှင်ဆန်သော စံတန်ဖိုးများအပေါ် ပံ့ပိုးမှုများ ဆက်လက်ရှိနေသရွေ့ မြန်မာနိုင်ငံတွင် ကျားမတန်းတူရေးလှုပ်ရှားမှုနှင့်ပတ်သက်ပြီး လူထုအတွင်း ကျားမတန်းတူရေးကို လက်ခံကျင့်သုံးမည့်အစား အမျိုးသားရေးဝါဒအပေါ် ထောက်ခံမှုနှင့် ကျားမတန်းတူရေးအပေါ် မယုံကြည်သံသယအမြင်များသာ ရှိနေမည်ဖြစ်သည်။ သို့သော်လည်း လူထု၏ သဘောထားများသည်လည်း အလျင်အမြန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါသည်။ အခြားနိုင်ငံများတွင် Feminist (တန်းတူရေး) လှုပ်ရှားမှုများသည် ကျားမတန်းတူညီမျှရေးကိုရှေ့ရှုသည့် ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုများမြှင့်တင်ရေးနှင့် စည်းရုံးရေးအတွက် လစ်ဘရယ်လွတ်လပ်ခွင့် (Liberal Freedoms) ကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့်ပင် အမျိုးသမီးအခွင့်အရေးတိုးတက်ရေးတိုက်ပွဲများသည် လစ်ဘရယ်ဒီမိုကရေစီမြှင့်တင်ရေးနှင့် အနီးစပ်ဆုံး ချိတ်ဆက်နေခြင်းဖြစ်သည်။
မှတ်ချက်။ ဆောင်းပါးပါ စာရေးသူအသုံးပြုထားသည် ပုံများသည် အာရှဘာရိုမီတာစစ်တမ်း အချက်အလက်များအပေါ် အခြေခံထားသည်။
Note on source: Author’s figure based on Asian Barometer Data.