top of page

The story of an ‘aid orphan’: what lessons can we learn?

by Tamas Wells (with Anne Decobert) In 2004 - the year I moved to Yangon to start my first NGO job - international donor aid commitments to Myanmar were at incredibly low levels compared to other countries. Western donor aid to Myanmar only reached $100 million for the first time in 2005, while assistance to Cambodia (which has less than one quarter of the population) was over $500 million in the same year. Myanmar was effectively an ‘aid orphan’. While overall levels of aid were low, Myanmar government restrictions on international access contributed to some Western donors funding ‘cross-border aid’ – aid channeled via organizations outside of Myanmar (typically in a place like Mae Sot) to providers inside the country.

In our research (together with my colleague Anne Decobert) we looked at donor documentation from the 2000s and also talked to lots of donor representatives who were involved during this time. We believe that this kind of research is crucial so that donors and international agencies can learn from the past, and not continue to make the same mistakes. Our research revealed donor perceptions of a battle between ‘good’ and ‘evil’ in Myanmar’s politics, or a ‘fairy-tale’. Western perceptions of Myanmar since 1988 had been shaped by a black and white image of ‘the Beast and the Beauty’ – with military leaders as the authoritarian ‘Beast’ and Aung San Suu Kyi as the democratic ‘Beauty’. There was broad consensus amongst international aid actors about the need for democratization in Myanmar. But at the same time, there were also major divisions about how to promote this change – and these divisions between international agencies had major repercussions. On one hand an engagement group – led by UN agencies, Western donors (especially Nordic country agencies) and international aid agencies based in Yangon – was motivated by the possibility of working with actors inside the country to build support for democracy and human rights, and by the perception of a ‘silent humanitarian emergency’ in central and other parts of Myanmar. While sharing the ‘Beast and Beauty’ framing of Myanmar’s politics, another grouping of international donors led by the US and UK, aid agencies – particularly those based on the Thai-Myanmar border – and lobby groups, favored isolation over engagement. This position was based on the assumption that any interaction with external agencies would just strengthen the military’s position. The clash of strategies between the two groups meant that, in the mid 2000s, aid was a highly emotive topic and was hotly debated amongst donors and international agencies. These clashing strategies also meant that aid programming was narrowly targeted, with a heavy focus on Thai-Myanmar border areas and on specialized programs inside the country. Despite widespread humanitarian needs across the country, aid was targeted to only certain regions and sectors. The clash of strategies between