top of page

The 2030 Agenda: Land is central to Myanmar’s future

By Flurina Schneider, Lara M. Lundsgaard‑Hansen, Win Myint, Nwe Nwe Tun, Julie Gwendolin Zaehringer, Aung Myin Htun

In 2015, Myanmar’s political representatives endorsed the UN 2030 Agenda for Sustainable Development. The 2030 Agenda envisions a better future shaped by social, economic, and environmental development goals.

When striving for sustainable development, land assumes a central role. Access to land enables local communities to grow food and make a living – and many people have strong cultural and emotional bonds with “their” land. Today, however, exclusive land access is increasingly claimed by other actors – such as profit-focused companies or conservation-focused government agencies or environmental NGOs.

This is the case in Myanmar, whose forests are considered global hotspots of biodiversity. In addition, state authorities and ethnic minority groups are clashing over issues of territorial sovereignty in the resource-rich borderlands. As a result, Myanmar’s ability to advance towards a peaceful sustainable future strongly depends on whether and how these competing land claims are governed.

Given such importance of land in Myanmar, we sought to dig deeper by asking the following questions: Who currently dominates in accessing land? And how have changes in land access and land use influenced the livelihoods of villagers in rural areas? To find answers, we – a Burmese-Swiss research team – carried out a research project in Myanmar’s northern Tanintharyi Region.

We found that land use in this region changed fundamentally over the last 30 years. In the 1990s, the landscape still contained a lot of forest.

Local communities practiced shifting cultivation to produce rice and to live of forest products. Today, moving through these landscapes, one encounters many different tree plantations, including rubber or oil palm along with a mix of cashew, betel nut, and lime trees. But larger swaths of relatively undisturbed forest only remain within the boundaries of the Tanintharyi Nature Reserve – a protected area.

Over time, local villagers planted rubber and mixed-crop plantations because it helped them earn money and improve their livelihoods. But decision-making power over oil palm plantations, large rubber monocultures and the protected area ultimately was not in their hands.

Myanmar’s former military government granted oil palm concessions to crony companies, set incentives for investors to establish large-scale rubber monocultures and collaborated with international oil and gas enterprises for funding and creation of the protected area.

These developments often harmed local villagers who lost their land or forest access. Moreover, communities living within the new protected area were “illegalized” by this conservation initiative – and internally displaced persons from such communities found their land off limits upon returning home.

The eventual peace agreement and transition to a (semi-)civil government in 2011/12 gave hope to these villagers. Indeed, various windows of opportunity emerged, enabling people to reengage in economic and political activities, lead peaceful lives, and increase their well-being. But other policy developments such as the reformative Farmland Law and the Vacant, Fallow and Virgin Land Management Law of 2012 raise questions about the future of sustainable development in Myanmar.

Evidence shows that profit-driven land claims and the interests of domestic and foreign investors are valued over the interests and customary land rights of local villagers.

Meanwhile, forests continue to disappear along with vital biodiversity, upsetting water flows and the microclimate. It is unclear how much longer human well-being can be improved under these conditions, or at what point trends might reverse. This is particularly relevant given increasing land scarcity and skyrocketing land prices over the past 10 years.

What do these insights suggest? We find that Myanmar must urgently foster and negotiate stronger, more inclusive arrangements of land governance on behalf of the 2030 Agenda. These arrangements must guarantee the well-being of local villagers of all ethnicities, including women – in contrast to current arrangements that clearly favour investment-strong stakeholders.

In addition, new land governance arrangements must support the diversity and continuation of fundamental ecosystem services, especially in view of alarming climate change impacts that can already be seen in Myanmar.

Finally, as the northern Tanintharyi Region remains a mixed control area, dialogues between the Myanmar government, the Karen National Union and New Mon State Party must include land use and land tenure issues in order to build durable peace.

