top of page

Is a participatory approach feasible in Myanmar

See English below

လွန်ခဲ့တဲ့ဆယ်စုနှစ်များကနေစပြီး ပူးပေါင်းပါ၀င်နိုင်တဲ့နည်းလမ်းများကို ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အလွန်တွင်တွင် ကြယ်ကြယ် အသုံးပြုလာကြပါတယ်။ (Participatory Rural Appraisal – PRA) ကျေးလက်ဒေသနေပြည်သူလူထုနှင့်အတူ ပြုလုပ်တဲ့ ပူးပေါင်းလေ့လာရေးနည်းစဥ်၊ (Participatory Action Research – PAR) အလုပ်ဖြင့်ပူးပေါင်းဆောင်ရွက်သော သုတေသန၊ (Participatory Learning and Action – PLA) ပူးပေါင်းလေ့လာသင်ယူခြင်း နှင့် အလုပ်နှင့် အတူတကွပြုလုပ်တဲ့ သုတေသန၊ (Rapid Rural Appraisal – RRA) ကျေးလက်ဒေသတွင် ပြုလုပ်တဲ့ ပူးပေါင်းလေ့လာရေးနည်းစဥ် အစရှိတဲ့ ပူးပေါင်းပါ၀င်နိုင်တဲ့နည်းလမ်းများကို ကြယ်ကြယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ပူးပေါင်းပါ၀င်နိုင်တဲ့ နည်းစဥ်များအားလုံးရဲ့ အဓိက အချက်ကတော့ “ပူးပေါင်းပါ၀င်ခြင်း” ပဲဖြစ်ပါတယ်။ ပူးပေါင်းပါ၀င်ခြင်းဆိုတဲ့နေရာမှာ အထူးသဖြင့် ပါဝင်ပတ်သက်တဲ့သူတွေ၊ အဖွဲ့အစည်းတွေ အစရှိတဲ့ သူတွေ အားလုံးအတူတကွ အဓိပ္ပာယ် ရှိစွာပါ၀င်ပြီးလုပ်ဆောင်ဖို့လိုပါတယ်။ သို့သော်ငြားလည်း အားလုံးအတူတကွ ပူးပေါင်းပါ၀င်အောင် လုပ်ဆောင်ဖို့ ဆိုတာ စိမ်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ အဖွဲ့အစည်းအသိုင်းအ၀ိုင်းများစွာ ပါ၀င်မယ်ဆိုရင်ဖြင့် တစ်ဖွဲ့ခြင်း၊ တစ်ဦးခြင်းဆီမှာ မတူညီခြားနားကွဲပြားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ရလဒ်များစွာ ရှိနေနိုင်ပါတယ်။

အားလုံးအတူတကွပူးပေါင်းပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ဆိုတာ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာ ရော ဖွံ့ဖြိုးမှုနယ်ပါယ်မှာရော တစ်ကယ်ကိုမလွယ်ကူလှတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ပူးပေါင်းပါ၀င်ခြင်း” ဆိုတဲ့စကားလုံးရဲ့ အဓိပါယ်ဟာ ရှင်းလင်းမှုလိုအပ်တဲ့အပြင် အငြင်းပွားဖွယ် ဖြစ်စရာကောင်းတဲ့ အယူအဆတစ်ခုလည်းဖြစ်ပါတယ်။ ဒါဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းကပင် ဒီစကားလုံးကို ပြည်သူလူထုကို နိုင်ငံရေးနှင့် ပါတ်သက်တဲ့ရွေးခြယ်မှုရှိရေး အတွက် နဲ့ ဆုံးဖြတ်ချက်ချနိုင်ရေး လုပ်နိုင်ဖို့အတွက် အသုံးပြု့ခဲ့ကြပါတယ်။ ဒါ့ကြောင့် “ပူးပေါင်းပါ၀င်ခြင်း” ဆိုတဲ့ စကားလုံးရဲ့ အခြေခံသဘောတရားဟာ ပုံသေသတ်မှတ်လို့မရသော်ငြားလည်း ကျွန်တော်တို့ဟာ အားလုံးအတူတကွပူးပေါင်းပါဝင်နိုင်တဲ့ ပူးပေါင်းပါ၀င်ခြင်းကိုရအောင်ဖော်ဆောင်ဖို့တော့ တစ်ကယ်ကိုလိုအပ်ပါတယ်။ အဲလိုဖော်ဆောင်တဲ့နေရာမှာ အကန့်အသတ် တစ်ခုရှိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ ပူးပေါင်းပါ၀င်ခြင်းကို လုပ်ဆောင်တဲ့နေရာမှာ ပဋိပက္ခတွေ ၊ တစ်ဦး နှင့် တစ်ဦး တင်းမာမှုတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့တော့ လိုပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ မြေယာကဏ္ဍကိုကြည့်မယ်ဆိုရင် မြေယာကိစ္စဟာ (ဥပမာ မြေပိုင်ဆိုင်လုပ်ကိုင်ခွင့် နှင့် လုံခြုံစိတ်ချအာမခံနိုင်မှု) အရမ်းကိုရှုပ်ထွေးပြီး မြေယာပဋိပက္ခကိစ္စအမြောက်အများရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မြေယာအသုံးချမှုမူ၀ါဒ ဖော်ဆောင်တဲ့ အခါမှာလည်း အခက်အခဲများစွာကြုံခဲ့ရပါတယ်။ မြေယာအသုံးချမှုမူ၀ါဒ ဖော်ဆောင်တဲ့လုပ်ငန်းစဥ်တစ်လျောက်မှာလည်း အဖွဲ့အစည်းများစွာပါ၀င်ပြီး ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေ၊ ဆွေးနွေးမှု မြောက်များစွာကနေ ဖော်ဆောင် ခဲ့ပါတယ်။ ဒီမတူညီတဲ့ အဖွဲ့အစည်းများက ဒေသခံ တောင်သူလယ်သမားများရဲ့ အခက်အခဲတွေ ၊ သူတို့ရဲ့ ပြဿနာတွေ၊ အသံတွေကို နည်းလမ်းပေါင်းစုံနဲ့ ဥပဒေ ဖော်ဆောင်သူတွေ ဆီရောက်အောင် နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ ဒါ့ကြောင့် အားလုံးအတူတကွ ပူးပေါင်းပါ၀င်တဲ့ လုပ်ငန်းစဉ် နဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်တဲ့လုပ်ငန်းစဥ်များက မတူညီတဲ့ အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းပါ၀င်ဆောင်ရွက်မှုအတွက် နည်းလမ်းတွေဖွင့် ပေးပြီး အောက်ခြေကျေးရွာအဆင့်ကနေ အမျိူးသားအဆင့်ထိရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သို့သော်လည်းပဲ အားလုံးပူးပေါင်းပါ၀င်အောင်လုပ်တဲ့လုပ်ငန်းစဥ်ဟာ စိန်ခေါ်မှုများပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပါ၀င်သင့်တဲ့လူ၊ အဖွဲ့အစည်းအားလုံး အားလုံး ပါ၀င်နိုင်အောင် ကြိုးစားလုပ်ရလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အားလုံး အလုံးစုံ အဓိပ္ပါယ်ရှိရှိပါ၀င်အောင် လုပ်ဆောင်ရလေလေ ၊ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင်လုပ် ဖို့ ခက်ခဲလေလေ ဖြစ်ရပါတယ်။ ဘာြဖစ်လို့လဲဆိုတော့ အဖွဲ့အစည်းမျိုးစုံဟာ ကွဲပြားကြပြီး ရည်မှန်းချက်၊ မျှော်မှန်းချက် ကိုယ်စီရှိတတ်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အားလုံးပူးပေါင်းပါ၀င်အောင် လုပ်ခြင်းအားဖြင့် အမြဲတန်း ရလဒ်ကောင်းတွေပဲရမယ်လို့တော့ မျှော်လင့်လို့တော့မရပါဘူး။ နောက်တစ်ခု ပူးပေါင်းပါ၀င်အောင်လုပ်တဲ့နည်းစဥ်မှာ သတိပြုစရာတစ်ခုကတော့ တစ်ချို့အင်အားကြီးတဲ့ အဖွဲ့တွေက အင်အားသေးတဲ့ အဖွဲ့တွေအပေါ် လွန်လွန်ကဲကဲ လွှမ်းမိုးမှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းမျိုးစုံတွေထဲကြားထဲမှာလည်း ပါ၀ါအင်အားပြိုင်ဆိုင်မှုများစွာရှိတတ်ပြီး ၊ သက်ရောက်မှုတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ မြေယာကဏ္ဍတင်မှာမှ မဟုတ်ပါဘူး အခြားကဏ္ဍတွေမှာလည်း ပါ၀င်သင့်တဲ့သူ အားလုံးပါ၀င်အောင်လုပ်ဆောင်ပြီး အများအားလုံး သဘောတူညီတဲ့ ရည်ရွယ်ချက်တစ်ခု ရအောင်တည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။

မတူညီတဲ့ အဖွဲ့အစည်း မြောက်များစွာ နှင့် တိုင်းရင်းသားပေါင်းစုံရှိတဲ့ ကျွန်တော်တို့ လူ့အသိုင်းအ၀န်းမှာ၊ အားလုံးအတူတကွ ပူးပေါင်းပါ၀င်ခြင်းအားဖြင့် ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေ နဲ့ ပြည်သူတွေရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လည်း နားထောင်ပြီး အတတ်နိုင်ဆုံး အားလုံးပူးပေါင်းပြီး ရရှိအောင် ဖြည့်ဆည်းပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ပါ၀င်သင့်တဲ့သူအားလုံးပါ၀င်အောင်လုပ်ဆောင်ပြီး သူတို့အားလုံးရဲ့အသံ ကို နားထောင်ပြီး သူတို့အားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ဆိုတာကတော့ တစ်ကယ်တန်းလက်တွေ့လုပ်ဆောင်တဲ့အခါမှာတော့ စိမ်ခေါ်မှုတွေရှိပါတယ်။ ဘာြဖစ်လို့လည်းဆိုတော့ မတူညီတဲ့ အဖွဲ့အစည်း မြောက်များစွာပါ၀င်တဲ့အတွက် အချင်းချင်းတွေကြား မှာလည်း ပဋိပက္ခတွေ ၊ တင်းမာမှုတွေရှိလာနိုင်ပြီး ဘေးထွက်ဆိုးကြိုးတွေ၊ ရလဒ်တွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလို ပဋိပက္ခတွေကို နည်းသထက်နည်းအောင် ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတဲ့ ကျွမ်းကျင်မှု တွေလည်း လိုပါလိမ့်မယ်။ ထို့အတူပဲ မတူညီတဲ့ အဖွဲ့အစည်းအကြောင်း ကို လေ့လာဖို့ရာ နှင့် သူတို့ကြား ပါ၀ါအားပြိုင်မှုတွေအကြောင်းပိုမို နားလည်နိုင်ဖို့အတွက် ပဋိပက္ခတွေကို ဘယ်လိုအကောင်းမွန်ဆုံး ဖြေရှင်းကိုင်တွယ် စီမံမလဲဆိုတဲ့ နည်းစဥ် နှင့် ပတ်သက်ဆက်နွယ်သူများအား စိစစ်လေ့လာြခင်း နည်းစဥ်တွေကိုလည်း အသုံးပြုသင့်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ကတော့ ပါ၀င်ဆက်နွယ်သူအားလုံးဟာ ကိုယ်လုပ်တဲ့လုပ်ငန်းစဥ်နဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကို သူတို့ဆီရောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုတင်အသိပေးထားသင့်ပါတယ် ။ ဒါမှလည်း ကျွန်တော်တို့လိုခြင်တဲ့ အားလုံးပူးပေါင်းမှုကို ရပြီး အားလုံးနားလည်သဘောတူနိုင်တဲ့ ရည်ရွယ်ချက်တစ်ခုကို အတူအကွပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ မည်သို့ပင်အခက်အခဲတွေရှိစေကာမူ အားလုံးအတူတကွပူးပေါင်းပါ၀င်နိုင်တဲ့ နည်းစဥ်ကို ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ တစ်ကယ်ကို မတူညီတဲ့ အဖွဲ့အစည်း မြောက်များပါ၀င်ပြီး အဓိပ္ပါယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု များသထက်များအောင် ဖော်ဆောင်ဖို့ရာကတော့ လိုအပ်နေဦး မှာဖြစ်ပါတယ်။

Over recent decades, participatory approaches to development have become increasingly common. Different participatory methods such as participatory rural appraisal (PRA), participatory action research (PAR), participatory learning and action (PLA), and rapid rural appraisal (RRA) have been widely used. All participatory approaches place emphasis on ‘participation’, especially meaningful participation from multi-stakeholders. Meaningful participation should empower stakeholders and address their needs. However, making participation meaningful is challenging, because there are so many different expectations that need to be taken into account.

Creating multi-stakeholder participation can be a dynamic approach within the development discourse but also in the broader societies. The word ‘participation’ in this context is vague and a contested concept. It has been used for many decades to describe a way to enable people to have political agency and a voice in decision-making. Although the elements of ‘participation’ are not standardised, it is at least essential to have meaningful participation of multi-stakeholders. One limitation in participatory development approaches is that it can create conflicts and tensions; thus, it should be appropriately handled.

In Myanmar, land (for example, access to land ownership and land tenure security) is a highly disputed issue and the implementation of the Myanmar government’s land policy has faced several challenges. The national land policy process was mainly shaped by multiple stakeholders through many heated debates, conflicts and tensions. Various stakeholders tried to address the voices of the smallholder farmers to take their issues into account in the policy development process. These multi-stakeholder discussion platforms and public consultations paved the way for different stakeholders to collaborate, from the grassroots level to the national level.

However, the participatory process was challenging as it sought to maximise the level of participation. The more engagement with multiple stakeholders to enhance meaningful participation, the harder to reach the desired objective because stakeholders are diverse, and they have different expectations. Allowing a maximum level of involvement is not always offering the best outcome. There is a notion in the participation process that some groups can dominate and unreasonably influence others, plus there is the impact of other power dynamics among diverse stakeholders. Therefore, it is difficult to get consensus, not only in the land sector but also in other sectors, because of the multi-stakeholders.

Given the complexity and diversity of stakeholders in society, different voices and expectations should be accounted for to ensure meaningful participation. But the participatory development practice is challenging to bring all stakeholders to participate meaningfully to address their needs. Tensions and contradictions amongst stakeholders may even cause negative results or conflicts. Thus, conflict management skills are required to manage and mitigate conflicts and tensions. Similarly, a conflict-sensitive management approach should be applied and stakeholder analysis should be used to understand the power dynamics of different stakeholders. Most importantly, different stakeholders should be well informed through various communication methods because it is critical to have a mutual understanding in a participatory manner. Despite many challenges in Myanmar, there is a need to promote multi-stakeholder participation to enhance meaningful participation in every possible way.

pic: Michael Breen

bottom of page