engagement and isolation groups also had other tangible impacts on programming. Under heavy scrutiny, especially from US based lobby groups, the Global Fund for HIV, TB and malaria withdrew its grants from the country in 2005, leaving many health programs unfunded. These funds were eventually sourced from elsewhere but it meant that thousands of people living with HIV, and people affected by malaria and tuberculosis, were left untreated and prevention programs stopped. Along with impacts on the humanitarian aims of aid to Myanmar, there were also impacts on the aim of democracy and human rights. In a context where many key opposition leaders were in prison or house arrest, ‘democracy’ was largely reduced by donor agencies to consulting with the NLD, or Aung San Suu Kyi herself. Ultimately, the simple ‘good and evil’ construction of actors by international donors meant that there was a lack of scrutiny on the leadership, decision-making and actions of supposedly ‘good’ actors, whether the democratic opposition or EAOs. Why then does all of this matter? What lessons might there be for donors and international agencies now? One crucial thing is for donors to be aware of their own tendency to create fairy tales that can be easily understood and responded to, rather than acknowledging the limitations of understanding and the complexity of the political context. Whether it is in relation to recent crises in Rakhine state, peace negotiations, or livelihood issues, donor programs are constantly distorted by the approaches based on simplified interpretations of donor representatives and their advisers. International agencies need to recognise that their internal debates and divisions have profound repercussions on programming on the ground. Changing interpretations have very real tangible impacts on the lives of people in Myanmar who are recipients of aid programs. ကျွန်တော့် ပထမဦးဆုံး အတွေ့အကြုံအနေဖြင့် NGO တစ်ခုတွင် အလုပ်လုပ်ရန် မြန်မာပြည်သို့ ပြောင်းရွှေ့ခဲ့သော ၂၀၀၄ခုနှစ်ကာလတွင် မြန်မာပြည်သည် အခြားနိုင်ငံများနှင့် ယှဉ်လျင် နိုင်ငံတကာကူညီထောက်ပံ့မှုများ ရရှိမှု အလွန်နည်းနေခဲ့ပါသည်။ အနောက်နိုင်ငံများ၏ အထောက်အပံ့သည် ၂၀၀၅ခုနှစ်ရောက်သောအခါတွင် အမေရိကန်ဒေါ်လာ သန်း၁၀၀ ပမာဏသို့ ပထမဦးဆုံးအကြိမ်ရောက်ခဲ့ကာ၊ ထိုတစ်နှစ်တည်းတွင်ပင် ကမ္ဘောဒီးယားနိုင်ငံအတွက် (မြန်မာနိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံမျှသာ ရှိသော်လည်း) ကူညီထောက်ပံ့မှုပမာဏသည် အမေရိကန်ဒေါ်လာသန်း ၅၀၀ ရှိခဲ့ပါသည်။ အမှန်စင်စစ် မြန်မာနိုင်ငံသည် ထိုအချိန်ကာလများတွင် ကူညီထောက်ပံ့မှုမဲ့နေသော စွန့်ပစ်ကလေးကဲ့သို့ ဖြစ်ခဲ့ပါသည်။ ထောက်ပံ့မှုနည်းနေစဉ်မှာပင် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာကူညီထောက်ပံ့မှုများ အပေါ် ကန့်သတ်ချက်များထားရှိသောကြောင့် အချို့သောအနောက်နိုင်ငံများမှ အလှူရှင်များသည် မြန်မာနိုင်ငံပြင်ပရှိ (မဲဆောက်တွင်အများအားဖြင့် အခြေစိုက်ကျသည်) အဖွဲ့အစည်းများထံသို့ ထောက်ပံ့မှုပေးကာ ၄င်းတို့မှတဆင့် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်သူများထံသို့ ရောက်ရှိရန် ကြိုးပမ်းခဲ့ကြသည်။ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Anne Decobert နှင့် အတူ အလှူရှင်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ၂၀၀၀ ခုနှစ်ကာလများမှ စတင်ကာ ပြန်လေ့လာခဲ့ကြပြီး ထိုအချိန်ကာလအတောအတွင်း အလှူရှင်အဖွဲ့အစည်းများတွင် အလုပ်လုပ်ခဲ့သောသူများနှင့် စကားပြောခဲ့ပါသည်။ ကျွန်တော်တို့အနေနှင့် ယခုလိုဆောင်ရွက်ခြင်းအားဖြင့် အတိတ်မှ အားနည်းခဲ့သည်များ၊ အမှားအယွင်းများမှ သင်ခန်းစာယူနိုင်ပြီး အလှူရှင်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ထိုအချက်များကို ပြန်မပြုလုပ်မိစေဖို့ရည်ရွယ်ပါသည်။ လေ့လာမှုအရ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပေါ်တွင် အကောင်းနှင့်အဆိုးကြား လွန်ဆွဲနေသည့်တိုက်ပွဲ သို့မဟုတ် ဒဏ္ဍာရီပုံပြင်တစ်ခုသဖွယ် ရှုမြင်ခဲ့သည်ကိုတွေ့ရပါသည်။ ၁၉၈၈ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ရှုမြင်ပုံမှာ အဖြူနှင့် အမည်းကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သည့် မင်းသမီးနှင့် ရက်စက်ကြမ်းကြုတ်သည့် သူများ၏ ပုံရိပ်လွှမ်းမိုးထားပါသည်။ မင်းသမီးဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကာ စစ်တပ်ခေါင်းဆောင်များကတော့ ရက်စက်ကြမ်းကြုတ်သူများ အနေဖြင့်ဖြစ်ပါသည်။ နိုင်ငံတကာကူညီထောက်ပံရေးအသိုင်းအ၀န်းကြားတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ဆောင်ရန်လိုအပ်သည်ဟု ယေဘူယျအားဖြင့် သဘောတူကြသည်။ သို့သော် တချိန်တည်းမှာပင် ထိုအပြောင်းအလဲဖြစ်ပေါ်ရန် မည်သို့ဆောင်ရွက်မည်ဟူသည့်အပေါ် မတူညီမှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကြား ကွဲပြားမှုကြောင့် အကျိုးသက်ရောက်မှုမှာ အများအပြားဖြစ်သည်။ တစ်ဖက်တွင်မူ ဆက်ဆံရေးတည်ဆောက်မည့် အုပ်စုတွင်ပါဝင်သည့် UN အဖွဲ့အစည်းများ၊ အနောက်နိုင်ငံအလှူရှင်များ (အထူးသဖြင့် စကင်ဒနေဗီးယားနိုင်ငံအဖွဲ့အစည်းများ) နှင့် အခြား ရန်ကုန်အခြေပြု နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့အများအနေဖြင့် မြန်မာနိုင်ငံ ပြည်မနှင့် အခြားဒေသများတွင် ‘တိတ်တဆိတ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေ’ ဖြစ်ပေါ်နေသည်ဟူသော ယူဆချက်ဖြင့် မြန်မာနိုင်ငံတွင်း လှုပ်ရှားဆောင်ရွက်နေသူများနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှင့် လူ့အခွင့်အရေးအတွက် အတူလက်တွဲလုပ်ဆောင်ခြင်းအားဖြင့် ထောက်ပံ့ပေးနိုင်ရန် စိတ်အားထက်သန်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် မြန်မာ့နိုင်ငံရေးအား ‘လူဆိုးများနှင့် မင်းသမီး’ ပုံပြင်ကဲ့သို့ ဇာတ်ကြောင်း နောက်ခံဖြင့် ယူအက်စ်နှင့် ယူကေဦးဆောင်သည့် နိုင်ငံတကာကူညီထောက်ပံ့ရေးအေဂျင်စီများ ပါဝင်သည့် နောက်အုပ်စုတစ်စုသည် (အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်အခြေပြုအဖွဲ့အစည်းများ) နှင့် နိုင်ငံရေးလော်ဘီအဖွဲ့များကတော့ ဆက်ဆံရေးတည်ဆောက်ဖို့ထက် အထီးကျန်ဖြစ်စေရန် ဖယ်ကျဉ်ထားဖို့ ပိုသဘောတွေ့ပါသည်။ စဉ်းစားချက်မှာ ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ရှိနေခြင်းသည် စစ်တပ်၏ အနေအထားကို ပိုအားကောင်းလာစေနိုင်မည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ထိုအုပ်စုနှစ်ခုကြား ဗျူဟာများပွတ်တိုက်မှုကြောင့် ၂၀၀၀ ခုနှစ်အလယ်ကာလများတွင် ကူညီထောက်ပံမှုပေးခြင်းဆိုင်ရာခေါင်းစဉ်သည် အလွန်အကဲဆတ်ကာ အလှူရှင်နှင့်နိုင်ငံတကာ အဖွဲ့အစည်းများကြားတွင် အလွန်အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့ဗျူဟာများ မတူညီကြသောကြောင့် ရလဒ်မှာ ကူညီထောက်ပံ့မှုများသည် ထိုင်း-မြန်မာ နယ်စပ်နေရာများတွင်သာ အလွန်အမင်းဦးတည်နေသကဲ့သို့ မြန်မာနိုင်ငံအတွင်းတွင်မူ အချို့သော စီမံကိန်းများကိုသာ အကန့်အသတ်ဖြင့် ပုံဖော်ခဲ့ပါသည်။ မြန်မာနိုင်ငံတ၀န်းတွင် လူသားခြင်းစာနာထောက်ပံမှုလိုအပ်နေသော်လည်း ကူညီမှုများသည် အချို့သော နေရာဒေသနှင့် ကဏ္ဍများအတွက်သာ ဦးတည်ခဲ့ပါသည်။ ဆက်ဆံရေးတည်ဆောက်မည့်အဖွဲ့နှင့် ဖယ်ကျဉ်ထားမည့် အဖွဲ့ နှစ်ခု၏ ဗျူဟာများ ပွတ်တိုက်မှု ကြောင့် အခြား သိသာထင်ရှားသော စီမံကိန်းအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ စောင့်ကြည့်မှုအလွန်များသောကြောင့် (အထူးသဖြင့် ယူအက်စ်အခြေပြုလော်ဘီအဖွဲ့များထံမှ) Global Fund for HIV, TB, and Malaria (Global Fund ဟုအတိုကောက်ခေါ်ကျ) သည် ၂၀၀၅ ခုနှစ်တွင် ၄င်း၏ ရံပုံငွေကို မြန်မာနိုင်ငံမှ ရုတ်သိမ်းခဲ့သည်။ အကျိုးဆက်မှာ ကျန်းမာရေး စီမံကိန်းအမြောက်အမြားသည် ဆက်လက်ရပ်တည်နိုင်ခြင်းမရှိတော့ပါ။ နောက်ဆုံးတွင် လိုအပ်သော ရံပုံငွေ များကို အခြားတစ်နေရာမှ ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့သော်လည်း ထိုအချိန်က HIV ပိုးဖြင့်အသက်ရှင်နေသောသူများ၊ ငှက်ဖျားနှင့် တီဘီရောဂါခံစားရသောသူများအနေဖြင့် ကုသမှုမရတော့သည့်အပြင် ရောဂါကာကွယ်တားဆီးသည့် အစီအစဉ်များလည်း ရပ်တန့်ခဲ့ရသည်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရည်မှန်းချက်များအပေါ် အကျိုးသက် ရောက်မှုရှိခဲ့သည်နှင့် တပြိုင်နက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာရည်မှန်းချက်များအပေါ် တွင်လည်း အကျိုးသက်ရောက်မှုများရှိခဲ့သည်။ ထိုအချိန်အခါက အဓိက အတိုက်အခံခေါင်း ဆောင်များသည် ထောင် သို့မဟုတ် အိမ်တွင်း အကျဉ်းချခံထားရသောကြောင့် ဒီမိုကရေစီအရေး နှင့် ဆက်စပ်လျင် အလှူရှင်အဖွဲ့အစည်းများသည် အန်အယ်လ်ဒီ သို့မဟုတ် ဒေါ်အောင်ဆန်းစု ကြည်နှင့်သာ တိုင်ပင်နိုင်သည့် အနေအထားသို့ ရောက်သွားခဲ့ပါသည်။ နောက်ဆုံးမှာတော့ နိုင်ငံတကာအလှူရှင်အဖွဲ့များသည် အလွန်ရိုးရှင်းလှသည့် ‘အကောင်းနှင့်အဆိုး’ သာရှိသည့် ဇာတ်ကြောင်းသာ တည်ဆောက်ထားခြင်းကြောင့် ၄င်းတို့ သတ်မှတ်ထားသည့် ‘အကောင်း’ ဘက်မှဇာတ်ကောင်များ၏ ဦးဆောင်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှု နှင့် လုပ်ဆောင်မှုများကို စောင့်ကြည့်အကဲဖြတ်မှုမရှိတော့ပါ။ ထိုဇာတ်ကောင်များတွင် ဒီမိုကရေစီအတိုက်အခံအင်အားစု နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအ၀င်ဖြစ်သည်။ အဘယ်အတွက်ယခုတွေ့ရှိချက်များသည် အရေးကြီးပါသနည်း? အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် သင်ခန်းစာ ဘာများရှိနိုင်ပါမည်နည်း? အရေးကြီးသည့် တစ်ချက်မှာ အလှူရှင်များသည် နိုင်ငံရေးနောက်ခံအခြေအနေ၏ ရှုပ်ထွေးမှု၊ နားလည်နိုင်ရန် အကန့်အသတ်ရှိမှုကို သိမှတ်ခြင်းမပြုပဲ နားလည်ရလွယ်ကူပြီး တုန့်ပြန်ရန် လွယ်ကူသည့် ဒဏ္ဍာရီပုံပြင်ဖန်တီးဖို့အားသန်ခဲ့သည်ဆိုသည်ကို မြင်နိုင်ဖို့ဖြစ်သည်။ လက်ရှိဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်အကျပ်အတည်း၊ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်၊ အသက်မွေးဝမ်း ကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်စပ်ပြီးကြည့်လျင် အလှူရှင်များ၏ စီမံကိန်းများသည် ၄င်းတို့၏ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၏ ရှင်းလင်းလွယ်ကူသော အဓိပ္ဗယ်ဖွဲ့ဆိုမှု များအပေါ်သာ အခြေပြုကာ လက်တွေ့နှင့်ကွာဟလာပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ၄င်းတို့အချင်းချင်းငြင်းခုံမှုများ၊ မတူကွဲပြားမှုများကြောင့် မြေပြင်ပေါ်ရှိစီမံကိန်းများအပေါ် အလွန်ကြီးမားသည့် အကျိုးဆက်များရှိသည်ကို အသိအမှတ် ပြုရန်လိုအပ်ပါသည်။ အဓိပ္ဗယ်ဖွင့်ဆိုချက်ပြောင်းလဲမှုများသည် ကူညီထောက်ပံ့မှုလက်ခံယူသည့် မြန်မာနို်င်ငံသားများအပေါ်တွင် အမှန်တကယ် သိသာသော အကျိုးဆက်များ ဖြစ်ပေါ်စေသည် ဟူ၍ဖြစ်ပါသည်။ ယခုဆောင်းပါးတွဲကို နောက်တပတ်တွင် ဆက်လက်ဖော်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နို်င်ငံရေး အပြောင်းအလဲ ကာလအပေါ် ဆန်းစစ်သွားမည်ဖြစ်ပါသည်။


bottom of page