၂၀၃၀ ပြည့်နှစ်လုပ်ငန်းစဥ်။ မြေသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးပါသည်

Flurina Schneider, Lara M. Lundsgaard‑Hansen, Win Myint, Nwe Nwe Tun, Julie Gwendolin Zaehringer, Aung Myin Htun

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ နီးပါးကြာမြင့်ခဲ့သည့် စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ် တွင် ပြည်သူများက အရပ်သားအစိုးရကို ရွေးချယ်ခဲ့ကြပါသည်။ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ်များကလည်း ၂၀၃၀ ပြည့်နှစ်လုပ်ငန်စဥ် ကုလသမဂ္ဂ၏ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို သဘောတူခဲ့ကြပါသည်။ ယင်း စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအတွက် ၂၀၃၀ လုပ်ငန်းစဥ်သည် လူမှုရေး၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တန့်မှုများ နှင့် ပိုမိုကောင်းမွန်သော အခြေအနေများ နှင့် တောက်ပသောအနာဂတ် ကို ဟန်ချက်ညီ ရရှိစေရန် မျှော်မှန်းထားပါသည်။

စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ရရှိအောင် အကောင်အထည်ဖော်ဆောင်ရာတွင် မြေသည် အလွန်အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် မြေအရင်းအမြစ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှသာလျင် ဒေသခံပြည်သူများသည် သီးနှံများကို ထွန်ယက်စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည် ဖြစ်ပါသည်။ များစွာသောဒေသခံ တိုင်းရင်းသားများ နှင့် တောင်သူများမှာလည်း ၄င်းတို့၏ ယဥ်ကျေးမှုဆိုင်ရာ နှင့် ရိုးရာဓလေ့ ထုံးတမ်းစဥ်လာများမှာ လည်း မြေနှင့် လွန်စွာပင် ဆက်နွယ်ပတ်သက်လျက် ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်တွင်တော့ အဖွဲ့အစည်းများမှ − စီးပွားရေး အမြတ်အစွန်းလိုလားသော ကုမ္ပဏီများ သို့မဟုတ် မြေကိုထိန်းသိမ်းစောင့်ရှေက်ရန် ဦးစားပေးသေား အစိုးရအဖွဲ့အစည်းများ သို့မဟုတ် သဘာဝပတ်ဝန်းကျင် အတွက်လုပ်ဆောင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှ မြေလုပ်ပိုင်ခွင့်ကို ပိုမို ကောင်းမွန်စွာ လက်လှမ်းမှီ ပိုင်ဆိုင်နိုင်ရန်အတွက် တောင်းဆိုမှုများမှာ လည်း များပြားလာပါသည်။ ဤအချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေဖြစ်ပါသည်။ မည်သူက မည်သည့်သစ်တောသည် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရမည်ဆိုသောနေရာကို သတ်မှတ်ပေးမည်နည်း။ ယင်းအပြင်၊ တိုင်းဒေသရှိ အစိုးရအာဏာပိုင်များ နှင့် ဌာနေတိုင်းရင်းသား အုပ်စုများအကြားတွင်လည်း မြေပိုင်ဆိုင်မှုပြဿနာများစွာ တွေ့ရှိရပြီး၊ အထူးသဖြင့် သဘာဝသယံဇာတများကြွယ်ဝသော ဒေသများတွင် မြေပိုင်နက်အငြင်းပွားမှုပြဿနာ များကို လည်းတွေ့ရပါသည်။ ရလဒ်အနေနှင့်တော့ မြန်မာနိုင်ငံအနေဖြင့်ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး ခရီးစဥ်တွင် အဆိုပါမြေယာအငြင်းပွားမှု အရေးကိစ္စများကို မည်သို့ကောင်းမွန်အောင် စီမံအုပ်ချုပ်မည်နည်း ဆိုသော အချက်အပေါ်တွင် များစွာမူတည်နေပါသည်။

အထက်ဖော်ပြပါ မြန်မာနိုင်ငံတွင် အရေးကြီးသော မြေယာကဏ္ဍကို မူတည်၍ ကျွန်ုပ်တို့သည် မြေယာကိစ္စကို မိုမိုကောင်းမွန်စွာ နားလည်နိုင်ရန်အတွက် အောက်ဖော်ပြပါမေးခွန်းများကို မေးမြန်းခဲ့ပါသည်။ မြေယာကိုလက်လှမ်းမှီနိုင်ရန် အတွက် လက်ရှိအနေအထားတွင် မည်သူက အဓိက စိုးမိုးခြယ်လှယ်နေပါသနည်း။ မြေယာပိုင်ဆိုင်မှု ရရှိနိုင်ရန် နှင့် မြေအသုံးပြုနိုင်ရန်နည်းလမ်းများသည် ကျေးလက်ဒေသနေ တောင်သူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများအပေါ် လွှမ်းမိုးမှုများသည် မည်သို့ ပြောင်းလဲနေသနည်း။ ဤအဖြေကို ရရှိရန်အတွက် ကျွန်ုပ်တို့ ဆွစ် နှင့် မြန်မာနိုင်ငံသားများပါဝင်သော သုတေသီများပါဝင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ တနင်္သာရီဒေသမြောက်ပိုင်းတွင် သုတေသနစီမံကိန်းတစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။

ကျွန်ုပ်တို့ သုတေသနအရ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလအတောအတွင်း မြေယာပြောင်းလည်းမှုများသည် တနင်္သာရီဒေသတွင် သိသိသာသာ ပြောင်းလည်းလာခဲ့သည်ကို တွေ့ရှိရပါသည်။ ၁၉၉၀ ခုနှစ် ပြည့်နှစ်လွန် ကာလများအတွင်းတွင် တနင်္သာရီဒေသ သည် သစ်တောများဖြင့် အဓိက ဖုံးလွှမ်းလျက်ရှိခဲ့ပါသည်။ ဒေသနေ တောင်သူများမှလည်း ဆန်စပါးစိုက်ပျိုးရန်အတွက် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြပြီး အခြားသစ်တောထွက်ကုန်များဖြင့် ထိုဒေသတွင် နေထိုင်ကြပါသည်။ ယနေ့အချိန်အခါတွင်တော့ ထိုအရာများမှာ ပြောင်းလည်းလာပြီး ဒေသနေတောင်သူများသည် မြောက်များစွာသော သစ်ပင်စိုက်ပျိုးခြင်းများ၊ ဥပမာ ​​ရော်ဘာစိုက်ပျိုးခြင်းများ သို့မဟုတ် ဆီအုံး နှင့် အခြားသီးပင် သီဟိုဠ်ပင်၊ ကွမ်းသီးပင်၊ သံပုရာပင် အစရှိသည့် အခြားရောနှောစိုက်ခင်းများကို စိုက်ပျိုးကျင့်သုံးလာသည် ကို ကြုံတွေ့ရပါသည်။ သို့သော်လည်း မပျက်စီးသေးသော သစ်တောဖုံးလွှမ်းမှု အများအပြားကိုမူ တနင်္သာရီသဘာဝထိန်းသိမ်းရေး သစ်တောနယ်မြေတွင်သာ အဓိက ကျန်ရှိတော့သည်ကို တွေ့ရပါသည်။

အချိန်တွေ ပြောင်းလည်းလာသည် နှင့် အမျှ ဒေသခံ တောင်သူများလည်း ​ရော်ဘာပင် နှင့် အခြား အပင်များဖြင့် ရောနှောစိုက်ပျိုးလာခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းများက သူတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ နှင့် ဝင်ငွေရရှိနိုင်ရန်အတွက် အထောက်အကူဖြစ်စေပါသည်။ သို့သော်လည်း ဆီအုံးစိုက်ပျိုးခြင်းများ၊ ရော်ဘာအဓိက စိုက်ပျိုးခြင်းများ နှင့် ကာကွယ်တောများ အပေါ် ဆုံးဖြတ်ချက်ချမှုများသည် အခြေခံအားဖြင့် ဒေသခံပြည်သူများ၏ လက်ထဲတွင် ဆုံးဖြတ်လုပ်ပိုင်ခွင့် အာဏာများ ရှိမနေပါ။ ယခင်စစ်အစိုးရမှလည်း ခရိုနီများကို ဆီအုံးလုပ်ပိုင်ခွင့်များကို ခွင့်ပြုချမှတ်ပေးခဲ့ပြီး ၊ စီးပွားရေး ရင်းနှီးမြုပ်နှံလိုသူများကို ရော်ဘာအကြီးအကျယ်စိုက်ပျိုးခြင်းများလုပ်ဆောင်ရန် နှင့် နိုင်ငံတကာ ရေနံနှင့် သဘာဝလုပ်ငန်းများနှင့်လည်း ပူးပေါင်းပြီး သစ်တောကာကွယ်ရေးများ ဖန်တီးဖော်ထုတ်ရန်အတွက် ရန်ပုံငွေများရရှိနိုင်အောင် ဆွဲဆောင်ခဲ့ပါသည်။ ဤဖွံ့ဖြိုးမှုလုပ်ဆောင်ချက်များသည် ဒေသခံပြည်သူများ၏ မြေယာလုပ်ပိုင်ခွင့်များ၊ သစ်တောများကို မှီခိုနေရသော ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းများလည်း ဆုံးရှုံးရသည့်အတွက် များစွာထိခိုက်နှစ်နာစေပါသည်။ ထို့အပြင် အသစ်ဖော်ဆောင်သော ကာကွယ်တောနယ်မြေအတွင်းရှိ နေထိုင်သော ပြည်သူများအတွက်လည်း သစ်တောကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ အားဖြင့် ၎င်းတို့ကို “တရားမဝင်” ဖြစ်စေပါသည်။ ယင်းဒေသတွင် နေထိုင်သော စစ်ဘေးရှောင်ပြည်သူများမှာလည်း မိမိတို့နေထိုင်ရာ နေရပ်များသို့ ပြန်လည်နေထိုင်ရန် လာသည့်အခါတွင် ၎င်းတို့၏ မြေယာပိုင်ဆိုင်မှု နှင့် အသုံးချမှုများမှာ အကန့်အသတ်များ ရှိနေသည်ကို တွေ့ရှိရပါသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု နှင့် အတူ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သည့် ၂၀၁၁/၂၀၁၂ ခုနှစ်သည် ယင်းဒေသခံရွာသားများအတွက် မျှော်လင့်စရာများပေးခဲ့ပါသည်။ မြောက်များစွာသော အခွင့်အလမ်းများလည်း တစ်ကယ့်ကို ပေါ်ပေါက်ခဲ့ပြီး ယင်းအခွင့်အလမ်းများက ပြည်သူများအတွက် အေးချမ်းသော ဘဝများ၊ ပိုမိုပြည့်စုံကောင်းမွန်သော ဘဝများတိုးတက်စေမည့် အခြေအနေတစ်ရပ်ဖြစ်စေရန် နှင့် စီးပွားရေး နှင့် နိုင်ငံရေးလုပ်ငန်းစဥ်များတွင်လည်း တစ်ဖန်ပြည်လည် ပါဝင်လာစေရန် ဖြစ်စေခဲ့ပါသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် တွင် ပြဌာန်းခဲ့သည့် မြေလွပ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ကဲ့သို့သော မူဝါဒဆိုင်ရာ အပြောင်းအလဲများ က မြန်မာနိုင်ငံ၏ အနာဂါတ် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါသည်။ သုတေသန တွေ့ရှိချက်များအရ အကျိုးအမြတ်ဦးစားပေးသော မြေလုပ်ခွင့်များ၊ ပြည်တွင်း နှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များမှာ ဒေသခံတိုင်းရင်းသားများ နှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေလုပ်ပိုင်ခွင့်များကို ပိုမို စိတ်ဝင်စားလျက်ရှိပါသည်။

တစ်ချိန်တည်းမှာပင် သစ်တောသယံဇာတများမှာလည်း အလွန်အရေးပါသော ဇီဝမျိုးစုံမျိုးကွဲများ နှင့် အတူ လျှင်မြန်စွာ ပျောက်ကွယ်လျက်ရှိပြီး ရေကြောင်းများ နှင့် ရာသီအခြေအနေများကိုလည်း ကမောက်ကမ ဖြစ်စေပါသည်။ ကျွန်ုပ်တို့လူသားများမှာလည်း ယခုလိုအခြေအနေမျိုးများ ကို မည်မျှကြာသည့်အချိန်ထိ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်နည်း ဆိုသည့်အချက်မှာလည်း သေချာမှု ရှိမနေပါ။ သို့မဟုတ် မည်သည့်အချိန်တွင် ပြန်လည် ကောင်းမွန်လာမည်နည်းဆိုသည့် အချက်မှာလည်း မသေချာပါ။ အဆိုပါအချက်များသည် လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ဖြစ်ပေါ်နေသော မြေရှားပါးလာရမှုအချက်များ နှင့် မြေစျေးများ အဆမတန် မြှင့်တက် လာရခြင်းများနှင့်လည်း ဆက်စပ်လျက် ရှိပါသည်။

အထက်ပါ လေ့လာတွေ့ရှိချက်များသည် မည်သည့်အကြောင်းအရာများကို မီးမောင်ထိုး အကြံပြုနေသနည်း။ ၂၀၃၀ ပြည့်နှစ်လုပ်ငန်းစဥ်ကိုယ်စား မြန်မာနိုင်ငံသည် အားလုံးအတူတကွပါဝင်နိုင်ပြီး ပိုမိုကောင်းမွန်သည့် မြေယာစီမံအုပ်ချုပ်မှု အစီအစဥ်များကို အရေးတကြီး နှင့် အခိုင်အမာ ဆွေးနွေးညှိနှိုင်းရန် လိုသည် ဟု ကျွန်တော်တို့အနေဖြင့် တွေ့ရပါသည်။ အထက်ပါအစီအမံများသည် အမျိုးသမီးများအပါအဝင် ဒေသခံတိုင်းရင်းသားများအားလုံး၏ သုခချမ်းသာမှုကိုလည်း မဖြစ်မနေ အာမခံချက်ပေးနိုင်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိမြေစီမံအုပ်ချုပ်မှု မူဝါဒများသည် စီးပွားရေးရင်းနှီးမြုပ်နှံမှု အကျိုးရှိသူများအတွက် များစွာ အခွင့်အရေးပေးနေသည်ကို ထင်ရှားစွာတွေ့ရပါသည်။ ၎င်းအပြင် မြေစီမံအုပ်ချုပ်မှုပုံစံ အသစ်သည် အထူးသဖြင့် ပြောင်းလဲလာသော ရာသီဥတုဖောက်ပြန်လာမှု ဖြစ်စဥ်များနှင့် ၎င်းတို့၏သက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း တွေ့ရပြီး ဖြစ်သည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများ နှင့် အဓိကကျသော ဂေဟစနစ်များဆက်လက်၍ ဟန်ချက်ညီစွာ လည်ပတ်နိုင်ရန် အတွက်လည်း အထောက်အကူပြုနိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် တနင်္သာရီမြောက်ပိုင်းဒေသ သည် အစိုးရနှင့် လက်နက်ကိုင်အုပ်စုများအကြား အုပ်ချုပ်မှုရောထွေးနေသော ဒေသဖြစ်သည့်အတွက် အပြည့်အဝငြိမ်းချမ်းရေး ရရှိရန် အလို့ဌာ မြေအသုံးချမှု နှင့် မြေလုပ်ပိုင်ခွင့်ဆိုင်ရာ အရေးကိစ္စများကို အစိုးရ နှင့် ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ များအကြား သေချာစေ့စပ်ညှိနှိုင်းဆွေးနွေးကြရန်လိုအပ်သည် ဟုအကြံပြုပါသည်။


bottom of page